Author: Baby Yit Lone

  • ဘုတလင်တွင် စစ်တပ်စခန်း ၄ ခု တိုက်ခိုက်ခံရပြီး စစ်သား ၁၅ ဦးထက်မနည်းသေဆုံး

    ဘုတလင်တွင် စစ်တပ်စခန်း ၄ ခု တိုက်ခိုက်ခံရပြီး စစ်သား ၁၅ ဦးထက်မနည်းသေဆုံး

    စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်မှာ ဒီဇင်ဘာ ၂၈ ရက်က စစ်ကောင်စီလက်အောက်ခံ တပ်စခန်း ၄ ခုကို တပြိုင်တည်းတိုက်ခိုက်ခဲ့လို့ စစ်သား ၁၅ ယောက်ထက်မနည်း သေဆုံးကာ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့လည်း ကျဆုံးခဲ့တယ်လို့ ဘုတလင်မြို့နယ် ပကဖ က ဒီဇင်ဘာ ၃၁ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ ဘုတလင်မြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံက “၂၈ ရက်နေ့က ဘုတလင်မြို့ပေါ်မှာ စကစရဲ့ အတုအယောင် ရွေးကောက်ပွဲ မပြုလုပ်နိုင်ဖို့လို့ မဲပေးဖို့သတ်မှတ်ထားတဲ့ နေရာတွေနဲ့ သူတို့တွေ အထိုင်ချနေကြတဲ့ နေရာ ၄ ခုကို တပြိုင်တည်း တိုက်ခိုက်ခဲ့ကြတာပါ။ သူတို့ဘက်က ၁၅ ယောက်ထက်မနည်း သေတယ်။ ကျနော်တို့ မဟာမိတ်တွေဘက်က ရဲဘော် ၆ ယောက် ကျခဲ့ပါတယ်။ ရဲဘော် ၃ ယောက်လည်း…

  • ဂျပန် တံတားပေါ်မှာ အမျိုးသားတယောက်  ဓားနဲ့လေးချက် ထိုးခံရပြီး ဖုန်းနဲ့ ပိုက်ဆံ အလုခံရ

    ဂျပန် တံတားပေါ်မှာ အမျိုးသားတယောက် ဓားနဲ့လေးချက် ထိုးခံရပြီး ဖုန်းနဲ့ ပိုက်ဆံ အလုခံရ

    ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့် မြို့နယ်နဲ့ ဒေါပုံမြို့နယ်ကို ဆက်သွယ်ထားတဲ့ ဒေါပုံတံတား(ဂျပန်တံတား) ပေါ်မှာ ဒီဇင်ဘာ ၃၁ ရက်နေ့ ၊နယူးရီးယား ညက အမျိုးသားတယောက် ဓားနဲ့ လေးချက် ထိုးခံရပြီး ဖုန်းနဲ့ ပိုက်ဆံ ၆၀၀၀ လုယက်ခံ ခဲ့ရတယ်လို့ သိရပါတယ်။ ဖြစ်စဥ်မှာ ညက ၁၀ နာရီ ၄၅ မိနစ်လောက် ဒေါပုံတံတား ၊ မင်္ဂလာတောင်ညွန့် မြို့နယ် ဘက်အခြမ်းမှာ အဆိုပါ အမျိုးသားက လမ်းလျှောက် နေစဥ် အမည်မသိ အမျိုးသား နဲ့ အမျိုးသမီး တို့က ရောက်ရှိလာပြီး ဓားနဲ့ ထိုးကာ ဖုန်းနဲ့ ငွေသားအနည်းငယ်ကို လုယက်သွားတာ ဖြစ်တယ်လို့ သိရပါတယ် ။ ” လည်ပင်း ဓားဒဏ်ရာတချက် ၊…

  • Pamali: The Little Devil

    Pamali: The Little Devil

    Pamali: The Little Devil (2025) အင်ဒိုနီးရှားနိုင်ရဲ့နာမည်ကျော် horror ဂိမ်းနဲ့ ရုပ်ရှင် universe ဖြစ်တဲ့ Pamali Universe ရဲ့ဇာတ်ကားသစ်တစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားတွဲတွေဟာ အင်ဒိုနီးရှားရိုးရာ အယူသီးမှုနဲ့ တားမြစ်ချက်တွေကိုအခြေခံထားတာဖြစ်ပြီး အဲ့ဒါတွေကိုချိုးဖောက်မိတဲ့ အခါ ကျိန်စာသင့်တာ အန္တရာယ်တွေနဲ့ရင်ဆိုင်တွေ့ရတာတွေကြုံရတတ်တဲ့အကြောင်းပါပဲ။ ဒီဇာတ်ကားကတော့ တူယွလ် လို့ခေါ်တဲ့ ကလေးငယ်ပုံသဏ္ဍာန်ရှိ မကောင်းဆိုးဝါးအကြောင်းကို ဗဟိုပြုရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ အမ်ဘာဆိုတဲ့ သားသမီးနှစ်ယောက်မိခင် မုဆိုးမတစ်ဦးဟာ ငွေရေးကြေးရေး အခက်အခဲကြောင့် အားကိုးရာမဲ့နေချိန်မှာလမ်းဘေးမှာ ကောက်ရခဲ့တဲ့ ငွေထုပ်တစ်ထုပ်ကို အိမ်ယူသွားခဲ့မိပါတယ်။ အဲ့ဒီညမှာပဲ သူတို့ တစ်မိသားစုလုံးဟာ တူယွလ်မကောင်းဆိုးဝါးရဲ့ခြောက်လှန့်မှုကိုခံခဲ့ရပြီး မိုးမလင်းခင်မှာပဲ အမ်ဘာ တစ်ယောက်ပျောက်ချင်းမလှပျောက်ကွယ်သွားပါတော့တယ်။ အဲ့ဒီမတိုင်ခင်ကတည်းက သူတို့ရွာထဲမှာ မကြာခဏငွေပျောက်ဆုံးမှုတွေ တစ်နှစ်တစ်ခါ လူပျောက်မှုတွေပါ အမြဲဖြစ်ပေါ်နေပြီး ပျောက်ဆုံးသူတွေကအမြဲတမ်း အမျိုးသမီးတွေဖြစ်လေ့ရှိပါတယ်။ သူတို့အမေပျောက်ဆုံးမှုကိုလိုက်ရှာမယ့် အမ်ဘာရဲ့သမီး…

  • အသက်နှင့်ရမ္မက်

    အသက်နှင့်ရမ္မက်

    သန်လျင်-ကူးတို့သင်္ဘောဆိပ်သို့ ရောက်သောအခါ သူတို့မျှော်လင့် ထားသလို “သီတာ” တစ်နှစ်တို့က မရှိ ဒေါက်တင်ထားသည်ဆို၍ အသင့်ရှိနေသော တိုင်းလုံးကျော် ပေါ်သို့ အပြေးအလွှား တက်ခဲ့ကြရသည်။ သင်္ဘောအပေါ်ထပ်က လူအနည်းငယ်ချောင်သဖြင့် ဦးပိုင်းခရီးဝေးသွား အိပ်ခန်းများနောက် ကပ်လျက်မှာ နေရာယူကြသည်။ အဲ… ရုတ်တရက် လေပြင်းဝှေ့လိုက်သဖြင့် ပင်လယ်သို့ ဦးတည်ထားသော သင်္ဘောဦးက လည်သွားသည်။ လေက ပြင်းလာသည်။ မိုးပေါက်လေးများ ကျလာသည်။ ကြပ်သိပ်နေသော ခရီးသည်များက တဖက်သို့ စုပြုံတိုးဝှေ့နေကြ၏။ ဝေလွင် နှင့် ချိုမာ တို့ တသိုက်က ရီလေးနွယ်ကို ဝင်းနောင် ရင်ခွင်ထဲသို့ မရောက်ရောက်အောင် ဖိတိုးပေးကြသည်။ “ဘာမှန်းလဲမသိဘူး……. တအားတိုးတာဘဲ” “မိုးပက်တယ်ဟ…….” “တောက်….. သူများသားသမီးတွေများ ကောင်းစားနေလိုက်တာ..” “မိုးထဲ လေထဲမှာ အဲဒီအနွေးထည်က အကောင်းဆုံးဘဲ” မထိတထိ…

  • Kombucha

    Kombucha

    Kombucha (2025) ပရိတ်သတ်ကြီးတို့ရေ ကွန်ဘူချာ ကြိုက်တဲ့သူတွေ ရှိကြလားမသိဘူး.. ဒီတစ်‌‌ခေါက်မိတ်ဆက်‌ ပေးမယ့်ကားလေးကတော့ psycho thriller တစ်မျိုးဖြစ်တဲ့ Kombucha ပဲဖြစ်ပါတယ်။ ဂီတကို ရူးသွပ်ပေမယ့် ဂီတဟာ လူမွေးလူတောင် ပြောင်အောင်မထားနိုင်တဲ့အခါ လုခ် ဆိုတဲ့ လူငယ်လေးတစ်ယောက်ဟာ သူ့ကောင်မလေးရဲ့ တိုက်တွန်းမှုနဲ့ ဆင်ဘီအို ဆိုတဲ့ ကော်ပိုရေးရှင်း တစ်ခု မှာ အလုပ်ဝင်လိုက်ရပါတယ်။ ဒီကုမ္ပဏီက “အဖွဲ့အစည်း စည်းလုံးညီညွတ်ရေးအတွက်” ဆိုပြီး ဝန်ထမ်းတွေကို သူတို့ကိုယ်ပိုင် ကွန်ဘူချာဆိုတဲ့ လက်ဖက်ရည်ချဉ်တစ်မျိုးကို မဖြစ်မနေ သောက်ဖို့ တွန်းအားပေးပါတယ်။ ပထမတော့ ဒီအချိုရည်က အလုပ်ကို ပိုပြီး ကြိုးစားနိုင်စေတယ်၊ စိတ်ကိုလည်း ပိုတည်ငြိမ်စေတာ‌ကြောင့် လုခ်တစ်ယောက် အလုပ်သစ်မှာ ပျော်လာပါတော့တယ်။ ဒါပေမဲ့… ဒီ ကွန်ဘူချာဟာ သာမန်အချိုရည် မဟုတ်ပါဘူး…