Author: Baby Yit Lone

  • ကျွန်တော့် ဂိုက်ဆရာမလေး (အပိုင်း ၁ )

    ကျွန်တော့် ဂိုက်ဆရာမလေး (အပိုင်း ၁ )

    ၂၀၁၁ ခုနှစ် နွေရာသီကျောင်းပိတ်ရက် အစပိုင်းတွင် ဖြစ်သည်။ ကျွန်တော်သည် တဝမ်းကွဲအစ်ကို သင်ပေးထားသော အခြေခံနုတ်များဖြစ်သည့် C D Am F ကို အိမ်ရှေ့ကအဖီတွင် ဒေါင်ဒေါင်ဒင်ဒင်ဖြင့် ဂစ်တာတီး လေ့ကျင့်နေလေသည်။ ထိုအသံကို ဖြိုခွင်းလိုက်သူမှာ မာတာမိခင် ဒေါ်ခင်လေး ဖြစ်လေသည်။ “ ရဲမာန်….သားရေ……ဆယ်တန်း အဆောင်သွားဖို့ ပြင်ပြီးပြီလား ” “ ဗျာ ဟုတ်….သိမ်းပြီပြီ အမေ ” “ အေးအေး၊ ပစ္စည်းတွေ သေချာစစ်နော်….အရင်နှစ်တုန်းကလို အတွင်းခံဘောင်းဘီတွေ ကျန်ခဲ့ဦးမယ် ” “ အကုန်ထည့်ပြီးပြီ အမေ ” ကျွန်တော်အဖို့ တော်တော် စိတ်ညစ်သွားလေသည်၊ ကိုးတန်းဖြေပြီးလို့ နားရသည်မှာ တစ်ပတ်ပင်မပြည့်သေး..။ ယခု ဆယ်တန်းအတွက် နွေရာသီပတ်ရက်ကတည်းက သွားရတော့မည် ဖြစ်သည်။…

  • ထိန်းချုပ်မြို့တွေ ကနေ TNLA ဆုတ်ခွာပေးနေရမှုအ​ပေါ် ဝေဖန်မှု​တွေရှိ​လာ

    ထိန်းချုပ်မြို့တွေ ကနေ TNLA ဆုတ်ခွာပေးနေရမှုအ​ပေါ် ဝေဖန်မှု​တွေရှိ​လာ “ပြဿနာက မြောက်ပိုင်းက TNLA တို့ ၊ ကိုးကန့်တို့ကို တရုတ်က ကြိုးတုပ်ပြီး ထိုးခိုင်းတာဖြစ်တာကိုး။ သူက ချုပ်ပေးပြီး စစ်တပ်ကို ထိုးခိုင်းတာ။ လွတ်လွတ်လပ်လပ် မထိုးရတော့ မြောက်ပိုင်းက အဖွဲ့တွေက ခံရတာပေါ့”-စစ်​ရေးအကဲခတ်တဦး စစ်ကောင်စီတပ်ဟာ တအာင်းအမျိုးသားလွတ်​မြောက်​ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ မြို့တွေထဲက သီပေါမြို့ကို ထပ်မံသိမ်းပိုက်နိုင်ခဲ့တာကြောင့်ထိန်းချုပ်ထားတဲ့မြို့တွေကနေ TNLA ဆုတ်ခွာပေးနေမှုအပေါ် ဝေဖန်မှုတွေရှိ​လာပါတယ်။ TNLAဟာ ၂၀၂၃ အောက်တိုဘာ ၂၇ရက်က စတင်တဲ့ ၁၀၂၇ စစ်ဆင်​​ရေးနဲ့အတူ ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲ၊ သီပေါ၊ နမ့်ဆန်၊ မိုင်းလုံ၊ မိုးမိတ်၊ မန်တုံ၊ နမ္မတူ၊ ကွတ်ခိုင်၊ နောင်ချို၊ နမ့်ခမ်း၊ မိုင်းငေါ့မြို့နဲ့ မန္တလေးတိုင်းက မိုးကုတ်မြို့တို့ကို သိမ်းယူခဲ့တာပါ။…

  • ၈ လွှာမှပြုတ်ကျပြီး တိုက်ကြားညပ်နေသည့် ကလေးငယ်ကို ကယ်တင်

    ၈ လွှာမှပြုတ်ကျပြီး တိုက်ကြားညပ်နေသည့် ကလေးငယ်ကို ကယ်တင်

    ရန်ကုန်၊ ပုဇွန်တောင်မြို့နယ်မှာ ကလေးငယ်တယောက် ၈ လွှာအမြင့်တိုက်ကနေပြုတ်ကျပြီး တိုက်ကြားမှာ ညပ်နေတာကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ အောက်တိုဘာ ၁၇ ရက် ည ၉ နာရီခွဲလောက်က ပုဇွန်တောင်မြို့နယ်၊ ရေကျော်လမ်းမကြီးပေါ်က တိုက် ၂ လုံးကြားမှာ ကလေးငယ်တယောက် ပြုတ်ကျပြီးညပ်နေတာကို သတင်းရလို့ ပုဇွန်တောင်နဲ့ ကျောက်တံတာမြို့နယ်မီးသတ်စခန်းတို့က ကားတွေ၊ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်တွေနဲ့ ကယ်ဆယ်ခဲ့တယ်လို့ ဆိုပါတယ်။ ကလေးငယ်ဟာ ပြတင်းပေါက်ကိုကာထားတဲ့ သံပန်းနဲ့ညပ်နေခဲ့လို့ မီးသတ်၊ ပီတိမေတ္တာ လူမှုကူညီရေးအသင်း၊ KPT အသင်းတို့က သံညှပ်နဲ့ဖြတ်ပြီး ည ၉ နာရီ ၄၅ မိနစ်လောက်မှာ ကလေးငယ်ကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ရှာဖွေကယ်ဆယ်ရာမှာ ပါဝင်ခဲ့တဲ့ ပီတိမေတ္တာ လူမှုကူညီရေးအသင်းဆီက သိရပါတယ်။ ကလေးငယ် ပြုတ်ကျတာကိုသိရပြီး ပုလဲ…

  • Andondittu Kaala

    Andondittu Kaala (2025) “ကျွန်တော့်ရွှေရောင်အိပ်မက်များ” ဒီတစ်ခါမှာ ပေါ့ပေါ့ပါးပါးကြည့်ရမယ့် ကန်နားဒါး ဒရာမာဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ကူမာရာဆိုတဲ့ကောင်လေး ငယ်စဉ်ကလေးဘဝက သူတို့ရွာမှာ ရုပ်ရှင်အဖွဲ့သားတွေရိုက်ကူးရေးလာလုပ်တာကို မြင်ပြီးကတည်းက ရုပ်ရှင်ပိုးအမြစ်တွယ်လာခဲ့ပါတယ်။ မိဘတွေက စာကြိုးစားခိုင်းပေမဲ့ ဒါရိုက်တာပဲဖြစ်ချင်နေတဲ့ ကောင်လေးကြီးလာတော့ ဘန်ဂလောမြို့ကြီးပြကြီးကို စွန့်စွန့်စားစားတက်လာပါတော့တယ်။ ရုပ်ရှင်ဒါရိုက်တာဖြစ်ချင်တဲ့ တောသားလေးတစ်ယောက် မြို့ကြီးပြကြီးကို စရောက်ရောက်ချင်းကစလို့ ဘယ်လိုအခက်အခဲမျိုးစုံကို သူတန်ဖိုးထားရတဲ့ မိဘ၊ သူငယ်ချင်း၊ ချစ်သူတို့အတွက် အားတင်းရင်ဆိုင်သွားမှာလဲ ဆိုတာကတော့…

  • Aabhyanthara Kuttavaali

    Aabhyanthara Kuttavaati (2025) မိန်းမဟူသည့် ထိုဣတ္ထိ… ဒီတစ်ခါ ပရိသတ်ကြီးကို ရယ်ရခက် ငိုရခက် မလေယာလမ်း စကားပြော မှုခင်းဇာတ်ကားသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအစမှာ ဇာတ်လိုက်ကျော် ဆာဟာဒေဗန်တစ်ယောက် ရဲစခန်းကခေါ်လို့ အူကြောင်ကျားနဲ့ ရောက်လာရာက အစပြုပါတယ်။ သူ့ဟာသူ ဘာမှုမှန်းမသိလို့ စခန်းမှူးစောင့်နေရင်း ရောက်လာတော့မှ ဟိုကနေ ဘာအမှုမှန်းမိန့်ကြားပါတယ်ခင်ဗျာ။ အမှုကတော့ ရှင်းမလိုနဲ့ရှုပ်ပါတယ်။ ဇာတ်လိုက်ကြီးရဲ့ လက်ထပ်ခါစ အိမ်သူသက်ထား ချစ်ဇနီးကိုယ်တိုင် လာတိုင်သွားတာပါတဲ့။ ဘာအကြောင်းအရာလဲဆိုတော့ အိမ်တွင်းအကြမ်းဖက်မှုနဲ့ ခန်းဝင်ပစ္စည်းပိုတောင်းလို့ပါတဲ့။ ကဲ… အိမ်ထောင်ဦး ချစ်စကြင်စ ၁၀ ရက်တာလောက်နဲ့ ရုံးရောက်ဂတ်ရောက်ဖြစ်နေတဲ့ ဆာဟာဗေဒန်ကပဲ မှားတာလား… လာတိုင်သွားတဲ့ သူ့မိန်းမပဲမှားတာလား ဘာပြသနာတွေထပ်ရှိဦးမလဲဆိုတာ ပရိသတ်ကိုယ်တိုင် ခံစားကြည့်ရှုရမှာဖြစ်လို့ ခုပဲ လက်မလွှတ်တမ်း အားပေးကြဖို့ တင်ဆက်ပေးလိုက်ပါတယ်။