Author: Baby Yit Lone

  • ကလေးသူငယ်ကို ပြန်ပေးဆွဲပြီး အသုံးချနေ

    ကလေးသူငယ်ကို ပြန်ပေးဆွဲပြီး အသုံးချနေ

    ဒဂုံဆိပ်ကမ်းမြို့နယ်၊ ကျီစုအနီး လယ်ကွင်းထဲက တဲလေးမှာ သမီးလေးနဲ့အတူ မိုးရေထဲ ဒုက္ခရောက်နေပါတယ်ဆိုပြီး သနားစဖွယ် ပြောဆိုကာ တောင့်ခံစားနေတဲ့ သန်းတိုးအောင်ဆိုသူရဲ့ ဖြစ်စဉ်ဟာ အမှန်တော့ ကလေးသူငယ်ကို ပြန်ပေးဆွဲပြီး အသုံးချနေတာဖြစ်ကြောင်း ပေါ်ပေါက်သွားခဲ့ပါတယ်။ ​ဖြစ်စဉ်အကျဉ်း ခြေထောက်မသန်သူ သန်းတိုးအောင်ဟာ ကလေးငယ်တစ်ဦးကို သမီးအဖြစ် ဟန်ဆောင်ကာ မိုးရေထဲမှာ တောင်းရမ်းစားသောက်နေခဲ့တာပါ။ ဒါကိုတွေ့တဲ့ စေတနာရှင်တစ်ဦးက သနားစိတ်နဲ့ TikTok ပေါ် ဗီဒီယိုတင်ပြီး အလှူငွေကောက်ခံပေးခဲ့ပါတယ်။ ​မနေ့က (ဇူလိုင် ၁၈ ရက်) မနက်မှာတော့ အမျိုးသမီးတစ်ဦးက လာရောက်လှူဒါန်းရာကနေ ဇာတ်လမ်းအမှန် ပေါ်ပေါက်ခဲ့ပါတယ်။ အဆိုပါ အမျိုးသမီးက တောင်းရမ်းခံနေရတဲ့ ကလေးငယ်ဟာ သူမရဲ့ သမီးအရင်းဖြစ်ကြောင်း ဓာတ်ပုံအထောက်အထားတွေနဲ့တကွ ပြောဆိုခဲ့ပြီး ပတ်ဝန်းကျင်ကပါ သက်သေခံပေးခဲ့ကြပါတယ်။ သန်းတိုးအောင်ဟာ ကလေးကို ခိုးယူပြီး အလှူခံစားနေတာဖြစ်ကြောင်း…

  • လင်မယားချင်း စကားများရာမှ ဇနီးဖြစ်သူကို ဓားဖြင့်ထိုး၊ ငရုတ်ကျည်ပွေ့ဖြင့်ထု၍ သတ်ဖြတ်မှုဖြစ်ပွား

    လင်မယားချင်း စကားများရာမှ ဇနီးဖြစ်သူကို ဓားဖြင့်ထိုး၊ ငရုတ်ကျည်ပွေ့ဖြင့်ထု၍ သတ်ဖြတ်မှုဖြစ်ပွား

    ပဲခူးတိုင်း၊ ပဲခူးမြို့၊ ဥဿာမြို့သစ် (၈) ရပ်ကွက်၊ တက္ကသိုလ်ဘုရားလမ်းတွင် ဇူလိုင်လ (၁၇) ရက် ညနေပိုင်းက လင်မယားချင်း စကားများရန်ဖြစ်ရာမှ အမျိုးသားဖြစ်သူက ဓားဖြင့်ထိုး၊ ငရုတ်ကျည်ပွေ့ဖြင့်ထုရိုက်သဖြင့် အမျိုးသမီးဖြစ်သူ သေဆုံးသွားခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ​ဖြစ်စဉ်မှာ ဇူလိုင် (၁၇) ရက် ညနေ (၅) နာရီခန့်တွင် အသက် (၄၆) နှစ်အရွယ် ဒေါ်နွဲ့နွဲ့စန်းနှင့် အမျိုးသားဖြစ်သူ အသက် (၄၃) နှစ်အရွယ် ဦးဇော်မင်းတို့သည် နေအိမ်၌ ရှိနေစဉ် စကားများ ရန်ဖြစ်ခဲ့ကြခြင်း ဖြစ်သည်။ ​”လင်မယားချင်းစကားများရင်းနဲ့ ယောက်ျားဘက်က လက်လွန်တာလို့သိရတယ်။ သားသမီးတွေအပြောအရ လင်မယားချင်းက မကြာခဏစကားများတာရှိတယ်။ အဖေလုပ်သူကလည်း အသောက်အစားရှိတယ်။ သိရသလောက်က စကားများတော့ ယောက်ျားက မိန်းမကို ခေါင်းကိုအရင်ထုတယ်။…

  • သက်တော် (၁၄) နှစ်နဲ့ တစ်နိုင်ငံလုံး အငယ်ဆုံး ဝိနယဝိဒူ ဘွဲ့ရသွားတဲ့ အရှင်မြတ်ပညာဗလ

    သက်တော် (၁၄) နှစ်နဲ့ တစ်နိုင်ငံလုံး အငယ်ဆုံး ဝိနယဝိဒူ ဘွဲ့ရသွားတဲ့ အရှင်မြတ်ပညာဗလ

    သက်တော် (၁၄) နှစ်နဲ့ တစ်နိုင်ငံလုံး အငယ်ဆုံး ဝိနယဝိဒူ ဘွဲ့ရသွားတဲ့ အရှင်မြတ်ပညာဗလတဲ့ သာသနာတော်အတွက် တကယ့်ကို ဂုဏ်ယူ ကြည်နူးစရာကောင်းလွန်းတဲ့ သမိုင်းဝင် မှတ်တိုင်သစ်တစ်ခု ပေါ်ထွန်းလာခဲ့ပြီ ဖြစ်ပါတယ်။ လူတွေ စာသင်ပြနေတဲ့ အချိန် သက်တော် (၁၄) နှစ် အရွယ်လေးနဲ့ ခက်ခဲနက်နဲလှတဲ့ ဝိနည်း (၅) ကျမ်းကို အောင်မြင်စွာ ဖြေဆိုပြီး မြန်မာတစ်နိုင်ငံလုံးရဲ့ အသက်အငယ်ဆုံး “ဝိနယဝိဒူ” ဘွဲ့ရှင်အဖြစ် မှတ်တမ်းဝင်သွားတဲ့ အရှင်မြတ်ပညာဗလရဲ့ သတင်းကို ဝမ်းမြောက်ဖွယ် မျှဝေပေးလိုက်ပါတယ်။ 🙏 တစ်နိုင်ငံလုံး အငယ်ဆုံး “ဝိနယဝိဒူ” ဘွဲ့ရှင် ယခုနှစ် ၂၀၂၆ ခုနှစ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ (၃၂) ကြိမ်မြောက် နိကာယ်စာမေးပွဲကြီးမှာ… ရန်ကုန်တိုင်းဒေသကြီး၊ ထောက်ကြံ့-မှော်ဘီမြို့နယ်၊ ဖားအောက်တောရ စာသင်တိုက်ကနေ ဝင်ရောက်ဖြေဆိုခဲ့တဲ့…

  • နတခ ဝင်သိမ်းလို့ရနေပြီ

    နတခ ဝင်သိမ်းလို့ရနေပြီ

    ဧရာဝတီတိုင်း နတခတွင် နှောက်ချန်တပ်အင်အား မရှိသလောက် နည်းပါးလာသဖြင့် ပြည်သူ့စစ်များနှင့် ရဲတပ်ဖွဲ့ဝင်များကိုပါ ရှေ့တန်းသို့ အတင်းအကျပ်စေလွှတ်နေရ ဧရာဝတီတိုင်း၊ ပုသိမ်မြို့အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) နယ်မြေအတွင်းရှိ တပ်ရင်းတပ်ဖွဲ့များမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အခြားတိုင်းနှင့် ပြည်နယ်များရှိ စစ်မျက်နှာများသို့ တပ်ကူအဖြစ် စေလွှတ်နေရသည့်အပြင် ဧရာဝတီစစ်မျက်နှာပြင်တွင်လည်း အကျအဆုံးများပြီး နောက်တန်းပြန်လည်ရောက်ရှိလာသူ နည်းပါးသဖြင့် လက်ရှိတွင် နောက်ချန်တပ်အင်အား မရှိသလောက် နည်းပါးနေကြောင်း တပ်တွင်းသတင်းပေးထံမှ သိရသည်။ စစ်ကောင်စီသည် ဧရာဝတီတိုင်းအတွင်း စစ်မှုထမ်းတစ်ပတ်စဉ်လျှင် တပ်သားသစ်အင်အား (၉၀၀) ဝန်းကျင် ရရှိစေရန်အတွက် ညဘက်များတွင် လိုက်လံဖမ်းဆီးခြင်းနှင့် ပေါ်တာဆွဲခြင်းနည်းလမ်းများဖြင့် အတင်းအကျပ် စုဆောင်းနေပြီး၊ ဖမ်းဆီးရမိသည့် လူငယ်များကို အခြားတိုင်းများသို့ စစ်မှုထမ်းတပ်သားသစ်အဖြစ် လွှဲပြောင်းပေးရာတွင် တရားမဝင် လူမှောင်ခိုရောင်းချမှုများပါ ရှိနေကြောင်း သိရသည်။ ထိုသို့ နည်းလမ်းမျိုးစုံဖြင့် တပ်သားသစ်အင်အား…

  • YBS ကြီး တိုက်ချက်ကြမ်းပြီ…

    YBS ကြီး တိုက်ချက်ကြမ်းပြီ…

    YBS ကြီး တိုက်ချက်ကြမ်းပြီ… လူ (၁၄) ယောက်တောင်… နေ့စဉ်နဲ့အမျှ အများပြည်သူ သယ်ယူပို့ဆောင်ရေး ယာဉ်တွေကို အားကိုးပြီး ခရီးသွားလာနေကြရတဲ့ ပြည်သူတွေ အထူးသတိပြု ဆင်ခြင်နိုင်ဖို့အတွက် ရုတ်တရက် ဘရိတ်ပေါက်ရာကနေ ယာဉ် (၉) စီးကို အဆက်မပြတ် ဝင်တိုက်မိခဲ့တဲ့ ရင်ထိတ်ဖွယ် YBS ယာဉ်မတော်တဆမှု သတင်းကို တင်ဆက်ပေးလိုက်ပါတယ်။ 🚌 ရုတ်တရက် ဘရိတ်ပေါက်သွားတဲ့ YBS-၁၂၉ ဖြစ်စဉ်ကတော့ (ဇူလိုင် ၁၂ ရက်) နံနက်ပိုင်းက ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့ အနောက်ပိုင်းရပ်ကွက်၊ မင်းကျောင်းလမ်းမကြီးပေါ်က ၉၉၉ မီးပွိုင့်အကျော်မှာ ဖြစ်ပွားခဲ့တာပါ။ ရန်ကုန်မြို့ဘက်ကနေ ကျောက်တန်းမြို့ဘက်ကို မောင်းနှင်လာတဲ့ “YBS-၁၂၉” ခရီးသည်တင် ယာဉ်ကြီးဟာ ရုတ်တရက် ဘရိတ်ပေါက်သွားခဲ့ပါတယ်။ 💥 ယာဉ် (၉) စီးကို…