Author: Baby Yit Lone

  • 100 Nights of Hero (2025)

    100 Nights of Hero (2025)

    100 Nights of Hero (2025) ဒီဇာတ်ကားဟာ “One Thousand and One Nights” (အာရေဗျပုံပြင်များ) ကို ဖဲမီးနစ်အမြင်နဲ့ ပြန်လည်ဆန်းသစ်ထားတဲ့ စိတ်ကူးယဉ် ဒရမ်မာဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ Nosferatu မင်းသမီး အမ်မာကိုရင် ပါဝင်ထားပါတယ်။ ဇာတ်လမ်းကတော့ Birdman ဆိုတဲ့ ဖန်ဆင်းရှင်ကို ကိုးကွယ်ကြတဲ့ ကမ္ဘာတစ်ခုမှာ တည်ရှိနေပါတယ်။ ဒီကမ္ဘာမှာ အမျိုးသမီးတွေဟာ စာဖတ်ခွင့်၊ စာရေးခွင့် တားမြစ်ခံထားရပြီး လွတ်လပ်ခွင့်တွေ ပိတ်ပင်ခံထားရပါတယ်။ ဇာတ်လမ်းရဲ့ အဓိက ဇာတ်ကောင်ဖြစ်တဲ့ အိမ်ဖော်လေး ဟီးရိုး နဲ့ ချယ်ရီတို့ဟာ ချယ်ရီ့ရဲ့ခင်ပွန်း ပြန်မလာခင် ရက်ပေါင်း (၁၀၀) အတွင်းမှာ မန်းဖရက်ဆိုတဲ့လူက အလောင်းအစားနဲ့ ဖောက်ပြန်အောင် မြူစွယ်ဖို့ ကြိုးစားမဲ့ ရန်ကနေ ကာကွယ်ဖို့…

  • Leak 2 (Jimat Dadong)

    Leak 2 (Jimat Dadong)

    Leak 2 (Jimat Dadong) (2025) Leak(လီယက်ခ်) ဆိုတာဟာဘာလီကျွန်းသူကျွန်းသားတို့ယုံကြည်တဲ့ အောက်လမ်းအတတ်တစ်မျိုးဖြစ်ပြီး မူလအစက မိမိကိုယ်ကိုကာကွယ်ဖို့အတွက်သာ အသုံးပြုခဲ့ကြပေမယ့် နောက်ပိုင်းမှာတော့မသမာသူတွေလက်ထဲမှာကိုယ်ကျိုးအတွက်ပါအသုံးပြုလာကြတဲ့အတွက် ကြောက်စရာပညာရပ်တစ်မျိုးဖြစ်လာခဲ့ပါတယ်။ ဒီဇာတ်ကားမှာတော့ ဂျကာတာမြို့အခြေစိုက် ပူထရာနဲ့ဆန်ဒရာတို့ဇနီးမောင်နှံဟာ အိမ်ထောင်သက်ငါးနှစ်တိုင်ကလေးမရသေးတဲ့အတွက် ဆရာဝန်ရဲ့လမ်းညွှန်ချက်နဲ့အညီ ဘာလီကျွန်းမှာ အပန်းဖြေအိမ်တစ်လုံးဝယ်ပြီး အေးအေးဆေးဆေးနေဖို့ပြောင်းလာခဲ့ကြပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီအပန်းဖြေအိမ်ကိုစရောက်ကတည်းက ထူးခြားတဲ့ အရိပ်အယောင်အငွေ့အသက်တွေကို ဆန်ဒရာနဲ့တစ်ကွအနားမှာနေထိုင်သူတွေပါ ခံစားသိရှိလာရပြီး ခြောက်လှန့်မှုတွေပါပါဝင်လာတဲ့နောက် အဲ့ဒီဖြစ်ရပ်တွေကိုရဲ့အဖြေကိုရှာဖွေရင်း လီယက်ခ် ဒဏ္ဍာရီနဲ့စပ်ဆိုင်ရာအကြောင်းတွေ ဆန်ဒရာနဲ့ဘယ်လိုပတ်သက်ဆက်နွယ်လာမလဲဆိုတာတွေပါ တစ်ဖြည်းဖြည်းရုပ်လုံးပေါ်လာခဲ့ပါတော့တယ်။ လူသိများတဲ့ နေရာတစ်ခုက လူအများလက်ခံထားတဲ့ ယုံကြည်သက်ဝင်ရာဒဏ္ဍာရီတွေအပေါ်ဇာတ်လမ်းဆင်ထားတာဖြစ်တဲ့အတွက် စင်္ကာပူနဲ့အင်ဒိုနီးရှားတို့ရဲ့ Netflix top 10 စာရင်းထဲဝင်နေတဲ့ ဘတ်ဂျက်နိမ့်ဟော်ရာဇာတ်ကားတစ်ကားဖြစ်ပါတယ်။

  • Up in the Air

    Up in the Air

    Up in the Air (2009) ဒီဇာတ်ကားလေးကတော့ Walter Kirn ရဲ့ ဝတ္ထုကို အခြေခံပြီး ရိုက်ကူးထားကာ ဘဝအမော၊ ဟာသနဲ့ ဒရာမာ ဇာတ်လမ်းမျိုးကြိုက်သူတွေအတွက် Comedy, Drama, Romance ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။ ဒီကားကိုတော့ နာမည်ကျော် ဒါရိုက်တာ Jason Reitman က ရိုက်ကူးထားပြီး ဟောလိဝုဒ်မင်းသားကြီး George Clooney၊ မင်းသမီး Vera Farmiga နဲ့ Anna Kendrick တို့က အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်။ ရိုမန်တစ်ဇာတ်ကားဆိုပေမယ့် သာမန်အချစ်ဇာတ်လမ်းတွေနဲ့မတူဘဲ လူ့ဘဝရဲ့ အထီးကျန်မှု၊ အလုပ်ခွင်သဘောသဘာဝနဲ့ လူမှုဆက်ဆံရေးတွေကို ထိမိအောင် ရိုက်ပြထားတာမလို့ ဒရာမာကားကောင်း ကြိုက်တဲ့သူတွေ ကြည့်သင့်တဲ့ ကားကောင်းဖြစ်ပြီး ပရိတ်သတ်အကြိုက်ဇာတ်သိမ်းကို ခန့်မှန်းလို့မရနိုင်တဲ့ ဇာတ်ကားတွေထဲကတစ်ကားမို့…

  • Star Trek

    Star Trek

    Star Trek (2009) နှစ်ပေါင်းများစွာတိုင်အောင် ပရိသတ်တွေကို စွဲဆောင်ခဲ့တဲ့ “Star Trek” စီးရီးရဲ့ မူလ ဇာတ်လမ်းကို အသစ်တစ်ဖန် အသက်သွင်းလိုက်တဲ့ ဒီ ၂၀၀၉ ခုနှစ် ရုပ်ရှင်ဟာ သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်လောကမှာ မှတ်တိုင်တစ်ခု ဖြစ်ခဲ့ပါတယ်။ အနာဂတ်ရဲ့ အကြီးကျယ်ဆုံး သူရဲကောင်း နှစ်ဦးဖြစ်တဲ့ ဂျိမ်းစ် တီ. ကာ့ခ် နဲ့ စပေ့ါခ် တို့ရဲ့ ငယ်ဘဝနဲ့ စတင်တွေ့ဆုံမှုတွေကို ပိုင်နိုင်စွာ ပုံဖော်ထားတာဟာ ဒီဇာတ်ကားရဲ့ အနှစ်သာရပါပဲ။ ဂျိမ်းစ် တီ. ကာ့ခ်ဟာ စည်းကမ်းမလိုက်နာတတ်တဲ့ ရဲစွမ်းသတ္တိရှိသူ လူငယ်တစ်ဦးဖြစ်ပြီး၊ စပေ့ါခ်ကတော့ စိတ်ခံစားမှုတွေကို ထိန်းချုပ်ကာ အမြဲတမ်း ဆင်ခြင်တုံတရားနဲ့ ဆုံးဖြတ်တတ်တဲ့ ဗာလ်ကန် လူမျိုးတစ်ပိုင်း၊ လူသားတစ်ပိုင်း သိပ္ပံပညာရှင်တစ်ဦး ဖြစ်ပါတယ်။ ဒီလို…

  • Andhra King Taluka

    Andhra King Taluka

    Andhra King Taluka (2025) “အန်ဒရာကင်း” ဒီတစ်ခါမှာတော့ တေလဂူး ဟာသ/ဒရာမာ ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအကျဉ်းကို ပြောရရင်တော့ တစ်ချိန်က နာမည်ကျော်ခဲ့တဲ့ အန်ဒရာကင်း (ဝါ) ဆူရီယာခေါ်တဲ့ မင်းသားတစ်လက်ရှိရာမှာ အကျချိန်ရောက်လာ‌တော့ ရိုက်သမျှကားတိုင်း ဝင်ငွေရှုံးနေပါတော့တယ် ဒီလိုနဲ့ သူ့ရဲ့ ဇာတ်ကား ၁၀၀ မြောက် ရုပ်ရှင်ကားကို ရိုက်ကူးရေးလုပ်နေတုန်းမှာ ဘဏ္ဍာရေးပြဿနာကြောင့် ရပ်ဆိုင်းလိုက်ရပါတယ် ဒါပေမဲ့ အံ့ဩစရာကောင်းလောက်အောင် သူ့ရဲ့ဘဏ်အကောင့်ထဲ ရူပီးသိန်းသုံးရာဝင်လာတဲ့အခါမှာတော့ မင်းသားဆူရီယာတစ်ယောက် သူ့ကိုဘယ်ပရိသတ်က ဒီလိုငွေကြေးမျိုးပေးတာလဲဆိုတာ အဖြေရှာဖို့ ကြိုးစားရင်း ဘာတွေဆက်ဖြစ်မလဲ ရသစုံလင်တဲ့ ဒီဇာတ်ကားလေးထဲမှာ ခံစားကြည့်ရှုအားပေးကြပါဦး…..