Author: Baby Yit Lone

  • မင်းအောင်လှိုင်လို ငကြောက်အတွက် ကြောက်ဒူးတုန်ဖို့လုံလောက်တဲ့အခြေအနေ

    မင်းအောင်လှိုင်လို ငကြောက်အတွက် ကြောက်ဒူးတုန်ဖို့လုံလောက်တဲ့အခြေအနေ

    မာဒူရိုကို ဝင်ဖမ်းသလို မင်းအောင်လှိုင်အဖမ်းခံရနိုင်လားလို့မေးရင် မဖြစ်နိုင်ဘူးလို့ဖြေရမယ်။ လုံးဝမဖြစ်နိုင်ဘူးလားဆိုတော့၊ လုံးဝမဖြစ်နိုင်ဘူးလို့တော့ပြောလို့မရဘူး။ မင်းအောင်လှိုင်တစ်ယောက်မာဒူရိုလိုဖြစ်ဖို့ဆိုတာ ဖြစ်နိုင်ခြေရာခိုင်နှုန်းနည်းပေမယ့် ၊လုံးဝမဖြစ်နိုင်ဘူးလို့ ယတိပြတ်ပြောလို့မရတဲ့အခြေအနေဖြစ်တယ်။ ဒီအခြေအနေဟာ မင်းအောင်လှိုင်လို ငကြောက်အတွက် ကြောက်ဒူးတုန်ဖို့လုံလောက်တဲ့အခြေအနေဖြစ်တယ်။ ပိုဆိုးတာက တရုတ်သမ္မတရှီကျင်းဖျင်ရဲ့အထူးကိုယ်စားလှယ်အဖွဲ့ရောက်ရှိနေချိန်မှာ မာဒူရိုကိုဖမ်းပြလိုက်တာပဲဖြစ်တယ်။ မာဒူရိုကိစ္စမှာ အမေရိကန်ပြည်ထောင်စုက သူလုပ်ချင်ရင်ဘာမဆို အသာလေးလုပ်လို့ရတယ်ဆိုတာကိုသက်သေပြသွားတယ်။ နောက်ပြီး အမေရိကန်ပြည်ထောင်စုက သူသာတကယ်လုပ်ချင်ရင် ရုရှား နှင့် တရုတ်ကို ဂရုစိုက်မှာမဟုတ်ဘူးဆိုတာ ပြသွားတယ်။ မြန်မာပြည်ရဲ့ မြေရှားသတ္တုတွေ၊ အခြားဒြပ်သတ္တုတွေကိုလိုချင်တာနဲ့ အမေရိကန်ပြည်သူတွေရဲ့ချွေးနဲစာ ​ဒေါ်ဘီလီယံပေါင်းများစွာကို ခိုးထားတဲ့ကောင်၊ ကျားဖြန့်တရားခံ ဆိုတဲ့ အကြောင်းပြချက်ပေးပြီး မင်းအောင်လှိုင်ကို ဝင်မဖမ်းဘူးလို့ ရာနှုန်းပြည့်ပြောလို့မရဘူးလို့မြင်တယ်။ ထရမ့်ကလုပ်ချင်ရင် ဇွတ်လုပ်တာဖြစ်တယ်။ ထရမ့်ကအမြှောက်ကြိုက်တယ်။ အခုသူ့ကို ဗင်နဲဇွဲလားပြည်သူတွေက ဝိုင်းထောက်ခံ၊ ကျေးဇူးတင်ကြတော့ ထရမ့်ကြီးက ဒီလိုလုပ်ရတာအရသာတွေ့သွားတယ်။ သူ့ကအဲ့လိုလုပ်ချင်တာဖြစ်တယ်။ မြန်မာပြည်အတွက် ကျားဖြန့်နှိမ်နင်းရေးတပ်ဖွဲ့လည်းဖွဲ့စည်းပြီးသား၊ ကွန်ဂရက်က ခွင့်ပြုပြီးသားဖြစ်တယ်။…

  • လွတ်လပ်ရေး တစ်ခဏအတွင်း လက်လွှတ်ဆုံးရှုံးရနိုင်တယ်လို့ စစ်ခေါင်းဆောင်ဆို

    လွတ်လပ်ရေး တစ်ခဏအတွင်း လက်လွှတ်ဆုံးရှုံးရနိုင်တယ်လို့ စစ်ခေါင်းဆောင်ဆို

    လွဲမှားတဲ့ အတွေးအခေါ် အယူအဆနဲ့ လုပ်ဆောင်ချက်တွေကြောင့် လွတ်လပ်ရေး တစ်ခဏအတွင်း လက်လွှတ်ဆုံးရှုံးရနိုင်တယ်လို့ စစ်ခေါင်းဆောင်ဆို လွဲမှားတဲ့ အတွေး အခေါ် အယူအဆနဲ့ လုပ်ဆောင်ချက်တွေကြောင့် တစ်ခဏအတွင်းမှာ လွတ်လပ်ရေး လက်လွှတ်ဆုံးရှုံးရနိုင်တယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆို လိုက်ပါတယ်။ ၂ဝ၂၆ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ ပေးပို့တဲ့ သဝဏ်လွှာမှာ အခုလိုမျိုး စစ်ခေါင်းဆောင်က ထုတ်ဖော်ပြဆိုသွားခဲ့တာဖြစ်ပါတယ်။ “ ကာလကြာရှည် စွာ ကြိုးစားရယူခဲ့ရတဲ့ လွတ်လပ်ရေးဟာ လွဲမှားတဲ့ အတွေး အခေါ် အယူအဆနဲ့ လုပ်ဆောင်ချက်တွေကြောင့် တစ်ခဏအတွင်း လက်လွှတ်ဆုံးရှုံးရနိုင်တာကို အခုအချိန်ကာလမျိုးမှာ သတိမူရမှာ ဖြစ်တယ်” လို့ သူက ဆိုပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်နဲ့ ဖိနှိပ်အုပ်ချုပ်နေတဲ့ အကျိုးဆက်ကြောင့်…

  • အကြမ်းဖက်မှုများရပ်တန့်ရန် မြန်မာစစ်တပ်ကို အမေရိကန်တိုက်တွန်း

    အကြမ်းဖက်မှုများရပ်တန့်ရန် မြန်မာစစ်တပ်ကို အမေရိကန်တိုက်တွန်း

    မြန်မာစစ်တပ်အနေဖြင့် အကြမ်းဖက်မှုများကိုရပ်တန့်ရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက တိုက်တွန်းလိုက်သည်။ ယနေ့ ဇန်နဝါရီလ ၄ ရက်တွင်ကျရောက်သော ၇၈ နှစ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ရန်ကုန်ရှိ အမေရိကန်သံရုံး၏ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောဆိုထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏အရေးသည် အင်ဒို-ပစိဖတ် ဒေသတွင်းလုံခြုံရေးနှင့်လည်း ဆက်နွှယ်နေသည့်အတွက် မြန်မာစစ်တပ်အနေဖြင့် အကြမ်းဖက်မှုများကို ရပ်တန့်ရန်လိုသည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ဆိုသည်။ ယင်းအပြင် လူသားချင်းစာနာထောက်ထားမှုအကူအညီများကို အတားအဆီးမရှိ ရရှိနိုင်စေရန်၊ မတရားဖမ်းဆီးထိန်းသိမ်းခံရထားရသူများကို လွှတ်ပေးရန်နှင့် ပဋိပက္ခကို ငြိမ်းချမ်းပြီး ရေရှည်အဆုံးသတ်နိုင်ရန်အတွက် တွေ့ဆုံဆွေးနွေးရန်လိုသည်ဟုလည်း ဆိုထားသည်။ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသည့် ပဋိပက္ခအပေါ် အမေရိကန်က အထူးစိုးရိမ်သည်ဟုလည်း မာကို ရူဘီယိုက ပြောထားသည်။ မြန်မာပြည်သူများ၏ ငြိမ်းချမ်းတရားမျှပြီး ပြည့်စုံသည့်အနာဂတ်တည်ဆောက်ရေးသန္နိဋ္ဌာန်ကိုလည်း အမေရိကန်အနေဖြင့် ဆက်လက်ကတိကဝတ်ပြုသည်ဟုလည်း ထည့်သွင်းဖော်ပြထားသည်။ ဓာတ်ပုံ –…

  • ၎င်းတို့ကိုယ်တိုင် ထောင်ချခဲ့ဖူးသည့် အနုပညာရှင်များကို မင်းအောင်လှိုင်က ဂုဏ်ထူးဆောင်ဘွဲ့ ပေး

    ၎င်းတို့ကိုယ်တိုင် ထောင်ချခဲ့ဖူးသည့် အနုပညာရှင်များကို မင်းအောင်လှိုင်က ဂုဏ်ထူးဆောင်ဘွဲ့ ပေး

    နေတိုး၊ ဖွေးဖွေး‌နှင့် ဝတ်မှုန်ရွှေရည်အပါအဝင် ရုပ်ရှင်သရုပ်ဆောင်များကို စစ်ခေါင်းဆောင်က ဂုဏ်ထူးဆောင်ဘွဲ့ပေး နေတိုး၊ ဖွေးဖွေးနှင့် ဝတ်မှုန်ရွှေရည်အပါအဝင်ရုပ်ရှင်သရုပ်ဆောင်များကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းလိုက်ကြောင်း စစ်ကော်မရှင်က ယနေ့ (ဇန်နဝါရီ ၄) ထုတ်ပြန်သည်။ “နိုင်ငံတော်အတွက် ထူးကဲစွာ အမှုထမ်းသူ၊ အကျိုးဆောင်သူများနှင့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်ခဲ့သည့် အောက်ဖော်ပြပါ ပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များကို ချီးမြှင့်အပ်နှင်းလိုက်သည်”ဟု ဆိုထားသည်။ ရုပ်ရှင် သရုပ်ဆောင်များအပြင် စစ်ကော်မရှင်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းလည်း ဂုဏ်ထူးဆောင်ဘွဲ့ရသည်။ ဗိုလ်ချုပ်ဇော်မင်းထွန်း၊ သရုပ်ဆောင်များဖြစ်သည့် ကြည်ကြည်ဌေး၊ ညွန့်ဝင်း၊ ဝါဝါဝင်းရွှေ၊ ခင်သန်းနု၊ ကျော်ဟိန်း၊ ချိုပြုံး၊ ဆွေဇင်ထိုက်၊ မို့မို့မြင်အောင်၊ ရန်အောင်၊ မေသန်းနု၊ နေတိုး၊ ပြေတီဦး၊ ဒါရိုက်တာများဖြစ်သည့် ဦးသုခ ၊ မောင်တင်ဦးတို့အပါအဝင်…

  • အာဏာရှင် ဖမ်းဆီးခံရမှုအပေါ် ဝမ်းသာအားရ အောင်ပွဲခံနေကြသည့် ဗင်နီဇွဲလားပြည်သူများ

    အာဏာရှင် ဖမ်းဆီးခံရမှုအပေါ် ဝမ်းသာအားရ အောင်ပွဲခံနေကြသည့် ဗင်နီဇွဲလားပြည်သူများ

    ဗင်နီဇွဲလားအာဏာရှင် နီကိုးလပ်စ် မာဒူရိုနှင့် ဇနီးဖြစ်သူ စီလီယာ ဖလောရက်စ်တို့ကို စနေနေ့ အစော ပိုင်းတွင် အမေရိကန်တပ်ဖွဲ့များက “အကြီးစား” ညဘက်စစ်ဆင်ရေးတခုအတွင်း ဖမ်းဆီးလိုက်သည်။ ဗင်နီဇွဲလားသမ္မတ မာဒူရို ဖမ်းဆီးခံရပြီး နိုင်ငံပြင်ပသို့ ခေါ်ဆောင်သွားခြင်းခံရကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၏ ကြေညာချက်ထွက်ပေါ်လာပြီးနောက်၊ ဖလော်ရီဒါတောင်ပိုင်းရှိ ဒိုရယ်မြို့ လမ်းမများပေါ်သို့ ဗင်နီဇွဲလားနိုင်ငံသားများ အလုံးအရင်းနှင့် ထွက်လာကြပြီး သမိုင်းဝင် အလှည့် အပြောင်းအတွက် ဝမ်းသာအားရ အောင်ပွဲခံခဲ့ကြသည်။ ဖလော်ရီဒါပြည်နယ်၊ မိုင်ယာမီမြို့၊ ဒိုရယ်အရပ်တွင်လည်း သမ္မတ ထရမ့်၏ ထုတ်ပြန်ချက်အပြီး ဗင်နီဇွဲလားအလံများ ကိုင်ဆောင်ကာ ဗင်နီဇွဲလားနိုင်ငံသားများက အောင်ပွဲခံခဲ့ကြသည်။ ထို့ပြင်ချီလီနိုင်ငံ၊ ဆန်တီယာဂိုမြို့ရှိ ဗင်နီဇွဲလားနိုင်ငံသားများကလည်း အောင်ပွဲခံခဲ့ကြသည်။ “ဒါက လွတ်လပ်ခွင့်ရဖို့ နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရတဲ့ အခွင့်အရေးကြီး တကယ်ပဲ ရောက်ရှိလာ တာပါ။…