Author: Baby Yit Lone

  • စစ်ကော်မရှင်၏ ပြစ်မှုကျူးလွန်မှုများကို ဝိုင်းဝန်းထိန်းကြောင်းပေးရန် နိုင်ငံတကာကို AA အကူအညီတောင်း

    စစ်ကော်မရှင်၏ ပြစ်မှုကျူးလွန်မှုများကို ဝိုင်းဝန်းထိန်းကြောင်းပေးရန် နိုင်ငံတကာကို AA အကူအညီတောင်း

    စစ်ကော်မရှင်၏ ပြစ်မှုကျူးလွန်မှုများကို ဝိုင်းဝန်းထိန်းကြောင်းပေးရန် နိုင်ငံတကာကို AA အကူအညီတောင်း မြန်မာနိုင်ငံအနှံ့မှ အရပ်သားပြည်သူများအား ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်နေသည့် စစ်ကော်မရှင်၏ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေမှုများကို နိုင်ငံတကာအနေဖြင့် လိုက်ပိုက်ကြည့်မနေဘဲ ဝိုင်းဝန်းထိန်းကျောင်းပေးကြရန် အားကိုးစွာဖြင့် အကူအညီတောင်းခံ အပ်ကြောင်း အာရက္ခတပ်တော် (AA)က ယနေ့ (ဒီဇင်ဘာ ၁၁) ညပိုင်းတွင် ထုတ်ပြန်သည်။ ယမန်နေ့(ဒီဇင်ဘာ ၁၀) အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့တွင် စစ်ကော်မရှင်က ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ ပြည်သူ့ဆေးရုံကြီးအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုအပေါ်ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ရာတွင် ထိုသို့ ထည့်သွင်း အကူအညီတောင်းထားခြင်းဖြစ်သည်။ “ဤကဲ့သို့တိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ကြရသော အပြစ်မဲ့အရပ်သားပြည်သူလူထုတို့အတွက် တရားမျှတမှုရရှိစေရန်နှင့် ကျူးလွန်ခဲ့သောသူများအား ထိထိရောက်ရောက် အရေးယူအပြစ်ပေးနိုင်ရန်ကိုလည်း မတရားကျူးလွန်ခံခဲ့ရသောသူများကိုယ်စား ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်မှ နိုင်ငံတကာနှင့် ကမ္ဘာ့နိုင်ငံကြီးများ၊ အိမ်နီးချင်းနိုင်ငံများထံသို့ တလေးတစားအကူအညီတောင်းခံအပ်ပါသည်”ဟု AA ကထုတ်ပြန်ချက်တွင်…

  • မြောက်ဦးဆေးရုံဗုံးကြဲမှုအပေါ်  ပြင်းထန်စွာလက်တုံ့ပြန်မယ်လို့ AA ထုတ်ပြန်

    မြောက်ဦးဆေးရုံဗုံးကြဲမှုအပေါ် ပြင်းထန်စွာလက်တုံ့ပြန်မယ်လို့ AA ထုတ်ပြန်

    စစ်တပ်ကျူးလွန်မှုကို နိုင်ငံတကာက လက်ပိုက်ကြည့်မနေဘဲ ထိန်းကျောင်းပေးဖို့ အကူအညီတောင်း၊ စစ်တပ်ကျူးလွန်ခဲ့တာတွေထဲမှာ အဆိုးဝါးဆုံး အပြင်းထန်ဆုံးသော စစ်ရာဇဝတ်မှုဟုဆို စစ်တပ်က ဆေးဝါးတွေပိတ်ဆို့ထားချိန်၊ အိမ်နီးချင်းနိုင်ငံတွေဆီကဆေးဝါး အလွယ်ဝယ်မရချိန် အခက်ခဲ အကြမ်းတမ်းဆုံးကာလကို ဖြတ်သန်းနေရဟု အသိပေး ရက္ခိုင်ဒေသတကျော့ပြန်စစ်ပွဲ (၂)နှစ်ကျော်အတွင်း စစ်ကောင်စီလက်ချက်ကြောင့် ဒေသခံ ပြည်သူ ၁၂၀၀ ထက်မနည်း သေဆုံး ရက္ခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပြည်သူ့ဆေးရုံကို အာဏာသိမ်းစစ်ကောင်စီက ဒီဇင်ဘာ ၁ဝရက်အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့မှာ ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်ခဲ့တဲ့အပေါ် အာရက္ခတပ်တော်(AA)က ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့ပြီး စစ်တပ်ကျူးလွန်ခဲ့တာတွေထဲမှာ အဆိုးဝါးဆုံး အပြင်းထန်ဆုံးသော စစ်ရာဇဝတ်မှုဖြစ်တယ်လို့ ဖော်ပြပါတယ်။ မြောက်ဦးဆေးရုံကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ ဆေးရုံအတွင်း ဆေးကုသခံယူနေကြတဲ့ အပြစ်မဲ့အရပ်သားပြည်သူတွေ၊ (၃)လသားအရွယ် မိန်းကလေး တစ်ဦးအပါအဝင် အမျိုးသား (၁၆) ဦး၊ အမျိုးသား (၁၇) ဦး…

  • The 4 Exes

    The 4 Exes

    The 4 Exes (2020) ဆာရာ၊ အိုင်ရင် ၊ အမရာနဲ့ရေချယ်တို့ဟာနောက်ခံအသိုင်းအဝိုင်း၊ ပတ်ဝန်းကျင် ဘာတစ်ခုမှမတူညီတဲ့ မိန်းကလေးလေးဦးဖြစ်‌ပြီး သူတို့အသိအကျွမ်းတစ်ဦးဖြစ်တဲ့ အဲလက်စ်ရဲ့ဈာပနမှာ အချင်းချင်းတွေ့ဆုံခဲ့ကြပါတယ်။ အခြေအနေတွေက တွန်းပို့တာကြောင့် လေးဦးဆုံ စကားပြောဖြစ်ခဲ့ကြချိန်မှာသိလိုက်ရတာကတော့ သူတို့လေးယောက်လုံးဟာအဲလက်စ်ရဲ့ရည်းစားဟောင်းတွေဖြစ်ကြတယ်ဆိုတာပါပဲ။ ဈာပနမှာဆုံပြီးမကြာခင်မှာပဲ သူတို့လေးဦးဆီကို သေဆုံးသူ အဲလက်စ်ဆီကစာတစ်စောင်ဆီရောက်လာခဲ့ပါတယ်။ စာထဲကအကြောင်းအရာကတော့ အဲလက်စ်ဟာ သူမကြာခင်သေဆုံးရတော့မယ်လို့သံသယရှိနေကြောင်း၊တကယ်လို့သူသေဆုံးခဲ့တယ်ဆိုရင် အဲ့ဒါဟာ သူ့ရည်းစားဟောင်းလေးယောက်ဖြစ်တဲ့ သူတို့ထဲက တစ်ယောက်ရဲ့လက်ချက်ဖြစ်ကြောင်းပြောပြထားတာဖြစ်ပါတယ်။ အဲ့ဒီကစလို့ သူတို့လေးဦးဟာ ကွယ်လွန်သူချန်ထားခဲ့တဲ့ ပဟေဠိတစ်ခုနဲ့တိုင်ပတ်သလိုအသက်အန္တရာယ်ကိုခြိမ်းခြောက်မှုတွေလည်း တွေ့ကြုံလာရပါတော့တယ်။ သူတို့မသိခဲ့တာက ဒီပြဿနာဟာထင်တာထက် နက်ရှိုင်းလွန်းနေတာပါပဲ။ အင်ဒိုကားတွေထဲမှာတွေ့ရခဲပြီး စုန်းကဝေ၊အောက်လမ်းတွေမပါဝင်တဲ့ psychological thriller ကားကောင်းတစ်ကားဖြစ်ပါတယ်။

  • The Running Man

    The Running Man

    The Running Man (2025) Stephen King ရဲ့ ဝတ္ထုတွေကိုအခြေခံပြီး ရိုက်ကူးတဲ့ရုပ်ရှင်တွေထဲကမှ သရုပ်ဆောင် Glen Powell ရဲ့ The Running Man ကားအသစ်ထွက်လာပါပြီ။ သားနို့စ်သရုပ်ဆောင် Josh Brolinနဲ့ A list သရုပ်ဆောင်တွေအများကြီးပါဝင်ထားတာပါ။ ဒါရိုက်တာကလည်း Baby Driver နဲ့ Last Night in Soho တို့ကို ရိုက်ကူးတင်ဆက်ထားတဲ့ Edgar Wrightဖြစ်တဲ့အတွက် ပေါ့ပေါ့ပါးပါး ခပ်မြူးမြူးနဲ့ Non stop actionတွေဘက်ကိုသွားထားတာပါ။ The Running Man စာအုပ်ကို အခြေခံထားတဲ့ ဒီရုပ်ရှင်မှာလည်း ပိုက်ဆံလိုနေတဲ့ လူတစ်ယောက်က The Running Man လို့ခေါ်တဲ့ TV အစီအစဥ်မှာ ဝင်ပါတယ်။…

  • 12A Railway Colony

    12A Railway Colony

    12A Railway Colony (2025) “ကြမ္မာဆိုး” ဒီတစ်ခါမှာတော့ စိတ်ဝင်စားစရာ တေလဂူးဟော်ရာဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။ ကာသစ်ခ်ဆိုတာ သူငယ်ချင်းတစ်သိုက်နဲ့ သောက်စားပျော်ပါးပြီး ရပ်ရေးရွာရေးမှာဝင်ပါတတ်သူတစ်ယောက်ပါ။ သူစိတ်ဝင်စားမိတဲ့ ဘေးအိမ်က အိမ်နီးချင်းမလေး အာရူကတော့ ကာသစ်ခ်ကို တစ်စက်လေးမှကြည့်မရသူဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းလေး အရာထင်လာတဲ့အချိန်ကျမှ ဘယ်လိုမိစ္ဆာအနှောက်အယှက်တွေ ဝင်ရောက်လာမလဲဆိုတာကိုတော့ ပရိတ်သတ်တို့ပဲ ကြည့်ရှုခံစားအဖြေရှာလိုက်ပါဦး။