စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ စစ်တပ်နဲ့ သင်္ကန်းဝတ်ဝါသဝရဲ့ပျူစောထီးတွေပူးပေါင်းထားတဲ့စစ် ကြောင်းဖွဲ့စည်းပုံပျက်တဲ့အထိ တိုက်ခံရပြီး သေဆုံးသူများကာ လက်နက်တွေအများအပြား သိမ်းရတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
နိုဝင်ဘာ ၂၃ ရက် မနက်ပိုင်းက ခင်ဦးမြို့နယ် မုံလှရွာကနေ ကလုံရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၃၀၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီတပ်ကို ကာကွယ်ရေးတပ်တွေ ကြားဖြတ်ပိတ်ဆို့ တိုက်ခိုက် နိုင်ခဲ့တာလို့ ဆိုပါတယ်။

“ကန့်ဘလူ ကနေထိုးလာတဲ့ စစ်ကြောင်းပဲ။ တော်တော်အသေဆုံးရှိတယ်။ သေနတ် အလက် ၇၀ လောက်ရထားတယ်။ စစ်ကြောင်း ဖွဲ့စည်းပုံပျက်တဲ့အထိ ဖြစ်သွားတယ်ပေါ့ “လို့ ကန့်ဘလူခရိုင် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးကို ပြောပါတယ်။
အခြားတော်လှန်ရေးတပ်ဖွဲ့ဝင် တဦးကလည်း “ပွဲကနေတာ။ ဝါသဝစစ်ကြောင်း တော်တော် ထိထားတယ်။ သူတို့ထိတော့ စစ်တပ်ကို လေကြောင်းပစ်ကူလှမ်းတောင်းတယ်။ ညနေက ဂျက်ဖိုက်တာနဲ့လာပစ်သွားတယ်။ အထိအခိုက်ကမရှိပါ”လို့ ပြောပါတယ်။

တော်လှန်ရေးအင်အားစုတွေ နဲ့ စစ်တပ်၊ပျူပူးပေါင်းစစ် ကြောင်းတိုက်ပွဲဟာအတော်အကြာဖြစ်ပြီး စစ်ကောင်စီတပ်က အထိနာခဲ့ပြီး သေဆုံးသူတွေ ဒဏ်ရာရသူတွေ များတယ်လည်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က အသိပေးပါတယ်။
“တစ်ကြောင်းလုံးပြုတ်မှာလားလေ ဆုတောင်းနေပါတယ်။ညနေပိုင်းက ဂျက်ဖိုက်တာပစ်ခဲ့တာလေးတော့ရှိတာပေါ့ ကနဦးတော့ စိုးရိမ်စရာ မရှိဘူးကြားပါတယ်”လို့ ခင်ဦးမြို့နယ် သတင်းပြန်ကြားရေးအဖွဲ့ က ၎င်းတို့လူမှုကွန်ယက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီဝါဒ ဖြန့်သူတွေက ခင်ဦးနယ် ကလုံအနီးတိုက်ပွဲဖြစ်ပွားနေပြီး ကန့်ဘလူတောင်ခြမ်း နဲ့ ခင်ဦးနယ်ရှိ ရန်သူ့တည်နေရာများ၊အင်အားများကို အကုန်ပို့ထားပြီးလို့ ဒီကနေ့ နေ့လယ် ၃ နာရီဝန်းကျင်က တယ်လီဂရမ်ချန်နယ်တွေမှာ ရေးသားထားတာ တွေ့ရပါတယ်။

“မကြာခင် သက်ဆိုင်ရာကနေထုတ်ပြန်လာပါလိမ့်မယ်”လို့ ကန့်ဘလူ-ခင်ဦး ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။
ဒေသတွင်းတော်လှန်ရေးသတင်းတွေကိုဖော်ပြနေတဲ့ Infinity Group ဖေ့ဘွတ်လူမှုကွန်ရက်စာမျက်နှာကလည်း ဝါသဝစစ်ကြောင်းက ခင်ဦးမြို့နယ်အထိ အလှူအတန်းရက်ရောနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာလ ၁၂ ရက်နေ့ကလည်းကန့်ဘလူ မြို့နယ် ကာဘိုး ရွာကနေ ယင်းတိုက်ရွာဘက်ကို စစ်ကြောင်းထိုးလာတဲ တပ်မ ၃၃ လက်အောက်ခံ တပ်ရင်းတွေနဲ့ ပျူစောထီး အင်အား ၁၀၂ ဦးပါစစ်ကောင်စီတပ် ကြားဖြတ်တိုက်ခံရပြီး အရှင် ၁၅ ဦး နဲ့ သေဆုံးသူ ၅၀ ဝန်းကျင် ရှိခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ပွဲမှာ MA သေနတ်တွေ၊G 3 ၊ဒရုန်းဂန်း နဲ့ ကာဘိုင် တွေအပါအဝင် လက် နက်မျိုးစုံ ၂၀ ခန့် နဲ့ ခဲယမ်း တွေသိမ်းဆည်းရရှိခဲ့ပါတယ်။
နိုဝင်ဘာလဆန်းကစလို့ ကန့်ဘလူ–ခင်ဦးအစပ်ကို စစ်တပ်နဲ့နယ်မြေခံပျူစောထီးပူးပေါင်းပြီး အင်အား၃၀၀ ဝန်းကျင်နဲ့ ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

စစ်ကြောင်းတွေ ဖြန့်တဲ့ ကန့်ဘလူ–ခင်ဦးအစပ်ကရွာတွေက စစ်တပ်နဲ့ပျူစောထီးတွေပူးပေါင်းပြီး အထိုင်ချတပ်စွဲထားတဲ့ ကာဘိုးရွာ၊အောင်သာယာရွာတွေနဲ့ နှစိ မိုင်ကနေ သုံး မိုင်ဝန်းကျင်ပဲဝေးတာကြောင့် လမ်းပန်းဆက်သွယ်ရေးအရရော နယ်မြေပြန်စိုးမိုးရေးအတွက်ပါ စစ်တပ်က လုပ်နေတာလို့ စစ်ကိုင်းအထက်ပိုင်းစစ်ရေးသတင်းရင်းမြစ်အချို့က သုံးသပ်ထားပါတယ်။


Leave a Reply