Author: Baby Yit Lone
-

Andai Ibu Tidak Menikah Dengan Ayah
Andai Ibu Tidak Menikah Dengan Ayah (2025) နာမည်ကျော် အမျိုးသမီး ဒါရိုက်တာ တစ်ဦးဖြစ်တဲ့ Hadrah Daeng Ratu ရဲ့လက်ရာသစ်ဖြစ်ပြီး လူမှုကွန်ယက်နဲ့ရုပ်ရှင်ဝါသနာအိုးတွေကြားမှာမထွက်ခင်ကတည်းက နာမည်ကြီးနေတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ သမီးသုံးဦး၊ မြေးတစ်ဦးနဲ့သက်လတ်ပိုင်းလင်မယားနှစ်ယောက်တို့ရဲ့ နွေးထွေးတဲ့ မိသားစုလေးကိုပုံဖော်ထားတာဖြစ်ပါတယ်။ နွေးထွေးတယ်လို့ထင်ရပေမယ့်လည်း အကြွေးပတ်လည်ဝိုင်းပြီးမိသားစုနဲ့ဇနီးဖြစ်သူကိုတစ်ချက်မှမငဲ့ပဲထင်ရာစိုင်းတတ်တဲ့တကိုယ်ကောင်းဖခင်၊ တစ်အိမ်လုံးရဲ့အလုပ်တွေကိုရော စီးပွားရေးကိုပါ ဦးစီးနေရရှာတဲ့ မိခင်ဖြစ်သူနဲ့ အရွယ်အသီးသီး သမီးသုံးယောက်ကြားမှာမျိုသိပ်ထားရတဲ့ အစိုင်အခဲလေးတွေကိုယ်စီရှီနေပြီး အဲ့ဒါတွေပေါက်ကွဲထွက်လာတဲ့အချိန်မှာ သူတို့မိသားစုကြားမေးခွန်းလေးတစ်ခုပေါ်လာပါတော့တယ်။ အဲ့ဒါကတော့ ဇာတ်ကားရဲ့အမည်ဖြစ်တဲ့ မေမေသာ ဖေဖေ့ကိုလက်မထပ်ဖြစ်ခဲ့ရင်ဆိုတဲ့ မေးခွန်းပါပဲ။ မေးခွန်းရဲ့အဖြေနဲ့အကြောင်းရင်းကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ရှုစားကြပါ။ မျက်ရည်ချူတဲ့အခန်းတွေမပါပဲ၊ ရင်နင့်စရာတွေ၊ ကြည်နူးစရာတွေ နွေးထွေးမှုတွေအပြည့်နဲ့ခံစားကြည့်ရှုရမယ့် မေတ္တာဖွဲ့ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။
-

Dream Team
Dream Team (2008) ဒီတစ်ခေါက်မှာတော့ sport-comedy ရုပ်ရှင်တစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ တစ်နေ့မှာ ဘတ်ဆိုတဲ့ ဘောလုံးနည်းပြတစ်ယောက်ဟာ ဆရာမနူလေ့ခ်ရဲ့တောင်းဆိုချက်တစ်ခုကိုလက်ခံခဲ့ပါတယ်။ တောင်းဆိုချက်ကတော့ မူလတန်းကျောင်းသားလေးတွေရဲ့လွန်ဆွဲပြိုင်ပွဲနည်းပြလုပ်ပေးဖို့ပါ။ ဒါပေမဲ့ ပြိုင်ပွဲစည်းကမ်းအရ လူ ၉ ယောက်သာ ယှဉ်ပြိုင်ခွင့်ရှိပေမယ့် အသင်းမှာတော့ ၁၀ ယောက်ဖြစ်နေပါတယ်။ ဒီလိုနဲ့ နည်းပြဘတ်တစ်ယောက် ထုတ်ပယ်မဲ့ကျောင်းသားကိုတွေးရင်း ကျောင်းသားတစ်ယောက်ချင်းစီရဲ့ အခက်အခဲတွေ အုပ်ထိန်းသူမိဘတွေရဲ့စောဒကတက်မှုတွေကြားဗျာများရပါတော့တယ်။ နည်းပြဘတ်တစ်ယောက် မူလတန်းကျောင်းသားတွေကြား ဘယ်လိုဖြေရှင်းမလဲဆိုတာကို ဟာသဆန်ဆန်ကြည့်ရှုရမယ့် ဇာတ်ကားတစ်ပုဒ်ဖြစ်ပါတယ်။
-

A Time for Bravery
A Time for Bravery (2025) ဒီဇာတ်လမ်းကတော့ မက္ကဆီကို (Mexican) အက်ရှင်ဟာသ ရုပ်ရှင်ကားသစ် ဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင် မာရီယာနို ဟာ စိတ်ပညာရှင် တစ်ဦးဖြစ်ပါတယ်။ သူဟာ ယာဉ်မတော်တဆမှုတစ်ခု ကျူးလွန်ခဲ့မိလို့ တရားရုံးက သူ့ကို ထောင်ဒဏ်အစား လူမှုဝန်ထမ်း (Community Service) လုပ်ဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။ သူ့ရဲ့ တာဝန်ကတော့ စိတ်ဓာတ်ကျနေတဲ့ ရဲအရာရှိ ဒီယက်ဇ် ကို စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးပေးဖို့ ဖြစ်ပါတယ်။ ဒီယက်ဇ်ဟာ သူ့ဇနီး ဖောက်ပြန်တာကို သိလိုက်ရလို့ အလုပ်မှာရော ဘဝမှာပါ စိတ်ဓာတ်တွေ အလွန်အမင်း ကျဆင်းနေသူပါ။ မာရီယာနိုက သူ့ကို နှစ်သိမ့်ပေးဖို့ ကြိုးစားနေစဉ်မှာပဲ မာရီယာနိုကိုယ်တိုင်လည်း သူ့ဇနီးမှာ နောက်မီးလင်းနေတယ်ဆိုတာကို သိလိုက်ရပါတယ်။ ဒီလိုနဲ့…
-

နွားထိုးကြီးနယ်တိုက်ပွဲ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုများပြားပြီး လက်နက်ခဲယမ်းတွေ သိမ်းရ
နွားထိုးကြီးနယ်တိုက်ပွဲ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုများပြားပြီး လက်နက်ခဲယမ်းတွေ သိမ်းရ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် ညောင်ပင်သာကျေးရွာက စစ်တပ်စခန်းကို တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုများပြားပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ်(၂)တပ်ရင်းနဲ့ မဟာမိတ်တပ်တွေက သတင်းထုတ်ပြန်ပါတယ်။ ညောင်ပင်သာကျေးရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဇန်နဝါရီ၂ရက်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက စီးနင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ တိုက်ပွဲဟာ နှစ်နာရီခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ အထိခိုက်အကျဆုံးများတယ်လို့မြင်းခြံခရိုင် အမှတ်(၂)တပ်ရင်းက ဒီနေ့ ဇန်နဝါရီ ၈ရက် ညမှာ သတင်းထုတ်ပြန်ပါတယ်။ သိမ်းဆည်းနိုင်ခဲ့တဲ့ လက်နက်ခဲယမ်းတွေကိုလည်း ဓာတ်ပုံမှတ်တမ်းနဲ့ ဖော်ပြထားပါတယ်။ အဲ့ဒီစစ်ဆင်ရေးကို မြင်းခြံခရိုင် အမှတ် (၁)တပ်ရင်း၊ အမှတ် (၂)တပ်ရင်း၊အမှတ် (၄) တပ်ရင်း၊ အမှတ် (၁၀) တပ်ရင်း၊ မြင်းခြံခရိုင်အမှတ် (၉၉၂၄)…
-

ထိုင်းဘုန်းတော်ကြီးတွေ တရားဝင်မိန်းမယူလို့ရအောင် အခြေခံဥပဒေကို ပြင်ဆင်ပေးရန် လွှတ်တော်ကို တောင်းဆိုသွားမည်
ထိုင်းဘုန်းတော်ကြီးတွေ တရားဝင်မိန်းမယူလို့ရအောင် အခြေခံဥပဒေကို ပြင်ဆင်ပေးရန် လွှတ်တော်ကို တောင်းဆိုသွားမည်ဟု အမတ်တစ်ယောက်မှ ပြောဆိုခဲ့ပါတယ် ။ ကနဦးတွင် ဒီဥပဒေကို အဆိုတင်သွင်းနိုင်ရေးအတွက် လူအယောက် ၁ သောင်းကို စစ်တမ်းကောက်ယူသွားမယ် လို့လည်း သိရပါတယ်။ ဒီသတင်းကြောင့် ထိုင်းလူမှုကွန်ယက်သုံးစွဲသူတွေအကြား ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ်။ သတင်းဌာနကြီးတွေရဲ့ ပို့စ်တွေအောက်မှာ အများစုက လက်မခံကြောင်း ထုတ်ဖော်ရေးသားတာကို တွေ့ရပါတယ်။ ဒီဥပဒေအပေါ် မိတ်ဆွေတို့ရဲ့ အမြင်လေးတွေကိုလည်း သုံးသပ်ရေးသားပေးခဲ့ကြပါဦး🤔 ရှေ့နေ ရွန်နာရောင်းသည် ရဟန်းများနှင့် အမျိုးသမီးနောက်လိုက်များ၏ ပြဿနာကို ဖြေရှင်းရန် မျှော်လင့်ချက်ဖြင့် ရဟန်းများအား ဇနီးယူခွင့်ပြုသည့် ဥပဒေကို ပြောင်းလဲရန် လူပေါင်း ၁၀,၀၀၀ ထံမှ လက်မှတ်များ စုဆောင်းနေခဲ့သည်။