Author: Baby Yit Lone

  • ရုရှား ရေနံတင်သင်္ဘောကို အမေရိကန် ကြားဖြတ် ဖမ်းဆီး

    ရုရှား ရေနံတင်သင်္ဘောကို အမေရိကန် ကြားဖြတ် ဖမ်းဆီး

    ဗင်နီဇွဲလား ရေနံတွေ တင်ဆောင်လာတယ်လို့ ယုံကြည်ရတဲ့ ရုရှား ရေနံတင်သင်္ဘောကို အမေရိကန် ကြားဖြတ် ဖမ်းဆီး ဗင်နီဇွဲလား ရေနံတွေ တင်ဆောင်သွားတယ်လို့ စွပ်စွဲခံရတဲ့ ရုရှား ရေနံတင် သင်္ဘောတစ်စီးကို အမေရိကန်က ကြားဖြတ် ထိန်းချုပ်ခဲ့ပြီးတဲ့ အသေးစိတ် အချက်အလက်တွေကို ထုတ်ပြန်ဖို့ အိမ်ဖြူတော်က ပြင်ဆင်နေပါတယ်။ Marinera ရေနံတင် သင်္ဘောဟာ ဗင်နီဇွဲလား ကမ်းလွန်ရေပြင်မှာ အမေရိကန် စစ်တပ်ရဲ့ ကြားဖြတ် ဖမ်းဆီးမယ့် အခြေအနေကနေ ရှောင်တိမ်းလာနိုင်ခဲ့ပြီး ရုရှားဆီ အသည်းအသန် ပြန်လည် ခုတ်မောင်းလာချိန် အတ္တလန္တိတ် သမုဒ္ဒရာထဲမှာ ဇန်နဝါရီ ၇ ရက်နေ့က ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ အမေရိကန်ဟာ မဟာမိတ် နိုင်ငံတွေရဲ့ အကူအညီကိုပါ အသုံးပြုပြီး အဲဒီသင်္ဘောရဲ့ ခရီးစဉ်ကို တောက်လျှောက် စောင့်ကြည့်နေခဲ့တဲ့နောက်…

  • ကနေဒီတောင်စခန်းသိမ်းတိုက်ပွဲ ဗိုလ်မှူးအပါအဝင် စစ်ကောင်စီ  ၂၀ ဦးခန့်ဖမ်းမိ

    ကနေဒီတောင်စခန်းသိမ်းတိုက်ပွဲ ဗိုလ်မှူးအပါအဝင် စစ်ကောင်စီ ၂၀ ဦးခန့်ဖမ်းမိ

    ကနေဒီတောင်စခန်းသိမ်းတိုက်ပွဲ ဗိုလ်မှူးအပါအဝင် စစ်ကောင်စီ ၂၀ ဦးခန့်ဖမ်းမိ ချင်းပြည်နယ် တီးတိန်မြို့နယ်မှာ ကနေဒီတောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ချင်းညီနောင်နဲ့ ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီအရာရှိ အပါအဝင် သုံ့ပန်း ၂၀လောက် ဖမ်းမိပြီး လက်နက် အလက် ၃၀ ကျော် ရရှိခဲ့ကြောင်း ချင်းညီနောင်အဖွဲ့ဝင် PDF ဇိုလဲန်း စစ်ဦးစီးချုပ် ကိုဂိဒွန်က ပြောပါတယ်။ PDF ဇိုလဲန်းက အရင်ကတည်းက သိမ်းပိုက်ထားတဲ့ တီးတိန်မြို့နယ် ကနေဒီတောင် အပါအဝင် ဆုံးရှုံးနယ်မြေတွေ ပြန်ရဖို့ စစ်ကောင်စီတပ်က ၂၀၂၅ အောက်တိုဘာလကုန်မှာ တီးတိန်မြို့ကို ရဟတ်ယာဉ်နဲ့ ၂၆ ကြိမ် စစ်အင်အားဖြည့်တင်းထိုးစစ်ဆင်လာလို့ ကနေဒီတောင် အပါအဝင် နေရာအချို့ကို ယာယီလက်လွှတ်ခဲ့ရပါတယ်။ ၂၀၂၅ နိုဝင်ဘာ ၁၉ရက်မှာလည်း ချင်းညီနောင်တပ်ဖွဲ့က ကနေဒီတောင်ကို…

  • ပဲခူးအနောက်ခြမ်း မြို့နယ်လေးခုက စစ်တပ်စခန်းတွေကို တော်လှန်ရေးတပ်တွေ တပြိုင်နက်တိုက်ခိုက်

    ပဲခူးအနောက်ခြမ်း မြို့နယ်လေးခုက စစ်တပ်စခန်းတွေကို တော်လှန်ရေးတပ်တွေ တပြိုင်နက်တိုက်ခိုက်

    ပဲခူးအနောက်ခြမ်း မြို့နယ်လေးခုက စစ်တပ်စခန်းတွေကို တော်လှန်ရေးတပ်တွေ တပြိုင်နက်တိုက်ခိုက် ပဲခူးတိုင်းအနောက်ခြမ်းက မြို့နယ်လေးခုမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက တပြိုင်နက်တိုက်ခိုက်လို့ တိုက်ပွဲပြင်းထန်နေပြီး မှော်ဘီနဲ့တောင်ငူလေတပ်က တိုက်လေယာဉ်တွေ ဆက်တိုက်တက်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ သာယာဝတီခရိုင်ထဲက လက်ပံတန်း၊ ကြို့ပင်ကောက် ၊ မင်းလှမြို့နယ်နဲ့ နတ်တလင်းခရိုင်ထဲက နတ်တလင်းမြို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ဒီနေ့ (ဇန်နဝါရီလ ၇ ရက်) မနက်အစောပိုင်းမှာ ပြည်သူ့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်နေတာဖြစ်ပါတယ်။ “တောင်ငူကနေ ခဏချင်း တစ်စီးပြီးတစ်စီး တက်နေတယ်။ တဝေါဝေါပဲ။ မင်းလှဘက်မှာ PDF တွေက စခ စခန်းတွေကိုချနေကြတယ်တဲ့”လို့ တောင်ငူမြို့ခံက ပြောပါတယ်။ မှော်ဘီလေတပ်ကနေလည်း ဂျက်ဖိုက်တာတွေ မိနစ်ပိုင်းသာခြားပြီးတစ်စီးပြီးတစ်စီး တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “မနက် ၄ နာရီ​​ကျော်လောက်ထဲက တောက်လျှောက်ကို ပစ်နေတာပါ။…

  • အမေရိကန် စက်ကွင်းထဲ ရောက်နေတဲ့ ရေနံတင်သင်္ဘောကို ကာကွယ်ဖို့ ရေတပ်သင်္ဘောတွေ ရုရှားစေလွှတ်

    အမေရိကန် စက်ကွင်းထဲ ရောက်နေတဲ့ ရေနံတင်သင်္ဘောကို ကာကွယ်ဖို့ ရေတပ်သင်္ဘောတွေ ရုရှားစေလွှတ်

    အမေရိကန် စက်ကွင်းထဲ ရောက်နေတဲ့ ရေနံတင်သင်္ဘောကို ကာကွယ်ဖို့ ရေတပ်သင်္ဘောတွေ ရုရှားစေလွှတ် အမေရိကန်ရဲ့ စက်ကွင်းထဲ ရောက်နေတဲ့ ရေနံတင် သင်္ဘောတစ်စီးကို ကာကွယ်ဖို့ ရုရှားက ရေတပ်သင်္ဘောတွေ စေလွှတ်ခဲ့ကြောင်း သိရပါတယ်။ အဲဒီ ရေယာဉ်ဟာ အရင်က ဂိုင်ယာနာအလံ လွှင့်ထူထားတဲ့ Bella 1ဆိုတဲ့ ရေနံတင်သင်္ဘော ဖြစ်ပေမယ့် အခုတော့ ရုရှားအလံ လွှင့်ထားတဲ့ Marineraဆိုတဲ့ နာမည်နဲ့ ခုတ်မောင်းနေပါတယ်။ ပုံမှန်ဆိုရင် ဗင်နီဇွဲလားနဲ့ ရုရှားကြားမှာ ရေနံတွေ သယ်ဆောင်ပေးလေ့ရှိတဲ့ သင်္ဘောဟာ လတ်တလောမှာတော့ အတ္တလန္တိတ် သမုဒ္ဒရာကို ဖြတ်ပြီး ရုရှားဆီ ဦးတည်နေတယ်လို့ ယုံကြည်ရပါတယ်။ ရေယာဉ်ရဲ့ တည်နေရာဟာ စကော့တလန်နဲ့ အိုက်လန်ကြား ရေပြင်မှာ ရှိနေနိုင်ပြီး ရုရှားရေတပ်က လုံခြုံရေး စောင့်ကြပ်ပေးဖို့ ရေငုပ်သင်္ဘော…

  • တော်လှန်ရေးရဲဘော်များ၏ အုတ်ဂူပေါ် ခြေထောက်တင်ပြီး အောက်တန်းကျသည့် လုပ်ရပ်ကို ကျော်စိုးဦး လုပ်ဆောင်

    တော်လှန်ရေးရဲဘော်များ၏ အုတ်ဂူပေါ် ခြေထောက်တင်ပြီး အောက်တန်းကျသည့် လုပ်ရပ်ကို ကျော်စိုးဦး လုပ်ဆောင်

    မြန်မာနိုင်ငံအနှံ့အပြားရှိ စစ်မြေပြင်များတွင် စစ်ရေးအရ အဘက်ဘက်မှ အရှုံးနှင့် ရင်ဆိုင်နေရသည့် စစ်ကော်မရှင်သည် ယခုအခါ လက်နက်ကိုင် တော်လှန်နေသူများကိုသာမက ကွယ်လွန်သွားပြီဖြစ်သည့် တော်လှန်ရေးရဲဘော်များ၏ ဂူဗိမာန်များအထိပါ ရန်ရှာစော်ကားသည့် အောက်တန်းကျသော လုပ်ရပ်များကို ပြောင်ပြောင်တင်းတင်း လုပ်ဆောင်လာနေသည်ကို တွေ့ရှိရသည်။ မကြာသေးမီက စစ်တပ်လော်ဘီ ကျော်စိုးဦးဆိုသူသည် စဉ့်ကူးနှင့် မတ္တရာမြို့နယ်အတွင်းရှိ တော်လှန်ရေးရဲဘော်များ၏ အုတ်ဂူများပေါ်တွင် ခြေထောက်တင်ကာ မိုက်မိုက်ရိုင်းရိုင်း ပြောဆိုနေသည့် ရုပ်သံနှင့် ဓာတ်ပုံများကို လူမှုကွန်ရက်ပေါ်၌ ပျံ့နှံ့စေခဲ့ခြင်းက ယင်းအခြေအနေကို သက်သေပြနေခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများနှင့် ပြည်သူများက သုံးသပ်သည်။ နိုင်ငံရေးနှင့် စစ်ရေးလေ့လာသူများ၏ သုံးသပ်ချက်အရ ဤလုပ်ရပ်သည် စစ်မြေပြင်ရှိ ရှုံးနိမ့်မှုများကို အုတ်ဂူပေါ်တွင် အနိုင်ယူပြခြင်းဖြင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ လုံခြုံမှုရှာဖွေခြင်းသာ ဖြစ်သည်ဟု ဆိုကြသည်။ နိုင်ငံရေးလေ့လာသူတစ်ဦးက “စစ်ကော်မရှင်တပ်တွေဟာ နယ်မြေဒေသ အတော်များများကို လက်လွှတ်နေရသဖြင့်…