Author: Baby Yit Lone

  • မလှိုင်၌ ဗိုလ်မှူးဝေဖြိုး၏ အငယ်အနှောင်း ဖမ်းခံရမှုကြောင့် All Right စားသောက်ဆိုင်ပိုင်ရှင် ငွေညှစ်ခံရ

    မလှိုင်၌ ဗိုလ်မှူးဝေဖြိုး၏ အငယ်အနှောင်း ဖမ်းခံရမှုကြောင့် All Right စားသောက်ဆိုင်ပိုင်ရှင် ငွေညှစ်ခံရ

    မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့ပေါ်ရှိ စားသောက်ဆိုင် တစ်ဆိုင်တွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူးဝေဖြိုး၏ မယားငယ်ကို PDF များက ဖမ်းဆီးခဲ့ပြီးနောက်၊ နှစ်ရက်အကြာအတွင် အဆိုပါဗိုလ်မှူးက စားသောက်ဆိုင်ပိုင်ရှင်ကို ဖမ်းဆီးကာ ငွေညှစ်နေကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်၊ နေ့လယ် ၁ နာရီဝန်းကျင်၌ မလှိုင် – မိတ္ထီလာကားလမ်းမကြီး၊ ဇီးပင်ကန်ကျေးရွာအနီးရှိ All Right စားသောက်ဆိုင်တွင် နေ့လယ်စာ စားနေသည့် ဗိုလ်မှူးဝေဖြိုး၏ မယားငယ် မခိုင်ဇင်ဝေနှင့် ဦးကိုကိုအောင် တို့၏ စားပွဲဝိုင်းသို့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီးနောက် မခိုင်ဇင်ဝေ တစ်ဦးတည်းကိုသာ ဖမ်းဆီးသွားခြင်း ဖြစ်သည်။ “ခိုင်ဇင်ဝေက စစ်တပ်ရဲ့ သတင်းပေး၊ ဒလန်လုပ်နေတာ၊ ဗိုလ်မှူးဝေဖြိုးရဲ့ အငယ်အနှောင်းလို့လည်း သိကြတယ်။…

  • Ice Break, Heart Melt

    Ice Break, Heart Melt

    Ice Break, Heart Melt (2025) အရည်ပျော်သွားသော နှလုံးသား (၂၀၂၅) ရေခဲလိုပဲအေးစက်နေတဲ့ နှလုံးသားပိုင်ရှင်လေးနီးဗ်ရဲ့ဘဝမှာ ရေခဲပြင်စကိတ်စီးတာနဲ့ အောင်မြင်မှုက အရာရာပါပဲ။ ဒါပေမဲ့ ရေခဲပြင်စကိတ်လောကထဲကို ပြန်ဝင်ဖို့ စပွန်ဆာမရှိလို့ ရုန်းက‌‌န်နေရသူပေါ့။ တစ်နေ့မှာတော့ နီးဗ်ဆီကို စပွန်ဆာကမ်းလှမ်းမှုတစ်ခု ရောက်လာပါတယ်။ နီးဗ်တစ်‌ယောက် ကုမ္ပဏီရဲ့အမွေခံ နှုတ်သီးကောင်းလျှာပါးစွာတေးမလေး အိုင်ဗီနဲ့ တစ်အိမ်တည်းအတူနေပြီးအတွဲလို ဟန်ဆောင်ပေးရမှာပါ။ ရေခဲမင်းသမီးနဲ့ စွာတေးမလေးတို့ရဲ့ စာချုပ်ပေါ်က ဆက်ဆံရေးကနေ အချစ်ပန်းလေး‌တွေ ပွင့်လာချိန်မှာတော့…

  • Untamable

    Untamable

    Untamable (2025) ဒီဇာတ်ကားဟာ ကင်မရွန်းနိုင်ငံရဲ့ အဓိကမြို့တော်ဖြစ်တဲ့ ယာအွန်ဒေး (Yaoundé) မြို့မှာ ဇာတ်အိမ်တည်ထားတာ ဖြစ်ပါတယ်။ အရာရှိတစ်ဦး အသတ်ခံရတဲ့ ဖြစ်ရပ်တစ်ခုနဲ့ စတင်ပြီး၊ ရဲအုပ် Commissioner Billong ရဲ့ စုံစမ်းထောက်လှမ်းမှုတွေကို အဓိကထား ရိုက်ကူးထားတာပါ။ Commissioner Billong ဟာ မီးပျက်တာတွေ၊ ကားလမ်းပိတ်ဆို့မှုတွေနဲ့ အခက်အခဲတွေကြားကနေ ဘယ်အရာမှ မလွယ်ကူတဲ့ ပတ်ဝန်းကျင်ကို ဖြတ်သန်းပြီး အမှုမှန်ကို ဖော်ထုတ်ရပါတော့တယ်။ ဒါရိုက်တာ Thomas Ngijol ရဲ့ ရိုက်ကူးမှုက ဒီဇာတ်ကားကို သာမန် ရဲစုံထောက်ဇာတ်ကားတွေနဲ့မတူဘဲ၊ ကင်မရွန်းလူ့အဖွဲ့အစည်းရဲ့ အသွင်အပြင်ကို ထင်ဟပ်စေတယ်လို့ ချီးမွမ်းခြင်းခံခဲ့ရပါတယ်။

  • စစ်ဗိုလ်ချုပ်ဟောင်းမျိုးသိန်းရဲ့တူ ဗိုလ်ကြီး မိုင်းဆွဲခံပြီး​​သေဆုံး

    စစ်ဗိုလ်ချုပ်ဟောင်းမျိုးသိန်းရဲ့တူ ဗိုလ်ကြီး မိုင်းဆွဲခံပြီး​​သေဆုံး

    စစ်ဗိုလ်ချုပ်ဟောင်းမျိုးသိန်းက သူ့ရဲ့တူဖြစ်သူ မိုင်းဆွဲခံရပြီး ​သေဆုံးခဲ့တယ်လို့လူမှုကွန်ရက်မှာမနေ့က(ဒီဇင်ဘာ ၁၀ ရက်)အသိပေးပါတယ်။ စစ်တက္ကသိုလ်အပတ်စဥ် ၂၂ ဆင်း ဗိုလ်ချုပ်မျိုးသိန်းကလက်ရှိ အာဏာသိမ်းစစ်တပ်ရဲ့ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေး နဲ့ အရပ်သား အစိုးရလက်ထက်က ပြည်ထဲရေးဝန်ကြီး ဖြစ်ခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ နဲ့ တပါတ်စဥ်တည်းဆင်းဖြစ်တယ်လို့ စစ်ဗိုလ်ချုပ်ဟောင်းက​ဆိုပါတယ်။ ဗိုလ်ချုပ်ဟောင်းမျိုးသိန်းက “ပြီးခဲ့တဲ့အပတ်က တူတယောက် ဆွဲမိုင်းမိပြီး ကျသွားတယ်။ သူဗိုလ်လောင်းတက်ကတည်းက ကြိုးစားဖို့ မှာခဲ့တယ်။ ခွင့်ပြန်လာတော့ သူ့ကို စာမေးတယ်။ တပ်စုမှာပါတဲ့ လက်နက်တွေရဲ့ စွမ်းပကားတွေ မသိတာ တွေ့တော့ စစ်တိုက်မဲ့သူဟာ ဒါတွေကို အလွတ်ရ နေရမယ် လို့ ပြောခဲ့တယ်။ အရာရှိဖြစ်လို့ တခါတွေ့တော့ မင်း ငါ့စာတွေဖတ်ရဲ့လား ဆိုတော့ ဖတ်ပါတယ်လို့ ဖြေတယ်။ ဒါဆိုရင် ကြက်မတကောင် ဥ မဥ…

  • မြောက်ဦးမြို့ ပြည်သူ့ဆေးရုံးကို စစ်ကောင်စီ ဗုံးကြဲမှု  အရပ်သား ၃၀ ကျော် သေဆုံး၊ ၁၀၀ နီးပါး ဒဏ်ရာရ

    မြောက်ဦးမြို့ ပြည်သူ့ဆေးရုံးကို စစ်ကောင်စီ ဗုံးကြဲမှု အရပ်သား ၃၀ ကျော် သေဆုံး၊ ၁၀၀ နီးပါး ဒဏ်ရာရ

    မြောက်ဦးမြို့ ပြည်သူ့ဆေးရုံးကို စစ်ကောင်စီ ဗုံးကြဲမှု အရပ်သား ၃၀ ကျော် သေဆုံး၊ ၁၀၀ နီးပါး ဒဏ်ရာရ ရခိုင်ပြည်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံကို စစ်ကောင်စီ လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးနှစ်လုံးနှင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အပစ်မဲ့ အရပ်သား ၃၀ ကျော် ထက်မနည်း သေဆုံးသွားကြောင်း မြောက်ဦးမြို့ခံများက ပြောသည်။ ဒီဇင်ဘာလ ၁၀ ရက်၊ ည ၉ နာရီ ၁၃ မိနစ်ခန့်အချိန်တွင် စစ်ကောင်စီ လေကြောင်းကနေ မြောက်ဦးဆေးရုံကို အကြောင်းမဲ့ လာရောက်ဗုံးကြဲ တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၃၀ ဦးနှင့် ဒဏ်ရာ ရရှိသူ ၁၀၀ နီးပါးအထိ ရှိနေကြောင်း သိရသည်။ လူမှုကယ်ဆယ်ရေး လုပ်ကိုင်နေသူတစ်ဦးက “၃၀ ကျော်လောက်…