Author: Baby Yit Lone

  • Rose’s Last Session

    Rose’s Last Session

    Rose’s Last Session (2024) ဇာတ်လမ်းအကြောင်းအရာကတော့ ရိုစ့်လို့ ခေါ်တဲ့ ကောလိပ်ကျောင်းသူလေးက စိတ်ထိခိုက်စရာအဖြစ်အပျက်ကြုံခဲ့ရပြီး စိတ်ဒဏ်ရာရနေလို့ စိတ်ရောဂါကုဆရာဝန်နဲ့ပြသနေရပါတယ် ။ အဲ့တာ တစ်နေ့တော့ စိတ်ရောဂါကုဆရာဝန်မှာ ပြရင်းနဲ့ မုန်တိုင်းကအရမ်းတိုက်နေတော့ အိမ်ပြန်မရပဲ ဆရာဝန်ရဲ့ အိမ်မှာပဲ အိပ်လိုက်ရပါတယ် ။ အဲ့လိုနဲ့ ဆရာဝန် နဲ့သူ့မိန်းမဟာ ရိုစ့်ထင်ထားသလိုမျိုး ဟုတ်မနေပဲ ထူးထူးဆန်းဆန်းခံစားလာရပါတယ် ရိုစ့်တစ်ယောက် ဘယ်လိုမျိုးတွေ့ကြုံရမလဲပေါ့ ။

  • I’m Haunted 3

    I’m Haunted 3

    I’m Haunted 3 (2024) ဒီရုပ်ရှင်ကားဟာ Horror/Mystery အမျိုးအစား ရုပ်ရှင်ဖြစ်ပြီး အဓိကဇာတ်ဆောင် Willow ဆိုတဲ့ အမျိုးသမီးရဲ့ ကင်မရာကနေ တစ်ဆင့်ရိုက်ကူးထားတဲ့ ရုပ်သံမှတ်တမ်းတွေပဲ ဖြစ်ပါတယ်။ ရှေ့မှာ ထွက်ထားပြီးတဲ့ I’m Haunted 2 နဲ့ 3 ထဲက Genesis Bradyနဲ့ Bailey Dawson တို့ရဲ့ ဗီဒီယိုတွေကို ကြည့်ပြီး Willow ဆိုတဲ့ အမျိုးသမီးဟာ သူ့ကိုယ်ပိုင် ရုပ်ရှင် I’m Haunted 3 ကိုဆက်လက် ရိုက်ကူးခဲ့ပါတယ်။ ယခု ရုပ်ရှင်ကားထဲမှာ Genesid Brady နဲ့ Bailey Dawson တို့ရဲ့ ထူးဆန်းတဲ့ ပျောက်ဆုံးမှုတွေ၊ သူတို့အနီးအနားက လူတွေရဲ့ သေဆုံးမှုတွေကို Willow…

  • Indera

    Indera

    Indera (2025) Indera ဟာ မလေး၊အင်ဒို Horror/Thriller ကားတွေထဲမှာ ရှားရှားပါးပါးပုံစံဖြစ်တဲ့ Jump scare တွေ၊ အသံတွေကိုအားမကိုးပဲ The Wailing တို့လိုမျိုး တစ်စိမ့်စိမ့်တွေးကြောက်ရမယ့်ပုံစံမျိုးနဲ့ဇာတ်လမ်းကိုအငြိမ်သွားထားပါတယ်။ အဲ့ဒီအချိန်ကာလတုန်းက နောက်ကွယ်မှာဖြစ်ပေါ်နေတဲ့ အဓိကရုဏ်းတစ်ခု၊ ဇာတ်ကောင်တွေရဲ့စိတ်ဒဏ်ရာတွေ၊ နိမိတ်ပုံတွေနဲ့ဆက်စပ်တွေးယူပြီးခေါင်းစားချင်တဲ့ ပရိသတ်တွေအကြိုက်တွေ့ကြမယ့်ဇာတ်ကားမျိုးဖြစ်ပါတယ်။ ဒါရိုက်တာကတော့ Cannes, Berlin နဲ့ Venice တို့လိုထိပ်သီးရုပ်ရှင်ပွဲတော်သုံးခုလုံးမှာ ရုပ်ရှင်ရွေးချယ်ခံရတဲ့ပထမဆုံးမလေးရှားဒါရိုက်တာလည်းဖြစ် Malaysian New Wave ကိုဦးဆောင်သူတွေထဲက တစ်ဦးလည်းဖြစ်တဲ့ Ming Jin Woo ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဂျိုးဟာ စကားမပြောနိုင်ရှာတဲ့ ဆိုဖီယာအမည်ရှိသမီးတစ်ယောက်နဲ့ရပ်တည်နေတဲ့ မုဆိုးဖိုတစ်ယောက်ဖြစ်ပြီး သူ့ချစ်ဇနီးကို မီးတွင်းထဲမှာဆုံးရှုံးခဲ့ရပါတယ်။ အဲ့ဒီကာလမှာဖြစ်ပျက်နေခဲ့တဲ့ နောက်ခံအခြေအနေတွေအရ လုပ်စားရကျပ်တည်းနေသလို ငှားနေတဲ့အိမ်ပေါ်ကလည်းဆင်းပေးလိုက်ရတဲ့နောက်မှာတော့ အိမ်ရှင်အဘိုးကြီးရဲ့လမ်းညွှန်မှုနဲ့ ဝေးလံခေါင်ဖျားတဲ့နေရာတစ်ခုက အမျိုးသမီးကြီးတစ်ယောက်ရဲ့အိမ်မှာ နေစားငြိမ်းအလုပ်လုပ်ဖို့ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီအဘွားကြီးဟာ ရွာအစွန်ခြံကျယ်ကြီးတစ်ခုထဲမှာ…

  • ဗန်း​မောက်မြို့ထဲ ပြန်ဝင်နိုင်ဖို့ကြိုးစားတဲ့ စစ်တပ်နဲ့ SNA ​သေဆုံး

    ဗန်း​မောက်မြို့ထဲ ပြန်ဝင်နိုင်ဖို့ကြိုးစားတဲ့ စစ်တပ်နဲ့ SNA ​သေဆုံး

    ဗန်း​မောက်မြို့ထဲ ပြန်ဝင်နိုင်ဖို့ကြိုးစားတဲ့ စစ်တပ်နဲ့ SNA ​သေဆုံး၊ ထိခိုက်သူများလို့ပြန်ဆုတ် စစ်ကိုင်းတိုင်း၊ဗန်းမောက်မြို့ထဲကို ဝင်ဖို့ကြိုးစားနေတဲ့ စစ်တပ်နဲ့ ရှမ်းနီတပ် SNA တပ်တွေကို ​တော်လှန်​ရေးတပ်​တွေကခုခံတိုက်ခိုက်​နေတာ​ကြောင့် စစ်အုပ်စုဘက်မှာသေဆုံး ထိခိုက်မှုများနေတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်အချို့က ပြောပါတယ်။ နေ့စဥ်နီးပါး လေကြောင်းပစ်ကူနဲ့ မြို့ထဲကို ပြန်ဝင်ရောက်နိုင် ဖို့ကြိုးစားနေပေမယ့် သေဆုံးသူတွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေကို သယ်ပြီး စစ်အုပ်စုက ပြန်ဆုတ်နေရတယ်လို့ ဆိုပါတယ်။ “နာရီပိုင်းလောက်နဲ့ ၁၀ ယောက်လောက်သေတာ”လို့ ရှေ့တန်းရဲဘော်တစ်ဦးက ဗန်းမောက်တိုက်ပွဲ လက်ရှိအခြေအနေကို ရှင်းပြပါတယ်။ နိုဝင်ဘာ ၁၇ ရက်က ဗန်းမောက် မြို့အနီးက နတလ (နယ်စပ်ဒေသနဲ့ တိုင်းရင်းသားလူမျိုးများ ဖွံဖြိုးတိုးတတ်ရေး သင်တန်းကျောင်း)ကုန်းကို စစ်အုပ်စုက ပြန်ရပြီး မြို့ထဲကိုဝင်နိုင်ဖို့ကြိုးစားနေတာ ဖြစ်ပါတယ်။ “နတလကုန်းကို ခံစစ်အသေအချာပြင်ထားတယ်။မြို့ထဲကပ်တယ်။ကပ်မရတော့နတလဘက်ပြန်ဆုတ်တယ်”လို့ဗန်းမောက်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ နိုဝင်ဘာလ အတွင်း ဗန်းမောက်တိုက်ပွဲတွေမှာ…

  • ကျိန်းသေနီးပါး ထီပေါက်စေသော နိမိတ်

    ကျိန်းသေနီးပါး ထီပေါက်စေသော နိမိတ်

    ဒီလိုပါခင်ဗျာ … လမ်းသွားရင်းလာရင်း အမှတ်တမဲ့ ကြက်နှစ်ကောင်ခွပ်နေတာ တွေ့ပြီဆိုတာနဲ့ နောက်လှည့်မကြည့်နဲ့တော့ ထီဆိုင်ဘယ်မှာရှိလဲ … ချက်ချင်း ရှာပြီးတော့သာထိုးပေတော့ … ချက်ချင်းနော် …။ လူတိုင်းလူတိုင်း ဒီနိမိတ်တွေ့ရင် ထီပေါက် ကိန်း ရာနှုန်းပြည့်နီးပါး ရှိနေပါတယ်။ ထီဆုကြီး ဆုသေးကတော့ အတိတ်ဘဝက ပြုခဲ့တဲ့ ကုသိုလ်ကံ ပါရမီအဟုန် နည်းခြင်း များခြင်းနဲ့ပဲ ဆိုင်ပါလိမ့်မယ်။ ဒီနည်းကို အဘမင်းသိင်္ခ ရွှေဗဟိုဆေးရုံမှာ ဆေးကုသမှုခံယူနေစဉ် အနီးအနားမှာရှိတဲ့ကျွန်တော် တို့ သန္ဓေတပည့်များကို ပြောပြပေးခဲ့တာပါ။ အဲဒီအချိန်မှာ အနားမှာရှိတဲ့ နေလင်းဆန်း ဆိုတဲ့ သန္ဓေရဲဘော်လေးတစ်ယောက်ဟာ အဘအတွက် ဆန်ပြုတ်ဆင်းဝယ်ရင်း ကြက်ခွပ်တာကိုတွေ့လို့ ချက်ချင်းပြေးပြီး ထီဆိုင်တစ်ဆိုင်မှာ ထီထိုးခဲ့ရာ ကျပ် ၁၀ သိန်း ဆုပေါက်ခဲဖူးတာကို မျက်မြင်ကိုယ်တွေ့ တွေ့ရှိခဲ့ရပါကြောင်း …။…