Author: Baby Yit Lone

  • ပွိုင့် ၆၆၆ နဲ့ နတ်ရေကန်ဗျူဟာ သိမ်းပိုက်ရေးကို AA ရဲ့အထူးကွန်မန်ဒိုတပ်ဖွဲ့ ဦးဆောင်

    ပွိုင့် ၆၆၆ နဲ့ နတ်ရေကန်ဗျူဟာ သိမ်းပိုက်ရေးကို AA ရဲ့အထူးကွန်မန်ဒိုတပ်ဖွဲ့ ဦးဆောင်

    စကခ ၁၀ တပ်မမှူး ဗိုလ်မှူးကြီး ဟန်လင်းအောင် ပွိုင့် ၆၆၆ တိုက်ပွဲမှာ ကျဆုံး ညောင်ကျိုးမြို့နယ်ထဲမှာ ရှိတဲ့ ပွိုင့် ၆၆၆ တိုက်ပွဲကို AA ရဲ့ အထူးလေ့ကျင့်ထားတဲ့ ကွန်မန်ဒိုတပ်ဖွဲ့တွေ ဦးဆောင်နေပြီး တက်လာတဲ့ စစ်ကြောင်းတွေ ကို အထိုင်ကနေချေမှုန်းနေတယ်လို့ သတင်းရရှိပါတယ်။ ဇန်နဝါရီ ၃ ရက်နေ့က ပွိုင့် ၆၆၆ ကို စစ်ကြောင်းထိုးလာတဲ့ တပ်မကို ဦးဆောင်သူ စစ်ကြောင်းမှူး ဗိုလ်မှူးကြီး ဟန်လင်းအောင် နဲ့ တကွ စစ်ကြောင်းမှာ ပါဝင်သူ တပ်သား ၄၀ ကျော်သေဆုံးခဲ့ပြီး စစ်ကြောင်းတစ်ခုလုံး ပြိုပျက်သွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ “စစ်ကြောင်းကို ဦးဆောင်လာသူ နဲ့ ရှေ့ထွက် စစ်ကြောင်းပြိုသွားတော့ သူတို့ ဘက်က၊ လွတ်တဲ့…

  • ထရမ့်ပ်ကို လက်နက်စွဲကိုင် တိုက်ခိုက်ရန်အသင့်ရှိဟု ကိုလံဘီယာသမ္မတ ကြွေးကြော်

    ထရမ့်ပ်ကို လက်နက်စွဲကိုင် တိုက်ခိုက်ရန်အသင့်ရှိဟု ကိုလံဘီယာသမ္မတ ကြွေးကြော်

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်နေရချိန်မှာ လက်နက်စွဲကိုင် တိုက်ခိုက်ဖို့ အသင့်ရှိနေတယ်လို့ ကိုလံဘီယာသမ္မတ ဂူစတာဗို ပေထရိုက ဇန်နဝါရီ ၅ ရက်မှာ ကြွေးကြော်လိုက်ပါတယ်။ ပြောက်ကျားရဲဘော်ဟောင်းဖြစ်တဲ့ ပေထရိုက “ကျုပ် လက်နက်မကိုင်တော့ပါဘူးလို့ ကျိန်ဆိုခဲ့တာ။ ဒါပေမဲ့ အမိမြေကို ကာကွယ်ဖို့ လက်နက်ပြန်လည်စွဲကိုင်ရတော့မှာပေါ့” လို့ X လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။ ပေထရိုဟာ ၁၉၈၉ ခုနှစ် ငြိမ်းချမ်းရေးစာချုပ်အရ လက်နက်စွန့်ခဲ့တဲ့ M-19 မြို့ပြပြောက်ကျားအဖွဲ့ဝင်ဟောင်း တယောက် ဖြစ်ပါတယ်။ ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်မာဒူရိုကို ဝင်ဖမ်းပြီးတဲ့နောက် ကိုလံဘီယာကိုပါ စစ်ရေးအရ အရေးယူဖို့ သဘောတူတယ်လို့ ထရမ့်ပ်က ပြောကြားထားတာပါ။ ဒါ့အပြင် ပေထရိုဟာ ကိုကင်းထုတ်ပြီး အမေရိကန်ကို ရောင်းစားနေတဲ့ “စိတ်ပျက်စရာလူ” ဖြစ်တယ်လို့လည်း ထရမ့်ပ်က စွပ်စွဲထားပါတယ်။ အမေရိကန်ဟာ…

  • UEC ဥက္ကဋ္ဌ အငြိမ်းစားဗိုလ်ချုပ်သန်းစိုးက ကြံ့ခိုင်ရေးကို အထိမခံဖြစ်နေ

    UEC ဥက္ကဋ္ဌ အငြိမ်းစားဗိုလ်ချုပ်သန်းစိုးက ကြံ့ခိုင်ရေးကို အထိမခံဖြစ်နေ

    ပြိုင်ဘက်ပါတီတွေကို စော်ကားပုတ်ခတ်ပြောဆိုရင် ဥပဒေအရ အရေးယူမယ်လို့ စစ်တပ်ဩဇာခံ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC) ဥက္ကဋ္ဌ အငြိမ်းစားဗိုလ်ချုပ် သန်းစိုးက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၅ ရက်နေ့ နေပြည်တော်တွေ့ဆုံပွဲမှာ နိုင်ငံရေးပါတီတွေကို ခြိမ်းခြောက်ပြောဆို လိုက်ပါတယ်။ ဒီပြောဆိုချက်ဟာ အပေါ်ယံမှာတော့ စည်းကမ်းထိန်းသိမ်းတဲ့ သဘောလို့ ထင်ရပေမဲ့ လက်တွေ့မှာတော့ စစ်တပ်လက်အောက်ခံ ကြံ့ခိုင်ရေးပါတီကို ဘယ်သူမှ ဝေဖန်ခြင်းမပြုနိုင်အောင် သွယ်ဝိုက်ပြီး ပါးစပ်ပိတ်ခိုင်းလိုက်တာလို့ နိုင်ငံရေးလောကမှာ ဝေဖန်သံတွေ ဆူညံသွားခဲ့တာပါ။ UEC ဥက္ကဋ္ဌကိုယ်တိုင်က စစ်တပ်က လာသူဖြစ်တဲ့အတွက် စစ်တပ်ကိုယ်စားလှယ်နဲ့ ကြံ့ခိုင်ရေးပါတီကို အထိမခံဖို့ သတိပေးတာဖြစ်ပြီး ပုတ်ခတ်မဲဆွယ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကိုယ်စားလှယ်အဖြစ်က ပယ်ဖျက်ဖို့အထိ ရည်ရွယ်နေတာလို့ နိုင်ငံရေးလေ့လာသူတွေက မှတ်ချက်ပြုနေပါတယ်။ UEC အနေနဲ့ တခြားပါတီတွေကို ပုတ်ခတ်ခြင်းမပြုဖို့ တားမြစ်နေပေမဲ့ ကြံ့ခိုင်ရေးပါတီခေါင်းဆောင်တွေနဲ့…

  • ကျောက်ဖြူတွင် စစ်ကော်မရှင်စစ်ကြောင်းများ AA ထံချေမှုန်းခံရ၍ အသေအပျောက်များနေ

    ကျောက်ဖြူတွင် စစ်ကော်မရှင်စစ်ကြောင်းများ AA ထံချေမှုန်းခံရ၍ အသေအပျောက်များနေ

    တပ်ဖွဲ့ဝင်အချို့ကို AA အရှင်ဖမ်းမိထားပြီး နေရာအနှံ့အပြားတိုက်ပွဲပြင်းထန်လာ ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် စစ်ကော်မရှင်၏ ရိက္ခာလာပို့သည့်စစ်ကြောင်းနှင့် ကင်းလှည့်စစ်ကြောင်းများသည် အာရက္ခတပ်တော်(AA)ထံ ချေမှုန်းခံရ၍ အသေအပျောက်များပြီး တပ်ဖွဲ့ဝင်အချို့ကို AA က အရှင်ဖမ်းမိထားကြောင်း သတင်းရရှိသည်။ ကျောက်ဖြူမြို့နယ်ရှိ အမှတ်(၃၂)ရဲတပ်ရင်း၊ သစ်ပုတ်တောင်တိုက်နယ်ဖက် မြို့ပြင်အနှံ့အပြားတွင် ရိက္ခာပို့ပြီး ကင်းလှည့်နေသော စစ်ကြောင်းများသည် AA ၏ ပြောက်ကျားစနစ်နှင့် နည်းဗျူဟာအသစ်တို့ဖြင့် ကြားဖြတ်တိုက်ခိုက်ခံနေရပြီး အသေအပျောက်များနေသည်ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ “အဓိက စစ်ကြောင်းတွေထွက်တာတွေကို AA ဖက်က ပြောက်ကျားစနစ်နဲ့ အလစ်သုတ်ဝင်တိုက်တာ။ AA ဖက်က ဒရုန်းတွေ၊ လက်နက်တွေပစ်ပြီးတိုက်တာ။ သူတို့က မကြာခဏချေမှုန်းခံနေရတယ်အခုနောက်ပိုင်း။ သေတဲ့အလောင်းတောင် မကောက်နိုင်ဘူး။ ရဲတပ်ရင်း (၃၂)ဖက်၊ လိပ်ခ‌မော်၊ ဒိုးတန်းတောင်ဖက်၊ သစ်ပုတ်တောင်တိုက်နယ်ဖက်မှာ စစ်ကြောင်းထိုးတယ်။ ကင်းလှည့်တယ်” ဟု ပြောသည်။…

  • ခါမီနီ မော်စကိုသို့ ပြေးရန်ပြင်

    ခါမီနီ မော်စကိုသို့ ပြေးရန်ပြင်

    ဆန္ဒပြ ပြည်သူများကို တစ်ယောက် ၅ ပေါင်ခွဲပေး၍ ချွေးသိပ်ပြီး ခါမီနီ မော်စကိုသို့ ပြေးရန်ပြင် ဒီဇင်ဘာ ၂၈ ရက်မှ စတင်ပြီး ကုန်စျေးနှုန်း ကြီးမြင့်လာခြင်းနှင့် ငွေကြေးတန်ဖိုး လျော့ကျလာခြင်းကြောင့် တီဟီရန်မြို့တော်ရှိ စျေးသည်များ စတင်ဆန္ဒပြရာမှ နိုင်ငံအတွင်း မြို့ပေါင်း ၂၀ ကျော် တွင် လူထုအုံကြွမှုကြီး ဖြစ်ပွားနေကာ ထိန်းမရသည့် အခြေအနေကြောင့် အီရန် ခေါင်းဆောင်အဖြစ် နှစ်ပေါင်းများစွာ မင်းမူ အုပ်ချုပ်နေသော ၈၆ နှစ်အရွယ် အလီခါမီနီသည် အနီးဆုံးမိသားစု အပေါင်းအပါ ၂၀ ဝန်းကျင်ဖြင့် မော်စကိုသို့ ထွက်ပြေးတော့မည် ဖြစ်ကြောင်း ထောက်လှမ်းရေး သတင်းရင်းမြစ်အရ သိရသည်။ စားသောက်ကုန် စျေးနှုန်းများ ၇၂ ရာခိုင်နှုန်း မြင့်တက်နေပြီး ငွေကြေး ဖောင်းပွမှုနှုန်းမှာ တစ်နှစ်…