Author: Baby Yit Lone
-

Monkey Twins
Monkey Twins (2016) ဒီဇာတ်ကားလေးက အက်ရှင်–ဒရာမာဇာတ်လမ်းတစ်ခု ဖြစ်ပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေ လွှမ်းမိုးချုပ်ကိုင်မှုတွေ ထိုင်းရာဇဝင် လက်ဝှေ့ကကွက်တွေ တရုတ်အော်ပရာတွေကို ပေါင်းစပ်ပြထားတဲ့ ဇာတ်လမ်းပါပဲ။ “နေး” ဆိုတဲ့ လူငယ်တိုက်ခိုက်ရေးသမားတစ်ယောက်ဟာ ဟာနုမာန် မျက်နှာဖုံးကို ဝတ်ဆင်ပြီး ဖျော်ဖြေနေတဲ့သူပါ။ သူရရှိထားတဲ့ အတတ်ပညာတွေကတော့ အဖိုး ကလ ထံမှ လက်ဆင့်ကမ်းလာတာဖြစ်ပြီး မိသားစုရဲ့ စားဝတ်နေရေးအတွက် ဟာနုမာန်မျက်နှာဖုံးပြဇာတ်နဲ့ မျောက်ဇာတ်လမ်းပြဇာတ် တွေကို လုပ်ခဲ့တာပါ။ တချိန်တည်းမှာပဲ သူ့ကို ရှင်းပစ်ချင်တဲ့ ” ဆိုလ်” ဆိုတဲ့ ရန်သူတစ်ယောက်ရဲ့ လက်စားချေလိုက်လံဖမ်းဆီးမှုကိုလည်း ရင်ဆိုင်ကြုံတွေ့နေရပါသေးတယ်။ “နေး” ချစ်ရတဲ့မိန်းကလေးအသတ်ခံရတာနဲ့ပတ်သက်ပြီး “ဆိုလ်” ကအခွင့်ကောင်းယူကာ ” နေး” ကို အပြစ်ပုံချပြီး စွပ်စွဲခဲ့လို့ အမှုရင်ဆိုင်နေရတာပါ။ တနေ့မှာ တိုက်ခိုက်မှုကျွမ်းကျင်တဲ့ “လင်းယဥ်” နဲ့…
-

Pod parou
Pod parou (2025) ပရိသတ်ကြီးရေ၊ ဒီတစ်ခါမှာတော့ ချက် နိုင်ငံက ထွက်ရှိထားတဲ့ Pod Parou (2025) ကို မိတ်ဆက်ပေးပါရစေ။ ဒီကားဟာ Thomas Vinterberg ရဲ့ အော်စကာဆုရ ဒိန်းမတ်ရုပ်ရှင်ကားဖြစ်တဲ့ Another Round (Chlast) ကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး၊ မူရင်းဇာတ်လမ်းကို အမျိုးသမီးများနဲ့ လဲလှယ် သရုပ်ဆောင်ထား ပြီး ခံစားမှုအသစ်တစ်ခုကို ပေးစွမ်းထားပါတယ်။ Pod Parou ဆိုတဲ့ ချက်စကားက အင်္ဂလိပ်လိုဆိုရင် “Under Steam” (ရေနွေးငွေ့အောက်) လို့ အဓိပ္ပာယ်ရပြီး၊ ချက်စကားအရ “အရက်မူးနေခြင်း” လို့ ဆိုလိုပါတယ်။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းက တောင်ပိုင်း မော်ရိုဗီးယား ဒေသက အထက်တန်းကျောင်းဆရာမလေး လေးယောက်အကြောင်း ဖြစ်ပါတယ်။ သူတို့အားလုံးဟာ အသက်၄၀…
-

I Really Love My Husband
I Really Love My Husband (2025) ပရိသတ်ကြီးရေ၊ ကြည့်နေကျ အချစ်ဇာတ်လမ်း တွေနဲ့မတူဘဲ၊ ခေတ်သစ် အိမ်ထောင်ရေးရဲ့ ရှုပ်ထွေးမှုနဲ့ စိတ်ပိုင်းဆိုင်ရာ ရုန်းကန်မှုတွေကို ထိထိမိမိ ချဉ်းကပ်တင်ပြထားတဲ့ I Really Love My Husband (2025) ကို မိတ်ဆက်ပေးပါရစေ။ ဒါရိုက်တာ G.G. Hawkins ရဲ့ ဒီပွဲဦးထွက် ဇာတ်ကားဟာ SXSW ရုပ်ရှင်ပွဲတော် မှာ ပြသခဲ့ပြီး ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးမှုကို ရရှိထားတာဖြစ်ပါတယ် ဇာတ်လမ်း အကျဉ်းချုပ် ဇာတ်လမ်းက လက်ထပ်ပြီး တစ်နှစ်ကြာမှ နောက်ကျမှ ဟန်းနီးမွန်း ခရီးထွက်လာတဲ့ စုံတွဲဖြစ်တဲ့ ထရေးဆာ နဲ့ သူမရဲ့ ‘ရွှေမင်းသားေလး’ လို ချစ်စရာကောင်းတဲ့ ခင်ပွန်း ဒရူး…
-

A Newport Christmas
A Newport Christmas (2025) ဇာတ်လမ်းထဲမှာ အယ်လာ ဆိုသူက နယူးပေါ့မြို့က သနားကြင်နာတတ်တဲ့ အမျိုးသမီးတစ်ဦး ဖြစ်ပြီး တခြားသူတွေကိုကူညီဖို့အတွက် အမြဲအလုပ်ရှုပ်နေသူတစ်ဦးဖြစ်ပါတယ်။ သူမအတွက် ခရစ္စမတ်ဆိုတာ အရင်ကတုန်းက မိသားစုနဲ့အတူအတူဖြတ်သန်းခဲ့တဲ့ အချိန်တွေကို မှတ်မိစေတဲ့ တန်ဖိုးရှိတဲ့ရာသီပါပဲ။ ၁၉၀၅ဒီနှစ် ခရစ္စမတ်မှာတော့ နယူးပေါ့ မြို့တစ်မြို့လုံးမှာ အလှဆင်ပြိုင်ပွဲတွေ၊ သီချင်းဆိုပြိုင်ပွဲတွေကိုလည်း ပြုလုပ်နေကြတယ်။ အယ်လာဟာ နယူးပေါ့မှာရှိတဲ့ ဆင်းရဲသားတွေကိုလှူဒါန်းဖို့ ပေးကမ်းခြင်းအဖွဲ့အစည်းကို စတင်ဖွဲ့စည်းလိုက်ပါတယ်။ သို့ပေမဲ့လည်း သူမ၏ဖခင်ကသဘောမတူတဲ့ အတွက်လှေတစ်စင်းနဲ့ ခဏတာ ရွက်လွင့်ဖို့ထွက်သွားချိန်မှာ ရုတ်တရက် ၂၀၂၅ ခုနှစ်ကိုရောက်ရှိသွားပါတော့တယ်။ တစ်ဖက်မှာတော့ နစ်က ၂၀၂၅ ခုနှစ်က သမိုင်းပညာရှင်ဖြစ်ပြီး သမိုင်းစာအုပ်ထဲက အယ်လာအကြောင်းတွေကိုလည်း သေချာသိထားပါတယ် ။ နစ်ကသူမကို အတိတ်ကိုပြန်သွားလို့ရအောင် နည်းလမ်းတွေရှာဖွေရင်း အချိန်ရဲ့ စမ်းသပ်မှုအောက်မှာ သူတို့နှစ်ယောက်ရဲ့…
-

The Virgin Spring
The Virgin Spring (1960) ဒီဇာတ်ကားဟာ ကမ္ဘာကျော် ဆွီဒင်ဒါရိုက်တာ Ingmar Bergman ရဲ့ အကောင်းဆုံး လက်ရာတွေထဲက တစ်ခုဖြစ်ပြီး၊ Best Foreign Language Film အော်စကာဆုကိုလည်း ရရှိခဲ့ပါတယ်။ ဇာတ်လမ်းက ၁၄ ရာစုနှစ်၊ ဆွီဒင်နိုင်ငံရဲ့ ကျေးလက်ဒေသတစ်ခုမှာ အခြေတည်ထားပါတယ်။ ဘာသာတရားကို အလွန်ကိုင်းရှိုင်းတဲ့ ခရစ်ယာန် မိသားစုတစ်စုရှိပြီး၊ သူတို့ရဲ့ တစ်ဦးတည်းသော သမီးပျိုလေး Karin ကို ဘုရားကျောင်းမှာ ဖယောင်းတိုင်သွားလှူဖို့ ခရီးလွှတ်လိုက်ပါတယ်။ Karin ဟာ လမ်းခရီးမှာ မမျှော်လင့်ထားတဲ့ သူစိမ်းတွေနဲ့ ဆုံတွေ့ပြီးနောက်ပိုင်း ကံကြမ္မာဆိုးနဲ့ ကြုံတွေ့ရပုံကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်တွေအပေါ်မှာ ဖခင်ဖြစ်သူရဲ့ တုံ့ပြန်မှုနဲ့ ခံစားချက်တွေကို ပြင်းပြင်းထန်ထန် မြင်တွေ့ရမယ့် ဇာတ်ကားပါ။ ဒီကားက…