Author: Baby Yit Lone

  • သားဖြစ်သူရဲ့ အဓမ္မမှုကို ငွေနဲ့ပေါက်ပြီး နှုတ်ပိတ်ဖို့ ကြိုးစားခဲ့တဲ့ ကျောင်းအုပ်ဆရာမကြီး

    သားဖြစ်သူရဲ့ အဓမ္မမှုကို ငွေနဲ့ပေါက်ပြီး နှုတ်ပိတ်ဖို့ ကြိုးစားခဲ့တဲ့ ကျောင်းအုပ်ဆရာမကြီး

    တောင်ကြီးမြို့ရှိ အောင်မြေသစ်ကိုယ်ပိုင် အထက်တန်းကျောင်းပိုင်ရှင်၏ သားဖြစ်သူက Grade 12 ကျောင်းသူ ကိုမုဒိမ်းကျင့်၊ ရဲစခန်းတွင် အမှုဖွင့်ထား၍ လတ်တလော ကျောင်းပိတ်ထားရ

    ရှမ်းပြည်နယ် တောင်ကြီးမြို့ သစ်တောရပ်ကွက်၊ ကျန်းမာရေးရုံးလမ်းမှာရှိတဲ့ အောင်မြေသစ်ပုဂ္ဂလိက ကျောင်းမှာ ကျောင်းပိုင်ရှင်ဦးမြင့်လွင်ဦးရဲ့ အသက် ၂၉ နှစ်အရွယ်ရှိသားဖြစ်သူ ဇာနည်သွေးက အဆောင်နေပြီး ကျောင်းလာတက်နေတဲ့ ကျောင်း သူတစ်ဦးကို မုဒိမ်းပြုကျင့်ခဲ့တယ်လို့ တောင်ကြီးဒေသခံပြည်သူတွေကပြောပါတယ်။

    မုဒိမ်းပြုကျင့်ခံရတဲ့ ကျောင်းသူမှာ Grade 12 အတန်း လာတက်ရောက်နေသူဖြစ်ပြီး ဇန်နဝါရီ လ ၁၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲ အချိန် အဲဒီကျောင်းသူက ခေါင်းကိုက်နေတာကြောင့် ဆရာမထံ ခွင့်တောင်းပြီး အဆောင်မှာပြန်နားနေခဲ့ပါတယ်။ အဲဒီအချိန် မွန်းလွဲ ၁ နာရီလောက်မှာ ကျောင်းပိုင်ရှင်ရဲ့ သားဖြစ်သူ ဇာနည်သွေး ရောက်ရှိလာပြီး ခြိမ်းခြောက်ရိုက်နှိက်ကာ အလိုမတူဘဲ အဓမ္မ ပြုကျင့်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

    အဲဒီကျောင်းသူမိန်းကလေးရဲ့ အရှက်ကို ငှဲ့တဲ့အနေနဲ့ မိဘဖြစ်သူတွေက ညှိညှိနှိုင်းနှိုင်းဆောင်ရွက်ဖို့ ကျောင်းပိုင်ရှင်ဦးမြင့်လွင်ဦးကို ပြောဆိုခဲ့ပေမယ့် ဘယ်သူမှဂရုစိုက်ဘူးလို့ဆိုပြီး မောက်မောက်မာမာပြန်လည်ပြော ဆိုခဲ့၍ ညှိနှိုင်းလို့မရခဲ့ဘူးလို့ အဲဒီဖြစ်ရပ်ကို သိထားတဲ့ တောင်ကြီးဒေသခံတစ်ဦးကပြောသည်။

    အဲဒီလိုညှိနှိုင်း၍ မရတာကြောင့် အောင်မြေသစ်ပုဂ္ဂလိက ကျောင်းမှာ ကျောင်း ပိုင်ရှင်ရဲ့ အသက် ၂၉ နှစ်အရွယ်ရှိ သားဖြစ်သူဇာနည်သွေးကို မနေ့ကပဲတောင်ကြီးရဲစခန်းမှာ မုဒိမ်းမှုနဲ့ အမှုဖွင့်လှစ်ခဲ့ပြီး နောက် ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

    လတ်တလော တာဝန်ရှိသူတွေက အဆိုပါ အောင်မြေသစ် ပုဂ္ဂလိက ကျောင်းကို ပိတ်ထားခိုင်းတယ်လို့ ဒေသပြည်သူတွေဆီကနေ သိရပါတယ်။

    သားဖြစ်သူရဲ့ အဓမ္မမှုကို ငွေနဲ့ပေါက်ပြီး နှုတ်ပိတ်ဖို့ ကြိုးစားခဲ့တဲ့ ကျောင်းအုပ်ဆရာမကြီး

    ​တောင်ကြီးမြို့၊ အောင်မြေသစ်ကိုယ်ပိုင်ကျောင်းမှာ ဖြစ်ပွားခဲ့တဲ့ စက်ဆုပ်ဖွယ်ရာ အဓမ္မမှုမှာ ကျူးလွန်သူရဲ့မိခင် ကျောင်းအုပ်ဆရာမကြီးကိုယ်တိုင်က နစ်နာသူကျောင်းသူလေးကို “ဘာဖြစ်ချင်လဲ အကုန်လုပ်ပေးမယ်၊ ဒီကိစ္စကိုသာ နှုတ်ပိတ်ပေးထားပါ” ဆိုပြီး ရုံးခန်းထဲခေါ်ကာ အမှုကိုဖုံးဖိဖို့ ကြိုးစားခဲ့ပါတယ်။

    ​သားဖြစ်သူရဲ့ ယုတ်မာမှုကို အရေးယူဖို့ထက် ကျောင်းနာမည်ပျက်မှာစိုးပြီး သတင်းအမှောင်ချဖို့ ကြိုးစားခဲ့တဲ့ ကျောင်းအုပ်ရဲ့ လုပ်ရပ်က မိဘပြည်သူတွေကို ပိုမိုဒေါသထွက်စေခဲ့ပါတယ်။

    ကျောင်းသူလေးရဲ့ ဉာဏ်ကောင်းမှုကြောင့်သာ အပြင်ကို သတင်းပေါက်ကြားပြီး ကျူးလွန်သူကို ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။

    ​သားဖြစ်သူရဲ့ အပြစ်ကို ဖုံးကွယ်ပေးတဲ့ မိခင်တစ်ဦးရဲ့ ကိုယ်ကျင့်တရား။

    ​ပညာသင်ကြားရာကျောင်းမှာ အကာအကွယ်မပေးဘဲ ခြိမ်းခြောက်နှုတ်ပိတ်ခဲ့တဲ့ ကျောင်းအုပ်။

    ​ယုံကြည်ပြီး အပ်နှံထားတဲ့ မိဘတွေရဲ့ စိုးရိမ်ထိတ်လန့်မှု။

    ​ဒီလိုကျောင်းအုပ်မျိုး၊ ဒီလိုပတ်ဝန်းကျင်မျိုးမှာ သင့်ကလေးတွေ လုံခြုံရဲ့လား?

  • Attack on Titan II: End of the World

    Attack on Titan II: End of the World

    Attack on Titan II: End of the World (2015)

    ဒီဇာတ်​ကား က​တော့ ဂျပန်​ Anime နဲ့ manga ​လောကမှာ နာမည်​ကြီး ဇာတ်​လမ်းတစ်​ခုဖြစ်​တဲ့ Attack on Titans ကို လူသရုပ်​​ဆောင်​ တွေနဲ့ ပြန်​လည်​ ရိုက်​ကူးထားတဲ့ ဒုတိယပိုင်းဖြစ်​ပါတယ်။

    ကမ္ဘာဖျက်​ လူသားစား titan​ ကောင်​ကြီး​တွေ ဟာ လူသားမျိုးနွယ်​ ​တွေကို မျိုးသုဉ်​း​လောက်​သည်​ထိ ဒုက္ခ​ပေးနိုင်​စွမ်း ရှိပြီး လူသား​တွေ ရဲ့ ​နောက်​ဆုံး ​မျှော်​လင့်ချက်​က အဲရန်​ ဆိုတဲ့ လူငယ်​​လေးနဲ့ သူ့ သူငယ်​ချင်း​တွေ ​ပေါ်ကို စုပြုံကျလာပါတယ်​။

    Titan​တွေရဲ့ ရန်​ကို​ကြောက်​လို့ နံရံ​အမြင့်ကြီး​တွေ ​နောက်​မှာ​နေ ​နေရတဲ့ လူသား​တွေထဲမှာ အဲရန်​ဆိုတဲ့ လူငယ်​က​တော့ အ​ကြောက်​အလန့် မရှိတဲ့ လူငယ်​တစ်​​ယောက်​။

    သူ့သူငယ်​ချင်း အာမင်​ က​တော့ လူ​ကြောက်​တစ်​​ယောက်​ဖြစ်​ပြီး အဲရန်​ ​ပြောသမျှ ယုံကြည်​လက်​ခံ တတ်​တဲ့ ​ကောင်​မ​လေး မီကာဆာ တို့နဲ့ titan ​တွေရဲ့ အားပြိုင်​ပုံ​တွေကို ခပ်​ကြမ်းကြမ်း​လေး ရိုက်​ပြထားပါတယ်​။

    anime မှာ သိပ်​မသိသာ​ပေမယ့် လူသားဇာတ်​​ကောင်​​တွေနဲ့ ရိုက်​တဲ့အခါမှာ​တော့ ​သွေးထွက်​သံယို​ဇာတ်​ဝင်​ခန်းတွေက age restriction ​တွေ သတ်​မှတ်​ရတဲ့ထိ ဖြစ်​​စေခဲ့ပါတယ်​။

    titan ​တွေရဲ့ အားပြိုင်​ပုံ​တွေ လူငယ်​​တွေရဲ့ ချစ်​တြိဂံ ဇာတ်လမ်း​တွေနဲ့ အတူ ဇာတ်​အိမ်​တည်​ထားပါတယ်​။

    မူရင်း Manga က ဇာတ်​​ကောင်​​တွေနဲ့ လူသားဇာတ်​​ကောင်​​တွေကြား ကွဲလွဲမှု​တွေရှိပြီး ​ဝေဖန်​မှုတချို့ ​တော့ ရရှိထားပါတယ်​။

    ဒါကလည်း နာမည်​ကြီး ဇာတ်​လမ်း ​တွေကို ပြန်​ရိုက်​ခဲ့အခါမှာ ပရိသတ်​​တွေရဲ့ High expectation ​​ကြောင့် ဖြစ်​တတ်​တဲ့အရာတစ်​ခု ဖြစ်​ပြီး anime နဲ့ မနှိုင်းယှဉ်​ဘူးဆိုရင်​ ​ရုပ်​ရှင်​သက်​သက်​ ရဲ့ အရသာမျိုးကို အ​ကောင်းဆုံး ခံစားရမှာပါ။

  • Attack on Titan

    Attack on Titan

    Attack on Titan 1 (2015)

    ဒီကားကို မကြည့်ခင်အရင် ဆုံးပြောချင်တာကဇာတ်ကားပြီးလို့ စာတန်းထိုးပြီးတဲ့ထိပြီးဆုံးအောင်
    ကြည့်ပေးစေချင်ပါတယ်။

    wink emoticon

    လွန်ခဲ့တဲ့ နှစ်၁၀၀ ကျော်ကပေါ်လာတဲ့ လူသားစားတဲ့တိုက်တန်တွေ..

    တိုက်တန် တွေကိုကြောက်လို့ နံရံမြင့်ကြီးတွေ ထဲမှာနေနေရတဲ့လူသားတွေ..

    တိုက်တန်တွေကို အယုံအကြည် မရှိခဲ့တဲ့အဲရန် နဲ့ သူငယ်ချင်း လူကြောက်လေးအာမင်..

    ပြီးတော့ အဲရန်ပြောသမျှယုံကြည်တတ်တဲ့ ကောင်မလေးမီကာဆာတို့ ..

    နံရံ ကြီးတွေရဲ့အပြင် ဘက်ကိုထွက်ဖို့ ကြိုးစားကြတဲ့တစ်နေ့မှာ….

    တိုက်တန်တွေ ပေါ်လာပြီးလူသားတွေ တိုက်ခိုက်ခံကြရပြီးတဲ့ နောက်မှာ အဲရန် အာမင်နဲ့ မီကာဆာတို့ ဘာတွေပြောင်းလဲ သွားကြမလဲဆိုတာရယ်…

    တိုက်တန်တွေ ကိုတိုက်ခိုက်ကြတာတွေ သေကွင်းသေကွက်တွေက တကယ်ကိုကြည့်လို့ကောင်းပါတယ်။

    (18+ Rated ကားဖြစ်ပါတယ် သေတာတွေ ကြမ်းလို့နော်colonthree emoticon)

    ဒီကားဟာ ဂျပန်Animation ဇာတ်လမ်းတွဲ တစ်ခုဖြစ်ပြီး ဂျပန်မှာလဲအရမ်းနာမည်ကြီးတဲ့ ကားဖြစ်ပါတယ်။

    (ဒီကားကို ရုံတင်တုန်းကလက်မှတ်မရလို့ ရုံးလစ်ပြီးကိုသွားကြည့်ပါတယ် tongue emoticon)

    Anime ကြည့်ဖူးသူတွေကတော့ ဒီကားဟာAnime ကို မမှီဘူးလို့ပြောကြပါလိမ့်မယ်။

    Anime ဗားရှင်းထဲက မီကာဆာရဲ့ကာရိုက်တာဟာ Live-Action Movie ထဲက ကာရိုက်တာနဲ့ လုံးဝကိုကွဲပြားနေတဲ့ အချက်လဲပါပါ လိမ့်မယ်။

    ဘာပဲဖြစ်ဖြစ် Animated လုပ်ထားကားကို ရုပ်ရှင် ရိုက်ရတာလွယ်တာတော့ မဟုတ်ပါဘူး။

    နောက်ပြီး ဒီကားထဲကအဓိက ဖြစ်လာမဲ့တိုက်တန်ကို သရုပ်ဖော်ထားတာလဲတော်တော် ကိုကြည့်လို့ ကောင်းတာကိုတွေ့ရပါလိမ့်မယ်။

    ဒီဇာတ်ကားကို အညွှန်းရေးကြတဲ့သူတွေလဲ များနေတဲ့ အတွက်ဇာတ်လမ်းအကြောင်းကို သိပ်မပြောတော့ပါဘူး။

    ကိုယ်တိုင် ကြည့်တာပို အရသာရှိမယ်ထင်ပါတယ်။

  • Jugnuma The Fable aka The Fable

    Jugnuma The Fable aka The Fable

    Jugnuma The Fable (2025)

    (နတ်သမီးပုံပြင်)

    ဇာတ်လမ်းက ၁၉၈၉ ခုနှစ်၊ ဟိမဝန္တာတောင်တန်းတွေပေါ် သာယာလှပတဲ့ သစ်သီးခြံကြီးတစ်ခုမှာ အခြေခံထားပါတယ်။

    ဒီခြံကြီးရဲ့ ပိုင်ရှင်ဒေ့ဗ် ဟာ သူ့ရဲ့ မိသားစုနဲ့အတူ အေးအေးချမ်းချမ်း နေထိုင်သူပါ။

    ထူးခြားတာက ဒေ့ဗ် ဟာ ကိုယ်တိုင်လုပ်ထားတဲ့ တောင်ပံအတုကြီးတွေကို တပ်ပြီးတောင်ပေါ်ကနေ ငှက်တစ်ကောင်လို ပျံသန်းရတကို ဝါသနာပါသူ တစ်ဦးလည်း ဖြစ်ပါတယ်။

    ဒါပေမဲ့ တစ်နေ့မှာတော့ သူတို့ရဲ့ ပန်းသီးခြံထဲက အပင်တွေဟာအကြောင်းရင်းမရှိဘဲ မီးလောင်ကျွမ်းနေတာကို စတင်တွေ့ရှိခဲ့ပါတယ်။

    ဒီမီးလောင်မှုတွေဟာ တဖြည်းဖြည်း ပိုများလာတဲ့အခါမှာတော့ ဒေ့ဗ် တစ်ယောက်စိုးရိမ်စိတ်တွေ၊ သံသယစိတ်တွေ ဝင်လာပါတော့တယ်။

    ခြံထဲက အလုပ်သမားတွေလား၊ အနီးအနားက လှည့်လည်သွားလာနေတဲ့မျိုးနွယ်စုတွေလား ဆိုတဲ့ သံသယတွေကနေတဆင့် သူကိုယ်တိုင်နဲ့ သူ့မိသားစုရဲ့ ဖုံးကွယ်ထားတဲ့ အမှန်တရားတွေကိုပါပြန်လည်ရင်ဆိုင်လာရတဲ့အခါ…။

  • ထိုင်းရောက်မြန်မာတွေကို မျက်နှာအိုးမဲသုတ်လိုက်ကြပြန်ပြီ

    ထိုင်းရောက်မြန်မာတွေကို မျက်နှာအိုးမဲသုတ်လိုက်ကြပြန်ပြီ

    ကောင်းမွန်စွာနေထိုင်တဲ့ ထိုင်းရောက်မြန်မာတွေကို မျက်နှာအိုးမဲသုတ်လိုက်ကြပြန်ပြီ … 😒

    မြဝတီမြို့တဘက်ကမ်း မဲဆောက်မြို့မှာ ဇန်နဝါရီ ၁၈ ရက် မနက် ၄ နာရီလောက်က ဆိုင်ကယ်ခိုးယူတဲ့ မြန်မာရွှေ့ပြောင်းသူ ၂ ယောက်ကို ထိုင်းရဲတပ်ဖွဲ့နဲ့ ဌာနဆိုင်ရာတို့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

    မဲဆောက်မြို့က နေအိမ်တန်းလျား၊ ကျောင်းသားတွေ စုနေတဲ့ အိမ်ခန်း၊ ဆိုင်ခန်း၊ ဈေးဆိုင်နဲ့ ဘုန်းတော်ကြီးကျောင်းဝင်းတွေထဲမှာ ဆိုင်ကယ်တွေ မကြာခဏ ပျောက်ဆုံးနေတယ်လို့ ဆိုင်ကယ် ပျောက်ဆုံးသူတယောက်က ပြောပါတယ်။

    ခိုးယူသူတွေဟာ ဆိုင်ကယ်တစီးလုံးသာမက တစစီ ခိုးယူဖြုတ်ရောင်းချတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

    ဖမ်းဆီးမိတဲ့ မြန်မာရွှေ့ပြောင်း ၂ ယောက်ကို ထိုင်းဥပဒေအရ အရေးယူနိုင်ဖို့ မဲဆောက်မြို့မရဲစခန်းမှာ အမှုဖွင့်သွားမယ်လို့ သိရပါတယ်။