Author: Baby Yit Lone

  • ဂျုံးဂျုံးကျသွားပြီဖြစ်တဲ့ ရန်ကုန်

    ဂျုံးဂျုံးကျသွားပြီဖြစ်တဲ့ ရန်ကုန်

    ရန်ကုန်ရှိ စူပါမားကတ်ကြီးများနှင့် ကုန်တိုက်အများစုတွင် လျှပ်စစ် မီးမမှန်ခြင်းနှင့် မီးစက်အတွက် စက်သုံးဆီဝယ်ယူရန် ခက်ခဲခြင်း၊ စျေးနှုန်းကြီးမြင့်ခြင်းတို့ကြောင့် အေးခဲထားရမည့် စားသောက်ကုန်ပစ္စည်းများ လုံးဝမတင်တော့

    ရန်ကုန်မြို့ရှိ စူပါမားကတ်ကြီးများနှင့် ကုန်တိုက်အများစုတွင် လျှပ်စစ်မီး ပုံမှန် မရရှိခြင်း၊ မီးစက်မောင်းနှင်ရန် စက်သုံးဆီဝယ်ယူရာတွင် အခက်အခဲရှိခြင်းနှင့် ဆီစျေးနှုန်းအဆမတန် မြင့်မားနေခြင်းတို့ကြောင့် အေးခဲထားရမည့်စားသောက်ကုန်များ၊ ရေခဲမုန့်နှင့် ရေခဲ ချောင်း အပါအဝင် အေးခဲကုန်ပစ္စည်းများအားလုံးကို လုံး၀မတင်တော့ကြောင်း ရန်ကုန်မြို့ အခြေစိုက် စီးပွားရေးအသိုင်းအ၀ိုင်းက ပြောဆိုသည်။

    ယခု ဧပြီလဆန်းပိုင်းမှစတင်၍ ကုန်တိုက်များ၊ စူပါမားကတ်အများစုတွင် လက်ကျန်အေးခဲကုန်ပစ္စည်းများကို လျှော့စျေးများဖြင့် အမြန်ကုန်အောင် ရောင်းချနေပြီး နောက်ထပ်အသစ်တင်သွင်းမှုများကို ရပ်ဆိုင်းထားလိုက်ကြကြောင်း၊ အဓိကအားဖြင့် ရေခဲ သေတ္တာကြီးဖြင့် အမြဲ အေးခဲထားရသည့် စားသောက်ကုန်နှင့်လူသုံးကုန်များကို တင်သွင်းရောင်းချမှုများကို ကုန်တိုက်များက စတင်ရပ်နားခြင်းဖြစ်ကြောင်း သိရှိရသည်။

    ရန်ကုန်အခြေစိုက် ကုန်တိုက်လုပ်ငန်းနှင့်ဆက်နွယ်နေသော စီးပွားရေးသမားတစ်ဦးက “ အအေးလိုတဲ့ ကုန်ပစ္စည်းတွေက ရေခဲသေတ္တာကြီးတွေနဲ့ အချိန်ပြည့် သိမ်းဆည်းရတာ။ အခုက လျှပ်စစ်မီးကလည်း မမှန်ဘူး၊ မီးစက်မောင်းဖို့ စက်သုံးဆီကလည်း ဝယ်ရတာအရမ်းခက်ခဲတယ်။ စျေးအဆမတန်ပေးပြီး ဝယ်နေရတော့ ဘယ်လိုမှ အဆင်မပြေတော့ပါဘူး။ ဒါကြောင့် ရေခဲသေတ္တာကြီးတွေကို တော်တော်များများ စပိတ်ကြပြီ။ အေးခဲကုန်တွေကို လုံးဝမတင်ကြတော့ဘူး” ဟု ရှင်းပြသည်။

    စစ်တပ်က စက်သုံးဆီချွေတာရေး စီမံချက်ဖြင့် စက်သုံးဆီများကို နိုင်ငံတစ်ဝန်း စည်းကမ်းများဖြင့် တင်းကျပ်ရောင်းချနေပြီး ကားများကို QR စနစ်ဖြင့် ကန့်သတ်ရောင်းချနေကြောင်း၊ လုပ်ငန်းရှင်များမှာမူ ပုဂ္ဂလိကဆီဆိုင်ကြီးများမှတစ်ဆင့် လိုသလောက် ဝယ်ယယူ၍ မရကြောင်း၊ ထို့ကြောင့် မီးစက်မောင်းရန်အတွက် မှောင်ခိုစျေးနှုန်းဖြင့် အဆမတန်ပေး၍ စက်သုံးဆီဝယ်ယူနေရသည့် အခြေအနေဖြစ်နေကြောင်း သိရှိရသည်။

    “စက်သုံးဆီက ဝယ်မရတာ မဟုတ်ဘူး။ အထူးသဖြင့်တော့ ဒီဇယ်ပေါ့။ မှောင်ခိုစျေးနဲ့ပေးရင် ရတယ်။ နိုင်ငံတော်ရဲ့ စက်သုံးဆီချွေတာရေး စီမံချက်ဟာ ပုဂ္ဂလိကဆီဆိုင်တွေအတွက် မှောင်ခိုလမ်းကြောင်းကြီး ဟင်းလင်းပွင့်သွားစေပြီး စက်သုံးဆီမဖြစ်မနေ သုံးနေရတဲ့ လုပ်ငန်းရှင်တွေအတွက်တော့ မျက်လုံးပြူးမျက်ဖြူစိုက်စရာ ဖြစ်ကုန်ပါတယ်” ဟု ရန်ကုန်မှ စီးပွားရေးသမားက ရှင်းပြသည်။

    ရန်ကုန်မြို့ရှိ စူပါမားကတ်ကြီးများနှင့် ကုန်တိုက်များမှာ နိုင်ငံတော်သို့ နှစ်စဉ် အခွန်ငွေ အမြောက်အမြား ပေးဆောင်နေကြသည့် အခွန်ထမ်းများ ဖြစ်ကြသော်လည်း ယခုကဲ့သို့ အကျပ်အတည်းကာလတွင် မည်သည့် ကူညီမှုမှ မရှိကြောင်း လုပ်ငန်းရှင်များက ပြောဆိုကြသည်။

    “တောင်သူတွေကို ပြည်တွင်းဖြစ်ဒီဇယ် ရောင်းပေးသလိုမျိုး လုပ်ငန်းရှင်တွေအတွက်လည်း စက်သုံးဆီ ဘယ်လိုဖြန့်ဝေပေးမလဲဆိုတာ ထပ်စဉ်းစားပေးဖို့ လိုအပ်လာပါပြီ။ အခွန်ထမ်းလုပ်ငန်းရှင်တွေအတွက်လည်း အခုလို အကျပ်အတည်းကာလမှာ နိုင်ငံတော်ဘက်က အဆင်ပြေအောင် တစ်ခုခု ပြန်စီစဉ်ပေးသင့်ပါတယ်” ဟု ကုန်တိုက်လုပ်ငန်းနှင့် ဆက်နွယ်နေသော စီးပွားရေးသမားက ရှင်းပြသည်။

    ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှစတင်ခဲ့သော အီရန်စစ်ပွဲကြောင့် မြန်မာနိုင်ငံတွင်လည်း စီးပွားရေးလုပ်ငန်းအများအပြား ထိခိုက်လျက်ရှိရာ ယခုအခါ ကုန်တိုက်များနှင့် စူပါမားကတ်ကြီးများပါ စက်သုံးဆီရှားပါးမှုနှင့်​ စျေးနှုန်းကြီး မြင့်မှုဒဏ်ကို အကြီး အကျယ်ခံနေရပြီဖြစ်ကြောင်း လုပ်ငန်းရှင်များက ဆိုကြသည်။

    ဓာတ်ပုံ- ရန်ကုန်မြို့မှ စျေးဝယ်စင်တာ ကုန်တိုက်တစ်ခု။

  • ထိုင်းနိုင်ငံတစ်ဝန်း နွေရာသီမုန်တိုင်း ဝင်ရောက်မည်

    ထိုင်းနိုင်ငံတစ်ဝန်း နွေရာသီမုန်တိုင်း ဝင်ရောက်မည်

    🚨 သတိပေးချက် – ထိုင်းနိုင်ငံတစ်ဝန်း နွေရာသီမုန်တိုင်း ဝင်ရောက်မည် 🚨

    ဒီနေ့ (ဧပြီလ ၂၄ ရက်) ကစပြီး ထိုင်းနိုင်ငံတစ်ဝန်းက ခရိုင်ပေါင်း (၄၈) ခုမှာ နွေရာသီမုန်တိုင်း (Summer Storm) ကျရောက်နိုင်တယ်လို့ သတင်းတွေမှာ ဖော်ပြလာပါတယ်။ တစ်နိုင်ငံလုံးနီးပါး ပါဝင်နေတဲ့အတွက် သတိထားကြဖို့ အထူးနှိုးဆော်ချင်ပါတယ်။

    🔥 လက်ရှိ မြို့ကြီးတွေရဲ့ အခြေအနေ

    #ချင်းမိုင် (Chiang Mai): လေထုညစ်ညမ်းမှု (PM 2.5) အရမ်းမြင့်တက်နေဆဲပါ။ အပြင်ထွက်ရင် Mask တပ်ဖို့ မမေ့ပါနဲ့။

    #အီဆန် (Northeast): အရှေ့မြောက်ပိုင်းဒေသ တချို့နေရာတွေမှာ မိုးရွာသွန်းနိုင်ခြေ ၄၀% လောက် ရှိနေပါတယ်။

    #ဘန်ကောက် (Bangkok): အပူချိန် အလွန်ပြင်းထန်နေပြီး မိုးရွာနိုင်ခြေကတော့ ၁၀% လောက်ပဲ ရှိပါတယ်။ အရမ်းပူတဲ့အတွက် အပူရှပ်တဲ့အန္တရာယ် (Heatstroke) ကို ဂရုစိုက်ကြပါ။

    ⚠️ ဘာတွေ သတိထားရမလဲ?
    ခရိုင်ဒေသအလိုက် မိုးရွာသွန်းမှု ကွာခြားနိုင်ပါတယ်။ တချို့နေရာတွေမှာ မိုးကြီးနိုင်သလို တချို့မှာ မိုးနည်းနိုင်ပါတယ်။ ဒါပေမဲ့ မုန်တိုင်းဝင်လာခဲ့ရင် အထူးသတိထားရမှာတွေက –

    မိုးသီးကျခြင်း

    လေပြင်းတိုက်၍ သစ်ပင်များ ကျိုးကျခြင်း

    လမ်းဘေး ဆိုင်းဘုတ်ကြီးများ ပြိုကျခြင်း တွေကို အထူးဂရုစိုက်ကြပါရှင့်။

    👨‍🌾 တောင်သူဦးကြီးများအတွက်: လေပြင်းကြောင့် စိုက်ပျိုးထားတဲ့ အပင်တွေ မလဲကျအောင်၊ မပျက်စီးအောင် ကြိုတင်ပြင်ဆင် ကာကွယ်ထားကြဖို့ အကြံပြုချင်ပါတယ်။

    📍 မုန်တိုင်း သတိပေးချက်ထုတ်ထားတဲ့ ခရိုင် (၄၈) ခု (မိမိဒေသ ပါ/မပါ စစ်ဆေးကြည့်ပါ)

    🔴 အနီရောင်အဆင့် (အထူးသတိထားရန်) – ၂၈ ခရိုင်

    မြောက်ပိုင်း (၈): လမ်းပန်း၊ နန်၊ ဖရဲ၊ ဥတ္တရာဒစ်၊ သုခိုထိုင်း၊ ဖိစနုလောက်၊ ဖိချစ်၊ ဖစ်ချဘွန်း။

    အီဆန် (၁၈): လွီ၊ နောင်ဘူလမ်ဖူ၊ အူဒုံဌာနီ၊ ချိုင်ယာဖူး၊ ခွန်ကန်၊ ကာလာဆင်၊ မုဒဟန်၊ မဟာစရခမ်း၊ စကွန်နခွန်၊ နခွန်ဖနုံ၊ ရွိုင်းအက်၊ ယاسိုထွန်၊ အမ်နတ်ຈະရွန်း၊ ကိုရတ် (နခွန်ရက်ချสีမာ)၊ ဘူရီရမ်၊ စူရင်၊ ဆီစကက်၊ ဥဘွန်ရက်ချဌာနီ။

    အလယ်ပိုင်း (၂): နခွန်စဝမ်၊ လော့ပ်ဘူရီ။

    🟡 အဝါရောင်အဆင့် (သတိထားရန်) – ၂၀ ခရိုင်

    မြောက်ပိုင်း (၇): မယ်ဟောင်ဆောင်၊ ချင်းမိုင်၊ ချင်းရိုင်၊ ဖะယောင်၊ လမ်းဖွန်၊ တာ့ခ်၊ ကမ်ဖန်ဖစ်။

    အီဆန် (၂): နောင်ခိုင်၊ ဘွန်းကန်။

    အလယ်ပိုင်း (၆): အူထိုင်းဌာနီ၊ ချိုင်နတ်၊ ဆင်းဘူရီ၊ စရာဘူရီ၊ ကန်ချနဘူရီ၊ ရက်ချဘူရီ။

    အရှေ့ပိုင်း (၅): နခွန်နေယော့၊ ပရာကျင်းဘူရီ၊ စာကဲအို (Sa Kaeo)၊ ကျန်သဘူရီ၊ ထရတ်။

    ထိုင်းရောက် မြန်မာညီအစ်ကိုမောင်နှမများအားလုံး ရာသီဥတုအန္တရာယ်ကို သတိပြုနိုင်ဖို့ ဒီပိုစ့်လေးကို ထပ်ဆင့် မျှဝေ (Share) ပေးကြပါဦးရှင့်။

    #ThailandWeather #SummerStorm #ထိုင်းမိုးလေဝသ #သတိပေးချက် #PM25 #BangkokHeat #MyanmarInThailand #ဗဟုသုတ #သတင်း

  • ယင်းမာပင်နဲ့ ပုလဲမြို့နယ်အစပ်မှာ စစ်တပ်က အင်အား အများအပြားနဲ့ စစ်ကြောင်းထိုး

    ယင်းမာပင်နဲ့ ပုလဲမြို့နယ်အစပ်မှာ စစ်တပ်က အင်အား အများအပြားနဲ့ စစ်ကြောင်းထိုး

    စစ်ရေးတင်းမာမှုကြောင့် စစ်ဘေးရှောင်တွေ အကူအညီလိုအပ်နေ

    စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ပုလဲမြို့နယ်အစပ်မှာ စစ်တပ်က အင်အား ၇၀၀ ခန့်နဲ့ စစ်ကြောင်းထိုးနေပြီး ၃ လနီးပါးကြာလာတဲ့ စစ်ရေးတင်းမာမှုကြောင့် ဒေသခံစစ်ဘေးရှောင်တွေ အကူအညီ လိုအပ်နေပါတယ်။

    ပုလဲမြိုနယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းကတည်းက စစ်ရေးတင်းမာခဲ့တာကနေ လက်ရှိ ဧပြီလကုန်ပိုင်းအထိ တိုက်ပွဲတွေဖြစ်နေတာပါ။

    ” ပထမဝင်လာတာ အင်အား ၃၀၀ ကျော်၊နောက်ထက် နမခကနေ ထပ်ပို့တာ ၃၀၀ကျော်။ အဲ့ဒီနှစ်ကြောင်းပေါင်းပြီး စစ်ကြောင်းထိုးနေတာ။ ကျမတို့ရွာကိုလည်း မီးရှို့သွားပြီ”လို့ ပုလဲမြို့ခံတစ်ဦးက ပြောပါတယ်။

    ‌ပုလဲမြို့ကိုရောက်နေတဲ့ စစ်တပ်စစ်ကြောင်းဟာ ဧပြီ ၂၁ ရက်မှာ ကိုင်းတွင်းကျေးရွာဝင်ရောက် မီးရှိုးသွားပြီး ဘေးပတ်ဝန်းကျင်ရွာတွေကို ဆက်ပြီး မွှေနှောက်နေတယ်လို့ သတင်းရရှိပါတယ်။

    ပြီးခဲ့တဲ့ဖေဖော်ဝါရီလဆန်းမှာ ပုလဲမြို့နယ်ထဲက ဗိုလ်နဂါးရဲ့ BNRA စခန်းတွေကို PDF နဲ့ ပကဖတွေက ဖယ်ရှားရာကနေ ဖေဖော်ဝါရီ ၁၇ရက်မှာ တိုက်ပွဲစဖြစ်ခဲ့ပြီး BNRA ခေါင်းဆောင်ဗိုလ်နဂါးနဲ့ အဖွဲ့ဝင်တချို့ကစစ်တပ်ထံ အညံ့ခံသွားပါတယ်။

    PDF နဲ့ ပကဖထံ BNRA တပ်ဖွဲ့ဝင် ၂၀၀‌ ကျော်လက်နက်ချခဲ့ပြီး ဗိုလ်နဂါးနဲ့ အနီးကပ်နေထိုင်ကြတဲ့ သုဘရာဇာ၊ ဒေါင်းညို၊ စစ်နိုင်ဆိုသူတွေလည်း ပါဝင်ပါတယ်။

    လက်ရှိမှာ စစ်တပ်က ပုလဲနဲ့ ယင်းမာပင်မြို့နယ်အပြင် ယင်းမာပင်ခရိုင်က ကနီ၊ဆားလင်းကြီးမြို့နယ်တွေကို စစ်ကြောင်းဝင်နေပြီး ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်နေပါတယ်။

    ၃လတာတိုက်ပွဲအတွင်း ကာကွယ်‌ရေးရဲဘော်အချို့ကျဆုံးခဲ့သလို စစ်တပ်က သေဆုံးသူ ၁၀၀ကျော်နေပြီလို့ ဒေသအခြေစိုက် တော်လှန်ရေးတပ်တွေဆီကနေ သိရပါတယ်။

    လက်ရှိမှာ ယင်းမာပင်နဲ့ ပုလဲမြို့နယ်က ကျေးရွာ၂၀ ခန့် ဒေသခံ ၁၀၀၀၀ကျော်ဟာ နေရပ်စွန့်ခွာတိမ်းရှောင်နေကြရပါတယ်။

    လက်ရှိနွေရာသီကာလ အပူချိန်မြင့်တက်မှုနဲ့ မိုးသက်လေပြင်းဘေးဒဏ်ကို ရင်ဆိုင်နေရပြီး အကူအညီတွေပေးကြဖို့ ဒေသတွင်း စစ်အာဏရှင်တော်လှန်ရေးတက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

    (ယင်းမာပင်နဲ့ ပုလဲမြို့နယ်အစပ်က တိုက်ပွဲအတွင်း စစ်ကောင်စီတပ်တွေ ထိခိုက်မှုအခြေအနေ။ ဓာတ်ပုံ – KD)

  • တောင်ကြီးတွင် ဆိုင်ကယ်မောင်း အမျိုးသား ၁ ဦး အိမ်သာကျင်းအတွင်း ကျပြီး သေဆုံး

    တောင်ကြီးတွင် ဆိုင်ကယ်မောင်း အမျိုးသား ၁ ဦး အိမ်သာကျင်းအတွင်း ကျပြီး သေဆုံး

    ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ ဆိုင်ကယ်စီးလာတဲ့ အမျိုးသားတယောက် အိမ်သာကျင်းထဲ ကျပြီး သေဆုံးခဲ့တယ်လို့ မြို့ခံတွေက ဧပြီ ၂၆ ရက်မှာ ပြောပါတယ်။

    ဧပြီ ၂၄ ရက် ည ၈ နာရီဝန်းကျင်မှာ ညဈေးအဖြစ် ပြောင်းလဲဆောက်လုပ်နေတဲ့ နေရာရဲ့ ဈေးအိမ်သာအတွက် တူးနေတဲ့ ကျင်းထဲကို ဆိုင်ကယ်မောင်းနေတဲ့ အမျိုးသားတယောက် ညပိုင်း ဆိုင်ကယ်မောင်းရင်း ကျင်းထဲကျပြီး ခန္ဓာကိုယ်ကို သံချောင်းတွေဖောက်ဝင် သေဆုံးခဲ့တာလို့ သိရပါတယ်။

    မြို့ခံတယောက်က “မြေတွင်းထဲ လူကျပြီးသေတာ၊ ဗိုက်မှာ သံချောင်းနဲ့ ထိုးမိတာလား မသိဘူး၊ ဒဏ်ရာ ၆ ခုလောက်ရှိတယ်။ ညာဘက်ဦးခေါင်းက သွေးထွက်နေပြီး သတိမလည်လာဘူး။ service ကျင်း တူးထားပေမဲ့ ဘာအကာအရံမှမရှိဘူး၊ မကာထားဘူး။ အဲဒီနားက မှောင်နေတော့ ပြုတ်ကျသွားတာ ဖြစ်နိုင်တယ်” လို့ ပြောပါတယ်။

    သေဆုံးသူကို တွေ့ရှိတဲ့ အနီးအနားက လူတွေက အရေးပေါ် အသက်ကယ်နည်း ပြုလုပ်ပြီး စဝ်စံထွန်းဆေးရုံကို ပို့ပေးခဲ့ပေမဲ့ အသက်မမီဘူးလို့ ပြောပါတယ်။ သေဆုံးသူက အရပ်မြင့်မြင့် အသားညိုတယ်လို့ သိရပေမဲ့ ဘယ်သူဆိုတာကိုတော့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

    လူသေဆုံးမှုကို ဖျောက်ထားပြီး ဖြစ်စဥ်ဖြစ်ပြီး နောက်ရက်မှာတော့ ဆောက်လက်စ အိမ်သာကျင်းအနီး အစိမ်းစကာထားကာ စလပ်လောင်းဖို့အတွက် လုပ်နေကြတယ်လို့ သိရပါတယ်။

    နာရီစင်အနီးက ညဈေးနေရာကို မြို့မဈေး အနောက်မြောက်ထောင့်ကို ရွှေ့လိုက်တာကြောင့် ဈေးရောင်းကြတဲ့သူတွေအနေနဲ့ ဈေးရောင်းဖို့ ခက်ခဲတာ၊ မီးရေး ထင်းရေးအတွက် စိတ်မချရတာတွေ ရှိနေတယ်လို့ သိရပါတယ်။

    တောင်ကြီးမြို့ကို စစ်တပ်နဲ့ပတ်သက်တဲ့ ခရိုနီနဲ့ အုပ်ကြီးတွေက ပူးပေါင်းပြီး ညဈေး နေရာရွှေ့ပြောင်းတာ၊ ဘောလုံးကွင်းတိုက်တန်းက ဆိုင်ခန်းနဲ့ တိုက်ခန်းတွေကို ဖျက်ခိုင်းတာ၊ ဘုရားဖြူက ခြင်းခတ်ကွင်းကို ဖျက်ပြီး လူနေအိမ်ဆောက်တာတွေကို လုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

    Photo: ဒေသခံ

  • ဘုန်းဘုန်း ကျေးဇူးကြောင့် တနိုင်ငံလုံး ကျောက်ကပ် အခမဲ့ ဆေးနိုင်ပြီ

    ဘုန်းဘုန်း ကျေးဇူးကြောင့် တနိုင်ငံလုံး ကျောက်ကပ် အခမဲ့ ဆေးနိုင်ပြီ

    ကျောက်ကပ်ဆေးဖို့ အလှည့်စောင့်ရင်း အသက်မပေးလိုက်ရလေအောင် “မင်္ဂလာဒုံ၊ ပုလဲမြို့သစ်မှာ ကျောက်ကပ်အခမဲ့ဆေးပေးနေပြီ!

    “ကျောက်ကပ်ဝေဒနာရှင်တွေရဲ့ သောကကို ကိုယ်တိုင်ကြုံတွေ့ရမှ ပိုပြီးစာနာမိလာပါတယ်”
    ဘုန်းဘုန်းရဲ့ တပည့်စာချကိုယ်တော်လေး ကျောက်ကပ်ပျက်စီးသွားတဲ့အခါ ကျောက်ကပ်ဆေးဖို အလှည့်ရအောင် စောင့်ရတာ အရမ်းခက်ခဲခဲ့ပါတယ်။ နေပြည်တော်အထိ သွားရောက်ဆေးကုသခဲ့ရတဲ့ အခက်အခဲတွေကို ကိုယ်တိုင်ကြုံတွေ့လိုက်ရတဲ့အခါ ကျောက်ကပ်ဝေဒနာရှင်တွေရဲ့ သောကကို ပိုပြီး စာနာမိလာပါတယ်။

    ​ဒါကြောင့်လည်း ‘ကရုဏာပါလ ကျောက်ကပ်သွေးသန့်စင်စင်တာ’ ကို တည်ထောင်ဖြစ်ခဲ့တာပါ။ လောလောဆယ်မှာ ကျောက်ကပ်ဆေးစက် (၅) လုံးနဲ့ တစ်ရက်ကို လူနာ အယောက် (၃၀) အထိ ကူညီပေးနိုင်ဖို စီစဉ်ထားပါတယ်။

    ကျောက်ကပ်ဆေးခအတွက် တတ်နိုင်သူများက (၈) သောင်းကျပ် ပါဝင်လှူဒါန်းပေးကြပြီး၊ လုံးဝမတတ်နိုင်သူများအတွက်ကိုတော့ အခမဲ့ လက်ခံကုသပေးသွားမှာပါ။ ဘယ်လိုလူမျိုး၊ ဘယ်လိုဘာသာဝင်ပဲဖြစ်ဖြစ် ခွဲခြားမှုမရှိဘဲ အားလုံးကို လက်ခံကယ်တင်ပေးသွားပါမယ်။”လို့ ဦးခေမာသီရိ (ဘုန်းဘုန်းလှတော) က မိန့်ကြားပါတယ်။

    မိမိရဲ့ တပည့်စာချကိုယ်တော်လေး ကျောက်ကပ်ဝေဒနာ ခံစားရချိန်မှာ ကုသမှုရဖို့ ခက်ခဲခဲ့တဲ့ အတွေ့အကြုံတွေကနေတစ်ဆင့် အခုလို မွန်မြတ်တဲ့ ကျန်းမာရေးစင်တာတစ်ခု ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။

    ဒီစင်တာဟာ ဘယ်လိုလူမျိုး၊ ဘယ်လိုဘာသာဝင်ဖြစ်ပါစေ ခွဲခြားမှုမရှိဘဲ အားလုံးကို လက်ကမ်းကြိုဆို ကူညီပေးသွားမှာဖြစ်ပါတယ်။

    လောလောဆယ်မှာ ကျောက်ကပ်ဆေးစက် (၅) လုံးနဲ့ တစ်ရက်ကို လူနာ (၃၀) ဦးအထိ ကုသပေးနိုင်ဖို့ စီစဉ်ထားပြီးဖြစ်ပါတယ်။

    ✨ ကုသမှုနှင့် ပါဝင်လှူဒါန်းနိုင်မှု အစီအစဉ်
    အခမဲ့ကုသမှု: လုံးဝ (လုံးဝ) မတတ်နိုင်သူများအတွက် အခမဲ့ လက်ခံကုသပေးသွားပါမည်။

    ပါဝင်လှူဒါန်းမှု: ကျောက်ကပ်ဆေးခအတွက် တတ်နိုင်သူများအနေဖြင့် (၈) သောင်းကျပ် ပါဝင်လှူဒါန်းနိုင်ပါသည်။

    လက်ခံမှု: မည်သည့်ဘာသာဝင်၊ မည်သည့်လူမျိုးမဆို ခွဲခြားမှုမရှိဘဲ ကုသပေးမည်ဖြစ်ပါသည်။

    📍 ဆက်သွယ်ရန်နှင့် တည်နေရာလိပ်စာ (ထင်ရှားစွာဖော်ပြချက်)

    ကုသမှုခံယူလိုသူများ သို့မဟုတ် အလှူငွေပေးပို့လိုသူများအနေဖြင့် အောက်ပါလိပ်စာအတိုင်း သွားရောက်နိုင်ပါသည်။

    နေရာ: ကရုဏာပါလ ကျောက်ကပ်သွေးသန့်စင်ကုသစင်တာ

    တည်နေရာ: မြရွှေပင်သဒ္ဓမ္မသုခရိပ်သာ၊ ရွှေနံ့သာစံပြရပ်ကွက်၊

    အနီးနားအမှတ်အသား: နီလာမှတ်တိုင်၊ ပုလဲမြို့သစ်၊

    မြို့နယ်: မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်မြို့။