Author: Baby Yit Lone
-

The Butterfly’s Dream
The Butterfly’s Dream (2013) မင်္ဂလာပါ ပရိတ်ကြီးတို့ရေ ဒီတစ်ေခါက်မိတ်ဆက် ပေးချင်တဲ့ ကားလေးက တော့ The Butterfly’s Dream ဆိုတဲ့ ၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ အရမ်းကို လှပပြီး စိတ်မကောင်းစရာလည်း ကောင်းတဲ့ တူရကီ ရုပ်ရှင်ကားကြီး တစ်ကားပါဗျ။ ဒီဇာတ်လမ်းက ဒုတိယကမ္ဘာစစ်ကာလ ၁၉၄၀ ပြည့်နှစ်တွေမှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန် သမိုင်းကြောင်းလေးကို အခြေခံထားပြီး ဇာတ်ကြောင်းကတော့ တီဘီရောဂါ ခံစားနေရတဲ့ ကဗျာဆရာ လူငယ်နှစ်ယောက်ရဲ့ ဘဝအကြောင်းပါပဲ။ ကမ္ဘာစစ်ကြီး နီးကပ်လာပြီး ဆေးဝါးနည်းပညာတွေ မစုံလင်သေးတဲ့ ကာလမှာ တီဘီရောဂါက မှိုလိုပေါက်အောင် ဖြစ်နေတာပေါ့။ သူတို့ဟာ ဆင်းရဲဒုက္ခတွေကြားထဲမှာ ရှင်သန်နေရပေမဲ့ ကဗျာတွေကို မြတ်မြတ်နိုးနိုး ရေးစပ်ကြတဲ့ သူတွေပေါ့ဗျာ။ ဒီလိုနဲ့ ချောမောလှပတဲ့…
-

စစ်တပ်က ကျူးလွန်ထားသည့် ရိုဟင်ဂျာမျိုးတုံးသတ်ဖြတ်မှုကို ICJ တရားရုံးတွင် ပြန်လည်ကြားနာမှု
ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှု ICJ ၌ ကြားနာမှု စတင် ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက စွပ်စွဲထားသည့်အမှုအား နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ ကြားနာစစ်ဆေးမှုများ ယနေ့ ဒေသစံတော် နံနက် ၁၀ နာရီတွင် စတင်နေပြီဖြစ်သည်။ အဆိုပါကြားနာပွဲတွင် မြန်မာနှင့် ဂမ်ဘီယာကိုယ်စားလှယ်များမှ နှစ်ဖက်ချေပလျှောက်ထားချက်များ အပြန်အလှန် ပြုလုပ်ခြင်း၊ နှစ်ဖက်စလုံး တင်သွင်းထားသည့် သက်သေများ၊ ပညာရှင်များအား မေးမြန်းခြင်း ပါဝင်မည်ဟု သိရသည်။ ကြားနာမှုကို ဇန်နဝါရီ ၁၂ ရက်မှ ၂၉ ရက်ထိ ပြုလုပ်သွားမည်ဖြစ်ပြီး စစ်ကော်မရှင်က ICJ ၌ ခုခံရန် သမ္မတရုံးဝန်ကြီးဌာန (၂) ဝန်ကြီး ဦးကိုကိုလှိုင်၊ ဥပဒေရေးရာဝန်ကြီးဌာန ဝန်ကြီး ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ကို စေလွှတ်ထားသည်။…
-

ပြွန်တန်ဆာမြို့၊ မြို့မ ၁ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ပျူစောထီးခေါင်းဆောင် စစ်မှုထမ်းဟောင်း လှသောင်း နေအိမ်တွင် ပစ်ခတ်ခံရပြီး သေဆုံး
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊ မြို့မ ၁ ရပ်ကွက် စစ်တပ် ခန့်အုပ်ချုပ်ရေးမှူး၊ ပျူစောထီးခေါင်းဆောင် စစ်မှုထမ်းဟောင် လှသောင်းမှာ နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်ရှင်း လင်းခဲ့ရာ သေဆုံးသွားကြောင်း 9 Star Underground Force – Bago Region တပ်ဖွဲ့မှ တာဝန်ရှိသူ က ပြောကြားသည်။ ယနေ့ ဇန်နဝါရီလ ၁၂ ရက် နံနက် ၅ နာရီ ၃၀ မိနစ်အချိန် ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊ မြို့မ ၁ ရပ်ကွက်၊ စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ပျူစောထီးခေါင်းဆောင် လှသောင်းကို နေအိမ်အတွင်း ဝင် ရောက်ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင် ကျည် ၃ ချက်ထိမှန်ကာ ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။ “သူက အိမ်အောက်ထပ်က…
-

ပဲနွယ်ကုန်းမြို့တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်
ပဲနွယ်ကုန်းမြို့တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု ဗိုလ်မှူး ၁ ဦး အပါအဝင် ၂၀ သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ၊ စစ်တပ်စစ်ကြောင်း ကစဉ့်ကလျား ထွက်ပြေး ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု ဗိုလ်မှူး ၁ ဦး အပါအဝင် ၂၀ သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မ တော်၊ အမှတ် ၂ စစ်ဆင်ရေးနယ်မြေမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ ဇန်နဝါရီလ ၁၂ ရက်နေ့ ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့၊ ရန်ကုန် – မန္တလေးလမ်းဟောင်းအနီးရှိ ကြိမ်ခါးကုန်းကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်ဘက်မှ စစ်ကြောင်းမှူး ဗိုလ်မှူးအဆင့်ရှိသူ ၁ ဦး အပါအဝင် ၂၀ ဦးသေဆုံးခဲ့ပြီး…
-

ဖလမ်းမြို့နယ်က တိုက်နယ်ဆေးရုံကို စစ်တပ် ဗုံးကြဲ
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် သီးဘွာလ်ကျေးရွာတိုက်နယ်ဆေးရုံကို အာဏာသိမ်းစစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။ ဇန်နဝါရီ ၁၁ ရက်ညပိုင်းမှာ တိုက်နယ်ဆေးရုံဗုံးကြဲခံရတာဖြစ်ပါတယ်။ “အထိအခိုက်တော့ မရှိပါဘူး။ ဒါပေမဲ့ အိမ်ပျက်စီးတဲ့ဟာတော့ရှိတာပေါ့။ တိုက်နယ်ဆေးရုံက အကုန်လုံး ပျက်စီးသွားတယ်။ နောက်ပြီး ဆေးရုံဝန်းထဲမှာ ရှိတဲ့ အဆောက်အအုံတွေလည်းပျက်စီးတယ်။ ပြည်သူ အဆောက်အအုံကတော့ တအိမ်ဘဲ ပျက်စီးတယ်လို့ ကျနော်တို့ သိရတယ်။ တခြားဟာကတော့ နည်းနည်း ထိခိုက်ရုံပျက်စီးရုံပေါ့။ လူကတော့ထိခိုက်မှုမရှိပါဘူး” လို့ ဆလိုင်းတင်မီက ပြောပါတယ်။ အခု စစ်ကောင်စီ ဗုံးကြဲခဲ့တဲ့ဒေသဟာ လတ်တလောတိုက်ပွဲဖြစ်ပွားမှုမရှိတဲ့ နယ်မြေဖြစ်တယ်လို့ ပြောပါတယ်။ “အဲဒီ နေရာ သီးဘွာလ်က ၂၀၂၃ နိုဝင်ဘာလ ၁၅ရက်နေ့မှာ အဲဒီမှာ ရှိတဲ့ တပ်စခန်းရယ် ရဲလုံခြုံရေးဂိတ် ပေါ့နော်…