Author: Baby Yit Lone

  • စစ်တပ် လက်လွှတ်ထားရသည့် ချင်းနှင့်ရခိုင်တွင် ရွေးကောက်ပွဲများပြီးဆုံး

    စစ်တပ် လက်လွှတ်ထားရသည့် ချင်းနှင့်ရခိုင်တွင် ရွေးကောက်ပွဲများပြီးဆုံး

    စစ်တပ်က လက်လွှတ်လိုက်ရသည့် နေရာအများစုရှိသည့် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ၎င်းတို့ဦးဆောင်လုပ်သော ရွေးကောက်ပွဲများသည် အပိုင်း (၁) မှာပင် အပြီးသတ်သွားပြီဖြစ်သည်။ စစ်ကော်မရှင်က နယ်မြေအများအပြားလက်လွှတ်ထားရသည့် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၈ ရက်နေ့က စတင်ကျင်းပခဲ့သော ရွေးကောက်ပွဲသည် အပိုင်း (၁) မှာပင် အပြီးသတ်သွားပြီး စစ်တပ်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက နေရာအများစု အနိုင်ရခဲ့သည်။ ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေ မရှိဟု ဆိုကာ ရခိုင်ပြည်နယ်မှ လေးမြို့နယ်၊ ချင်းပြည်နယ် သုံးမြို့နယ်နှင့် စစ်ကိုင်းတိုင်းမှ မြို့နယ် နှစ်ခုတို့တွင် ရွေးကောက်ပွဲ ကျင်းပနိုင်မည်မဟုတ်ကြောင်း ရွေးကောက်ပွဲ အပိုင်း (၁) မကျင်းပမီ တစ်ရက်အလို ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာခဲ့သည်။ ထို့ကြောင့်…

  • အကြမ်းဖက်စစ်တပ်၏ အဓမ္မစုဆောင်းထားသည့် စစ်သားသစ် ၄၀ ဦး ထွက်ပြေး

    အကြမ်းဖက်စစ်တပ်၏ အဓမ္မစုဆောင်းထားသည့် စစ်သားသစ် ၄၀ ဦး ထွက်ပြေး

    မိုးမိတ်တွင် အကြမ်းဖက်စစ်တပ်၏ အဓမ္မစုဆောင်းထားသည့် စစ်သားသစ် ၄၀ ဦး ထွက်ပြေး “ထွက်ပြေးတာစစ်မှုထမ်းသင်တန်းဆင်းတွေချည်းပဲ။ပြန်မိတာမကြားဘူး။ ဒေသခံတွေ ပြန်မနေသေးတဲ့ အိမ်တွေကိုလည်းသူတို့ဝင်ရှာပြီးဒေသခံတွေကိုတောင် စစ်လားဆေးလားလုပ်တယ်” မိုးမိတ်မြို့ကိုရောက်နေတဲ့ စစ်သား​တွေထဲက ပြည်သူ့စစ်သင်တန်းဆင်း ၄၀ ဦး ထွက်ပြေးလို့ လိုက်လံဖမ်းဆီးနေပြီး တပ်အပြောင်းအလဲလည်း လုပ်နေပါတယ်။ သင်တန်းဆင်းပြီးမိုးမိတ်ပို့ခံရတဲ့စစ်သားသစ် ၄၀ ဦးဟာ ဇန်နဝါရီလဆန်းမှာ ထွက်ပြေးတာဖြစ်ပြီး စစ်အုပ်စုက လက်သိပ်ထိုးပြီး လိုက်ရှာနေတာဖြစ်ပါတယ်။ ရပ်ကွက်တွေ၊ ရွာတွေထဲအထိ လိုက်ရှာစဉ်မှာ ဒေသခံတွေဆီ သတင်းပေါက်ကြားလာတာဖြစ်ပါတယ်။ “ထွက်ပြေးတာ စစ်မှုထမ်း သင်တန်းဆင်းတွေချည်းပဲ။ ပြန်မိတာမကြားဘူး။ ဒေသခံတွေ ပြန်မနေသေးတဲ့ အိမ်တွေကိုလည်း သူတို့ဝင်ရှာပြီး ဒေသခံတွေကိုတောင် စစ်လားဆေးလားလုပ်တယ်”လို့ မိုးမိတ်မြို့ခံတစ်ဦးက ပြောပါတယ်။ မိုးမိတ်မြို့ကို စစ်တပ်ပြန်ဝင်လာချိန်က တပ်မ(၅၅) လက်အောက်ခံတပ်ရင်းတွေ ဖြစ်ပြီး ယခုရက်ပိုင်းမှာ တပ်မ(၉၉)နဲ့ တပ်မ(၁၁) လက်အောက်ခံတပ်တွေကို…

  • KK Park နယ်မြေအတွင်း အွန်လိုင်းလိမ်လည်ရာတွင် အသုံးပြုသည့် အဆောက်အုံများ ဆက်လက်ဖြိုဖျက်နေ

    KK Park နယ်မြေအတွင်း အွန်လိုင်းလိမ်လည်ရာတွင် အသုံးပြုသည့် အဆောက်အုံများ ဆက်လက်ဖြိုဖျက်နေ

    “အမေရိကန်က မာဒူရိုကို ဖမ်းဆီးပြပြီးနောက် KK Park အတွင်း အွန်လိုင်းလိမ်လည်ရာတွင် အသုံးပြုသည့် အဆောက်အုံများ စစ်တပ်က အသည်းအသန် ဖြိုဖျက်ပြပြန်” ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင်အဆောက်အအုံများကို စစ်တပ်က ယမန်နေ့ ဇန်နဝါရီ (၄) ရက်က တရားမဝင်အဆောက်အအုံ (၂၁) လုံးကို ထပ်မံဖြိုချဖျက်ဆီးခဲ့တာဖြစ်ပါတယ်။ KK Park နယ်မြေအတွင်း အွန်လိုင်းလိမ်လည်ရာတွင် အသုံးပြုသည့် အဆောက်အုံများ ဆက်လက်ဖြိုဖျက်နေ ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင်အဆောက်အအုံများကို အာဏာသိမ်းစစ်ကောင်စီမှ ဆက်လက်ဖြိုချဖျက်ဆီးလျက်ရှိ‌ ကြောင်း သိရသည်။ ယင်းသို့ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ဇန်နဝါရီ (၄) ရက်ကပင် KK Park နယ်မြေအတွင်းရှိ…

  • US ထူးခြားထုတ်ပြန်ချက် ၂ ရပ်

    US ထူးခြားထုတ်ပြန်ချက် ၂ ရပ်

    💢 ယူအက်စ် US ထူးခြားထုတ်ပြန်ချက် ၂ ရပ်❓ ထရန့်လက်မှတ်ထိုး မြန်မာပြည်ဟာ အမေရိကန်ရဲ့နိုင်ငံခြားရေးမူဝါဒနဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေသေးတဲ့ နိုင်ငံဖြစ်တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဆက်လက်သတ်မှတ်လိုက်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်ဟာ ဒီမိုကရေစီနည်းကျပြည်သူတွေရွေးချယ်တင်မြှောက်ထားတဲ့အစိုးရကို ဖယ်ရှားပြီး အာဏာသိမ်းလိုက်သလို အစိုးရခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေ၊ သတင်းထောက်တွေ၊ လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူတွေ၊ ဘာသာရေးခေါင်းဆောင်တွေကိုဖမ်းဆီးထောင်ချခဲ့တဲ့ အတွက် ဒီလုပ်ရပ်တွေဟာ တရားဥပဒေစိုးမိုးရေးနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးတို့ကို ထိခိုက်ပြီး၊ ပြည်သူတွေရဲ့စိတ်ဆန္ဒကိုပယ်ချလိုက်တာဖြစ်တယ်။ ဒါကြောင့် ပုံမှန်မဟုတ်တဲ့အခြေအနေ၊ ထူးခြားတဲ့ အခြေအနေအရ မြန်မာပြည်ဟာ အမေရိကန်ရဲ့နိုင်ငံခြားရေးမူဝါဒနဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေတဲ့အတွက် အရေးပေါ်ကြေညာထားတဲ့သက်တမ်းကို ဆက်တိုးမယ်လို့ သမ္မတဒေါ်နယ်ထရမ့်ရဲ့လွှတ်တော်ကိုပေးပို့စာထဲမှာ ဖော်ပြထားပါတယ်။ 💢 အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီယို ထုတ်ပြန်ချက် မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသော အကျပ်အတည်းများနှင့် ပတ်သက်၍ အမေရိကန်ပြည်ထောင်စုအနေ ဖြင့် အလွန်အမင်း စိုးရိမ်ပူပန်မိကြောင်း၊ အမေရိကန်အနေဖြင့် စစ်အုပ်စုအား…

  • ဝန်းသိုမြို့ရှိ စစ်အုပ်စုကို တိုက်ခိုက်မှာမို့ ပြည်သူတွေ ဇန်နဝါရီ ၉ရက် နောက်ဆုံးထားကာ မြို့က ထွက်ခွာဖို့ PDF သတိပေး

    ဝန်းသိုမြို့ရှိ စစ်အုပ်စုကို တိုက်ခိုက်မှာမို့ ပြည်သူတွေ ဇန်နဝါရီ ၉ရက် နောက်ဆုံးထားကာ မြို့က ထွက်ခွာဖို့ PDF သတိပေး

    စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့အား ထိုးစစ်ဆင် တိုက်ခိုက်တော့မှာမို့ ပြည်သူတွေ အနေနဲ့ ဇန်နဝါရီ ၉ရက် နောက်ဆုံးထားကာ မြို့ကနေ ထွက်ခွာကြဖို့ အမှတ်(၁)စစ်ဒေသ၊ ကောလင်းခရိုင် PDF အမှတ်(၄)တပ်ရင်း – Wuntho People Defense Force – WPDF က သတင်း ထုတ်ပြန်ပါတယ်။ “ဝန်းသိုမြို့အတွင်း နေထိုင်လျှက်ရှိသော မိဘပြည်သူများအား အမှတ်(၁)စစ်ဒေသ ကောလင်းရိုင် အမှတ်(၄)တပ်ရင်းမှ ဇန်နဝါရီ ၉ရက် နောက်ဆုံးထား၍ မြို့အတွင်းမှ ထွက်ခွာပေးနိုင်ပါရန် အသိပေး ပြန်ကြားအပ်ပါသည်။ မိဘပြည်သူများ အနေဖြင့် အခြား‌သော မြို့များနည်းတူ စစ်ကော်မရှင်၏ လူသားဒိုင်းအဖြစ် အသုံးပြု မခံရစေရန် ရည်ရွယ် ထုတ်ပြန်အပ်ပါသည်” တိုက်ပွဲဖြစ်ပွားချိန်တိုင်း စစ်အုပ်စုက ပြည်သူကို လူသားဒိုင်းကာအဖြစ် အသုံးချလေ့ရှိတာကြောင့် ဝန်းသိုမြို့က…