Author: Baby Yit Lone

  • တော်လှန်ရင်းအသေခံမယ်ဆိုတဲ့ ရဲဘော် လွတ်သွားတာကြောင့် ချောက်မြို့မရဲစခန်းကို တိုင်းရဲမင်းကြီးကိုယ်တိုင်စစ်နေ

    တော်လှန်ရင်းအသေခံမယ်ဆိုတဲ့ ရဲဘော် လွတ်သွားတာကြောင့် ချောက်မြို့မရဲစခန်းကို တိုင်းရဲမင်းကြီးကိုယ်တိုင်စစ်နေ

    ဖမ်းဆီးခံရတဲ့ နယ်ထိန်းခင်မောင်ရင်ဟာ ပေါ်တာဆွဲ၊ စစ်မှုထမ်းကြေးငွေညှစ်ရာမှာ နာမည်ကြီးသူဖြစ် ချောက်မြို့နယ်အတွင်း ထောင်ဒဏ် ၂၃၅ နှစ်ချထားတဲ့ တော်လှန်ရေးရဲဘော် တစ်ဦး လွတ်မြောက်သွားတဲ့ဖြစ်စဥ်မှာ ဖရဲသီးရှိနေတယ်လို့ ယူဆတာကြောင့် ချောက်မြို့မရဲစခန်းကို စစ်ကောင်စီ တိုင်းရဲမင်းကြီးနဲ့ ခရိုင်ရဲမှူးတို့ ကိုယ်တိုင် လာရောက်စစ်ဆေးနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့မှာ ထောင်ဒဏ် ၂၃၅ နှစ် ချမှတ်ခံထားရတဲ့ ရဲဘော် နက်ရှိုင်း(ခ)မိုးညိုကို အရပ်ကားတွေနဲ့ တင်ဆောင်လာစဥ် အမှတ် (၃) ပြည်ထောင်စုလမ်းမပေါ် ရှိ ဂွေးချိုရဲစခန်းနဲ့ ဂွေးပင်ရဲစခန်းကြားမှာ ချောက်မြို့နယ်ရှိတော်လှန်ရေးရဲဘော်တွေက ကြားဖြတ်တိုက်ခိုက်ကယ်ထုတ်ရာ အဆိုပါရဲဘော်ကလည်း တော်လှန်ရင်းအသေခံမယ်ဆိုတဲ့စိတ်နဲ့ ရဲရင့်စွာရုန်းထွက်လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ကယ်ထုတ်သွားတဲ့ဖြစ်စဥ်ကြောင့် တာဝန်ရှိသူ နယ်ထိန်းအရာရှိ ကျော်ဝင်းနဲ့ နယ်ထိန်း ခင်မောင်ရင် အပါအဝင် ရဲ ၅…

  • Shades of Life

    Shades of Life

    Shades of Life (2025) ဘဝဇာတ်ခုံအဖုံဖုံ ဖြတ်သန်းလာတဲ့ ဘဝတစ်လျှောက် လူအမျိုးမျိုး ဇာတ်ကြောင်းအမျိုးမျိုးကို ကြားဖူး မြင်ဖူးကြမှာပေါ့။ မလေယာလမ်းကားတွေကောင်းရင် ထိုင်ရာမထကြည့်ကောင်းကြတာကတာလည်း အမှန်ကိုး ဒီကားကတော့ ပိုစိတ်ဝင်စားဖို့ကောင်းတာမျိုးပါ။ ပုံမှန်ဇာတ်ကားလိုမဟုတ်ဘဲ ဇာတ်လမ်းတိုလေး ၄ ပုဒ်ကို စုပေါင်းပြီး ရိုက်ကူးထားလို့ မတူတဲ့ရသ ၄ မျိုးကို ရစေမှာပါ။ နေ့စဉ်ဖြတ်သန်းနေတဲ့ ဘဝဒရာမာတွေကို မတူတဲ့ရှုထောင့်ကနေ ရိုက်ကုးတင်ဆက်ထားတဲ့ သဘောပါပဲ။ မိသားစုတစ်ခုလုံးကို အရက်စွဲတာက ဘယ်လိုဒုက္ခပေးလဲ ပိုက်ဆံမရှိတဲ့ အဖေတစ်ယောက်က ကိုယ့်ကလေးရဲ့ အိပ်မက်လေးတစ်ခုကို ဖြည့်ဆည်းပေးဖို့ ဘယ်လိုရုန်းကန်ရလဲ မင်္ဂလာဆောင်ဖို့ စုထားတဲ့ ပိုက်ဆံကို အခိုးခံလိုက်ရတဲ့ မိဘတွေရဲ့ အဖြစ်နဲ့ အိမ်ထောင်စပြုစ အတွဲတစ်တွဲရဲ့ လိုက်လျောညီထွေ နေထိုင်ရတဲ့ အခြေအနေမျိုးတွေကို တကယ် လက်တွေ့ကျကျ မြင်ရမှာဖြစ်လို့ ကြည့်ရှုအားပေးပါဦး။

  • Blood and Black Lace

    Blood and Black Lace

    Blood and Black Lace (1964) “Blood and Black Lace” ကို Mario Bava ရိုက်ကူးပြီး Eva Bartok နဲ့ Cameron Mitchell တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ၁၉၆၄ ခုနှစ်ထုတ် giallo အမျိုးအစား ရုပ်ရှင်ကားဖြစ်ပါတယ်ဇာတ်လမ်းမှာ ရောမမြို့ရဲ့ဖက်ရှင်ဒီဇိုင်းအိမ်က မော်ဒယ်လ်‌တွေကို မျက်နှာဖုံးစွပ် လူသတ်သမားတစ်ဦးက ရက်ရက်စက်စက် သတ်ဖြတ်တဲ့အကြောင်းကိုရိုက်ကူးထားပါတယ်။ ရောမမြို့ရဲ့ ဖက်ရှင်ဒီဇိုင်းအိမ်တစ်ခုဖြစ်တဲ့ Christian Haute Couture မှာ အလုပ်လုပ်နေတဲ့မော်ဒယ်လ်တွေထဲက Isabella ဟာညဘက်မှာ ဖက်ရှင်အိမ်ထဲလမ်းလျှောက်နေစဉ် မျက်နှာဖုံးဖြူ၊ ဦးထုပ်အနက်နဲ့ ကုတ်အင်္ကျီရှည်ဝတ်ဆင်ထားတဲ့ လုပ်ကြံသူတစ်ဦးရဲ့ရက်စက်စွာ သတ်ဖြတ်ခြင်းကို ခံလိုက်ရပါတယ် ရဲအရာရှိ Silvestri က စုံစမ်းစစ်ဆေးမှုတွေ စတင်ပြုလုပ်ခဲ့တယ်။ အဲဒီကနေသေဆုံးသူက ဝန်ထမ်းတွေရဲ့ ကိုယ်ရေးကိုယ်တာဘဝနဲ့…

  • The Bengal Files

    The Bengal Files

    The Bengal Files (2025) အတိတ်သမိုင်းမှ အမှောင်မိုက်ဆုံးစာမျက်နှာများ Historical drama အမျိုးအစားကို နှစ်သက်သူတွေအတွက် နှစ်ခြိုက်စရာ ဖြစ်မဲ့ မင်းသမီးကြီး ပါလာဗီဂျိုရှီနဲ့ ဒါရှန်ကူမားတိုရဲ့ သမိုင်းနောက်ခံဇာတ်လမ်းကောင်းလေး တင်ဆက်ပေးလိုက်ပါပြီ။ ဒီဇာတ်လမ်းလေးမှာတော့ အိန္ဒိယ ပါကစ္စတန်ခွဲထွက်ရေးနဲ့ သူ့ရဲ့နောက်ဆက်တွဲ ကြောက်ခမမ်းလိလိ လူမျိုးတုန်း သတ်ဖြတ်မှုတွေအကြောင်း တစွန်းတစ ဖော်ပြထားတဲ့ ဇာတ်လမ်းလေးဖြစ်ပြီး ဒီဇာတ်လမ်းထဲမှာ အိန္ဒိယ သမိုင်းရဲ့ ဇာတ်လိုက်ကျော်တွေဖြစ်တဲ့ ဂျဝါဟာလာနေရူး မဟတ္တမဂန္ဒီ ဂျင်နား အစရှိတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ ပါဝင်နေတာမြင်ရမှာပါ။ ဇာတ်လိုက်ကျော် ရှီဗာတစ်ယောက် ဗဟိုကနေ အထူးစုံစမ်းရေးအရာရှိအဖြစ် ရောက်ချလာချိန်မှာ အဲဒီနယ်မှာ ဆာဒါဟူစိန်နီဆိုတဲ့ လွှတ်တော်အမတ်က ကြီးစိုးလိုနေပါတယ်။ ဆာဒါကပဲအမိ ဆာဒါကပဲအဖဖြစ်နေသလို ဥပဒေဆိုတာလည်း စာအုပ်ထူထူထက်မပို ရဲဆိုတာလည်း ယူနီဖောင်းနဲ့အရုပ်သာသာပါပဲ။ ဒီအချိန်မှာ ရှီဗာတစ်ယောက် စိတ်ပျက်နေတုန်း…

  • Homebound

    Homebound

    Homebound (2025) “အိပ်မက်ရဲ့အိမ်ပြန်ခရီး” အိန္ဒိယမြောက်ပိုင်းရွာလေးတစ်ရွာမှာ သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ ရှိုအစ်ဘ်နဲ့ချန်ဒန်တို့ ဘဝကိုယ်စီကိုလျှောက်လှမ်းနေကြပေမဲ့ သူတို့နှစ်ယောက်ရဲ့တူညီတဲ့ ရည်မှန်းချက်တစ်ခုကတော့ ရဲအရာရှိဖြစ်ဖို့ဖြစ်ပါတယ် ။ လူမှုအဆင့်အတန်းကွာခြားမှု ၊ ရွာအတွင်းတင်းကြပ်မှုတွေကြောင့် ရဲအမှုထမ်းစာရင်းဝင်ဖို့ အခွင့်အရေးကို တန်းတူမရရှိခဲ့ပါဘူး။ တိုင်းပြည်တစ်ခုလုံး ကိုဗစ်ဖြစ်ကြတဲ့အချိန်မှာ သူတို့တွေလမ်းတွေပိတ် ၊ အလုပ်ပျောက်တဲ့အချိန် သူတို့အိပ်မက်တွေ အရောင်မှေးမှိန်လာခဲ့ရပြန်ပါတယ် ။ သူတို့ရဲ့နောက်ထပ် ခြေလှမ်းတွေက ဘာတွေဖြစ်မလဲ ၊ ဖိနှိပ်မှုတွေကြားက ထွန်းပေါက်အောင်ကြိုးစားကြမယ့် လူငယ်လေးနှစ်ယောက်ရဲ့ ကြိုးစားမှုတွေကို ဒီဇာတ်လမ်းမှာကြည့်ရှုခံစားပေးကြပါဦး။