Author: Baby Yit Lone

  • ငွေကြေး အကျပ်အတည်းမှ အဆင်ပြေသည့် ယတြာ

    ငွေကြေး အကျပ်အတည်းမှ အဆင်ပြေသည့် ယတြာ

    မိမိတို့ဝင်ငွေထဲမှ ပံ့သကူစွန့်မည့်ငွေကို သီးသန့်ဖယ်ထားပါ။ ညအိပ်ခါနီးအချိန်တွင် “နမောတေ”ဂါထာ(၇)ခေါက်ရွတ်ပြီးသိမ်းထားပါ။ တနင်္လာနေ့မနက်စောစောတွင် လမ်းမှာပံ့သကူစွန့်ပေးပါ၊ (ငွေကြေးအခက်အခဲများမှ ပြေလည်ကြပါစေ)ဟု စိတ်ထဲမှ ဆုတောင်း၍ ပံ့သကူစွန့်ပါ။ တစ်ပတ်လျှင်တစ်ကြိမ် ပြုလုပ်ပေးပါ၊ ငွေကြေးအကျပ်အတည်းမှ အဆင်ပြေစေပါတယ်။ နမောတေ ဗုဒ္ဓ ဝီရတ္ထု၊ ဝိပမုတ္တော သိ သဗ္ဗဓိ၊ သမ္ဗာဓပ္ပဋိ ပန္နောသမိ၊ တဿ မေ သရဏံ ဘဝ။ လုပ်ငန်းတွေ…အေးသွားပြီလား? လုပ်ငန်းလေးတွေ လုပ်ရင်းကိုင်ရင်း မိမိရောင်းနေကျ ဖောက်သည်တွေ ပြန်လာ မဝယ်တော့တာတွေ ကြုံဖူးကြ ပါလိမ့်မည်။ ဒါ့အပြင် ပြင်ပအလုပ် လာအပ်သူတွေလည်း ဘာကြောင့်မှန်းမသိ နည်းသွားတယ် ကျဲပါးသွားတာ၊အပြင်က ဝယ်နေကျမိတ်ဆွေတွေ ပျက်သွားခြင်းများအတွက် ကံပြန်ပွင့်အောင် ပြုလုပ်ရပါမည်။ တန်ခိုးကြီး ဘုရားတစ်ဆူတွင်— တနင်္ဂနွေသားသမီး- ကြာသပတေးထောင့် တနင်္လာသားသမီး- ဗုဒ္ဓဟူးထောင့် အင်္ဂါသားသမီး- သောကြာထောင့်…

  • မိုးကုတ် သယံဇာတများ TNLA က တတ်စွမ်းသလောက် ထုတ်ယူသွား

    မိုးကုတ် သယံဇာတများ TNLA က တတ်စွမ်းသလောက် ထုတ်ယူသွားဟု ဒေသခံများပြော တအာင်းတပ် TNLA ထိန်းချုပ်မှု နောက်ဆုံးအချိန်အထိ မြို့၏ အဖိုးတန်သယံဇာတများကို “အလွန်အကျွံ” ထုတ်ယူခြင်းနှင့် ပြည်သူပိုင်ပစ္စည်းများ သိမ်းယူခြင်းတို့ကြောင့် မြို့၏ အမွေအနှစ်နှင့် သဘာဝပတ်ဝန်းကျင် “ပြင်းထန်စွာ” ထိခိုက်ပျက်စီးခဲ့ရကြောင်း မြို့ခံများက ပြောသည်။ စစ်ရေးအရ သိမ်းယူထားသော မြို့ကို စွန့်ခွာချိန်တွင် မိုးကုတ်မြို့သည် ‘အခွံသက်သက်’ သာ ကျန်ရှိတော့မည့် အခြေအနေကို “ရင်နာစရာ” မြင်တွေ့နေရသည်ဟု ဒေသခံများက ပြောသည်။ TNLA က မိုးကုတ်မြို့ကို သိမ်းယူထားသည့် ကာလတစ်လျှောက်လုံး၊ ၎င်းတို့နှင့် အဆက်အသွယ်ရှိသော တရုတ်ကုမ္ပဏီများနှင့် မဟာမိတ် ကိုးကန့်ဒေသမှ လုပ်ငန်းများကို ပတ္တမြားမြေတွင် ကျောက်တူးဖော်ခွင့်များ ချထားပေးခဲ့သည်။ ယခင်က တူးဖော်ခြင်းမရှိသည့် မြို့ရှိ ဂေါက်ကွင်းနှင့်…

  • 1-9-9-5

    1-9-9-5

    1995 (2024) 1995 ခုနှစ်ဆိုတဲ့ခုနှစ်က တချို့သောသူတွေအတွက် အမှတ်တရတွေ အောင်မြင်မှုတွေ ကျရှုံးမှုတွေ ဝမ်းနည်းစရာတွေ ဝမ်းသာစရာတွေရှိခဲ့ဖူးတဲ့ နှစ်တစ်နှစ်ဖြစ်နိုင်သလို အဲ့ဒီအချိန်ကာလမှာမမွေးဖွားသေးတဲ့လူတွေလည်းအများကြီးရှိပါတယ်။ ဒါပေမယ့် ရီကာဒိုထရိုဂျီဆိုတဲ့ ကနေဒါ ရုပ်ရှင်ရိုက်ကူးသူတစ်ယောက်အတွက်ကတော့ အဲ့ဒီခုနှစ်က အထက်မှာပြောခဲ့သမျှအရာတွေအားလုံးဖြစ်ခဲ့ပြီး သူ့ဘ၀တစ်ဆစ်ချိုးခဲ့တဲ့ခုနှစ်ဖြစ်ခဲ့ပါတယ်။ အဲ့ဒီအကြောင်းကိုပဲ သူကိုယ်တိုင် ဒါရိုက်တာလုပ် သူကိုယ်တိုင်ဇာတ်ညွှန်းရေးပြီး 1995 ဆိုတဲ့နာမည်နဲ့ပဲ Documentary ပုံစံမျိုးပေမဲ့ လုံး၀ကွဲထွက်နေပြီး စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းအသွားအလာမျိုးနဲ့တင်ဆက်ပေးခဲ့ပါတယ်။ IMDb မှာလည်း လက်ရှိ Rating 6.9 အထိရရှိထားပြီး သူကိုယ်တိုင်ကလည်းအရည်အချင်းရှိတဲ့ရိုက်ရှင်ရိုက်ကူးရေးသမားတစ်ယောက်ဖြစ်တဲ့အတွက် ကြည့်လို့ကောင်းပြီး ကိုယ့်ဘ၀အတွက် စိတ်ခွန်အားတက်ကြွစရာတစ်ခုခုကိုပေးစွမ်းနိုင်မယ်ဆိုတာကတော့အမှန်ပါပဲ။ ရီကာဒိုထရိုဂျီက ငယ်ငယ်လေးကတည်းက အနုပညာကိုဝါသနာပါခဲ့ပေမဲ့ အနှောင့်အယှက်တွေများပြီး ဝင်ရောက်ဖို့ဆိုတာကလည်းခက်ခဲတဲ့လောကတစ်ခုဖြစ်နေတဲ့အတွက် အသက် ၂၀ ကျော်အထိ သူလိုချင်တဲ့ဘ၀ကိုမရရှိနိုင်ဘဲ သာမန်လူတွေထဲကသာမန်လူတစ်ယောက်အဖြစ် သာမန်အလုပ်လေးပဲလုပ်ပြီး နေခဲ့ရပါတယ်။ ဒါပေမယ့် ပတ္တမြားမှန်ရင်နွံမနစ်ဘူးဆိုတဲ့အတိုင်း အဲ့ဒီခေတ်အခါက ရုပ်ရှင်ရိုက်ကူးသူတွေရဲ့အိပ်မက်လိုဖြစ်နေတဲ့…

  • Broken Rage

    Broken Rage

    Broken Rage (2024) Takeshi Kitanoကိုတော့‌ တော်တော်များများက Zatōichi ( 2003 ) Remakeရဲ့ မင်းသားအနေနဲ့ သိကြလောက်တယ်။ သူက အဲဒီကားရဲ့ဒါရိုက်တာနဲ့ ဇာတ်ညွှန်းဆရာလည်းဟုတ်တယ်။ ကိုယ်တိုင်ရေးကိုယ်တိုင်ရိုက် ကိုယ်တိုင်သရုပ်ဆောင်ပေါ့။ တည်းဖြတ်တာအထိပါ သူ့ဘာသာပဲလုပ်တယ်။ သူ့ကားအကုန်လုံး ဒီလိုတွေချည်းပဲဆော်တယ်။ သူအဓိကရိုက်တာက သိပ်မအပ်စပ်တဲ့ ၂လိုင်းလိုဖြစ်နေတဲ့ ၂လိုင်းလို့ပြောရမယ်။ Crimeနဲ့ Comed။ ဟာသသရုပ်ဆောင်လည်းလုပ်ဖူးတယ်။ Hana-bi (1997)နဲ့လည်း ဗင်းနစ်မှာ Golden Lionဆုရခဲ့တယ်။ သူ့ရှေ့မှာ အဲဒီဆုရဖူးတဲ့ဂျပန်ဒါရိုက်တာက Akira Kurosawa နဲ့ Hiroshi Inagakiပဲရှိတယ်။ “the true successor” to influential filmmaker Akira Kurosawa လို့လည်းပြောကြတယ်။ သူလည်း ကွန်တင် တာရန်တီနိုကြိုက်တဲ့ ဒါရိုက်တာတွေထဲပါတယ်။ Outrage…

  • Safe house

    Safe house

    Safe house (2025) ဆန်းသစ်တဲ့ဇာတ်လန်းနဲ့ အက်ရှင်ကိုမှ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့်ဇာတ်လမ်းလေးပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဒုသမ္မတအယ်လ်အေမြိုတွင်းက မြိုတော်ခန်းမကို လာရောက်ချိန်မှာ ယာဉ်တန်းကိုဓာတုဗုံးနဲ့ တိုက်ခိုက်ခံရပြီး တစ်မြိုလုံးအုတ်အော်သောင်းနင်းဖြစ်ကုန်ပါတယ်။ အေးဂျင့်ချွိင် အေးဂျင့်အိုဝင်တိုဟာ ပိုဆောင်ရမဲ့အရေးကြီးပစ္စည်းကို သယ်လာပေမဲ့ တိုက်ခိုက်မှုကြောင့် တစ်ကွဲတစ်ပြားကွဲကုန်ရင်း အယ်လ်အေရှိခိုလှုအိမ်မှာ အန္တရာယ်ကင်းတဲ့ထိနေဖိုဖြစ်လာပါတယ်။ ဒီီလိုနဲ့တစ်ယောက်ပြီးတစ်ယောက်လာရင်း ခိုလှုအိမ်မှာ ခြောက်ယောက်ထိဖြစ်သွားပါတယ်။ ဗုံးခွဲတဲ့ အဝေးထိန်းခလုတ်ရဲ့အချက်ပေးလှိင်းဟာ ခိုလှုအိမ်အတွင်းမှာ ပေါ်နေမှန်းသိလိုက်ရချိန်မှာတော့ လူခြောက်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် တိုက်ခန်းထဲမှာ ဘယ်သူဖောက်ခွဲတာလဲ ဘယ်သူလက်သည်လဲ သံသယပွားရင်း ဘယ်လိုတွေဆက်ဖြစ်မလဲ သူတိုသယ်ဆောင်လာတဲ့အရေးကြီးပစ္စည်းကရော ဘာလဲ ပဟေဠိပေါင်းများစွာနဲ့ဇာတ်ကားလေးကို စိတ်ဝင်စားရင်တော့ ကြည့်ရှုဖိုအကြံပေးလိုက်ပါရစေ။