Author: Baby Yit Lone

  • The Lost Tiger

    The Lost Tiger

    The Lost Tiger (2025) တီယို ဆိုတဲ့ ဒဏ္ဍာရီလာ ကျားမျိုးနွယ်ဝင် ကျားပေါက်လေးဟာ လမ်းဘေးမှာ စွန့်ပစ်ခြင်းခံခဲ့ရပါတယ်။ တီယိုလေး ကို ရိုမေးနီးယားနပန်းဖျော်ဖြေရေးမိသားစု က ရှာတွေ့ပြီး ကောက်ယူမွေးစားလိုက်တဲ့အခါမှာ တီယို လေးလည်း နပန်းဖျော်ဖြေရေးအဖွဲ့ဝင်တစ်ယောက်ဖြစ်လာပါတော့တယ်။ သားပိုက်ကောင်မိသားစုက နွေးထွေးပေမဲ့ တီယိုလေးကတော့ အမြဲတမ်း ကွဲပြားနေတဲ့ လူထူးဆန်းတစ်ယောက်လို ခံစားခဲ့ရပါတယ်။ တစ်နေ့မှာတော့ မိသားစုလိုက် ပြတိုက်ကို အလည်သွားရင်း ပြတိုက်သန့်ရှင်းရေးသမားတစ်ယောက်နဲ့ ဆုံမိရင်း တီယို ရဲ့ မိသားစု အစစ်အမှန်ရှိရာ ဒဏ္ဍာရီလာ ပျောက်ဆုံးနေသောကျွန်း အကြောင်း တစ်စွန်းတစ်စ သိလာခဲ့ရပါတယ်။ သား ကို ဆုံးရှုံးရမှာ ကြောက်တဲ့ တီယို ရဲ့ မွေးစားမိခင်က တီယို့ကို ပြတိုက်ကနေ ဆွဲခေါ်လာခဲ့ပေမဲ့ တီယို ရဲ့ စိတ်မှာတော့…

  • Troll

    Troll

    Troll (2022) နော်ဝေး စိတ်ကူးယဉ် ရုပ်ရှင်ကောင်းတစ်ခုလာပါပြီ။ အမေရိကန်မှာကင်းကောင် ဂျပန်မှာ ဂေါ်ဇီလာဆိုသလို နော်ဝေးပုံပြင်တွေမှာလည်း ဘီလူးကြီးတွေဟာ မပါမဖြစ်ပါ။ နော်ဝေးမှာ ခရစ်ယာန်သာသနာ စတင်ပြန့်ပွားစဉ်က ဘီလူးတွေနဲ့ လူတွေတိုက်ပွဲဖြစ်ခဲ့ပြီး ဘီလူးတွေမျိုးတုံးသွားတဲ့ ပုံပြင်တွေရှိခဲ့ပါတယ်။ အဲဒီဘီလူးတွေဟာ ခရစ်ယာန်တွေကိုမုန်းတယ်၊ ဘုရားကျောင်းတွေကို ကျောက်တုံးကြီးတွေနဲ့ထုတယ်၊ နေရောင်နဲ့တွေ့ရင် ကျောက်ဖြစ်ပြီး သေသွားတယ်ဆိုတဲ့ အချက်တွေ ရှိခဲ့ပါတယ်။ ဒါတွေအားလုံးဟာ နော်ဝေးဒဏ္ဍာရီတွေကနေ စတင်ခဲ့တာပါ။ နော်ဝေးတွေဟာ ဒဏ္ဍာရီအပိုင်းမှာတော့ အတော်ခိုင်လုံတဲ့ ဇာတ်ကောင်တွေနဲ့ဇာတ်အိမ်တွေရှိခဲ့တာအမှန်ပါပဲ။ စိတ်ကူးယဉ် စာပေလောကမှာ နတ်ဘုရားတစ်ပါးလိုဖြစ်တဲ့ The Lord of the Rings ရဲ့ စာရေးဆရာကြီး ဂျေအာအာတိုကင်းန်တောင် ဘီလူးတွေကို နော်ဝေးကနေ အခြေခံခဲ့တာပါ။ အခုဒီရုပ်ရှင်မှာတော့ လက်ရှိခေတ်မှာ တောင်တွေထဲမှာ ရထားလမ်းဖောက်ဖို့ ဥမင်တူးရင်းနဲ့ ဘီလူးကြီးတစ်ကောင် နိုးထလာတဲ့…

  • The Wedding Rule

    The Wedding Rule

    The Wedding Rule (2023) The Wedding Rule ဇာတ်ကားကတော့ anyone but you လိုဟာသအချစ်ဇာတ်လမ်းလေးကြည့်ချင်တဲ့သူတွေအတွက် နောက်ထပ်ကြည့်ရမယ့် Rom-Com ဇာတ်ကားလေးဖြစ်ပြီး ဟင်းတွေကိတ်အမျိုးစားတွေတော်တော်များများတွေ့ရမှာမလို့ အစားသောက်ချစ်သူတွေလဲကြည့်သင့်တဲ့ကားလေးပါ။ ဇာတ်လမ်းအကျဥ်း မက်စ်နဲ့ ဂျန်မာတို့ဟာ ဟင်းလျာချက်ပြုတ်ရတာကိုစိတ်အားထက်သန်တဲ့သူတွေဖြစ်ကြပြီး ငယ်ငယ်ကတည်းက သူတို့ကိုဟင်းချက်နည်းတွေသင်ပေးတဲ့အဘွားရိုဆာရဲ့ ဆိုင်မှာအလုပ်လုပ်တူတူလုပ်ကြပြီး နှစ်ယောက်လုံးကတစ်ယောက်အပေါ်တစ်ယောက် ခံစားချက်ရှိပေမယ့် မက်စ်မှာ ဂျိုလီဆိုတဲ့ရည်းစားရှိတာကြောင့် သူငယ်ချင်းအဆင့်ကနေ မတက်ဘဲ မက်စ်က ကောလိပ်တက်ဖို့ နယူးယောက်ခ်ကိုပြောင်းသွားတော့ သူတို့ကအဆက်သွယ်ပြတ်သွားကြပါတယ်။ အဘွားရိုဆာ ကွယ်လွန်ပြီးနောက် သူရဲ့သေတမ်းစာမှာ သူတို့နှစ်ယောက်ထဲတစ်ယောက်က အိမ်ထောင်ရှိတဲ့လူကဆိုင်ကိုအမွေရမှာဖြစ်ပြီး မရှိရင်တော့ ၃ပတ်အတွင်း လက်ထပ်နိုင်မယ့်လူရှာရမှာဖြစ်ပါတယ်။ မရှာနိုင်ရင်တော့ဆန်တိုလ်ဆိုတဲ့ရိုဆာရဲ့တူကို ပေးအပ်ရမှာဖြစ်ပါတယ်။ ဆန်တိုလ်ကဆိုင်ကိုဖျက်ကာ စီးပွားရေးလုပ်ချင်တာကြောင့် ရိုဆာရဲ့ ဆိုင်ကို တန်ဖိုးထားတဲ့မက်စ်နဲ့ဂျန်မာတို့ဟာ လူများစွာနဲ့ဒိတ်လုပ်ပေမယ့် တစ်ယောက်အပေါ်တစ်ယောက်ခံစားချက်ရှိတာမို့ အဆင်မပြေဖြစ်ပြီး အဲ့ဒီခံစားချက်တွေ ဘယ်လိုပေါ်ထွက်လာမလဲဆိုတာကတော့ သူတို့ရဲ့…

  • All About My Mother

    All About My Mother

    All About My Mother (1999) လူတိုင်းရဲ့ ဘဝမှာ မိခင်ဆိုတာ မရှမဖြစ်ဖြစ်သလို မိခင်တွေအတွက် သားသမီးဆိုတာကရော? မန်ဝယ်လာဟာ သားဖြစ်သူ အက်စ်တဲဘန်ကို တစ်ယောက်တည်း ပြုစုပျိုးထောင်လာခဲ့သူပါ။ သူ့ရဲ့ ခင်ပွန်းဖြစ်သူနဲ့ အတိတ်ကို သားဆီကနေ ဖုံးကွယ်ထားပြီး တစ်ယောက်တည်း ရသမျှအလုပ်ကို လုပ်ပြီး ရှာ‌ဖွေကျွေးမွေးလာခဲ့တာပါ။ ဒီလိုနဲ့ သားဖြစ်တဲ့ အက်စ်တဲဘန်က အရွယ်ရောက်လာတဲ့အခါ စာရေးဆရာဖြစ်ချင်ပြီး သားအမိနှစ်ယောက်လုံးက ပြဇာတ်တွေကို ခုန်မင်ကြပါတယ်။ ဒီလိုနဲ့ အက်စ်တဲဘန်ရဲ့ ၁၇ နှစ်ပြည့်မွေးနေ့မှာ ပြဇာတ်ကြည့်ရင်း ပြဇာတ်မင်းသမီးရဲ့ လက်မှတ်တောင်းဖို့ အက်စ်တဲဘန်တစ်ယောက် ပြေးလိုက်ရင်း ကားတိုက်ခံလိုက်ရပါတယ်။ ပင်ပန်းလှတဲ့ မန်ဝယ်လာရဲ့ ဘဝမှာ ဘယ်လို အခက်အခဲတွေ ထပ်ဖြစ်သွားမလဲ သူ့ရဲ့နောက်ကြောင်း ရာဇဝင်ကရော ဘာတွေဖြစ်မလဲဆိုတာ ကြည့်ရှုလိုက်ကြရအောင်

  • Fairyland

    Fairyland

    Fairyland (2025) ဒီကားဟာ ၂၀၂၅ ခုနှစ်တွင် ကျင်းပသော Provincetown အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော်မှာ “အကောင်းဆုံး ဇာတ်လမ်းရုပ်ရှင်အတွက် ပရိသတ်အနှစ်သက်ဆုံးဆု” (Audience Award for Best Narrative Feature)ဆုကိုလည်းရရှိထားတဲ့ ဇာတ်ကားကောင်းလေးတစ်ခုဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်း ၁၉၇၃ ခုနှစ်မှာ ကားမတော်တဆမှုကြောင့် မိခင်ဖြစ်သူကွယ်လွန်သွားပြီးနောက် အလီရှာ နှင့်သူမ၏လိင်တူချစ်သူဖခင် စတိဗ် တို့ဟာ ဆန်ဖရန်စစ္စကိုမြို့ကိုပြောင်းရွေ့လာခဲ့ကြပါတယ်။ စတိဗ် ဟာ ကဗျာစာရေးဆရာဖြစ်ပြီး သူ့ရဲ့ ဇနီးကွယ်လွန်ပြီးနောက် သူ့ရဲ့ဖြစ်တည်မှုအတိုင်းရှင်သန်ပြီး သူ့ရဲ့သမီးလေးကိုပျိုးထောင်ရင်းလွတ်လပ်ပွင့်လင်းစွာနေထိုင်ခဲ့ပါတယ်။ သူ့ရဲ့ လွတ်လပ်ပေါ့ပါးတဲ့ လူနေမှုပုံစံကြောင့် သူ့သမီးနဲ့သူ့ကြားမှာ ပဋိပက္ခ ဖြစ်ခဲ့ရပြီး အလီရှာဟာ တက္ကသိုလ်တက်ဖို့ နယူးယောက်ကိုထွက်သွားပါတော့တယ်။ အလီရှာဟာ အနုပညာရှင်၊ စာရေးဆရာ တွေနဲ့ပြည့်နှက်နေတဲ့လောကမှာလည်းကျင်လည်ခဲ့ရပုံ သူမ၏ ဖခင်အပါအဝင် အခြားသောပတ်ဝန်းကျင်ကသူတွေကို သေဆုံးစေခဲ့တဲ့ AIDS ရောဂါကိုလည်းမျက်မြင်တွေ့ရှိခဲ့ရပုံတွေ…