📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

DKBA တပ်သားတွေနဲ့ လက်နက်တွေ ဖမ်းဆီးထိန်းသိမ်း

တရုတ်ကျားဖြန့်ဆိုက်လုံခြုံရေးစောင့်ကြပ်တဲ့ DKBA နဲ့စစ်တပ်က KNLA ကိုစတင်ပစ်ခတ်လို့ KNLA က ကျားဖြန့်ဆိုက်စီးနင်း၊ DKBA တပ်သားတွေနဲ့ လက်နက်တွေ ဖမ်းဆီးထိန်းသိမ်း

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက် မင်းလက်ပံကျေးရွာက တရုတ်ကျားဖြန့်ဆိုက်ကို လုံခြုံရေးစောင့်ကြပ်နေတဲ့ DKBAနဲ့ စစ်တပ်က KNLA ကို စတင်ပစ်ခတ်တဲ့အတွက် KNLA၊ PDF ပူးပေါင်းတပ်က အဆိုပါကျားဖြန့်ဆိုက်ကို စီးနင်းပြီး DKBA တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ ကရင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

မင်းလက်ပံကျေးရွာက တရုတ်ကျားဖြန့်ဆိုက်ကို စောင့်ကြပ်နေတဲ့ ဗိုလ်သခွားသီး ဦးစီးတဲ့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)ဟာ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ကို စတင်ပစ်ခတ်ခဲ့တာလို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

နိုဝင်ဘာ ၂၁ ရက်မှာ KNLA ပူးပေါင်းတပ်ကို သေနတ်နဲ့ စတင်ပစ်ခတ်ခဲ့တဲ့အတွက် တော်လှန်ရေးပူးပေါင်းတပ်က အဆိုပါကျားဖြန့်ဆိုက်ကို ဝင်ရောက်စီးနင်းပြီး DKBA တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးထိန်းသိမ်းလိုက်တာ ဖြစ်ပါတယ်။

အဲဒီနေ့ကစပြီး မင်းလက်ပံကျေးရွာဘက်ကို စစ်ကြောင်းထပ်ထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ KNLA တပ်မဟာ(၆)ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ မင်းလက်ပံရွာမှာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။

စစ်ကောင်စီတပ်နဲ့ KNLA တပ်မဟာ ၆ ပူးပေါင်းတပ်တို့အကြား တိုက်ပွဲပြင်းထန်နေစဉ် မင်းလက်ပံရွာ တရုတ်ကျားဖြန့်ဆိုက်ကို စောင့်ကြပ်ပေးနေတဲ့ DKBA ဗိုလ်သခွားသီး ဦးစီးတဲ့တပ်ဖွဲ့တွေက KNLA တပ်မဟာ(၆) ပူးပေါင်းတပ်ကို စတင်ပစ်ခတ်ခဲ့ရာ တော်လှန်ရေးပူးပေါင်းတပ်တို့က ပြန်လည်ပစ်ခတ်ခဲ့ပြီး နှစ်ဖက်ပစ်ခတ်မှု ခဏတာဖြစ်ပွားခဲ့တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

ဒီလိုပစ်ခတ်မှုဖြစ်ခဲ့ပြီးတဲ့နောက် KNLA တပ်မဟာ(၆)က DKBA ထိန်းချုပ်ထားတဲ့ မင်းလက်ပံရွာက တရုတ်ကျားဖြန့်ဆိုက်ကို ဝင်ရောက်စီးနင်းခဲ့ရာ DKBA တပ်ဖွဲ့ဝင် ၂၀ ခန့်နဲ့ လက်နက်ခဲယမ်းတွေကို ဖမ်းဆီးထိန်းသိမ်းထားလိုက်တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

“သူတို့(DKBA)က KNLA ကိုပစ်တာ။ အဲ့ဒါနဲ့ ဗိုလ်ဒါဘောက လက်နက်ချခိုင်းပြီး ထိန်းလိုက်တာ။ ပစ်တဲ့အဖွဲ့တော့ ဖမ်းခေါ်သွားတာပေါ့၊ ကျန်တာကိုတော့ သူတို့ဒီလိုပဲ လက်နက်ချပြီးထိန်းသိမ်းလိုက်တယ်။ အမိန့်ပေးတဲ့ခေါင်းဆောင်(ဗိုလ်သခွားသီး) ထွက်ပြေးသွားတယ်။ ထိုင်းလား၊ မြ၀တီဘက်လားတော့မသိ။ သူတို့ခေါင်းဆောင်တွေ ညှိပေးလိမ့်မယ့်လို့ပြောတယ်”လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

အခြားစစ်ရေးသတင်းရင်းမြစ်ကလည်း “DKBA က ကျားဖြန့်ရုံ တာဝန်ခံက စစ်တပ်နဲ့ လက်ဝါးချင်းရိုက်ပြီး KNLA ကို သွားပစ်တာပေါ့။ ပစ်တော့ ပြန်လည်ပစ်ခတ်ကြတာပေါ့။ သခွားသီးက အရင်ဖောက်တယ်။ စကစနဲ့ နှစ်ဖက်ညှပ်ပစ်သလိုဖြစ်တာပေါ့။ KNLA က စိတ်ဆိုးပြီးတော့ ဝင်စီးလိုက်တာပေါ့။ ပြီးသွားတာပေါ့”လို့ ပြောပါတယ်။

KNLA ဖမ်းဆီးထိန်းသိမ်းထားတဲ့ DKBA တပ်ဖွဲ့ဝင်တွေ ပြန်လည်လွတ်မြောက်ရေးနဲ့ လက်နက်ခဲယမ်းတွေကို ပြန်လည်ရရှိဖို့ DKBA ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ စောဆန်းအောင်က နယ်မြေခံ KNLA တာဝန်ရှိသူတို့နဲ့ လာရောက်တွေ့ဆုံညှိနှိုင်းခဲ့တယ်လို့ အဆိုပါသတင်းရင်းမြစ်က ပြောပါတယ်။

မင်းလက်ပံရွာက ကျားဖြန့်ဆိုက်ဝင်ရောက်စီးနင်းခံရပြီး တပ်ဖွဲ့ဝင်တွေ ဖမ်းဆီးထိန်းသိမ်းခံထားရတာနဲ့ ပတ်သက်လို့ DKBA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်စောစိန်ဝင်းကို ဒီကနေ့ နိုဝင်ဘာ ၂၃ ရက်နေ့ညပိုင်းမှာ လူထုနွေဦးက ဆက်သွယ်မေးမြန်းပေမယ့် ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါဘူး။

ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)တပ်ဖွဲ့ဟာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ရေးထိုးထားတဲ့ ကရင့်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲကို ထောက်ခံကူညီပေးသွားမယ်လို့ သဘောထားထုတ်ပြန်ထားပါတယ်။

(မင်းလက်ပံကျေးရွာက တရုတ်ကျားဖြန့်ဆိုက်ကို KNLA က စီးနင်းအပြီး ဖမ်းဆီးထားသော DKBA တပ်ဖွဲ့တွေနဲ့ သိမ်းထားသော လက်နက်တွေ။ ဓာတ်ပုံ – CJ)

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်