Author: Baby Yit Lone

  • အတ္တလန္တိတ်ခရုဇ်သင်္ဘောပေါ်တွင် ဟန်တာဗိုင်းရပ်စ်ကူးစက်မှု သံသယဖြစ်စဉ်ကြောင့် လူ ၃ ဦး သေဆုံး

    အတ္တလန္တိတ်ခရုဇ်သင်္ဘောပေါ်တွင် ဟန်တာဗိုင်းရပ်စ်ကူးစက်မှု သံသယဖြစ်စဉ်ကြောင့် လူ ၃ ဦး သေဆုံး

    အတ္တလန္တိတ်သမုဒ္ဒရာအတွင်း ခရီးနှင်နေသည့် ခရီးသည်တင်သင်္ဘောတစင်းပေါ်တွင် လူ သုံးဦး သေဆုံးခဲ့ပြီး အနည်းဆုံးတဦးမှာ ကြွက်များမှတဆင့် လူသို့ကူးစက်တတ်သော ရှားပါးရောဂါဖြစ်သည့် ဟန်တာဗိုင်းရပ်စ် (Hantavirus) ကူးစက်ခံထားရကြောင်း အတည်ပြုနိုင်ခဲ့သည်။

    လက်ရှိတွင် ကျန်းမာရေးတာဝန်ရှိသူများသည် အာဂျင်တီးနားနိုင်ငံ အူရွှာအာမြို့မှ ကိပ်ဗာဒီသို့ ခရီးနှင်နေသည့် MV Hondius သင်္ဘောပေါ်တွင် အဆိုပါဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု ရှိ၊ မရှိကို စုံစမ်းစစ်ဆေးနေကြသည်။

    ကူးစက်ခံရသူ တဦးကို အတည်ပြုနိုင်ခဲ့ပြီး အခြားခရီးသည် အနည်းဆုံး ငါးဦးခန့်မှာလည်း ဗိုင်းရပ်စ်ကူးစက်ခံထားရသည်ဟု သံသယရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က တနင်္ဂနွေနေ့တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

    “ရောဂါဖြစ်ပွားသူ ခြောက်ဦးထဲမှာ သုံးဦး သေဆုံးသွားခဲ့ပြီး တဦးကတော့ လက်ရှိ တောင်အာဖရိကမှာ အထူးကြပ်မတ်ကုသဆောင် (ICU) ထဲမှာ ရှိနေပါတယ်” ဟု WHO က ဆိုသည်။

    “ဓာတ်ခွဲခန်းစမ်းသပ်မှုတွေနဲ့ ကူးစက်ရောဂါဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေအပါအဝင် အသေးစိတ်စစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။ ခရီးသည်တွေနဲ့ သင်္ဘောသားတွေကို ဆေးဝါးကုသမှုနဲ့ ပံ့ပိုးမှုတွေ ပေးအပ်ထားပါတယ်။ ဗိုင်းရပ်စ်ရဲ့ မျိုးရိုးဗီဇကို စစ်ဆေးတာတွေလည်း ဆက်လုပ်နေပါတယ်” ဟု WHO က ပြောသည်။

    ရောဂါလက္ခဏာပြနေသည့် အခြားခရီးသည် နှစ်ဦးကို ဘေးကင်းရာသို့ ရွှေ့ပြောင်းနိုင်ရန် နိုင်ငံများအကြား ညှိနှိုင်းဆောင်ရွက်ပေးနေသည်ဟုလည်း ဆိုသည်။

    ဟန်တာဗိုင်းရပ်စ်သည် ရောဂါပိုးရှိသော ကြွက်များ၏ မစင် သို့မဟုတ် ဆီးတို့မှတဆင့် လူသို့ကူးစက်တတ်သည့် ရှားပါးရောဂါဖြစ်ပြီး၊ အသက်အန္တရာယ်ရှိနိုင်သလို သွေးလွန် ဖျားနာမှုကဲ့သို့ ပြင်းထန်သောရောဂါများလည်း ဖြစ်စေနိုင်သည်။

    သေဆုံးသူများထဲတွင် ဇနီးမောင်နှံနှစ်ဦး ပါဝင်

    တောင်အာဖရိက အမျိုးသားကျန်းမာရေးဌာန၏ အစောပိုင်း ထုတ်ပြန်ချက်အရ လူ နှစ်ဦးထက်မနည်း သေဆုံးစေခဲ့သည့် “ပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ” ဖြစ်ပွားမှုရှိခဲ့ကြောင်းနှင့် တတိယမြောက်လူမှာ ဂျိုဟန်နက်စ်ဘတ်မြို့ရှိ အထူးကြပ်မတ်ကုသဆောင်တွင် ရှိနေကြောင်း AFP သတင်းဌာနက ဖော်ပြသည်။

    ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဖော်စတာ မိုဟေးလ်က ဂျိုဟန်နက်စ်ဘတ်တွင် ကုသမှုခံယူနေသည့် လူနာ၌ ဟန်တာဗိုင်းရပ်စ် ပိုးတွေ့ရှိကြောင်း အတည်ပြုခဲ့သည်။

    အသက် ၇၀ အရွယ် အမျိုးသားတဦးမှာ ပထမဆုံး ရောဂါလက္ခဏာပြခဲ့သူဖြစ်ပြီး သင်္ဘောပေါ်တွင်ပင် သေဆုံးသွားခဲ့ကြောင်း၊ ၎င်း၏ရုပ်အလောင်းကို လက်ရှိတွင် တောင်အတ္တလန္တိတ်ရှိ ဗြိတိသျှပိုင်နက်ဖြစ်သော စိန့်ဟယ်လီနာကျွန်း၌ ထိန်းသိမ်းထားကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။ ထိုလူ၏ အသက် ၆၉ နှစ်အရွယ် ဇနီးဖြစ်သူမှာလည်း ဖျားနာခဲ့သဖြင့် တောင်အာဖရိကသို့ ပို့ဆောင်ကုသခဲ့သော်လည်း ဂျိုဟန်နက်စ်ဘတ် ဆေးရုံတခုတွင် ကွယ်လွန်သွားခဲ့သည်။

    သေဆုံးသူများ မည်သည့်နိုင်ငံသားဖြစ်သည်ကို အာဏာပိုင်များအနေဖြင့် အတည်မပြုနိုင်သေးကြောင်း မိုဟေးလ်က ပြောခဲ့သော်လည်း၊ အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေသူမှာ အသက် ၆၉ နှစ်အရွယ် ဗြိတိန်နိုင်ငံသားတဦးဖြစ်ကြောင်း AFP က သတင်းဖော်ပြထားသည်။

    Aljazeera မှ Three dead in suspected hantavirus outbreak on Atlantic cruise ship အား Brownie ဘာသာပြန်သည်။

  • ဒေါပုံတွင် စစ်ရှောင်ရိုဟင်ဂျာ ၅၀ ခန့်ကို အုပ်ချုပ်ရေးနှင့်မဘသဘုန်းကြီးများက ဖမ်းဆီးပြီး ရဲစခန်းပို့

    ဒေါပုံတွင် စစ်ရှောင်ရိုဟင်ဂျာ ၅၀ ခန့်ကို အုပ်ချုပ်ရေးနှင့်မဘသဘုန်းကြီးများက ဖမ်းဆီးပြီး ရဲစခန်းပို့

    ရန်ကုန်တိုင်း ဒေါပုံမြို့နယ် နွယ်အေးရပ်ကွက်မှာ မေ ၂ ရက်နေ့ ညနေ ၅ နာရီက ရခိုင်ပြည်နယ်က စစ်ရှောင်လာတဲ့ ရိုဟင်ဂျာ ၅၀ နီးပါးကို ရပ်ကွက်အုပ်ချုပ်ရေးနဲ့ မဘသ ဘုန်းကြီးတွေက ဖမ်းဆီးပြီး ရဲစခန်းကိုပို့ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

    မနေ့ ညနေ ၅ နာရီ ဒေါပုံမြို့နယ် နွယ်အေးရပ်ကွက် နဂါးနီ ၂ လမ်း တိုက်အမှတ် ၄၇ နဲ့ ၄၈ မှာ ရောက်ရှိနေတဲ့ စစ်ရှောင်ရိုဟင်ဂျာတွေကို ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင် စစ်ဆေးပြီးနောက် မဘသဘုန်းကြီးတွေကို ခေါ်ကာ ရဲစခန်းကို ပို့ခဲ့တယ်လို့ ရပ်ကွက်နေသူတယောက်က ပြောပါတယ်။

    “ရခိုင်ကနေ စစ်ရှောင်လာတဲ့ ကလေးတွေနေတဲ့တိုက်ကို အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူး ဆယ်အိမ် မှူးတွေက ဝင်စစ်တယ်။ စစ်ဆေးနေရင်း မဘသ ဘုန်းကြီးတွေကို ဖုန်းဆက်ခေါ်တယ်။ မဘသ ဘုန်းကြီးတွေရောက်လာတော့ ရိုဟင်ဂျာတွေ ဘင်္ဂါလီတွေလို့ ပြောပြီး ရဲတွေပါ ထပ်ခေါ်ပြီး ဖမ်းသွားတာ။”

    ဖမ်းဆီးခံရသူတွေကတော့ ဘူးသီးတောင် နဲ့ မောင်တောမြို့နယ်မှ စစ်ဘေးရှောင်လာတဲ့ လူငယ်တွေဖြစ်ပြီး အဆိုပါလူငယ်တွေကို စာသင်ပေးနေတဲ့ ဆရာတွေကိုပါ ဖမ်းခေါ်သွားတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့သတင်းအရင်းအမြစ်က ပြောပါတယ်။

    “ဘူးသီးတောင် မောင်တောက စစ်ရှောင်လာတာ။ လဝက အဖွဲ့က စစ်ဆေးတော့ သူတို့မှာ မှတ်ပုံတင်တွေပါတယ်။ ဒါကိုအုပ်ချုပ်ရေးက ခိုးဝင်ဘင်္ဂါလီတွေလို့ စွပ်စွဲပြီး မဘသ ဘုန်းကြီးတွေနဲ့ ပေါင်းပြီး ရဲစခန်းပို့တာ။”

    မနေ့က အုပ်ချုပ်ရေးအဖွဲ့၊ မဘသဘုန်းကြီးတွေနဲ့ ရဲတွေဟာ စစ်ရှောင်လူငယ် ၄၀ နဲ့ ဆရာ ၁၀ ယောက် ည ၉ နာရီအထိ စစ်ဆေးမှုတွေလုပ်ခဲ့ပြီး ရဲစခန်းခေါ်သွားတာလို့ သတင်းအရင်းအမြစ်က ဆက်ပြောပါတယ်။

    လတ်တလောမှာ ဒေါပုံမြို့မရဲစခန်းက ဖမ်းဆီးခံရသူ စစ်ရှောင်ရိုဟင်ဂျာ ၄၀ နဲ့ ဆရာ ၁၀ ယောက်ကို ပြန်မလွှတ်ပေးသေးဘူးလို့ မြို့ခံတွေဆီက သိရပါတယ်။

  • မင်းအောင်လှိုင်ကို စစ်ရာဇဝတ်မှုများဖြင့် တရားစွဲဆိုထားသည့်အမှု  ရှေ့ဆက်တိုး

    မင်းအောင်လှိုင်ကို စစ်ရာဇဝတ်မှုများဖြင့် တရားစွဲဆိုထားသည့်အမှု ရှေ့ဆက်တိုး

    အရှေ့တီမောတွင် စစ်အာဏာရှင် မင်းအောင်လှိုင်ကို စစ်ရာဇဝတ်မှုများဖြင့် တရားစွဲဆိုထားသည့်အမှု ရှေ့ဆက်တိုးနေပြီး တရားစီရေးဆိုင်ရာ ပြန်လည်သုံးသပ်ရန် တရားရုံးသို့ ရောက်ရှိ

    အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်သော တီမော်လက်စတေး ဒီမိုကရက်တစ် သမ္မတနိုင်ငံတွင် အကြမ်းဖက် စစ်အာဏာရှင် မင်းအောင်လှိုင်ကို စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ် မှုများဖြင့် တရားစွဲဆိုထားခြင်း၏ နောက်ဆက်တွဲအဖြစ် တရားစီရင်ရေးဆိုင်ရာ ပြန်လည်သုံးသပ်ရန်အတွက် ပထမအဆင့် တရားရုံးသို့ တရားဝင် တင်သွင်းလိုက်ပြီ ဖြစ်ကြောင်း သက်ဆိုင်ရာက သတင်းထုတ်ပြန်သည်။

    အဆိုပါ အမှု၏ တရားလို ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ၏ ညွှန်ကြားရေးမှူး ဆလိုင်းဇအုပ်က ဇန်နဝါရီလတွင် စတင်ခဲ့သည့် အမှုမှာ နောက်ထပ် အဆင့်တစ်ခုသို့ ရောက်ရှိသွားခြင်းဖြစ်ပြီး မင်းအောင်လှိုင်ကို မြန်မာ နိုင်ငံ အနောက်မြောက်ပိုင်းရှိ ချင်းပြည်နယ်အတွင်း ကျူးလွန်ခဲ့သော ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများအတွက် ကွပ်ကဲမှုနှင့် ထိန်းချုပ်မှုဆိုင်ရာ တာဝန်ရှိမှုဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။

    မင်းအောင်လှိုင်နှင့်စစ်တပ်ကျူးလွန်သော ရာဇဝတ်မှုများတွင် ၇ လအရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအား ၎င်း၏ခင်ပွန်းရှေ့တွင် အုပ်စုဖွဲ့မုဒိမ်းကျင့်ခြင်း၊ သတင်းထောက်တစ်ဦးနှင့် ၁၃ နှစ်အရွယ် ကောင်လေးတစ်ဦး အပါအဝင် လူ ၁၀ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း (ယင်းကောင်လေးမှာ လက်ပြန်ကြိုးတုပ်ခံရပြီး လည်လှီးသတ်ဖြတ်ခံရသူ ၈ ဦးထဲတွင် ပါဝင်ပါသည်)၊ ခရစ်ယာန်သိက္ခာတော်ရဆရာတော်တစ်ပါးနှင့် သင်းထောက် ၃ ဦးကို တမင်ရည်ရွယ်၍ သတ်ဖြတ်ခြင်းတို့ ပါဝင်ပါသည်။

    ထို့အပြင် ဆေးရုံတစ်ခုကို အချိုးအစားမညီဘဲ ခွဲခြားမှုမရှိဘဲ လေကြောင်းမှ တိုက်ခိုက်ခဲ့သဖြင့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်း ၄ ဦးနှင့် လူနာ ၄ ဦး သေဆုံးခဲ့ခြင်းနှင့် နိုင်ငံတကာဥပဒေအရ ကာကွယ်ထားသော ခရစ်ယာန်ဘုရားကျောင်းများနှင့် အရပ်ဘက် အခြေခံအဆောက်အအုံများအပေါ် ဆက်တိုက်တိုက်ခိုက်မှုများလည်း ပါဝင်ကြောင်း သိရှိရသည်။

    “ဟိဂ်မြို့က အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) မှာ စုံစမ်းစစ်ဆေးခံနေရပြီးဖြစ်တဲ့ စစ်ရာဇဝတ် ကောင် မင်းအောင်လှိုင်ကို စုံစမ်းစစ်ဆေးမှုတွေ စတင်ဖို့အတွက် ရိုးရှင်းတဲ့ လုပ်ဆောင်ချက်မျိုးကို လုပ်ဆောင်ပေးဖို့ အရှေ့တီမောအာဏာပိုင်တွေကို ကျွန်တော် တိုက်တွန်းပါတယ်” ဟု CHRO ညွှန်ကြားရေးမှူး ဆလိုင်းဇအုပ်က ပြောကြားသည်။

    “စစ်ကောင်စီက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စက်မှုလက်မှု အတိုင်းအတာပမာဏလောက်အထိ ကျူးလွန်နေတာကို ခံနေရတဲ့ ချင်းလူမျိုးတွေဟာ မုဒိမ်းမှု၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနဲ့ အရပ်သားတွေအပေါ် ခွဲခြားမှုမရှိဘဲ တိုက်ခိုက်မှုတွေလိုမျိုး ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေရဲ့ သမိုင်းကြောင်းတူညီခဲ့တဲ့ အရှေ့တီမောပြည်သူတွေဆီက ထောက်ခံမှုကို မျှော်လင့်နေကြပါတယ်” ဟု ၎င်းက ဆိုပါသည်။

    အဆိုပါအမှု၏ ရှေ့ဆောင်ရှေ့နေဖြစ်သူ အရှေ့တီမောဥပဒေကုမ္ပဏီ Da Silva Teixeira & Associados မှ Jose Teixeira က “စုံစမ်းစစ်ဆေးမှုတစ်ခု ဖွင့်လှစ်ဖို့အတွက် ဥပဒေကြောင်းအရ တာဝန်ရှိနေပြီး တရားရုံးကလည်း ဒီအတိုင်း ဆုံးဖြတ်လိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ရှင်းရှင်းလင်းလင်း ပြောရရင် အခုလို စုံစမ်းစစ် ဆေးမှုဟာ ဂျီနီဗာမြို့က မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) လို အဖွဲ့အစည်းတွေက မင်းအောင်လှိုင်ကို စုံစမ်းစစ်ဆေးနေပြီး အမှုရှေ့ဆက်တဲ့အခါ ကူညီပံ့ပိုးဖို့ အဆင်သင့်ရှိနေတာကြောင့် အရှေ့တီမောရဲ့ တရားစီရင်ရေးစနစ်အပေါ် ဖိအားဖြစ်စေမှာ မဟုတ်ပါဘူး” ဟု မှတ်ချက်ပြုသည်။

    Myanmar Accountability Project (MAP) ၏ ညွှန်ကြားရေးမှူး Chris Gunness ၏ အဆိုအရ “ဒီအမှုဟာ မြန်မာနိုင်ငံရဲ့ အခြေအနေ ဘယ်လောက်အထိ အဓိပ္ပာယ်မဲ့နေသလဲဆိုတာကို ဖွင့်ချလိုက်တာ ဖြစ်ပါတယ်။ အာဏာရှင် မင်းအောင်လှိုင်ဟာ ၎င်းကိုယ်တိုင် ကြိုတင်ပြင်ဆင်ထားတဲ့ အတုအယောင် ရွေးကောက်ပွဲတွေအပြီးမှာ ၎င်းကို မြန်မာနိုင်ငံရဲ့ တရားဝင်ခေါင်းဆောင်အဖြစ် ကမ္ဘာကြီးက ထင်ယောင်ထင်မှားဖြစ်အောင် ကြိုးစားနေပြီး ၎င်းရဲ့ တရားမဝင် စစ်ကောင်စီနဲ့ ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ဖို့ အစိုးရတွေကို တောင်းဆိုနေတာပါ” ဟု ဆိုပါသည်။

    Chris Gunness က ဆက်လက်ပြီး “အမှန်တကယ်တော့ မင်းအောင်လှိုင်ဟာ အလိုရှိနေတဲ့ စစ်ရာဇဝတ်ကောင် ဖြစ်ပါတယ်။ အာဂျင်တီးနား၊ တူရကီ၊ ဖိလစ်ပိုင်နဲ့ အရှေ့တီမော စတဲ့ ကမ္ဘာတဝှမ်းက တရားစီရင်ပိုင်ခွင့် နယ်မြေအသီးသီးမှာ သူ့အပေါ် စွဲဆိုထားတဲ့ အမှုတွေ စုပုံလာနေပါတယ်။ ဟိဂ်မြို့က ကမ္ဘာ့အပြည်ပြည်ဆိုင်ရာ တရားရုံးနှစ်ခုဖြစ်တဲ့ ICC နဲ့ ICJ မှာလည်း သူ့အပေါ် အမှုတွေ ရှိနေပါတယ်။ ဒီအမှုတွေအပြင် အခုလအစောပိုင်းမှာလည်း မကြုံစဖူး ထူးခြားတဲ့ လုပ်ဆောင်ချက်တစ်ခုအနေနဲ့ အင်ဒိုနီးရှား အာဏာပိုင်တွေဟာ နိုင်ငံရဲ့ ရာဇဝတ်မှုဆိုင်ရာ ဥပဒေသစ်အောက်မှာ မင်းအောင်လှိုင်ကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ စွပ်စွဲထားတဲ့ ရာဇဝတ်မှုဖိုင်ကို တရားဝင် လက်ခံခဲ့ပါတယ်။ ဒီအာဏာရှင်ဟာ သမ္မတအိမ်တော်မှာ မဟုတ်ဘဲ ထောင်ထဲမှာပဲ ရှိနေသင့်ပါတယ်” ဟု သုံးသပ်ပြောဆိုသည်။

  • မနောဖြူစင်ဆရာတော်

    မနောဖြူစင်ဆရာတော်

    မြန်မာ့လူမှုကွန်ယက် (Facebook/TikTok) ပေါ်တွင် “ထေရာဝံသာလင်္ကာရ (ခေါ်) မနောဖြူစင်ဆရာတော်” ဟူသော ဘွဲ့အမည်ခံကာ

    သာသနာ့အရှက်ရဖွယ် ပြုမူနေသူတစ်ဦး၏ အကြောင်းကို ရဟန်းရှင်လူအများ သိရှိနိုင်စေရန် ဖော်ပြအပ်ပါသည်။

    ​အဆိုပါပုဂ္ဂိုလ်သည် နေပြည်တော်၊ ပျဉ်းမနား၊ ကန်ဦးကျေးရွာ (အုန်းတောကျောင်း) တွင် သီတင်းသုံးသည်ဟု အမည်ခံထားသော်လည်း

    လက်တွေ့တွင် ရဟန်းသံဃာတစ်ပါး၌ ရှိသင့်ရှိထိုက်သည့် ဝိနည်းသိက္ခာများ လုံးဝကင်းမဲ့နေသည်ကို တွေ့ရှိရပါသည်။

    ၎င်းသည် လိင်တူချစ်သူများစွာနှင့် ပတ်သက်မှုရှိခြင်း၊ ကလေးသူငယ်များ (ကျား/မ မရွေး) အပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ် စော်ကားမှုများ ပြုလုပ်ခြင်းတို့ကြောင့်

    ရဟန်းသံဃာတို့ လိုက်နာအပ်သည့် ‘ပါရာဇိက’ ကံထိုက်ထားပြီးဖြစ်သော အလဇ္ဇီတစ်ဦး ဖြစ်ပါသည်။

    ​ထို့အပြင် ၎င်းသည် ပထမငယ်တန်းသာ အောင်မြင်ထားသော်လည်း ဓမ္မာစရိယနှင့် လင်္ကာရဘွဲ့များစွာ ရရှိထားသယောင် လိမ်ညာလှည့်ဖြား၍ သာသနာတော်ကို အလွဲသုံးစား ပြုလုပ်နေပါသည်။

    ဒေသခံ ရွာသူရွာသားများအပေါ် အာဏာပိုင်များနှင့် ပေါင်း၍ သတင်းမှားပေးခြင်း၊ ဖမ်းဆီးစေခြင်း စသည့် နည်းလမ်းမျိုးစုံဖြင့် ခြိမ်းခြောက် နှိပ်စက်မှုများ ပြုလုပ်နေကြောင်း သိရှိရပါသည်။

    ​ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူအပေါင်းတို့အနေဖြင့် သာသနာတော် ညှိုးနွမ်းစေမည့် ဤကဲ့သို့သော အကျင့်ပျက်ပုဂ္ဂိုလ်များ၏ လှည့်ဖြားမှုကို မခံရလေအောင်နှင့်

    သာသနာ့အရိပ်ကို ခိုလှုံကာ မကောင်းမှုပြုနေသူများအား ဝိုင်းဝန်းရှုတ်ချ၊ ဖယ်ကြဉ်ပေးကြပါရန် အလေးအနက် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

    ​🛑 သက်ဆိုင်သူ,အများသိစေရန်🛑

    ပေးပို့လာ၍ အသိပေးတင်ပြပါသည်။ဤသတင်းကိုသိရှိသူများ

    မှတ်ချက်ပြုပေးကြပါ။

    ❗ဗုဒ္ဓဘာသာဝင်များသိစေရန်ကြေညာခြင်း❗

    လူမှုကွန်ယက်Tiktok တွေပေါ်မှာ…

    ဦးဇင်းတစ်ပါးကိုယောကျာ်းလေးတွေနဲ့(လိင်တူချစ်သူ)တူတူတွဲပီးသွားလာတဲ့videoတွေမြင်ဖူးကြမှာပါ😏

    ကိုယ်အမူအရာ၊အပြောအဆိုကအစ ရဟန်းကောင်းတစ်ယောက်ရဲ့ရှိသင့်ရှိထိုက်တဲ့ဂုဏ်အရည်အချင်း၊သိက္ခာ၊ဝိနည်းတွေနဲ့ဆန့်ကျင်နေပါတယ်။

    ထိုသူအကြောင်းအပြည့်အစုံမှာ…

    ရဟန်းဘွဲ့အမည် ထေရာဝံသာလင်္ကါရ(မနောဖြူစင်ဆရာတော်)၊

    နေရပ်လိပ်စာ….ကန်ဦးကျေးရွာ(အုန်းတောကျောင်း)ပျဥ်းမနားနေပြည်တော်။

    …အမှန်တကယ်တော့ ပထမငယ်တန်းအောင်ထားပီးသူပါ။

    လင်္ကါရဘွဲ့ရရှိသူမဟုတ်သလို ဉာဏ်ပညာနိမ့်ကျသူတစ်ယောက်ပါ။

    ဟိုးအရင်ကတည်းကရွာမှာ ကလေးသူငယ်တွေအပေါ် sex အမြတ်ထုတ်တာတွေရှိပီး လိင်တူဆက်ဆံသူတစ်ယောက်၊ တဏှာကာမအားကြီးသူဆိုတာ ဒေသခံရွာသူရွာသားတော်တော်များများသိပါတယ်။

    လိင်တူအပြင်အခွင့်ကြုံရင်ကြုံသလိုကလေးငယ်များ(မိန်းမ၊ယောကျာ်းမရွေး)အပေါ် လိင်ကိစ္စအမြတ်ထုတ်သူတစ်ယောက်ပါ။

    လိင်တူချစ်သူများစွာရှိပီး ‘ပါရာဇိက’ကျထားသူဖြစ်သည့်အပြင် ပထမငယ်အောင်ရုံအဆင့်ကို ဓမ္မာစရိယနဲ့လင်္ကါရဘွဲ့များစွာတပ်ပီး လိမ်ညာနေသူတစ်ယောက်ပါ။

    အာဏာပိုင်များကိုကပ်၍ ပေါင်းပီးတိုင်တန်းသူများကို ပေါ်တာဆွဲခြင်း၊ အကြမ်းဖက်ဟုသတင်းမှားပေးကာဖမ်းဆီးစေခြင်းများလုပ်ဆောင်လျှက်ရှိပါတယ်။

    ဗုဒ္ဓသာသနာအတွက် အရှက်ရဖွယ်သိက္ခာကျစရာ အလဇ္ဇီကာမကတုံးပါ။

    ဦးကျော်ဝင်း(အုန်းတောရွာ)

  • NUG ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း၊ ဦးမင်းကိုနိုင်၊ ပြည်ထဲရေးဝန်ကြီး၊ကာကွယ်ရေးဒုဝန်ကြီးနဲ့ PDF တပ်မှူးအချို့ပဲခူးတိုင်းကမြို့ပေါ်တနေရာမှာ လမ်းလျှောက်ထွက်

    NUG ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း၊ ဦးမင်းကိုနိုင်၊ ပြည်ထဲရေးဝန်ကြီး၊ကာကွယ်ရေးဒုဝန်ကြီးနဲ့ PDF တပ်မှူးအချို့ပဲခူးတိုင်းကမြို့ပေါ်တနေရာမှာ လမ်းလျှောက်ထွက်

    NUG ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း၊ ဦးမင်းကိုနိုင်၊ ပြည်ထဲရေးဝန်ကြီး၊ကာကွယ်ရေးဒုဝန်ကြီးနဲ့ PDF တပ်မှူးအချို့ပဲခူးတိုင်းကမြို့ပေါ်တနေရာမှာ လမ်းလျှောက်ထွက်

    အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ပြည်ထောင် စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ NUG ဝန်ကြီးအချို့၊ PDF တပ်မှူးအချို့နဲ့ ဦးမင်းကိုနိုင်တို့ဟာ တော်လှန်ရေးတပ်​တွေက စိုးမိုးထိန်းချုပ်ထားတဲ့​ဒေသမှာအတူ လမ်းလျှောက်ထွက်တဲ့ ရုပ်သံမှတ်တမ်းကို တော်လှန်ရေးသတင်းရင်းမြစ်အချို့က​ပေးပို့ပါတယ် ။

    ​နေရာ​ဒေသ နဲ့ အချိန်ကာလကိုဖော်ပြမထားပေမယ့် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ဦးမင်းကိုနိုင် ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်၊ ကာကွယ်ရေးဒုဝန်ကြီးနိုင်ကောင်းရွက်၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ စစ်ဆင်ရေးမှူး ရဲဘော်တင်ဦးနဲ့PDFတပ်မှူးအချို့ဟာ မြို့ပေါ် လူနေရပ်ကွက် အခုမှာ အရပ်ဝတ်တွေနဲ့ သက်တောင့်သက်သာ အနေအထားနဲ့ လမ်းလျှောက်နေကြတာ တွေ့ရပါတယ်။

    မိနစ်ဝက်ခန့်သာရှိတဲ့ ရုပ်သံမှာ စစ်ဆင်ရေးမှူး ရဲဘော်တင်ဦးက အခု နေရာဟာ ပဲခူးတိုင်းအတွင်း စိုးမိုးထားတဲ့နေရာလို့ ပြောပါတယ်။

    “ငါ့အကိုလည်းတောထဲမှာမဟုတ်တော့ဘူး။ ငါ့အကိုလည်း မြို့ပေါ်မှာ မြို့သားကြီး ပြန်ဖြစ်သွားပြီ”လို့ ရှေ့ဆုံးက နေကာမျက်မှန်နဲ့ လမ်းလျှောက်နေတဲ့ ဦးမင်းကိုနိုင်ကို ရဲဘော်တင်ဦးက စနောက်နေတာကိုလည်း ရုပ်သံမှာတွေ့ရပါတယ်။

    စစ်အုပ်စုဘက်ကတော်လှန်ရေးခေါင်းဆောင်တွေကို နိုင်ငံခြားမှာနေထိုင်ကြသူတွေလို့ဝါဒဖြန့်တိုက်ခိုက်​​​လေ့ရှိကြပေမယ့် ခေါင်းဆောင်တွေဟာ မြေပြင်မှာရှိနေတာကို တွေ့နေရတယ်လို့ ရုပ်သံပေးပို့တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

    “မအလ ရက် ၁၀၀ လုပ်မနေနဲ့ ဒီမှာက ရပ်ကွက်တွေထဲ လျှောက်သွားပြီ။ နေပြည်တော်ရောက်တော့မယ်”လို့လည်းသတင်းရင်းမြစ်က တော်
    လှန်ရေးခေါင်းဆောင်တွေ ရဲ့ မြေပြင်ကွင်းဆင်းနေတဲ့ အခြေအနေကို ပြောပါတယ်။

    NUG ယာယမ္မတ ဒူဝါလရှီးလ၊ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန်၊ ပြည်ထဲရေးဝန်ကြီး၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးဝန်ကြီး ဒေါက်တာဇော်ဝေစိုး တို့ အပါအဝင် ဝန်
    ကြီး ဒုဝန်ကြီးတွေ မြေပြင်ကွင်းဆင်းတာ၊ တော်လှန်ရေးအင်အားစုတွေနဲ့ တွေ့ဆုံတာ၊ ရှေ့တန်းစခန်းတွေ သွားရောက်တာ၊ စစ်မြေပြင်ဒေသတွေ သွားရောက်တာ စတဲ့ မှတ်တမ်းတွေကိုလည်း ထုတ်ပြန်ခဲ့ဖူးပါတယ် ။

    ရုပ်သံ-​YNLP