Author: Baby Yit Lone

  • မြန်မာကျပ် မလို တရုတ်ယွမ်သာလိုတဲ့ ရှမ်းပြည်က နယ်စပ်မြို့တွေ

    မြန်မာကျပ် မလို တရုတ်ယွမ်သာလိုတဲ့ ရှမ်းပြည်က နယ်စပ်မြို့တွေ

    တရုတ်-မြန်မာနယ်စပ်မြို့တွေမှာ မြန်မာကျပ်ငွေထက် တရုတ်ငွေကြေး ယွမ်ကို ဦးစားပေးသုံးတာက အရင်ကတည်းကရှိခဲ့ပြီး မဆန်းလှပါဘူး။

    ဒါပေမဲ့ မြန်မာအစိုးရရုံးတွေနဲ့ ဘဏ်တွေရှိခဲ့တဲ့အတွက် ကျပ်ငွေတန်ဖိုးကလည်း အတိုင်းအတာတစ်ခုအထိ ခိုင်မာနေခဲ့ပါတယ်။

    ၁၀၂၇ စစ်ဆင်ရေးအလွန်မှာတော့ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ ယွမ်တန်ဖိုးက ဘယ်တုန်းကမှနဲ့မတူအောင် မြင့်တက်လာပြီး ကျပ်ငွေက နောက်ကောက်ကျန်ရစ်ခဲ့ပါတယ်။ လိုချင်သူ ရှားလာပါတယ်။

    ဝ တပ်ဖွဲ့ (UWSA)နဲ့ ကိုးကန့်တပ်(MNDAA) ထိန်းချုပ်ထားတဲ့ မြို့တွေမှာ ကျပ်ငွေအစား ယွမ်ငွေကိုပဲ ဘာလို့ သုံးလာကြတာလဲ။

    ယွမ်ငွေ အဓိကကိုင်လာကြတဲ့မြို့တွေ

    ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလတုန်းက သိန္နီမြို့ထဲမှာတွေ့ရတဲ့ တရုတ်စီမံကိန်း ဆိုင်းဘုတ်တစ်ခု

    ရှမ်းမြောက်က သိန္နီ၊ ကွမ်လုံ၊ လောက်ကိုင်နဲ့ ချင်းရွှေဟော်မြို့တွေမှာ အရင်ကထက် တရုတ်ယွမ်ငွေသုံးစွဲတာ ပိုပြီးတွင်ကျယ်လာတယ်လို့ အဲဒီနေရာတွေမှာ နေထိုင်နေကြတဲ့ ဒေသခံတချို့က ဘီဘီစီကိုပြောပါတယ်။

    အဲဒီမြို့တွေကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က စတင်ခဲ့တဲ့ မြောက်ပိုင်းညီနောင် သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းမှာပဲ ကိုးကန့်တပ်က ထိန်းချုပ်လိုက်တာဖြစ်ပါတယ်။

    ဝနဲ့ ကိုးကန့်တပ်(MNDAA)အုပ်ချုပ်မှုအောက်ရောက်သွားတဲ့ သိန္နီ၊ ကွမ်လုံ၊ ဟိုပန်နဲ့ ချင်းရွှေဟော် စတဲ့မြို့တွေမှာ တရုတ်လုပ်ငန်းရှင်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေ ဝင်ရောက်လာတယ်လို့ ဒေသခံနဲ့ ကုန်သည်တချို့က ပြောပါတယ်။

    သိန္နီဒေသခံတစ်ဦးကတော့ မြို့ထဲက ကုန်ခြောက်ဆိုင်၊ သစ်သီးဆိုင်၊ စားသောက်ဆိုင်နဲ့ ဈေးတွေမှာ ကျပ်ငွေနဲ့ ပေးချေလို့ရပေမဲ့ ကျပ်ငွေသုံးမယ်ဆိုရင် ကိုင်ရတဲ့ ပိုက်ဆံအရွက်ရေက ပိုများတာကြောင့် ယွမ်ငွေကို ပိုပြီး သုံးနေရတယ်လို့ ဆိုပါတယ်။

    “ယွမ်ငွေ ၁၀၀ ဆိုရင် ကျပ်ငွေ ၆၂,၀၀၀ ဈေးပေါက်နေပြီ။ ကျပ်နဲ့ ပိုက်ဆံအရွက်ရေ လေးငါးဆယ်ရွက်ကိုင်ရတာထက် ယွမ်ငွေကို ပိုသုံးလာကြတာပေါ့” လို့ သူက ရှင်းပြပါတယ်။

    အာဏာမသိမ်းခင် ၂၀၂၁ ခုနှစ်မတိုင်ခင်နှစ်တွေမှာ တရုတ်ယွမ်ငွေ ၁၀၀ ကို ကျပ် ၂၀,၀၀၀ ကျော်ဝန်းကျင်လောက်ပဲ ရှိခဲ့ပါတယ်။

    ဒေသတွင်းမီဒီယာတချို့မှာလည်း သိန္နီမြို့ထဲက ဆိုင်တချို့မှာလည်း ကျပ်ငွေနဲ့ ဝယ်ယူတာကို ဆိုင်ရှင်ဘက်က လက်မခံဘဲ ယွမ်ငွေနဲ့ ဝယ်ယူခိုင်းတာကြောင့် ရောင်းသူနဲ့ ဝယ်သူကြား အငြင်းပွားမှုဖြစ်ခဲ့တဲ့ဖြစ်စဉ်တချို့ကို ဖော်ပြထားတာ တွေ့ရပါတယ်။

    လုပ်ခလစာရတဲ့အခါတွေမှာ ကျပ်ငွေနဲ့ ရပြီး တစ်ဖက်မှာ ယွမ်ငွေလဲလှယ်ပြီး ငွေပေးချေသုံးစွဲရတာတွေကြောင့် ငွေလဲနှုန်းကွာဟချက်အပေါ်မှာ နစ်နာမှုတွေရှိလာတယ်လို့ သိန္နီဒေသခံ တစ်ဦးက ပြောထားပါတယ်။

    သိန္နီမြို့ရဲ့ လမ်းပန်းဆက်သွယ်မှုကိုကြည့်မယ်ဆိုရင် မြောက်ဘက်နဲ့ အရှေ့ဘက်ခြမ်းမှာ တရုတ်နဲ့ နယ်စပ်ကုန်သွယ်ဂိတ်တွေ ရှိပါတယ်။

    မြောက်ဘက်မှာ မူဆယ် ၁၀၅ မိုင်ကုန်သွယ်စခန်းရှိပြီး အရှေ့ဘက်ခြမ်းမှာ ချင်းရွှေဟော် နယ်စပ်ဂိတ်ရှိပါတယ်။

    ချင်းရွှေဟော်နယ်စပ်ဂိတ်ကိုလည်း ကိုးကန့်တပ်ကပဲ ထိန်းချုပ်ထားတာဖြစ်ပါတယ်။

    ချင်းရွှေဟော်နယ်စပ်ဂိတ်အနီးမှာတော့ “ဝ”တပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ ဟိုပန်မြို့နဲ့ နမ့်တစ်မြို့ရှိပြီး သူနဲ့တစ်ဆက်တည်းမှာ ကိုးကန့်ထိန်းချုပ်ထားတဲ့ ကွမ်လုံမြို့ရှိပါတယ်။

    နမ့်တစ်ကို အရင်ကတည်းက “ဝ”တပ်ဖွဲ့က ထိန်းချုပ်ထားပေမဲ့ ဟိုပန်မြို့ကိုတော့ ၁၀၂၇ စစ်ဆင်ရေးအပြီးမှာမှ ဝ က ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

    ဒါကြောင့် မြန်မာအစိုးရရုံးတွေရှိခဲ့စဥ်က ဟိုပန်မှာ ကျပ်ငွေက အဓိကငွေကြေးတစ်ခုဖြစ်ခဲ့ရာကနေ လက်ရှိအချိန်မှာတော့ ယွမ်ငွေက ပထမဦးစားပေး ခံလာရတယ်လို့ ဒေသခံတချို့က ပြောကြပါတယ်။

    ကိုးကန့်ဒေသဖြစ်တဲ့ လောက်ကိုင်မှာတော့ ယွမ်ငွေတစ်မျိုးတည်းကိုပဲ အဓိက သုံးစွဲနေကြတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

    လောက်ကိုင်မြို့မှာ “ယဉ်ကျေးမှုရော စီးပွားရေးရော အကုန်တရုတ်နဲ့ ဆက်နွှယ်နေတာ၊ တရုတ်ဘက်နဲ့ နီးစပ်တာက ကာလရှည်ကြာနေလို့ ယွမ်သုံးတာ ပုံမှန်အခြေအနေတစ်ခုလိုဖြစ်နေတာကြာပြီ” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

    လောက်ကိုင်မြို့ဟာ တရုတ်နဲ့ကပ်နေတဲ့ နယ်စပ်မြို့ဖြစ်သလို ဒေသခံအများစုဟာ တရုတ်လူမျိုး ဟန်ကနေ ဆင်းသက်လာကြတာဖြစ်ပြီး တရုတ်ဘာသာစကားကိုပဲ တွင်တွင်ကျယ်ကျယ်သုံးတဲ့မြို့ဖြစ်ပါတယ်။

    ရောင်းလည်းယွမ်၊ ဝယ်လည်း ယွမ်

    မြန်မာဘက်က တင်ပို့လိုက်တဲ့ ဖရဲသီးကုန်တွေကို တရုတ်ဘက်ခြမ်း၊ ယူနန်မြို့ထဲမှာတွေ့ရတဲ့မြင်ကွင်း

    သိန္နီအပါအဝင် ဟိုပန်၊ ကွမ်လုံ၊ ချင်းရွှေဟော် စတဲ့ မြို့တွေဟာ တရုတ်နယ်စပ်ဂိတ်တွေနဲ့ နီးနေတာကြောင့် တရုတ်ဘက်က ကုန်ပစ္စည်းတွေနဲ့ ဈေးကွက်ကို အဓိက အားထားနေရတယ်လို့ ရှမ်းမြောက်က ကုန်သည်တချို့က ပြောပါတယ်။

    ကုန်သွယ်ရေးမှာ “အစားအစာလား၊ လျှပ်စစ်ပစ္စည်းလား၊ ဆောက်လုပ်ရေးပစ္စည်းလား တရုတ်ကုန်သည်တွေဆီက ဝယ်ရင် အကုန်တရုတ်ယွမ်ငွေနဲ့ပဲ သတ်မှတ်ကြတာ” လို့ ကုန်သည်တစ်ဦးက ဆိုပါတယ်။

    မြန်မာဘက်က ကုန်သည်တချို့ကလည်း တရုတ်ဘက်ကို သစ်သီးဝလံနဲ့ သီးနှံတွေ ရောင်းချတဲ့အခါမှာလည်း ကျပ်ဈေးနှုန်း ကျလာတာကြောင့် ယွမ်ငွေနဲ့ပဲ လက်ခံချင်ကြတယ်လို့ သူက ရှင်းပြပါတယ်။

    “ရောင်းလည်းယွမ်၊ ဝယ်လည်း ယွမ် ဖြစ်လာတာပေါ့” လို့ သူက ဖြည့်ပြောပါတယ်။

    တရုတ်နဲ့ နယ်စပ်ကုန်သွယ်ရေးကပဲ ယွမ်ငွေကို ဒေသတွင်း လုပ်ငန်းသုံးငွေအဖြစ် ခိုင်မာလာစေတယ်လို့ စီးပွားရေးအကဲခတ်တစ်ဦးက မှတ်ချက်ပြုပါတယ်။

    တစ်ဖက်မှာလည်း ၁၀၂၇ စစ်ဆင်ရေးမစခင် ကာလတွေမှာ သိန္နီ၊ ဟိုပန်နဲ့ ကွမ်လုံမြို့တွေမှာ ဗဟိုဘဏ်ထိန်းချုပ်မှုအောက်မှာရှိတဲ့ မြန်မာ့စီးပွားရေးဘဏ်ခွဲတချို့ ရှိခဲ့ပေမဲ့ လက်ရှိမှာ အဲဒီဘဏ်တွေ ပိတ်ထားတာ ကာလတစ်ခုရှိနေပြီဖြစ်ပါတယ်။

    “၁၀၂၇ မတိုင်ခင်က အစိုးရဘဏ်တွေက ဝန်ထမ်းလစာထုတ်ပေးတော့ မြန်မာငွေက လည်ပတ်တယ်လေ” လို့ ရှမ်းမြောက်မှာတာဝန်ကျဖူးတဲ့ အငြိမ်းစားဝန်ထမ်းတစ်ဦးကပြောပါတယ်။

    ဟိုပန်ဒေသခံ ကုန်သည်တစ်ဦးကတော့ မြန်မာငွေစက္ကူတွေ ထုတ်ဝေဖြန့်ဖြူးပေးနေတဲ့ ဘဏ်တွေမရှိတော့တာကလည်း ယွမ်ငွေကို ပိုပြီးတွင်ကျယ်လာစေတယ်လို့ ပြောပါတယ်။

    “ဘဏ်မရှိတော့တာရယ် ကုန်ပစ္စည်းတွေကို ယွမ်နဲ့ ဝယ်ရတာကြောင့် ယွမ်က ပိုတွင်ကျယ်လာတာ” လို့ ပြောပါတယ်။

    ဟိုပန်မြို့ခံတွေအနေနဲ့ ကျပ်ငွေကိုင်ထားပြန်ရင်လည်း သုံးစွဲဖို့လိုအပ်လာရင် ယွမ်ငွေကိုပဲ လဲလှယ်နေရတာကြောင့် ယွမ်က ပထမဦးစားပေးငွေကြေးဖြစ်လာတာလို့ သူကဖြည့်ပြောပါတယ်။

    ကျပ်ငွေဈေးနှုန်းက အာဏာသိမ်းကာလတွေမှာ တဖြည်းဖြည်းကျဆင်းလာသလို ဈေးနှုန်းအတက်အကျတွေကလည်း ခန့်မှန်းရခက်လို့ ကျပ်ငွေကို မကိုင်ချင်ကြတော့တာလို့ ရှမ်းမြောက်က လုပ်ငန်းရှင်တစ်ဦးက ဖွင့်ပြောပါတယ်။

    “ဒီနေ့ ရတဲ့ ကျပ်ငွေ မနက်ဖြန် တန်ဖိုးလျော့သွားမလားစိုးရိမ်ရတယ်။ စုဆောင်းငွေဆိုရင်လည်း ကိုယ့်လက်ထဲမှာ တန်ဖိုးနည်းသွားမှာမျိုး မလိုလားဘူး” လို့ သူက ဆိုပါတယ်။

    မြန်မာ့မဟာဗျူဟာနဲ့မူဝါဒရေးရာလေ့လာရေးအင်စတီကျု (ISP Myanmar) ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်သူငြိမ်းကတော့ တရုတ်-မြန်မာနယ်စပ်က မြို့တွေမှာ ယွမ်ငွေအဓိက သုံးစွဲလာကြတဲ့ အခြေအနေကို အချက် ၂ ချက်နဲ့ ထောက်ပြပါတယ်။

    တရုတ်ရင်းနှီးမြှုပ်နှံမှုတွေ အလုံးအရင်းဝင်ရောက်လာတာကလည်း ယွမ်ငွေကို ရှမ်းမြောက်က နယ်စပ်ဒေသတွေမှာ ပိုတွင်ကျယ်လာစေတယ်လို့ ယူဆတဲ့အကြောင်း သူက ပြောပါတယ်။

    ပြီးခဲ့တဲ့လတွေအတွင်း တရုတ်ရဲ့ ရေအားလျှပ်စစ်နဲ့ စိုက်ပျိုးရေးစီမံကိန်းတချို့ သိန္နီအပါအဝင် ကိုးကန့်ထိန်းချုပ်ဒေသထဲ အကောင်အထည်ဖော်နေတာကို ကိုးကန့်သတင်းကွန်ရက်ရဲ့ ထုတ်ပြန်ချက်တွေကတဆင့် မြင်တွေ့ရပါတယ်။

    ချင်းရွှေဟော်နယ်စပ် ကုန်သွယ်လမ်းကြောင်းတလျှောက်မှာလည်း ကိုးကန့်တပ်ဘက်က ကုန်သွယ်ရေးလမ်းမ တိုးချဲ့ဖောက်လုပ်တာနဲ့ လမ်းပြုပြင်တာတွေ လုပ်နေတာကို အသိပေးဖော်ပြထားပါတယ်။

    အလားတူ သိန္နီမြို့နယ်ထဲက ကြံ၊ ပြောင်း စိုက်ပျိုးမြေတချို့ကို တရုတ်လုပ်ငန်းရှင်တွေဘက်က ဝယ်ယူကြတဲ့အခါယွမ်နဲ့ပဲ အရောင်းအဝယ်ဖြစ်ကြတာပါ။

    မြို့ထဲကို တရုတ်လုပ်ငန်းရှင်တွေ ကြီးကြပ်တဲ့ ဆောက်လုပ်ရေးစီမံကိန်းတွေ ဝင်ရောက်လာတယ်လို့ သိန္နီဒေသခံတချို့က အစောပိုင်းလတွေကတည်းက ဘီဘီစီကို ပြောထားပါတယ်။

    စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာမှာ ဒေသတွင်းနဲ့ အနောက်နိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ကျဆင်းနေပေမဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေထိန်းချုပ်ထားတဲ့ ရှမ်းမြောက်ကိုတော့ ယူနန်က ရင်းနှီးမြှုပ်နှံမှုတွေ ဆက်ရှိနေပါတယ်။

    ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်ဖြစ်အတွင်း တရုတ်က မြန်မာမှာ အမေရိကန်ဒေါ်လာ သန်း ၁၆၀ နီးပါး ရင်းနှီးမြှုပ်နှံထားတယ်လို့ မြန်မာအာဏာပိုင်တွေဘက်က ကြေညာထားပါတယ်။

    တရုတ်ရင်းနှီးမှုအပြင် တိုင်းပြည်စီးပွားရေး မခိုင်မာလို့ ကျပ်ငွေကျဆင်းနေတဲ့ အနေအထား ဆက်ရှိနေတာကြောင့် ရှမ်းမြောက်ဒေသခံတွေအတွက် ယွမ်ငွေက ပိုပြီး အခရာကျနေတယ်လို့ ဦးအောင်သူငြိမ်းက မှတ်ချက်ပြုပါတယ်။

    “ကျပ်‌ငွေ ကျဆင်းနေသရွေ့ တရုတ်နယ်စပ်တွေမှာ ငွေကြေးပိုခိုင်မာတဲ့ ယွမ်က အဓိကဖြစ်နေမှာပါ”

  • လူစိတ်မရှိ ဇနီးသည်ကို ရက်ရက်စက်စက်သတ်ပစ်သူ

    လူစိတ်မရှိ ဇနီးသည်ကို ရက်ရက်စက်စက်သတ်ပစ်သူ

    လူစိတ်မရှိ ဇနီးသည်ကို ရက်ရက်စက်စက်သတ်ပစ်သူ

    ဧရာဝတီတိုင်း အိမ်မဲမြို့နယ် ရွာသစ်ကျေးရွာနေ

    (အဘ)ဦးစိုးမြင့်၏သား မြတ်သူရစိုးသည်

    ပုံတွင်ပါရှိသော

    ခင်မောင်ထွေး နဲ့ ဒေါ်ခင်မြကြည်တို့၏သမီး

    မချစ်စု(ခေါ)မဖြိုးအုံမာ ကို

    သူမရဲ့ယောက်ျား မြတ်သူရစိုးက

    ရက်ရက်စက်စက် သားနှစ်ယောက်ရဲ့ရှေ့မှာ

    သတ်ဖြတ်အလောင်းဖျောက်ခဲ့ပါသည်။

    ယခုသူသည်ထွက်ပြေးတိမ်းရှောင်နေပါသည်။

    မိဘပြည်သူများအနေဖြင့် မြတ်သူရစိုးကိုတွေ့ရှိပါက

    နီးစပ်ရာရဲစခန်းများသို့ အမြန်ဆုံး အကြောင်းကြားပေးကြဖို့ မေတ္တာရပ်ခံသည်။

    အနာဂတ် အမျိုးသမီးထု၏ ဘဝ လုံခြုံဖို့

    ဒီအမှုကို ဝိုင်းဝန်း ဖော်ထုတ်ပေးကြပါ။

  • စစ်ကိုင်း နှာပေါက်အဝင်မှာ တစ်ရက်တည်း လူငယ် ၄၀

    စစ်ကိုင်း နှာပေါက်အဝင်မှာ တစ်ရက်တည်း လူငယ် ၄၀

    စစ်ကိုင်းတံတား နှာပေါက်အဝင်မှာ တစ်ရက်တည်း လူငယ် ၄၀ ဝန်းကျင် ပေါ်တာဆွဲခံရ

    မန္တလေးတိုင်း၊ စစ်ကိုင်းတံတား နှာပေါက်အဝင်မှာ တစ်ရက်တည်း လူငယ် ၄၀ ဝန်းကျင် ပေါ်တာဆွခံရတယ်လို့ မျက်မြင်တွေ့ခဲ့ရသူတွေက ပြောပါတယ်။

    ဧပြီ ၂၈ရက်မှာ စစ်ကိုင်းမြို့ဘက်ကလာတဲ့ ကားပေါ်ကလူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးခဲ့တာလို့သိရပါတယ်။

    “ ကားပေါ်က လူငယ်တွေကို ကားပေါ်ကဆွဲချပြီး ဖမ်းတာ လူငယ် ၄၀ ဝန်းကျင်လောက်ရှိလေမယ်။

    ဖမ်းဆီးခံထားရတဲ့လူငယ်တွေကို light truck နှစ်စီးနဲ့ ခေါ်သွားတာ” လို့ မျက်မြင်တွေ့ခဲ့ရတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

    ဒီနေ့ ဧပြီ ၃၀ ရက်မှာလည်း စစ်ကိုင်းမြို့တစ်မြို့လုံးပတ်ပြီး ပေါ်တာဆွဲမှာဖြစ်လို့

    ပျူစောထီးတွေက သူတို့နဲ့သိတဲ့လူရင်းတွေကို အပြင်မထွက်ဖို့ သတိပေးနေတယ်လို့လည်း စစ်ကိုင်းမြို့ခံတစ်ဦးဆီက သိရပါတယ်။

  • DKBA ခေါင်းဆောင် ထွန်းရီအား ရေးဘီလူးတပ်ရင်းက ဝင်ရောက်ပစ်ခတ်

    DKBA ခေါင်းဆောင် ထွန်းရီအား ရေးဘီလူးတပ်ရင်းက ဝင်ရောက်ပစ်ခတ်

    ရေးမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ပူးပေါင်းနေသည့် DKBA ခေါင်းဆောင် ထွန်းရီအား ရေးဘီလူးတပ်ရင်းက ဝင်ရောက်ပစ်ခတ်

    မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း၌ အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးရာတွင် ပူးပေါင်းပါဝင်နေသည့် DKBA ခေါင်းဆောင် ထွန်းရီအား ရေးဘီလူးတပ်ရင်းက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာတွင် ထွန်းရီမှာ ဒဏ်ရာအပြင်း အထန် ရရှိသွားသော်လည်း ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း ရေးဘီလူး တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

    အဆိုပါ ပစ်ခတ်မှုအတွင်း ထွန်းရီကိုင်ဆောင်သော သေနတ်တစ်လက်နှင့် ခဲယမ်းမီးကျောက်အချို့ကို သိမ်းဆည်းရမိခဲ့သည်။ ပြီးခဲ့သည့် မတ်လအတွင်းက ရေးမြို့နယ်၊ အာယုတောင်ကျေးရွာရှိ ခမရ ၃၄၃ တပ်ရင်းရှေ့ရှိ ထွန်းရီ၏ နေအိမ်အား ရေးဘီလူးတပ်ရင်းမှ ရဲဘော်များက ဝင်ရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

    ထိုသို့ ဝင်ရောက်ရှင်းလင်းချိန်တွင် ထွန်းရီမှာ ၎င်း၏ဇနီးဖြစ်သူနှင့်အတူ နေအိမ်၌ လက်ဖက်ရည်သောက်နေစဉ် ဖြစ်ပြီး ရေးဘီလူးတပ်ရင်းက ကျားပါးစပ်အတွင်း ဝင်နှိုက်သည့်ပုံစံမျိုးဖြင့် နေအိမ်အတွင်းအထိ ဝင်ရောက်တိုက် ခိုက်ခဲ့ခြင်း ဖြစ်ပါသည်။ ပစ်ခတ်မှုကြောင့် ထွန်းရီတွင် သေနတ်ဒဏ်ရာ အပြင်းအထန် ရရှိသွားခဲ့သလို ၎င်း၏ နေအိမ်အတွင်းမှ သေနတ် ၁ လက်၊ လက်ပစ်ဗုံး ၂ လုံးနှင့် ခဲယမ်းများကို သိမ်းဆည်းရမိခဲ့သည်ဟု သိရှိရသည်။

    ရေးဘီလူးတပ်ရင်း တာဝန်ရှိသူ၏ ပြောပြချက်အရ ထွန်းရီသည် စစ်ကောင်စီတပ်နှင့် အပြည့်အဝ ပူးပေါင်းနေသူတစ်ဦးဖြစ်ပြီး ရေးမြို့နယ်အတွင်းရှိ ၅၈၆ တပ်ရင်းအနီးနှင့် နှင်းစုံကျေးရွာတံတားတို့တွင် ကိုယ်ပိုင်ဂိတ်များဖွင့်လှစ်၍ လုပ်ဆောင်နေသူ ဖြစ်ကြောင်း သိရှိရသည်။

    ထို့ပြင် စစ်ကောင်စီတပ်က တော်လှန်ရေးတပ်ဖွဲ့များအား စစ်ကြောင်းထိုးသည့်အခါတွင်လည်း နယ်မြေနှင့် လမ်းကြောင်း ကျွမ်းကျင်သည့်အတွက် အနီးကပ်ကူညီပေးနေသူ ဖြစ်ခြင်းကြောင့် ယခုကဲ့သို့ ပစ်ခတ်ရှင်းလင်းရခြင်းဖြစ်ကြောင်း သိရှိရသည်။

    “ရေးမြို့နယ်တွင် DKBA ​ခေါင်းဆောင်ထွန်းရီတဲ့သူက စကမ ပူးပေါင်းကောင်ပါ။ ရေးမြို့နယ်၅၈၆တပ်နားမှာလည်း ကိုယ်ပိုင်ဂိတ်လုပ်ထားတယ်။ နှင်းစုံကျေးရွာတံတားမှာလည်း ကိုယ်ပိုင်ဂိတ်လုပ်ထားတယ်။ တော်လှန်ရေးတပ်တွေကိုစကမဘက်ကစစ်ကြောင်းထိုးလာချိန် ဒီကောင်တွေကအပြည့်ဝအကူညီပေးတယ်။ ဒီကောင်တွေကလမ်းကျွမ်းတယ်။ နယ်မြေရင်းနှီးတယ်။ စကမ နဲ့အတူတကွနေလိုက်လို့ချတာပါ။ ကျွန်တော်တို့ သူအိမ်ထဲကနေ သေနတ် ၁လက်၊ လက်ပစ်ဗုံး ၂လုံး၊ ခဲယမ်းများသိမ်းဆည်းရမိခဲ့ပါတယ်”ဟု ရေးဘီလူး တပ်ရင်းမှ တာဝန်ရှိသူက ပြောဆိုသည်။

    အဆိုပါ စစ်ဆင်ရေးကို ရေးဘီလူးတပ်ရင်းမှ ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးရဲဘော်များဘက်မှ ထိခိုက်မှုတစ်စုံတစ်ရာမရှိဘဲ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

  • ဒေါ်အောင်ဆန်းစုကြည် ထောင်ဒဏ် ထပ်လျော့

    ဒေါ်အောင်ဆန်းစုကြည် ထောင်ဒဏ် ထပ်လျော့

    အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ထုတ်ပြန်ကြေညာသည့် လွတ်ငြိမ်းသက်သာအမိန့်အရ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ထောင်ဒဏ်၂၂ နှစ် ၆ လ ကျခံရန် ကျန်ရှိနေရာမှ ၃ နှစ်ကျော် ထပ်မံ လျော့နည်းခဲ့သဖြင့် လက်ကျန် ထောင်ဒဏ်မှာ ၁၈ နှစ် ၉ လသာ ကျန်ရှိတော့ကြောင်း သိရသည်။

    ယနေ့ ကျရောက်သည့် ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အနေဖြင့် ဧပြီ ၃၀ ရက် မတိုင်မီ ကျူးလွန်ခဲ့သည့်ပြစ်မှု တရပ်ရပ်နှင့် စပ်လျဉ်းပြီး ပြစ်ဒဏ်ချခံရကာ အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသူများ၏ ကျန်ရှိသော ပြစ်ဒဏ်များထဲမှ ခြောက်ပုံ တပုံအား လွတ်ငြိမ်း သက်သာခွင့်ပြုကြောင်း ကြေညာခဲ့ခြင်း ဖြစ်သည်။

    မည်သည့် ခြွင်းချက်မှ မပါရှိသည့် ထိုလွတ်ငြိမ်းသက်သာမိန့်အရ လက်ကျန်ထောင်ဒဏ် ၂၂ နှစ် ၆ လ ကျန်ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ခြောက်ပုံ တပုံဖြစ်သော ထောင်ဒဏ် ၃ နှစ် ၉ လ လျှော့ပေါ့ခွင့်ရမည်ဖြစ်သည်။

    ဒေါ်အောင်ဆန်းစုကြည်သည် စစ်တပ် အာဏာသိမ်းသော ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ဖမ်းဆီးခံရကာ စစ်အုပ်စု စွပ်စွဲသည့်အမှုပေါင်း ၁၉ မှုဖြင့် ထောင်ဒဏ် ၃၅ နှစ်အထိ ချမှတ်ခံခဲ့ရသူဖြစ်သည်။

    ၎င်းထောင်ဒဏ်များထဲမှ ယခင်က အမှုများ ပယ်ဖျက်ကာ ထောင်ဒဏ် ၈ နှစ်အား လွတ်ငြိမ်းပေးထားသည့်အပြင် ပြီးခဲ့သော ဧပြီ ၁၇ ရက် (မြန်မာနှစ်ဆန်း ၁ ရက်) အထိမ်းအမှတ်အနေဖြင့် လွတ်ငြိမ်းသက်သာခွင့်ပေးရာတွင်လည်း လက်ကျန်ထောင်ဒဏ်များထဲမှ ခြောက်ပုံတပုံဖြစ်သော ထောင်ဒဏ် ၄ နှစ် ၆ လ လျော့ပေါ့ ခွင့်ရခဲ့သည်။

    ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ခြွင်းချက် မပါသည့် လွတ်ငြိမ်းသက်သာခွင့်အမိန့်များအရ ထောင်ဒဏ် လျော့ကျ လာသော်လည်း အာဏာသိမ်းစစ်အုပ်စုအနေဖြင့် ၎င်း၏ကျန်းမာရေးအခြေအနေနှင့် မည်သည့်နေရာတွင် အကျဉ်းချထားသည်ကိုပင် ထုတ်ဖော်ကြေညာခြင်းမရှိသည့်အတွက် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှား ရှိနေသေးကြောင်း သက်သေပြရန် လူထုကတောင်းဆိုလှုပ်ရှားမှုများ ပြုလုပ်လျက် ရှိသည်။

    ထို့ပြင် အကျဉ်းသား/သူ ၁၅၀၈ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား/သူ ၁၁ ဦးတို့ကိုလည်း “ နောက်တကြိမ် ပြစ်မှု ထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခု ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ကြောင်းလည်း ယနေ့ ကြေညာခဲ့သည်။