Author: Baby Yit Lone
-

ပဲခူးအနောက်ခြမ်း မြို့နယ်လေးခုက စစ်တပ်စခန်းတွေကို တော်လှန်ရေးတပ်တွေ တပြိုင်နက်တိုက်ခိုက်
ပဲခူးအနောက်ခြမ်း မြို့နယ်လေးခုက စစ်တပ်စခန်းတွေကို တော်လှန်ရေးတပ်တွေ တပြိုင်နက်တိုက်ခိုက် ပဲခူးတိုင်းအနောက်ခြမ်းက မြို့နယ်လေးခုမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက တပြိုင်နက်တိုက်ခိုက်လို့ တိုက်ပွဲပြင်းထန်နေပြီး မှော်ဘီနဲ့တောင်ငူလေတပ်က တိုက်လေယာဉ်တွေ ဆက်တိုက်တက်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ သာယာဝတီခရိုင်ထဲက လက်ပံတန်း၊ ကြို့ပင်ကောက် ၊ မင်းလှမြို့နယ်နဲ့ နတ်တလင်းခရိုင်ထဲက နတ်တလင်းမြို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ဒီနေ့ (ဇန်နဝါရီလ ၇ ရက်) မနက်အစောပိုင်းမှာ ပြည်သူ့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်နေတာဖြစ်ပါတယ်။ “တောင်ငူကနေ ခဏချင်း တစ်စီးပြီးတစ်စီး တက်နေတယ်။ တဝေါဝေါပဲ။ မင်းလှဘက်မှာ PDF တွေက စခ စခန်းတွေကိုချနေကြတယ်တဲ့”လို့ တောင်ငူမြို့ခံက ပြောပါတယ်။ မှော်ဘီလေတပ်ကနေလည်း ဂျက်ဖိုက်တာတွေ မိနစ်ပိုင်းသာခြားပြီးတစ်စီးပြီးတစ်စီး တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “မနက် ၄ နာရီကျော်လောက်ထဲက တောက်လျှောက်ကို ပစ်နေတာပါ။…
-

အမေရိကန် စက်ကွင်းထဲ ရောက်နေတဲ့ ရေနံတင်သင်္ဘောကို ကာကွယ်ဖို့ ရေတပ်သင်္ဘောတွေ ရုရှားစေလွှတ်
အမေရိကန် စက်ကွင်းထဲ ရောက်နေတဲ့ ရေနံတင်သင်္ဘောကို ကာကွယ်ဖို့ ရေတပ်သင်္ဘောတွေ ရုရှားစေလွှတ် အမေရိကန်ရဲ့ စက်ကွင်းထဲ ရောက်နေတဲ့ ရေနံတင် သင်္ဘောတစ်စီးကို ကာကွယ်ဖို့ ရုရှားက ရေတပ်သင်္ဘောတွေ စေလွှတ်ခဲ့ကြောင်း သိရပါတယ်။ အဲဒီ ရေယာဉ်ဟာ အရင်က ဂိုင်ယာနာအလံ လွှင့်ထူထားတဲ့ Bella 1ဆိုတဲ့ ရေနံတင်သင်္ဘော ဖြစ်ပေမယ့် အခုတော့ ရုရှားအလံ လွှင့်ထားတဲ့ Marineraဆိုတဲ့ နာမည်နဲ့ ခုတ်မောင်းနေပါတယ်။ ပုံမှန်ဆိုရင် ဗင်နီဇွဲလားနဲ့ ရုရှားကြားမှာ ရေနံတွေ သယ်ဆောင်ပေးလေ့ရှိတဲ့ သင်္ဘောဟာ လတ်တလောမှာတော့ အတ္တလန္တိတ် သမုဒ္ဒရာကို ဖြတ်ပြီး ရုရှားဆီ ဦးတည်နေတယ်လို့ ယုံကြည်ရပါတယ်။ ရေယာဉ်ရဲ့ တည်နေရာဟာ စကော့တလန်နဲ့ အိုက်လန်ကြား ရေပြင်မှာ ရှိနေနိုင်ပြီး ရုရှားရေတပ်က လုံခြုံရေး စောင့်ကြပ်ပေးဖို့ ရေငုပ်သင်္ဘော…
-

တော်လှန်ရေးရဲဘော်များ၏ အုတ်ဂူပေါ် ခြေထောက်တင်ပြီး အောက်တန်းကျသည့် လုပ်ရပ်ကို ကျော်စိုးဦး လုပ်ဆောင်
မြန်မာနိုင်ငံအနှံ့အပြားရှိ စစ်မြေပြင်များတွင် စစ်ရေးအရ အဘက်ဘက်မှ အရှုံးနှင့် ရင်ဆိုင်နေရသည့် စစ်ကော်မရှင်သည် ယခုအခါ လက်နက်ကိုင် တော်လှန်နေသူများကိုသာမက ကွယ်လွန်သွားပြီဖြစ်သည့် တော်လှန်ရေးရဲဘော်များ၏ ဂူဗိမာန်များအထိပါ ရန်ရှာစော်ကားသည့် အောက်တန်းကျသော လုပ်ရပ်များကို ပြောင်ပြောင်တင်းတင်း လုပ်ဆောင်လာနေသည်ကို တွေ့ရှိရသည်။ မကြာသေးမီက စစ်တပ်လော်ဘီ ကျော်စိုးဦးဆိုသူသည် စဉ့်ကူးနှင့် မတ္တရာမြို့နယ်အတွင်းရှိ တော်လှန်ရေးရဲဘော်များ၏ အုတ်ဂူများပေါ်တွင် ခြေထောက်တင်ကာ မိုက်မိုက်ရိုင်းရိုင်း ပြောဆိုနေသည့် ရုပ်သံနှင့် ဓာတ်ပုံများကို လူမှုကွန်ရက်ပေါ်၌ ပျံ့နှံ့စေခဲ့ခြင်းက ယင်းအခြေအနေကို သက်သေပြနေခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများနှင့် ပြည်သူများက သုံးသပ်သည်။ နိုင်ငံရေးနှင့် စစ်ရေးလေ့လာသူများ၏ သုံးသပ်ချက်အရ ဤလုပ်ရပ်သည် စစ်မြေပြင်ရှိ ရှုံးနိမ့်မှုများကို အုတ်ဂူပေါ်တွင် အနိုင်ယူပြခြင်းဖြင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ လုံခြုံမှုရှာဖွေခြင်းသာ ဖြစ်သည်ဟု ဆိုကြသည်။ နိုင်ငံရေးလေ့လာသူတစ်ဦးက “စစ်ကော်မရှင်တပ်တွေဟာ နယ်မြေဒေသ အတော်များများကို လက်လွှတ်နေရသဖြင့်…
-

ရွေးကောက်ပွဲကော်မရှင်၏ တတိယအကြီးဆုံးအရာရှိ PDF များ၏ ချုံခို တိုက်ခိုက်မှုမှ လွတ်မြောက်သွား
စစ်တပ်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)၏ တတိယအကြီးဆုံး ရွေးကောက်ပွဲအရာရှိ ဦးအောင်လွင်ဦးသည် ယမန်နေ့(ဇန်နဝါရီလ ၆ ရက်) မွန်းလွဲပိုင်းက မကွေးတိုင်းအတွင်း တော်လှန်ရေးတပ်ဖွဲ့များ၏ စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းခံခဲ့ရသော်လည်း ထွက်ပြေးလွတ်မြောက် သွားခဲ့သည်။ မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ ရွှေပန်းရွာအနီး၌ဖြစ်ပွားခဲ့သည့် အဆိုပါကြားဖြတ်တိုက်ခိုက်မှုတွင် ဦးအောင်လွင်ဦး လွတ်မြောက်ခဲ့သော်လည်း သူ၏ကိုယ်ရေးအရာရှိနှင့် ရဲအရာရှိတစ်ဦးသေဆုံးသွားပြီး အခြားရဲလေးဦး ဒဏ်ရာရခဲ့သည်ဟု ရဲတပ်ဖွဲ့အတွင်းအကြောင်းကြားသည့် ကြေးနန်းစာကဆိုသည်။ အဆိုပါတိုက်ခိုက်မှုသည် ၎င်းတို့လက်ချက်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ပြည်သူ့ကာကွယ်ရေး တပ်မတော် (နေပြည်တော်-PDF) အမှတ်(၉၀၃)တပ်ရင်းကဆိုပြီး သေဆုံးသွားသည့် ရဲအရေအတွက်သည် ခုနစ်ဦးအထိရှိနိုင်သည်ဟုဆိုသည်။ တိုက်ခိုက်မှုအတွင်း လွတ်မြောက်သွားခဲ့သည့် ဦးအောင်လွင်ဦးသည် ပြီးခဲ့သည့်နှစ် ဇူလိုင်လအတွင်းက စစ်တပ်က ပြန်လည်ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စုအဆင့်ရွေးကောက်ပွဲကော်မရှင်တွင်အဖွဲ့ဝင်ဖြစ်သည်။ ၎င်းသည် အဆိုပါအဖွဲ့တွင် ဥက္ကဋ္ဌဦးသန်းစိုးနှင့် အဖွဲ့ဝင်ဦးအောင်မိုးမြင့်တို့ပြီးနောက် တတိယအကြီးဆုံး ရွေးကောက်ပွဲအရာရှိဖြစ်သည်။ စစ်တပ်သည် ဦးအောင်လွင်ဦးအား…
-

အထူးတိုင်းစစ်ဌာန ချေမှုန်းရေးမွမ်းမံသင်တန်းဆင်းပွဲ
ပူးပေါင်းစစ်ဆင်ရေးတွေ ဖော်ဆောင်ဖို့ အထူးတိုင်းစစ်ဌာန ချေမှုန်းရေးမွမ်းမံသင်တန်းဆင်းပွဲ ကျင်းပ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၁)စစ်ဆင်ရေးနယ်မြေ အထူးတိုင်း စစ်ဌာနရဲ့ ချေမှုန်းရေး မွမ်းမံသင်တန်းကို ပဲခူးတိုင်းအတွင်းရှိ အထူးတိုင်း စစ်ဌာန လေ့ကျင့်ရေး သင်တန်းကွင်းမှာ ကျင်းပခဲ့ကြောင်း အထူးတိုင်းစစ်ဌာနက မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ အသိပေးထုတ်ပြန်ပါတယ်။ အဲဒီ သင်တန်းဆင်းပွဲကို လွန်ခဲ့တဲ့ တပတ် ၂၀၂၅ ဒီဇင်ဘာ ၃၁ရက်မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ သင်တန်းရဲ့ ရည်ရွယ်ချက်ဟာ တိုင်းစစ်ဌာန ကွပ်ကဲမှု အောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်းတွေ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တွေ၊ ဒေသ အခြေပြု ကာကွယ်ရေးတပ်ဖွဲ့တွေက ရဲဘော်တွေကို ပူးပေါင်းစစ်ဆင်ရေး ဆောင်ရွက်နိုင်ဖို့ ဖြစ်ပြီး အဲဒီလို လုပ်ဆောင်နိုင်ဖို့ လေ့ကျင့်ပေးတာလို့ အသိပေးထားပါတယ်။ အထူးတိုင်းစစ်ဌာနဟာ ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာ အခြေပြု ဖွဲ့စည်းထားတဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF နည်းဗျူဟာ တွေ၊ တပ်ရင်း/တပ်ဖွဲ့…