အိမ်ရှင်က ရိုက်နှက်နှိပ်စက်လို့ ထွက်ပြေးလာတဲ့
၁၁ နှစ်အရွယ် မိန်းကလေးငယ် 😭
ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ် ၁၃ ရပ်ကွက်
အနော်မာ(၁)လမ်းတွင်နေထိုင်သော အိမ်ရှင်များက
နှိပ်စက်ခဲ့ကြတာလို့သိရပါတယ်။

ကလေးက ထွက်ပြေးလာပြီး ကျောင်းကားရဲ့အောက်မှာ
ဝင်ပုန်းနေတာ ပတ်ဝန်းကျင်က အစ်မတစ်ယောက်က မြင်ပြီး
အိမ်ပေါ်ခေါ်ထားကာ ပရဟိတအသင်းဆီ ဖုန်းဆက်ပြီး
စံပြဆေးရုံကို ပို့လိုက်ကြပါတယ်။
အိမ်ရှင်က ပါမောက္ခဟောင်းတစ်ဦးဖြစ်တယ်လို့
ကလေးကို ကူညီပေးနေတဲ့ ပရဟိတအသင်းက အစ်မက
ပြောပါတယ်။

ကလေးဆေးရုံရောက်ချိန်မှာ အိမ်ရှင်အုပ်စုက
နင်မဟုတ်တာတွေမပြောနဲ့ဆိုပြီး လာပြန်ခေါ်သေးတယ်။
(မိဘတွေပြောပြချက်) ကလေးကရွှေတွေခိုးလို့ ရိုက်ပါ
တယ်ဆိုပြီး အိမ်ရှင်က ဖုန်းဆက်တယ်။
(ကလေးပြောပြချက်) အစာဝအောင်းမကျွေးလို့ ခွေးစာ
တွေ ခိုးစားမိတယ်… 😭
ကလေးက ၉ နှစ်အရွယ်က အဲ့အိမ်ကိုစရောက်တယ်
ခု ၁၁ နှစ်ရှိပါပြီ။

ကူညီဆောင်ရွက်ပေးသူများက ကလေးအတွက်တရားမျှတ
မှုရရှိအောင် မိဘတွေက အမှုဖွင့်ချင်တယ်ဆိုရင်
ကူညီပေးချင်ကြပေမယ့် မိဘတွေက အမှုမဖွင့်တော့ဘူးပြောလို့
ရှေ့ဆက်ဘာမှလုပ်မရဘူးလို့ ဆေးရုံပို့ဆောင်
ကူညီပေးသူများထံမှ သိရှိရပါတယ်။
လူ လူ-ချင်းတောင် ရက်-စက်လိုက်ကြတာ.. 🥺
ကလေးကိုအိမ်အကူအဖြစ် ပို့ပေးထားသလိုလိုနဲ့
အခုကျတော့ အိမ်ရှင်ရောမိဘတွေရောထွက်ဆိုတာက
မွေးစားဖို့ ပို့ထား/ခေါ်ထားတာလို့ ပြောပါတယ်။
အိမ်အကူကို နှိပ်စက်တာဆိုရင် အမှုက မသေးသည့်အတွက်
သူတို့ချင်း ဘယ်လိုညှိလိုက်ကြလဲ မသိဘူး။

Leave a Reply