Author: Baby Yit Lone
-

နတ်ရေကန်ကို ထိုးစစ်ဆင်နေသော စစ်အုပ်စု စစ်ကြောင်း ၂ ကြောင်း တစ်မိုင်ကျော်လောက်ထိ နောက်ပြန်ဆုတ်သွားခဲ့ရဟုဆို
(လေထီးဖြင့်ချပေးသောလက်နက်နဲ့ ရိက္ခာအထုပ်တချို့ AA သိမ်းဆည်းရမိ) အာရက္ခတပ်တော် (AA)က ဝိုင်းဝန်းပိတ်ဆို့ထားသော အမ်း- ပဒါန်းလမ်းပေါ်က နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးစခန်းကို စစ်ကူ တက်လာသော စစ်ကြောင်း ၂ ကြောင်းသည် ရှေ့ကို တိုးမရောက်သည့်အပြင် ရောက်ရှိနေသည့် နေရာများမှ နောက်ကို ဆုတ်ပေးလိုက်ရသည်ဟု စစ်မြေပြင် သတင်းရင်းမြစ်တစ်ခုက ပြောသည်။ “ဂုတ်ကြီးဘက်ကို တက်လာတဲ့ အင်အား ၁၅၀ ပါတဲ့စစ်ကြောင်း ဂုတ်ကြီးကို မရောက်တဲ့အပြင် နောက်ကို တစ်မိုင်ကျော်လောက် ပြန်ဆုတ်သွားခဲ့ရတယ်။ စစ်တပ်က လေကြောင်း၊ ဒရုန်းနဲ့ မြေပြင်က လက်နက်ကြီးတွေနဲ့ပါ ပစ်ကူတာ။ တိုက်မနိုင်ဘူးဖြစ်နေတယ်”ဟု ပြောသည်။ လေကြောင်းပစ်ကူ၊လက်နက်ကြီးပစ်ကူများဖြင့် ဂုတ်ကြီးကျေးရွာကို ထိုးဖောက်ဝင်ရောက်ရန် စစ်ဆင်နေသည့် ဂုတ်ကြီးရွာမှနောက်ဘက်ကို ၁ မိုင်ကျော်ခန့် နောက်ဆုတ်သွားခဲ့ပြီး အဆိုပါနေရာတွင်လည်း တိုက်ပွဲများဆက်ဖြစ်နေသည်ဟုပြောသည်။ အလားတူ နတ်ရေကန်တောင်သို့…
-

စိတ်ကူးမဲ့ကာမဘုံသို့
ရေးသူ – ကမ္ဘာကျော်ရတနာဝင်းထိန် သရက်မြို့၊ ဟိုက်စကူးကျောင်းကြီးမှာ မြို့၏အနောက်မြောက်စွန်း တောင်ကုန်းကလေးတစ်ခုပေါ်တွင် တင့်တယ်စွာ သပ်ရပ်လှပမှုဖြင့် ရှိနေသည်။ မြောက်ဖက်ဘောလုံးကွင်း၊ တပ်ကွင်း၊ လွင်ပြင်များဆီမှ တိုက်ခတ်လာသော လေပြေအေးများမှာလည်း သန့်ရှင်းစင်ကြယ်သည်နှင့်အမျှ အေးလှသည်။ ထိုလေပြေအေးကို တိုက်ခတ်ခံရင်း ကျောင်းဘေးပတ်လည်၌ ပြေးကာ ခုန်ကာ ကစားနေကြသော ကလေးသူငယ် အရွယ်ပေါင်းစုံမှာလည်း ရွှင်ရွင်မြူးလျှက်၊ ပျော်မြူးနေသည်။ ကျောင်းဘေးပတ်လည်တွင် ရာသီမရွေး အပွင့်အဖူးများဖြင့် ဖြူဖြူဖွေးလျှက် ရှိနေကြသည်။ ကျောင်း၏ မြောက်ဖက်သို့ ထိုးထွက်ဆောက်လုပ်ထားသော ခန်းမဆောင်ကြီးဘေး ပတ်ဝန်းကျင်ရှိ ဇလပ်ပင်များသည် ပိုမို၍ပွင့်နေကြသည်။ အပင်တိုင်း၏အောက်တွင် ဇလပ်ပွင့်များသည် ကြွေကျလျှက် ကောက်ပန်သူများကို ငံ့လင့်လျှက် လဲလျောင်းကာ နေကြလေသည်။ ထိုခန်းမကြီး၏ အရှေ့ဖက် ကလေးများ အနည်းငယ်ရှင်းရာဘက် အုတ်လှေခါးထစ်ဘေး ဇလပ်ပင်တွင် (၁၂) နှစ်၊ (၁၃)နှစ်…
-

ကျောင်းထိုင်ဘုန်းကြီး KTV သွားမိလို့ လူဝတ်လဲခံရ
မကြာသေးမီကပင် ပျော်ဘွယ်မြို့နယ်၊ ပြည်တော်အေးကျောင်းတိုက်၏ ဆရာတော်ကြီး ပျံလွန်တော်မူသွားသည့်အတွက် ထိုကျောင်းတိုက်ကို အရှင်မုနိန္ဒ အား ကျောင်းထိုင်ဘုန်းကြီးအဖြစ် အပ်နှင်းခံရပါသည်။ လွန်ခဲ့သောရက်သတ္တပတ်ခန့်က ၎င်းကျောင်းထိုင်အဖြစ် အပ်နှံခံရတဲ့ အရှင် မုနိန္ဒ ဟာ ပျော်ဘွယ်မြို့နယ်တွင်ရှိသည့် (KTV) တစ်ခုတွင်၊ ပျော်ပါးကခုန်နေစဉ် သက်ဆိုင်ရာတို့မှ စစ်ဆေးတွေရှိရသည့်အတွက်၊ သာသနာတော်သန့်ရှင်းရေးအဖွဲများက ဖမ်းဆီးကာ လူဝတ်လဲလိုက်ပြီး အရေးယူလိုက်ကြောင်း သိရပါသည်။ ပျော်ဘွယ်မြို့နယ်တွင် သံဃာနာယကဆရာတော်များပင့်ဆောင်ပြိး အရှင်မုနိန္ဒကို လူဝတ်လဲစေလိုက်ပါသည်။ လူဝတ်ကြောင်ဖြစ်ပြီးလို့ ၎င်းကျောင်းတိုက်မှ မသင်ဆိုင်တော့သည့်အတွက်၊ နှင်ထုတ်လိုက်သည်ဟုသိရသည်။ “ပြည်တော်အေးကျောင်း” တိုက်ပိုင် သင်္ကန်းအများအပြား နှင့် အများပြည်သူများချွေးနည်းစာဖြင့် လှူဒါန်းထားသည့် ကျောင်းတိုက်ပိုင် မော်တော်ကား၊ သံဃိကပိုင် တန်ဖိုးရှိ ပရိဘောဂပစ္စည်းများ၊ ဝတ္ထုငွေများတို့ကို လူဝတ်လဲခံရသူနှင့် ဆွေမျိုးတစ်သိုက်တို့မှ ယူဆောင်သွားခဲ့သည်ဟုသိရသည်။ ၎င်းကိစ္စရပ်ကို သက်ဆိုင်ရာမှ အမြန်အရေးယူ ဆောင်ပေးရန်လည်း၊ ကျောင်းတိုက်သို့ပြန်လည်ထားပေးရန်၊…
-
ခင်ဦးတိုက်ပွဲမှာ စစ်တပ်နဲ့ပျူစစ်ကြောင်း ပျက်အောင်အတိုက်ခံရပြန်
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ စစ်တပ်နဲ့ သင်္ကန်းဝတ်ဝါသဝရဲ့ပျူစောထီးတွေပူးပေါင်းထားတဲ့စစ် ကြောင်းဖွဲ့စည်းပုံပျက်တဲ့အထိ တိုက်ခံရပြီး သေဆုံးသူများကာ လက်နက်တွေအများအပြား သိမ်းရတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ နိုဝင်ဘာ ၂၃ ရက် မနက်ပိုင်းက ခင်ဦးမြို့နယ် မုံလှရွာကနေ ကလုံရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၃၀၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီတပ်ကို ကာကွယ်ရေးတပ်တွေ ကြားဖြတ်ပိတ်ဆို့ တိုက်ခိုက် နိုင်ခဲ့တာလို့ ဆိုပါတယ်။ “ကန့်ဘလူ ကနေထိုးလာတဲ့ စစ်ကြောင်းပဲ။ တော်တော်အသေဆုံးရှိတယ်။ သေနတ် အလက် ၇၀ လောက်ရထားတယ်။ စစ်ကြောင်း ဖွဲ့စည်းပုံပျက်တဲ့အထိ ဖြစ်သွားတယ်ပေါ့ “လို့ ကန့်ဘလူခရိုင် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးကို ပြောပါတယ်။ အခြားတော်လှန်ရေးတပ်ဖွဲ့ဝင် တဦးကလည်း “ပွဲကနေတာ။ ဝါသဝစစ်ကြောင်း တော်တော် ထိထားတယ်။ သူတို့ထိတော့ စစ်တပ်ကို လေကြောင်းပစ်ကူလှမ်းတောင်းတယ်။ ညနေက ဂျက်ဖိုက်တာနဲ့လာပစ်သွားတယ်။…
-

DKBA တပ်သားတွေနဲ့ လက်နက်တွေ ဖမ်းဆီးထိန်းသိမ်း
တရုတ်ကျားဖြန့်ဆိုက်လုံခြုံရေးစောင့်ကြပ်တဲ့ DKBA နဲ့စစ်တပ်က KNLA ကိုစတင်ပစ်ခတ်လို့ KNLA က ကျားဖြန့်ဆိုက်စီးနင်း၊ DKBA တပ်သားတွေနဲ့ လက်နက်တွေ ဖမ်းဆီးထိန်းသိမ်း ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက် မင်းလက်ပံကျေးရွာက တရုတ်ကျားဖြန့်ဆိုက်ကို လုံခြုံရေးစောင့်ကြပ်နေတဲ့ DKBAနဲ့ စစ်တပ်က KNLA ကို စတင်ပစ်ခတ်တဲ့အတွက် KNLA၊ PDF ပူးပေါင်းတပ်က အဆိုပါကျားဖြန့်ဆိုက်ကို စီးနင်းပြီး DKBA တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ ကရင်သတင်းရင်းမြစ်တွေက ပြောပါတယ်။ မင်းလက်ပံကျေးရွာက တရုတ်ကျားဖြန့်ဆိုက်ကို စောင့်ကြပ်နေတဲ့ ဗိုလ်သခွားသီး ဦးစီးတဲ့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)ဟာ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ကို စတင်ပစ်ခတ်ခဲ့တာလို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ နိုဝင်ဘာ ၂၁ ရက်မှာ KNLA ပူးပေါင်းတပ်ကို သေနတ်နဲ့ စတင်ပစ်ခတ်ခဲ့တဲ့အတွက် တော်လှန်ရေးပူးပေါင်းတပ်က အဆိုပါကျားဖြန့်ဆိုက်ကို ဝင်ရောက်စီးနင်းပြီး DKBA…