Author: Baby Yit Lone

  • Altered

    Altered

    Altered (2025) ဒီဇာတ်ကားလေးကတော့ ဟယ်ရီပေါ်တာပရိသတ်တွေရဲ့ အချစ်တော် Draco Malfoy မင်းသား Tom Felton ရဲ့ အသစ်ထွက်ရှိထားတဲ့ Sci-fi Action အမျိုးအစား ရုပ်ရှင်လေးပဲဖြစ်ပါတယ်။ Tom Felton နဲ့ Elizaveta Bugulova တို့အဓိကပါဝင်သရုပ်ဆောင်ထားပြီးတော့ ဒါရိုက်တာ Timo Vuorensola ရိုက်ကူးထားပါတယ်။IMDb rating အနေနဲ့လည်း 6.1 လောက်ထိရရှိထားပါတယ်။ ကမ္ဘာကြီးဟာ နျူစစ်ပွဲကြောင့် ပျက်စီးလုနီးပါးဖြစ်သွားခဲ့ပြီးတဲ့နောက်မှာ အသက်ရှင်ကျန်ခဲ့တဲ့ လူသားတွေအနေနဲ့ ပြန်လည်တည်ဆောက်ခဲ့ရပါတယ်။ ထိုလူသားတွေပြန်လည်တည်ဆောက်ထားတဲ့ကမ္ဘာကြီးမှာတော့ မျိုးရိုးဗီဇဆိုင်ရာ မွမ်းမံမှုတွေပြုလုပ်လို့ရတဲ့ အဆင့်အတန်းမြင့် မျိုးရိုးဗီဇမြင့်(Genetics) တွေနဲ့ မပြုလုပ်နိုင်တဲ့ အပယ်ခံ ထူးခြားသူ(Specials) တွေဆိုပြီး ခွဲခြားထားပါတယ်။ လီယွန်နဲ့ ကလိုဝီတို့ကတော့ ထို ထူးခြားသူတွေထဲကဖြစ်ပြီးတော့ ထူးခြားသူတွေရဲ့ နယ်မြေမှာ နေထိုင်ပြီး စက်ပစ္စည်းများပြုပြင်ရင်း…

  • Love 911

    Love 911

    Love 911 (2012) ဒီတစ်ခေါက် ဘာသာပြန်တင်ဆက်ပေးလိုက်တာကတော့ အားလုံးရဲ့ အသည်းစွဲဖြစ်တဲ့ မင်းသားကြီး Go Soo နဲ့ မင်းသမီးချော Han Hyo Joo တို့ရဲ့ 2012 ခုနှစ်ထွက် rom-com ရုပ်ရှင်ကားကောင်းလေးပဲ ဖြစ်ပါတယ် ။ ဇာတ်လမ်းအကျဥ်းကတော့ .. ခပ်သွက်သွက် နှလုံးခွဲစိတ်ဆရာဝန်မလေးနဲ့ မီးသတ်သမားတစ်ယောက်ရဲ့ ရိုရိုချိုချိုကိုမှ ဒရာမာလေးနည်းနည်းရောထားတဲ့ အချစ်ဇာတ်လမ်းလေးပါ ။ ဂိုမီဆူ ( Han Hyojoo ) ဟာ သွက်သွက်လက်လက်ရှိတဲ့အပြင် တစ်ဇွတ်ထိုးလည်းနိုင်တဲ့ နှလုံးခွဲစိတ်ဆရာဝန်မလေးဖြစ်ပါတယ် ။ တစ်ရက်မှာတော့ သူ့ရဲ့ ဒီလို တစ်ဇွတ်ထိုးနိုင်တဲ့အကျင့်ကြောင့်ပဲ လူနာကို ရောဂါအမည်မှားတပ်မိပြီး တရားစွဲခံရတော့မယ့် အခြေအနေအထိ ဖြစ်လာခဲ့ပါတယ် ။ ဒါ့အပြင် လူနာရှင်ကလည်း သွေးပူပြီး လာသောင်းကျန်းတဲ့အချိန်မှာ…

  • Don’t Log Off

    Don’t Log Off

    Don’t Log Off (2025) ကိုဗစ်ကာလ lockdownတွေချပြီး လူတိုင်း stay home နေကြရတဲ့အချိန် ကေတီတို့သူငယ်ချင်းအုပ်စုထဲက ဆမ်ရဲ့မွေးနေ့ရောက်လာခဲ့ပါတယ်။ သူငယ်ချင်းတွေအပြင်ထွက်လည်မရတော့ group video call ပြောနေကြရင်းနဲ့ ဆမ်တစ်ယောက် ပစ္စည်းသွားယူရာကနေ ကင်မရာရှေ့ကိုလုံးဝပြန်ရောက်မလာတော့ပါဘူး.. စနောက်တယ်ပဲထင်ကြပေမဲ့ အချိန်အတော်ကြာတဲ့အထိ ဆမ်တစ်ယောက်ပြန်ရောက်မလာတော့တဲ့အခါ သူတို့တွေစတင်စိတ်ပူလာကြပါတော့တယ်။ သံသယတချို့နဲ့ ဆမ့်အိမ်ကို သူငယ်ချင်းတွေတစ်ယောက်ပြီးတစ်ယောက်လိုက်သွားရာကနေ လိုက်သွားတဲ့သူငယ်ချင်းတွေပါ ပျောက်ကုန်ကြပါတော့တယ်။ သူတို့ဘာဖြစ်သွားကြတာလဲ ? ဘယ်ရောက်သွားကြတာလဲ ? ဒါဟာ prank စနောက်မှုတစ်ခုသက်သက်လား? သူတို့တကယ်ပဲအန္တရာယ်ကျရောက်နေတာလား? ကျန်ခဲ့တဲ့ကေတီတို့အုပ်စု ဘယ်လိုအဖြေရှာကြမလဲ? ဆိုတာ ဇာတ်ကားတစ်လျှောက်လုံး ရင်တစ်ထိတ်ထိတ်နဲ့ ရှုစားသွားရမှာဖြစ်ပါတယ်နော်..

  • C Takımı 2

    C Takımı 2

    C Takimi 2 (2025) မွန်းကြပ်နေတဲ့အချိန်ကာလတစ်ခု ကြုံနေရလို့ ပေါ့ပေါ့ပါးပါး ဟာသရုပ်ရှင်တစ်ကားလောက် ကြည့်ချင်စိတ်ဖြစ်နေရင် ဒီတူရကီဟာသရုပ်ရှင်လေးကို မြည်းစမ်းကြည့်ပါ။ နှစ်ကားမြောက်ဆိုပေမဲ့ ဇာတ်လမ်းအချိတ်အဆက်ကို တစ်ခါတည်း ရှင်းပြသွားတာမို့ ဒီရုပ်ရှင်ချည်းသက်သက် ကြည့်ရှုနိုင်ပါတယ်။ ကိုးတန်းကတည်းက ခင်လာကြတဲ့ အသက်ငါးဆယ်ဝန်းကျင် သူငယ်ချင်းခြောက်ယောက်အုပ်စု။ အဖွဲ့ထဲက တစ်ဦးတည်းသော မိန်းကလေးကို ဂန်းစတားတစ်ကောင်နှောင့်ယှက်လို့ဆိုပြီး အုပ်စုဖွဲ့ပညာပေးမယ်အလုပ် သူတို့ပဲခံလိုက်ရပြီး ကျေးလက်ဒေသတစ်ခုမှာ သွားပုန်းနေကြရတယ်။ တစ်နေ့တော့ သူတို့မိသားစုလိုချစ်ခင်ရတဲ့ဖာသာ ဆုံးသွားပြီကြားလို့ သူတို့ပုန်းခိုနေတဲ့ဆီက သူဌေးဆိုးဆီကနေ လုယက်ပြီး ပြန်ပြေးလာခဲ့ကြပြန်တယ်။ ထစ်ကနဲရှိတရားမဝင်လုပ်ဖို့က အရင်စစဉ်းစားတတ်ကြတဲ့ ဒီသူငယ်ချင်းအုပ်စုရဲ့ အလွဲလွဲအချော်ချော်ဟာသတွေကို ခွီနေရမှာမို့ စိတ်လက်ပေါ့ပါးစွာနဲ့ ခံစားကြည့်ကြပါဦး။

  • လားရှိူးမြို့ပေါ်မှာ စစ်တပ်က သေနတ်ဆက်တိုက်ပစ်ခတ် (ရုပ်သံ)

    MNDAA နဲ့ဆက်ဆံရေးတင်းမာနေချိန် လားရှိူးမြို့ပေါ်မှာ စစ်တပ်က သေနတ်ဆက်တိုက်ပစ်ခတ် MNDAA နဲ့ အာဏာသိမ်းစစ်တပ်ဆက်ဆံရေတင်းမာနေစဉ် ယမန်​နေ့ည ၁၁နာရီခန့်က လားရှိုးမြို့မှာ သေနတ်ပစ်ခတ်သံတွေ ဆက်တိုက်ထွက်ပေါ်လာတာကြောင့် ဒေသခံတွေ ထိတ်လန့်ခဲ့ကြပါတယ်။ သေနတ်သံတွေဟာ တစ်ဖက်တည်းကပစ်တဲ့အသံမျိုးဖြစ်ပြီးနိုဝင်ဘာလ၂၄ရက်ညမှာ၅မိနစ်​လောက်အထိ ကြာခဲ့တယ်လို့ မြို့ခံတဦးကပြောပါတယ်။ “စစ်တပ်ကမသင်္ကာတာတွေ့လို့ပစ်တာဆိုပြီး ကြားတာပဲ။ ရပ်ကွက်(၁)ဘက်ကနေ ပစ်တာ။ ကြားတာတော့ အသံတော်‌တော်ကျယ်တယ်”လို့ ရပ်ကွက် (၇)မှာ နေထိုင်သူတစ်ဦးကပြောပါတယ်။ လားရှိုးမြိို့ပြင်မှာတပ်စွဲထားတဲ့ MNDAAတပ်တွေဆုတ်ပေးဖို့ စစ်ကောင်စီရဲ့ အမှတ်(၅)စစ်ဆင်ရေးအထူးအဖွဲ့မှုး ဒုဗိုလ်ချုပ်ကြီး ကိုကိုဦး ကိုယ်တိုင် နိုဝင်ဘာလ ၁၁ ရက် နေ့က လားရှိုးမြို့အထိလာရောက်တောင်းဆိုပေမယ့် ငြင်းပယ်ခံရပြီး ဆွေးနွေးမှုပျက်ခဲ့ပါတယ်။ အဲ့‌ဒီနောက်ပိုင်း စစ်ကောင်စီက ကင်းထောက် လေယာဉ်တချို့ပျံသလို MNDAA ကလည်း အင်အားတိုးချထားတယ်လို့ မြေပြင်သတင်းမြစ်တွေကပြောပါတယ်။ လားရှိုးမြို့ကနေ မန္တလေးမြို့ဘက်ကိုတည်တဲ့ ပြည်ထောင်စုလမ်းမပေါ်မှာရှိတဲ့ နောင်မွန်နဲ့ တန့်ယန်း၊မိုင်းရယ်…