Author: Baby Yit Lone
-

မန္တလေးမှာ မီလျံနာရွှေဆိုင်ဓားပြ တိုက်ခံရ ရွှေတပိဿာဝန်းကျင်ပါသွား (ရုပ်သံ)
မန္တလေးမှာ မီလျံနာရွှေဆိုင်ဓားမြတိုက်ခံရ ရွှေတပိဿာဝန်းကျင်ပါသွား မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၁၁၀ လမ်း ၆၂ လမ်းနဲ့ ၆၄ လမ်းကြားမှာရှိတဲ့ မီလျံနာရွှေဆိုင်မှာ ဒီကနေ့ ညနေ ၃ နာရီဝန်းကျင်က ဓားပြတိုက်ခံရလို့ ရွှေတပိဿာဝန်းကျင်ပါသွားတယ်လို့ သိရပါတယ်။ ” ဖြစ်စဥ်က ဓားပြတိုက်တဲ့သူ သုံးဦးက ဆိုင်ထဲကိုဝင်လာပြီး ကောင်တာမှန်တွေခွဲပြီး ရွှေတွေယူသွားတာပါ အထဲကို လူသုံးယောက်ဝင်လာတာ ဆိုင်ကယ်က သုံးစီး၊ အပြင်မှာလည်းစောင့်နေကြတာ ရှိသေးတယ်၊ ရွှေဆိုင်က ဝန်ထမ်းတယောက် ခေါင်းပေါက်သွားတယ်” လို့ မီလျံနာရွှေဆိုင်က ဝန်ထမ်းတဦးကပြောပါတယ်။ ဖြစ်စဥ်မှန်ကန်ပြီး CCTV မှတ်တမ်းတွေ စစ်ဆေးနေကာ တရားခံဖမ်းမိဖို့ ပိတ်ဆို့ရှာဖွေရေးတွေလုပ်နေတယ်လို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်က မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း ၃၀၊…
-

သနားလို့ ကူညီပေးမိရာကနေ…
“သနားလို့ ကူညီပေးမိရာကနေ… အခုတော့ ကိုယ့်မိသားစုပါ အသက်အန္တရာယ် စိုးရိမ်နေရတဲ့ အန်တီ (ဖမ်းမိထားတဲ့ ကလေးခေါ်သွားသူကြီး ထွက်ပြေးလွတ်မြောက်သွားလို့ ဒေါသထွက်စရာ ဖြစ်စဉ်ကြီးကို အမြန်ဆုံး ဝိုင်းရှယ်ပေးကြပါဦး)” အခုရက်ပိုင်း လူမှုကွန်ရက်မှာ အတော်လေး ဂယက်ရိုက်သွားတဲ့ ဒဂုံဆိပ်ကမ်းက ကလေးငယ်လေးကို ဟန်ဆောင်ခေါ်ယူပြီး တောင်းစားခဲ့တဲ့ ဖြစ်စဉ်ကြီးကို အားလုံး မှတ်မိကြဦးမယ် ထင်ပါတယ်။ အခုတော့ ဖမ်းဆီးမိထားတဲ့ အဆိုပါ အမျိုးသားဟာ ထွက်ပြေးလွတ်မြောက်သွားတဲ့အတွက် ကူညီပေးခဲ့တဲ့သူတွေပါ အသက်အန္တရာယ် စိုးရိမ်နေရတဲ့ အခြေအနေဆိုးကြီးကို အများပြည်သူ သိရှိနိုင်အောင် အရေးပေါ် မျှဝေပေးလိုက်ပါတယ်။ 😭 သနားမိရာကနေ စတင်ခဲ့တဲ့ အလွဲကြီး “ကျွန်တော်နဲ့ သမီးလေး စားစရာမရှိလို့ ဒုက္ခရောက်နေပါတယ်။ ပရဟိတတွေ လာကူညီပေးကြပါ” ဆိုပြီး ဒဂုံဆိပ်ကမ်း၊ ကျီစု လယ်ကွင်းထဲမှာ တဲလေးနဲ့ ဟန်ဆောင်တောင်းစားနေသူကတော့…
-

မြန်မာလုပ်သားလေးရဲ့ မိသားစုရှေ့မှာ ကိုယ်တိုင် ခါးညွှတ်ဦးချ တောင်းပန်ခဲ့တဲ့ ကိုရီးယား သူဌေးကြီး
လုပ်ငန်းခွင်မတော်တဆမှုကြောင့် ကွယ်လွန်ခဲ့ရတဲ့ မြန်မာလုပ်သားလေးရဲ့ မိသားစုရှေ့မှာ ကိုယ်တိုင် ခါးညွှတ်ဦးချ တောင်းပန်ခဲ့တဲ့ ကိုရီးယား သူဌေးကြီး နိုင်ငံတကာမှာ သွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေအတွက် တကယ့်ကို ရင်နင့်စရာကောင်းပေမယ့်… တစ်ဖက်မှာလည်း နိုင်ငံတကာ ကုမ္ပဏီကြီးတစ်ခုရဲ့ ကြီးမားလှတဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုကို မျက်ဝါးထင်ထင် မြင်တွေ့ရမယ့် သတင်းတစ်ပုဒ်ကို မျှဝေပေးလိုက်ပါတယ်။ 😭 မြန်မာအလုပ်သမားလေးရဲ့ ရင်ကွဲစရာ ဖြစ်စဉ် တောင်ကိုရီးယားနိုင်ငံ၊ အာဆန်မြို့က KTX ရထားလမ်းသစ် တည်ဆောက်ရေး လုပ်ငန်းခွင်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ (၁) ရက်နေ့က မြန်မာအလုပ်သမား ကိုအောင်မင်းဦး ဟာ လုပ်ငန်းခွင်မတော်တဆမှု ကြောင့် ကံမကောင်းစွာနဲ့ပဲ အသက်ဆုံးရှုံးသွားခဲ့ရပါတယ်။ သူဟာ အဓိက ဆောက်လုပ်ရေးကုမ္ပဏီကြီးဖြစ်တဲ့ SK ecoplant ရဲ့ မိတ်ဖက်ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့ ရွှေ့ပြောင်းလုပ်သား တစ်ဦး…
-

ကလေးသူငယ်ကို ပြန်ပေးဆွဲပြီး အသုံးချနေ
ဒဂုံဆိပ်ကမ်းမြို့နယ်၊ ကျီစုအနီး လယ်ကွင်းထဲက တဲလေးမှာ သမီးလေးနဲ့အတူ မိုးရေထဲ ဒုက္ခရောက်နေပါတယ်ဆိုပြီး သနားစဖွယ် ပြောဆိုကာ တောင့်ခံစားနေတဲ့ သန်းတိုးအောင်ဆိုသူရဲ့ ဖြစ်စဉ်ဟာ အမှန်တော့ ကလေးသူငယ်ကို ပြန်ပေးဆွဲပြီး အသုံးချနေတာဖြစ်ကြောင်း ပေါ်ပေါက်သွားခဲ့ပါတယ်။ ဖြစ်စဉ်အကျဉ်း ခြေထောက်မသန်သူ သန်းတိုးအောင်ဟာ ကလေးငယ်တစ်ဦးကို သမီးအဖြစ် ဟန်ဆောင်ကာ မိုးရေထဲမှာ တောင်းရမ်းစားသောက်နေခဲ့တာပါ။ ဒါကိုတွေ့တဲ့ စေတနာရှင်တစ်ဦးက သနားစိတ်နဲ့ TikTok ပေါ် ဗီဒီယိုတင်ပြီး အလှူငွေကောက်ခံပေးခဲ့ပါတယ်။ မနေ့က (ဇူလိုင် ၁၈ ရက်) မနက်မှာတော့ အမျိုးသမီးတစ်ဦးက လာရောက်လှူဒါန်းရာကနေ ဇာတ်လမ်းအမှန် ပေါ်ပေါက်ခဲ့ပါတယ်။ အဆိုပါ အမျိုးသမီးက တောင်းရမ်းခံနေရတဲ့ ကလေးငယ်ဟာ သူမရဲ့ သမီးအရင်းဖြစ်ကြောင်း ဓာတ်ပုံအထောက်အထားတွေနဲ့တကွ ပြောဆိုခဲ့ပြီး ပတ်ဝန်းကျင်ကပါ သက်သေခံပေးခဲ့ကြပါတယ်။ သန်းတိုးအောင်ဟာ ကလေးကို ခိုးယူပြီး အလှူခံစားနေတာဖြစ်ကြောင်း…
-

လင်မယားချင်း စကားများရာမှ ဇနီးဖြစ်သူကို ဓားဖြင့်ထိုး၊ ငရုတ်ကျည်ပွေ့ဖြင့်ထု၍ သတ်ဖြတ်မှုဖြစ်ပွား
ပဲခူးတိုင်း၊ ပဲခူးမြို့၊ ဥဿာမြို့သစ် (၈) ရပ်ကွက်၊ တက္ကသိုလ်ဘုရားလမ်းတွင် ဇူလိုင်လ (၁၇) ရက် ညနေပိုင်းက လင်မယားချင်း စကားများရန်ဖြစ်ရာမှ အမျိုးသားဖြစ်သူက ဓားဖြင့်ထိုး၊ ငရုတ်ကျည်ပွေ့ဖြင့်ထုရိုက်သဖြင့် အမျိုးသမီးဖြစ်သူ သေဆုံးသွားခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ဖြစ်စဉ်မှာ ဇူလိုင် (၁၇) ရက် ညနေ (၅) နာရီခန့်တွင် အသက် (၄၆) နှစ်အရွယ် ဒေါ်နွဲ့နွဲ့စန်းနှင့် အမျိုးသားဖြစ်သူ အသက် (၄၃) နှစ်အရွယ် ဦးဇော်မင်းတို့သည် နေအိမ်၌ ရှိနေစဉ် စကားများ ရန်ဖြစ်ခဲ့ကြခြင်း ဖြစ်သည်။ ”လင်မယားချင်းစကားများရင်းနဲ့ ယောက်ျားဘက်က လက်လွန်တာလို့သိရတယ်။ သားသမီးတွေအပြောအရ လင်မယားချင်းက မကြာခဏစကားများတာရှိတယ်။ အဖေလုပ်သူကလည်း အသောက်အစားရှိတယ်။ သိရသလောက်က စကားများတော့ ယောက်ျားက မိန်းမကို ခေါင်းကိုအရင်ထုတယ်။…