Author: Baby Yit Lone

  • တော်လှန်ရေးအဖွဲ့များ စုစည်းပြီး စစ်အင်အားကြီးထွားအောင် ဆက်လုပ်မည်ဟု KIO ဥက္ကဋ္ဌပြော

    တော်လှန်ရေးအဖွဲ့များ စုစည်းပြီး စစ်အင်အားကြီးထွားအောင် ဆက်လုပ်မည်ဟု KIO ဥက္ကဋ္ဌပြော

    ဘုံရန်သူတူ၊ စနစ်တူတဲ့ တော်လှန်ရေးအဖွဲ့တွေ အားလုံးနဲ့ အင်အားစုစည်းပြီး စုစည်းစစ်အင်အား အရှိန်အဟုန်ကြီး ဖြစ်ပေါ်လာအောင် ဆက်လက်လုပ်ဆောင်သွားမယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဥက္ကဋ္ဌက ၂၀၂၅ ခုနှစ် နှစ်သစ်ကူးမိန့်ခွန်းမှာ ပြောကြားလိုက်ပါတယ်။ ၂၀၂၅ ခုနှစ်အတွင်း စစ်ရေးအခြေအနေအရ ဒေသတချို့ကို အနိုင်ရ သိမ်းပိုက်နိုင်ခဲ့ပေမဲ့ စစ်ကောင်စီဘက်က အင်အားသုံး တန်ပြန်ထိုးစစ်တွေ ဆက်တိုက်လုပ်လာတာကြောင့် ခုခံကာကွယ်စစ်တွေကို အဓိက ဆင်နွှဲခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီတိုက်ပွဲတွေကြောင့် တော်လှန်ရေးရဲဘော်တွေ၊ မဟာမိတ်တပ်ဖွဲ့တွေ၊ ပြည်သူတွေဘက်ကလည်း ထိခိုက်သေဆုံးမှုနဲ့ အသက်ပေး စတေးမှုတွေ ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်က စစ်ရေးပစ်မှတ်မဟုတ်တဲ့ ပြည်သူ့နေအိမ်တွေ၊ ဆေးရုံတွေ၊ စာသင်ကျောင်းတွေကို လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေပြီး ဒေသခံပြည်သူတွေ အများအပြား သေဆုံးနေရတယ်လို့လည်း KIO ခေါင်းဆောင်က ပြောပါတယ်။ ဒါ့အပြင်…

  • ကမ္ဘာနှင့် ရင်ပေါင်တန်းနိုင်သည့် စစ်တပ်ဖြစ်ရန် ကြိုးစားနေဟု စစ်ခေါင်းဆောင် ပြော

    ကမ္ဘာနှင့် ရင်ပေါင်တန်းနိုင်သည့် စစ်တပ်ဖြစ်ရန် ကြိုးစားနေဟု စစ်ခေါင်းဆောင် ပြော

    တိုင်းစစ်ဌာနချုပ် အပါအဝင် တပ်ရင်း၊ တပ်ဖွဲ့တွေ အများကြီး သိမ်းဆည်းခံထားရပေမဲ့ စစ်ကောင်စီတပ်ကို ကမ္ဘာနဲ့ ရင်ပေါင်တန်းနိုင်တဲ့ စစ်တပ်ဖြစ်အောင် ကြိုးစားနေတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောပါတယ်။ ဇန်နဝါရီ ၄ ရက် မနေ့ နေ့လယ်က နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်မှာ ပြုလုပ်တဲ့ စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်တွေ ပေးအပ်ပွဲမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ စစ်ခေါင်းဆောင်က “ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်တွင် Balance of Power ဟုခေါ်သည့် အင်အားချိန်ခွင်လျှာ ပျက်ယွင်းခြင်း၊ ဗိုလ်ကျစိုးမိုးခြင်း၊ အင်အားပြိုင်ဆိုင်မှု ကိစ္စရပ်များနှင့် ရုပ်သေးအစိုးရဖြစ်စေရေး ကြိုးစားမှုများ များပြားလျက်ရှိသည်ကို တွေ့ရသဖြင့် သမားရိုးကျစစ်ပွဲများ ဆင်နွှဲနိုင်ရေးနှင့် ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်တွင် အသုံးချခံမဖြစ်စေရေးအတွက် မိမိတို့စစ်တပ်ကို တိုက်ရည်ခိုက်ရည် ပြည့်ဝပြီး ကမ္ဘာနဲ့ ရင်ပေါင်တန်းနိုင်သည့် Standard Army ဖြစ်အောင် တည်ဆောက်နေတယ်”…

  • ပဲခူး-ရခိုင်အစပ် AA နှင့်ဖြစ်ပွားသည့် တိုက်ပွဲအတွင်း ဗိုလ်မှူးတစ်ဦးအပါအဝင် စစ်သားဒါဇင်နဲ့ချီပြီးသေဆုံ

    ပဲခူး-ရခိုင်အစပ် AA နှင့်ဖြစ်ပွားသည့် တိုက်ပွဲအတွင်း ဗိုလ်မှူးတစ်ဦးအပါအဝင် စစ်သားဒါဇင်နဲ့ချီပြီးသေဆုံ

    ပဲခူးတိုင်း-ရခိုင်ပြည်အစပ် ပန်းတောင်း- တောင်ကုတ် ကားလမ်းပေါ်ရှိ လေလာတောင်နှင့် ၆၆၆ ပွိုင့်စခန်းကုန်းတိုက်ပွဲအတွင်းဗိုလ်မှူးတစ်ဦးအပါအဝင် စစ်သားဒါဇင်နှင့် ချီပြီးသေဆုံးသွားကာ အများအပြားကိုလည်း အာရက္ခတပ်တော်(AA) က ဖမ်းဆီးမိထားကြောင်း သတင်းရရှိသည်။ မြေပြင်ဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးက “သေတာကတော့ပုံနေတယ်။ အဲ့ဒီအထဲမှာ ဗိုလ်မှူးအဆင့်တစ်ဦးပါတယ်။ သူတို့ကအခုတပ်မ တံဆိပ်တွေကိုသိပ်မတပ်ဘူး။ ယူနီဖောင်းတွေမှာဘယ်တပ်ရင်းကလဲတော့အတိကျမပြောနိုင်ပေမယ့် ဗိုလ်မှူးပါတယ်ဆိုတာမှန်တယ်။ အနည်းဆုံးတော့စစ်သားက ၅၀ နဲ့ ၆၀ ဝန်းကျင်သေတယ်။ အလောင်းတွေကပြန့်ကြဲနေတယ်”ဟု ပြောသည်။ အဆိုပါ ဗိုလ်မှူးအပါအဝင် စစ်သားများသည် ဇန်နဝါရီ ၃ ရက်နှင့် ၄ ရက်နေ့အတွင်း AA ဦးဆောင်သည့် မဟာမိတ်တပ်များနှင့် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း သေဆုံးသွားခဲ့သူများဖြစ်ကြသည်ဟု ဆိုသည်။ ၎င်းအပြင်ထွက်ပြေးသွားသည့် အကြမ်းဖက်စစ်တပ်၏တပ်ဖွဲ့ဝင်အများအပြားကိုလည်းဖမ်းဆီးရမိထားကြောင်း သိရသည်။ “ဖမ်းမိတာတွေတော်တော်များနေပြီ။ ဒါပေမယ့်တပ်တော်က မထုတ်ပြန်သေးတော့ အတိကျပြောဖို့ခက်တယ်။ အခုစစ်ပွဲတွေမှာစစ်တပ်က ပြည်သူ့စစ်အင်အားလည်းတအားသုံးထားတယ်။ လူငယ် အသက်၂၀ကျော်ဝန်းကျင်တွေကများတယ်။…

  • ငွေပုံပေါ်မှာ စံရပေမယ့်

    ငွေပုံပေါ်မှာ စံရပေမယ့်

    [အပိုင်း (၁+၂+၃) စ/ဆုံး] 🏵️ အပိုင်း ( ၁ ) 🏵️ ဒေါ်ပိုးပန်းချီလို့ခေါ်တဲ့ ကျွန်မ အရွယ်တော် တဆိတ်ဟိုင်းလို့ လေးဆယ်ကျော်ထဲ ဝင်ခဲ့ပြီ။ မုဆိုးမတစ်ယောက်ဆိုတဲ့ ဂုဏ်ပုဒ်ရှိပေမယ့် အနေအစားကတော့ အထက်တန်းလွှာထဲမှာပဲ ရှိပါတယ်။ ယောက်ကျားရှာခဲ့တဲ့ စည်းစိမ်ဥစ္စာတွေ အများကြီး ကျန်ခဲ့ပေမယ့် တတ်သည့်ပညာ မနေသာ ဆိုသလို စိန်ကောင်း ကျောက်ကောင်းကိုင်တဲ့ ပညာတတ်တာမို့ စိန်ပွဲစားဆိုတဲ့ နာမဂုဏ်လေး ရထားပါသေးတယ်။ ဒီတော့လည်း အပေါင်းအသင်းတော့ ဆန့်ပြီးသားလေ။ သားသမီးရယ်လို့ မရခဲ့တော့လည်း တစ်ယောက်တည်းပေါ့။ တစ်ခုတော့ရှိတယ်။ အသက်လေးဆယ်ကျော်လာလို့ နည်းနည်းဝလာတာကလွဲရင် ကျန်တာတွေကတော့ လတ်ဆတ်သေးတာပေါ့လေ။ အားတဲ့အချိန် Gym ဆော့ကစားထားတဲ့အတွက် ယိုယွင်းမှု သိပ်မရှိသေးတာလည်းပါတယ်။ အပျင်းပြေလုပ်နေတဲ့ ပွဲစားဘဝမှာ ကြုံလာသူ မောင်လေးကြောင့် မမပိုးပန်းချီရဲ့ စိတ်တွေ…

  • ကိုလံဘီယာလည်း အမေရိကန်ရဲ့ စစ်ရေးအရ အရေးယူမှု ကြုံလာနိုင်တယ်လို့ ထရမ့်ဆို

    ကိုလံဘီယာလည်း အမေရိကန်ရဲ့ စစ်ရေးအရ အရေးယူမှု ကြုံလာနိုင်တယ်လို့ ထရမ့်ဆို

    ဗင်နီဇွဲလားလိုပဲ ကိုလံဘီယာဟာလည်း အမေရိကန်ရဲ့ စစ်ရေးအရ အရေးယူ တိုက်ခိုက်မှုကို ကြုံလာနိုင်ကြောင်း သမ္မတ ဒေါ်နယ်လ်ထရမ့်က ခြိမ်းခြောက် ပြောကြားလိုက်ပါတယ်။ ဇန်နဝါရီ ၃ ရက်နေ့မှာ အမေရိကန်က အထူးစစ်ဆင်ရေးတစ်ခု ဆင်နွှဲပြီး ကရာကက်စ် မြို့တော်ထဲမှာ ဗင်နီဇွဲလား သမ္မတ နစ်ကိုလက်စ် မာဒူရိုကို ဝင်ရောက်ဖမ်းဆီးခဲ့တဲ့ ကိစ္စက တစ်ကမ္ဘာလုံးကို အထိတ်တလန့် ဖြစ်သွားစေခဲ့ပါတယ်။ မာဒူရိုကို မူးယစ်ဆေးဝါး အကြမ်းဖက်မှုနဲ့ ဆက်စပ်တဲ့ စွပ်စွဲချက်တွေပေါ် အခြေခံပြီး ဖမ်းဆီးဖို့ထရမ့်က အမိန့်ပေးခဲ့တာ ဖြစ်ပါတယ်။ ဇန်နဝါရီ ၄ ရက်နေ့မှာတော့ ထရမ့်က ကိုလံဘီယာမှာလည်း အလားတူ အခြေအနေမျိုး ကြုံကောင်းကြုံနိုင်တယ် ဆိုတာမျိုး ကိုလံဘီယာ သမ္မတ ဂူစတာဗိုပက်ထရိုကိုရည်ရွယ်ပြီးသတိပေးသွားပါတယ်။ ကိုလံဘီယာရဲ့အနေအထားကလည်းအရမ်း စိတ်ပျက်စရာ ဖြစ်နေကြောင်း၊ ကိုလံဘီယာကို စိတ်ပျက်စရာ လူပုဂ္ဂိုလ်…