Author: Baby Yit Lone

  • ပြင်ဦးလွင်မှ ၁၂ တန်းကျောင်းသူလေးနှင့် မိခင်ကို ရက်ရက်စက်စက် သတ်ခဲ့သူ

    ပြင်ဦးလွင်မှ ၁၂ တန်းကျောင်းသူလေးနှင့် မိခင်ကို ရက်ရက်စက်စက် သတ်ခဲ့သူ

    8 10. 2025 မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်မှ ကလေးမုန့် တွေရောင်းနေတဲ့ နန်းမိုဟွမ်ခမ်း ဆိုသူ မှ ဘော်ဒါဆောင် ကျောင်းတက်နေသူ ၁၂ တန်းကျောင်းသူလေး နှင့် ကျောင်းပိတ်ရက်မှာ ထိုကျောင်းသူထံသို့သွားသူ ကျောင်းသူကောင်မလေး၏ အမေ အား ဘော်ဒါဆောင်မှမုန့်ရောင်းသူ မိုဟွမ်ခမ်း က 8 10 2025 ရက်နေ့ မနက် ၇:၃၀ မှာ သူ့ကို အကူအညီခဏပေးပါရန် ပြောပြီး ကျောင်းသူ၏အမေအား အပြင်သို့ခေါ်ဆောင်သွားသည်။ ခဏ ဟုဆိုပြီးကြာနေသော အခါ ကျန်ရစ်ခဲ့သူ ကျောင်းသူက အမေဖြစ်သူအား ဖုန််းခေါ်ဆို၍မရတော့ပါ။ ထိုအခါ မုန့်ရောင်းသူ မိုဟွမ်ခမ်း ကိုယ်တိုင် က ကျန်ရစ်ခဲ့သူထိုကျောင်းသူအား နင့်အမေ ခေါ်ခိုင်းလိုက်ကြောင်း နင့်အမေဖုန်း ကျကွဲ လို့ ဖုန်းဆက်မရနိုင်ကြောင်း နင့်အမေနှင့်သွားဖို့သူနဲ့လိုက်ခဲ့…

  • ကျင့်ဝတ်နဲ့စည်းကမ်းချိုး​ဖောက်ခဲ့တဲ့ရဲ​ဘော်​တွေကို အ​ရေးယူမယ်လို့ စဥ့်ကူးမြို့နယ်အရေးပေါ် အုပ်ချုပ်ရေးအဖွဲ့ထုတ်ပြန်

    ကျင့်ဝတ်နဲ့စည်းကမ်းချိုး​ဖောက်ခဲ့တဲ့ရဲ​ဘော်​တွေကို အ​ရေးယူမယ်လို့ စဥ့်ကူးမြို့နယ်အရေးပေါ် အုပ်ချုပ်ရေးအဖွဲ့ထုတ်ပြန်

    စည်းကမ်းချိုးဖောက်တဲ့ စတားလင့်အင်တာနက်စက်ပိုင်ရှင်ကိုလည်း အ​ရေးယူမယ်လို့အသိပေး အချင်းများမှုမှာ နှစ်ဘက်စလုံးပူး​ပေါင်း​ဆောင်ရွက်မှုလိုအပ်ချက်ရှိခဲ့သလို အားနည်းချက်တွေရှိခဲ့တယ်လို့ပြည်သူအချို့​မှတ်ချက်ပြု လူထုအပေါ် ဆက်ဆံပြုမှုရမယ့် စည်းကမ်းကျင့်ဝတ်တွေချိုးဖောက်ခဲ့တဲ့ရဲဘော်တွေကို ထိထိရောက်ရောက်သတိ​ပေး၊ အရေးယူမယ်လို့စဥ့်ကူးမြို့နယ် အရေးပေါ် အုပ်ချုပ်ရေးအဖွဲ့က ဒီကနေ့ ထုတ်ပြန်ပါတယ်။ ဒါ့အပြင် စည်းကမ်းချိုးဖောက်တဲ့ စတားလင့် အင်တာနက် စက်ပိုင်ရှင်ကိုလည်း ထုတ်ပြန်ချမှတ်ထားတဲ့စည်းမျဥ်းစည်းကမ်းတွေအတိုင်း အရေးယူမယ်လို့ ဆိုပါတယ်။ “စတားလင့် စက်ပိုင်ရှင်ဘက်ကိုတော့ စည်းမျဥ်းစည်း ကမ်းချိုးဖောက်မှုနဲ့သက်ဆိုင်တဲ့ ကဏ္ဍကိုပဲ အရေးယူသွားဖို့ရှိပြီးတော့ ဗီဒီယို ဖိုင်ထဲက ဖြစ်စဥ် ပေါ် မှာတော့ သီးခြားအရေးယူသွားဖို့ မရှိပါဘူး၊ရဲဘော်တွေကိုတော့ အရေးပေါ် အုပ်ချုပ်ရေးအဖွဲ့က သတ်မှတ်ထားတဲ့ စည်းမျည်း စည်းကမ်းတွေနဲ့ အရေးယူသွားမှာပါ”လို့ စဥ့်ကူးမြို့နယ်အရေးပေါ် အုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးက ပြောပါတယ်။ “လက်ရှိ မြို့နယ်ရဲ့ အုပ်ချုပ်ရေး ယန္တယားကလည်း ပြည်သူ့အုပ်ချုပ်ရေး ယန္တရား အ ပြည့်အဝ အ…

  • ထားဝယ်မြို့ ဝန်ကြီးအိမ်ရာ၊ ခလရ ၁၀၄ တပ်ရင်း နှင့် ရေဖြူမြို့မ ရဲစခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

    ထားဝယ်မြို့ ဝန်ကြီးအိမ်ရာ၊ ခလရ ၁၀၄ တပ်ရင်း နှင့် ရေဖြူမြို့မ ရဲစခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

    တနင်္သာရီတိုင်း၊ ထားဝယ်မြို့ ဝန်ကြီးအိမ်ရာ၊ ခလရ ၁၀၄ တပ်ရင်းနှင့် ရေဖြူမြို့မ ရဲစခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒူရကစစ်ကြောင်းက ပြောဆိုသည်။ အောက်တိုဘာလ ၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ရေဖြူမြို့နယ်၊ မြို့မရဲစခန်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။ အလားတူ ယင်းနေ့ ညနေ ၄ နာရီကျော်ခန့်တွင် ထားဝယ်မြို့ ဝန်ကြီးအိမ်ရာအတွင်း တပ်စွဲနေထိုင်သော အကြမ်းဖက် စစ်သားများကိုလည်း ဒရုန်းဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။ ထို့ပြင် အောက်တိုဘာလ…

  • ဟိုတယ် သက်သေတွေ အတိအကျရထားတာမို့ တလင်တမယားဥပဒေနဲ့ အမှု ပြန်ဖွင့်လိုက်တဲ့ မင်းညီ

    ဟိုတယ် သက်သေတွေ အတိအကျရထားတာမို့ တလင်တမယားဥပဒေနဲ့ အမှု ပြန်ဖွင့်လိုက်တဲ့ မင်းညီ

    ဇနီးဖြစ်သူ ဖောက်ပြန်ထားတဲ့ ဟိုတယ် သက်သေတွေ အတိအကျရထားတာမို့ တလင်တမယားဥပဒေနဲ့ အမှု ပြန်ဖွင့်လိုက်တဲ့ မင်းညီ ဇနီးဖြစ်သူနဲ့ အတူ လက်ရှိပေါင်းသင်းနေထိုင်နေသူတို့ နှစ်ဦး ဇန်နဝါရီလအတွင်းမှာ ပြင်ဦးလွင်ရှိ ဟိုတယ်တစ်ခုတွင် ၂ ရက်ကြာသွားအိပ်ခဲ့တဲ့ သက်သေအထောက်အထားကို မင်းညီက ရရှိထားတာပါ။ အခြားသော ဟိုတယ်တွေမှာ သွားအိပ်ခဲ့တဲ့ သက်သေတွေလည်း အပြည့်ရှိတယ်လို့ မင်းညီကပြောပါတယ်။ ထို့အပြင် ဇနီးဟောင်းဟာ အဆိုပါအမျိုးသားနှင့်အတူ မန္တလေး ပုသိမ်ကြီးမြို့နယ်ထဲမှာ ဆု နာမည်နဲ့ လက်ဖက်ရည်ဆိုင် ဖွင့်လှစ်ခဲ့သေးတယ်လို့ဆိုပါတယ်။ ထိုအချိန်က မီဒီယာတစ်ခုမှာ သူမအားပြန်လည်ပတ်သက်မှာစိုးရိမ်လို့ နောက်မိန်းမယူရင်လဲ ကိုယ့်ခေါင်းက ငရဲပန်း သူများကိုပေးလိုက်ရလို့ ဝမ်းသာတယ်လို့ ဖြေကြားခဲ့ပြီး နောက် ၂ လအကြာမှာမှ မင်းညီက မိသားစုနဲ့အဆင်ပြေမယ့်သူကို ယူခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ သို့သော်လည်း ဇနီးသည်ဟာ သူကိုယ်တိုင်…

  • လေးမျက်နှာကို စစ်ကော်မရှင်က အင်အားအပြည့် စစ်ယာဉ်တန်းအစီး ၂၀ ဖြင့် အင်အားဖြည့်နေ

    တိုက်ပွဲပြင်းထန်‎နေသည့် လေးမျက်နှာကို စစ်ကော်မရှင်က အင်အားအပြည့် စစ်ယာဉ်တန်းအစီး ၂၀ ဖြင့် အင်အားဖြည့်နေ အာရက္ခတပ်တော် (‎AA) နှင့် တိုက်ပွဲပြင်းထန်နေသည့် ဧရာ၀တီတိုင်း၊ လေးမျက်နှာမြို့နယ်ကို စစ်ကော်မရှင်က စစ်အင်အား အလုံးအရင်း ပို့ဆောင်နေကြောင်း သိရသည်။ စစ်ကော်မရှင်၏ စစ်သုံးကားကြီး အစီး၂၀ ပါ ယာဉ်တန်းသည် ‎ယမန်နေ့ အောက်တိုဘာ ၁၁ရက် နံနက်အစောပိုင်းတွင် ဟင်္သာတဘက်မှနေ၍ လေးမျက်နှာမြို့ကို ထွက်ခွာသွားကြောင်း သိရသည်။ ‎”အခုစစ်တပ်က အင်အားပို့တာမှာထောက်ပို့ လမ်းကြောင်းပြောင်းတဲ့အနေနဲ့ ဟင်္သာတဘက်နေ ကွင်းကောက်အထိတက်ပြီးမှ လေးမျက်နှာ၊ ရေကြည်ဘက်ကို စစ်ယာဉ်တန်းသွားတယ်။ လေးမျက်နှာဘက်ကို အမိုးအုပ်စစ်သုံးကားကြီးတွေပို့နေတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။ ‎စစ်အင်အားအပြည့်ဖြင့် ထွက်ခွာသွားသည့် အဆိုပါ ယာဉ်တန်းသည် လေးမျက်နှာအစပ် စက်စက်ယို ကျေးရွာဘက်ကို ဦးတည်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ…