Author: Baby Yit Lone

  • နိုင်ငံတကာမီဒီယာတွေက စစ်ကော်မရှင်၏ ရွေးကောက်ပွဲသည် အတုအယောင်သာဖြစ်ဟု ထုတ်ဖော်

    နိုင်ငံတကာမီဒီယာတွေက စစ်ကော်မရှင်၏ ရွေးကောက်ပွဲသည် အတုအယောင်သာဖြစ်ဟု ထုတ်ဖော်

    အာဆီယံနှင့် နိုင်ငံတကာ က အတုအယောင်ရွေးကောက်ပွဲအဖြစ် ရှုတ်ချထားသော်လည်း လာမည့် ဧပြီလတွင် အစိုးရသစ်ဖွဲ့မည်ဟု စစ်ကော်မရှင် ပြော စစ်ကော်မရှင်က လုပ်ဆောင်နေသည့် အပိုင်းလိုက်ရွေးကောက်ပွဲများအပြီး လာမည့် မတ်လတွင် လွှတ်တော်ခေါ်ယူမည်ဖြစ်ပြီး ဧပြီလတွင် အစိုးရသစ်ထံ အာဏာလွှဲပြောင်းကာ တာဝန်များစတင် ထမ်းဆောင်မည်ဖြစ်ကြောင်း စစ်ကော်မရှင် သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း က ပြောကြားလိုက်သည်။ ရွေးကောက်ပွဲအလွန် အာဏာလွှဲပြောင်းရေး အစီအစဉ်နှင့် ပတ်သက်၍ မီဒီယာများ၏ မေးမြန်းမှုကို ဗိုလ်ချုပ်ဇော်မင်းထွန်းက ထိုသို့ ပြန်လည်ဖြေကြားခဲ့ကြောင်း စစ်ကော်မရှင်၏ ဝါဒဖြန့်သတင်းစာ များတွင် ဖော်ပြထားသည်။ “လွှတ်တော်ကတော့ မတ်လထဲမှာ ခေါ်ပြီးလုပ်ရမှာပဲ။ လုပ်ပြီးရင် အစိုးရသစ်တာဝန်တွေကတော့ ဧပြီလထဲမှာ ထမ်းဆောင်မှာပဲ။ ယခင်တုန်းက လုပ်ခဲ့တဲ့ ပုံမှန်ဇယားတွေအတိုင်းပဲ လုပ်ပါလိမ့်မယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။ ကုလသမဂ္ဂ…

  • အိမ်ရှင်က ရိုက်နှက်နှိပ်စက်လို့ ထွက်ပြေးလာတဲ့   ၁၁ နှစ်အရွယ် မိန်းကလေး

    အိမ်ရှင်က ရိုက်နှက်နှိပ်စက်လို့ ထွက်ပြေးလာတဲ့ ၁၁ နှစ်အရွယ် မိန်းကလေး

    အိမ်ရှင်က ရိုက်နှက်နှိပ်စက်လို့ ထွက်ပြေးလာတဲ့ ၁၁ နှစ်အရွယ် မိန်းကလေးငယ် 😭 ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ် ၁၃ ရပ်ကွက် အနော်မာ(၁)လမ်းတွင်နေထိုင်သော အိမ်ရှင်များက နှိပ်စက်ခဲ့ကြတာလို့သိရပါတယ်။ ကလေးက ထွက်ပြေးလာပြီး ကျောင်းကားရဲ့အောက်မှာ ဝင်ပုန်းနေတာ ပတ်ဝန်းကျင်က အစ်မတစ်ယောက်က မြင်ပြီး အိမ်ပေါ်ခေါ်ထားကာ ပရဟိတအသင်းဆီ ဖုန်းဆက်ပြီး စံပြဆေးရုံကို ပို့လိုက်ကြပါတယ်။ အိမ်ရှင်က ပါမောက္ခဟောင်းတစ်ဦးဖြစ်တယ်လို့ ကလေးကို ကူညီပေးနေတဲ့ ပရဟိတအသင်းက အစ်မက ပြောပါတယ်။ ကလေးဆေးရုံရောက်ချိန်မှာ အိမ်ရှင်အုပ်စုက နင်မဟုတ်တာတွေမပြောနဲ့ဆိုပြီး လာပြန်ခေါ်သေးတယ်။ (မိဘတွေပြောပြချက်) ကလေးကရွှေတွေခိုးလို့ ရိုက်ပါ တယ်ဆိုပြီး အိမ်ရှင်က ဖုန်းဆက်တယ်။ (ကလေးပြောပြချက်) အစာဝအောင်းမကျွေးလို့ ခွေးစာ တွေ ခိုးစားမိတယ်… 😭 ကလေးက ၉ နှစ်အရွယ်က အဲ့အိမ်ကိုစရောက်တယ် ခု ၁၁…

  • မထင်ထားသော ဘဝငရဲ

    မထင်ထားသော ဘဝငရဲ

    ညအမှောင်က ကြီးစိုးနေသည့်အပြင် တိတ်ဆိတ်နေသည့်အတွက် ပိုးလေး ရင်ထဲ ကြောက်ရွံ့လာသည်။ ပိုးလေး ဒီအချိန်မှ အလုပ်ပြန်ရသည့်အတွက် မန်နေဂျာကို စိတ်တိုမိသည်။ ပုံမှန် (၇းဝဝ) အလုပ်ချိန်ကို အရေးကြီးသည်ဆို၍ ပြီးသည်အထိ လုပ်ပေးရန် ပြောသဖြင့် လုပ်ပေးခဲ့ရသည်။ အခုမှပြီးသွား၍ နာရီကြည့်လိုက်တော့ (၁၂း၄၈)။ မန်နေဂျာမှ အိပ်ရန်ပြောသော်လည်း ပိုးလေး မအိပ်ရဲ။ ဒီလူကြီးက နှာဘူးကြီးဟု သူငယ်ချင်း ခိုင်သူဇာ က ပြောဖူးသည်။ ထို့အပြင် ပိုးလေးကိုလည်း တဏှာမျက်လုံးများဖြင့် ခဏခဏ ကြည့်သည်လေ။ ထို့ကြောင့် ပြန်လာခဲ့ခြင်းဖြစ်သည်။ ပိုးလေးတို့အိမ်က မဝေးပါ။ ကားမှတ်တိုင် တစ်တိုင်စာလောက်သာ ဝေးသည်။ သို့သော် လူပြတ်သည်။ နေ့ခင်းပိုင်းတောင် လူသွားလူလာ သိပ်မရှိ။ ည (၁းဝဝ) ဆိုတော့ ပြောဖွယ်ရာမရှိ။ အမှောင်ထုအတွင်း လမ်းလျှောက်ရင်း…

  • စော်ကဲ

    စော်ကဲ

    အလုပ်မှ အငြိမ်းစားယူပြီး… စား/ဝတ်/နေရေး အဆင်မပြေသော… ဦးသောင်းခန့်သည်… မိတ်ဆွေတစ်ဦး၏ အကူအညီဖြင့် (စေတီ)တစ်ဆူတွင်… (လုံခြုံရေး)ဝန်ထမ်း အလုပ်ရရှိလေသည်။ လုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်စဉ်… စိတ်တူ/ကိုယ်တူ ပြောဆိုမှု အဆင်ပြေသော လုပ်ဖော်ကိုင်ဖက်များနှင့် တွေ့ဆုံရသလို… အထက်ဖါး/အောက်ဖိ… ဂုန်းဆင်းဘီးတပ်… နောက်ကျော(ဓါး) ဖြစ်ထိုးသည့်သူများနှင့်လည်း… တွေ့ဆုံခဲ့ရသည်။ ကြည်စရာ ကြည်ပြာလေးများဖြစ်သော… ချိုချို၊ ခက်မာနွေး၊ အေးသီတာသိမ့်တို့ဖြစ်လည်း… ရင်းနှီးကျွမ်းဝင်ခဲ့ရသည်။ ထိုအလုပ်တွင်… ဦးသောင်းခန့် မမြဲခဲ့ချေ ။ အောက်ခြေဝန်ထမ်း အချင်းချင်း… ညီညွှတ်မျှတမှု မရှိသဖြင့်… (၄/၅)လ အကြာတွင်… ဦးသောင်းခန့် အလုပ်ထွက်လိုက်လေတော့သည်။ ဦးသောင်းခန့် လင်မယားတွင် ငိုစား/ရယ်စား… ရတနာလေးများ လည်း မရှိသည့်အတွက်… ရရှိသည့်… (ပင်စင်)လစာလေးဖြင့်… ဘဝကို အေးချမ်းစွာ ဖြတ်သန်းကြသည်။ များမကြာမီ… ဦးသောင်းခန့် အလုပ်လုပ်ခဲ့သည့်… စေတီတွင်…

  • ငလျင်ဘေးအတွက် သတိပေးလာတဲ့ လင်းညို့တာရာ

    ငလျင်ဘေးအတွက် သတိပေးလာတဲ့ လင်းညို့တာရာ

    ငလျင်ဘေးကို ဒီလ ၁၅.၁၆.၁၇ အထိ ဂရုစိုက်ဖို့ လိုပါမယ် ဖြစ်ခဲ့လျှင်လည်း ၂၀၂၅ လောက်တော့ အဆိုးဆုံး နဲ့ လူတွေထိခိုက်မှုတော့ မများနိုင်ပါ ဒါပေမယ့် ကံဆိုးသူမောင်ရှင်တွေဆိုတာက ရှိနိုင်တာမို့လို့ သတိထားပေးကြပါ မနှစ်က ငလျင်ဒဏ်သင့်ထားသော နေရာများအားလုံး သတိပြုပေးကြဖို့ လိုပါတယ်။ ယတြာအနေနဲ့ အိမ်ရှေ့မှာမြေခွက် ဖန်ခွက်ထဲကို ရေထည့်ပါ အပေါ်ကနေ ညောင်ရွက်တစ်ရွက်တင်ပါ သို့မဟုတ် စာရွက်ဖြူတစ်ရွက်ကို ညောင်ပင်ပုံစံဖြတ်တောက်ပြီး ရေခွက်ပေါ်မှာတင်ထားပါ။ ဝသုန္ဒြေနတ်မင်းကြီးကို အိမ်ခြံဝင်းအတွင်း သန့်ရှင်းသောနေရာတွင် အုန်းသီး၊ ငှက်ပျောသီးများဖြင့် ကန်တော့ပွဲပေးခြင်းသော်လည်းကောင်း သို့ ရေတစ်ခွက် အသီးအစုံတစ်ပွဲ ဆီမီးများ ထွန်းညှိပြီး “ဤမြေပေါ်တွင် နေထိုင်ရသော အိမ်ထောင်စုဝင်များအား မြေဘေးအန္တရာယ်များမှ စောင့်ရှောက်ပေးပါ”ဟု တိုင်တည်ဆုတောင်းခြင်းများ ပြုလုပ်ပေးပါလေ။ လင်းညှို့တာရာ