Author: Baby Yit Lone
-

ကျွန်အဖြစ်မလုပ်တော့ဘဲ သခင်ပဲလုပ်တော့မယ်လို့ KNA ဗိုလ်မှူးချုပ် ပြော
ကျွန်အဖြစ်မလုပ်တော့ဘဲ သခင်ပဲလုပ်တော့မှာဖြစ်ပြီး မိမိတို့မြေကို မိမိတို့ကိုယ်တိုင်သာ အုပ်ချုပ်မယ်လို့ ကရင်အမျိုးသားတပ်မတော် KNA အမှတ် ၂ စစ်ဒေသမှူး ဗိုလ်မှူးချုပ်စောတင်ဝင်းက ပြောပါတယ်။ အခုရက်ပိုင်းထဲ ကျင်းပခဲ့တဲ့ BGF က KNA ဘက်တံဆိပ်သစ်ကို ပြောင်းလဲတပ်ဆင်လိုက်တဲ့ အခမ်းအနားတစ်ခုမှာ KNA အမှတ် ၂ စစ်ဒေသမှူး ဗိုလ်မှူးချုပ်စောတင်ဝင်းက သူ့ရဲ့ တပ်သားတွေကို အမှာစကားပြောကြားခဲ့ရာမှာ ထည့်သွင်းပြောဆိုသွားခဲ့တာပါ။ KNA အမှတ် ၂ စစ်ဒေသမှူး ဗိုလ်မှူးချုပ်စောတင်ဝင်း က “ကိုယ့်တိုင်းပြည်ကိုယ့်လွတ်လပ်ရေးအတွက် အားလုံး ကိုယ်ကိုယ်တိုင်သာလုပ်ဆောင်ရမယ်။ သခင်ပဲလုပ်မယ် ကျွန်တော့မလုပ်နိုင်ဘူး သဘောပေါက်တယ်နော်” လို့ ဆိုပါတယ်။ ကရင်အမျိုးသားတပ်မတော် KNA ကို ကရင်နယ်ခြားစောင့်တပ် BGF ကနေ ဇန်နဝါရီ ၁ ရက်နေ့ကစပြီး စတင်ပြောင်းလဲဖွဲ့စည်းလိုက်ကာ BGF ဘက်တံဆိပ်ကို…
-

ပန်းတောင်းမြို့နယ်တွင် စစ်ကြောင်းကို AA ကွန်မန်ဒိုတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်
ပန်းတောင်းမြို့နယ်တွင် စစ်ကြောင်းကို AA ကွန်မန်ဒိုတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ဗိုလ်မှူးကြီး ၁ ဦး အပါအဝင် စစ်သား ၁၀ ဦးကျော်သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို အာရက္ခတပ်တော်-AA ကွန်မန်ဒိုတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ဗိုလ်မှူးကြီးအဆင့်ရှိသူ အပါအဝင် စစ်သား ၁၀ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း AA သတင်းရင်းမြစ်က ပြောဆိုသည်။ ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၉ နာရီအချိန် ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးအတွင်းရှိ ၆၆၆ ကုန်း နှင့် ကပစ ၁၆ အကြား၊ မသုန်ရွာ၏အနောက် ဘက်မီတာ ၅၅၀၀ ခန့်အကွာအဝေး တွင် စခန်းချနေသော စစ်တပ်စစ်ကြောင်းကို အာရက္ခတပ်တော် ကွန်မင်ဒိုစစ်ကြောင်းက…
-

မေ့အတွက် ချန်ထားဦးနော်
နန်းမေခင် နှင့် ဒေါ်သင်းသင်းမြိုင်ကို အများက ညီအစ်မဟု ထင်ထားကြသည်။ အမှန်တော့ တူဝရီးတော်စပ်သည်။ ဒေါ်သင်းသင်းမြိုင် က နန်းမေခင်၏ အဒေါ်ဖြစ်သည်။ အသက် (၄၀) ထဲ ရောက်နေပြီ ဖြစ်ပေမယ့် လှတုန်းတောင့်တုန်း ဖြစ်သည်။ သူမ၏အလှကို မြင်သာအောင် ပြောရလျှင် မင်းသမီး ရတနာခင်လို အလှမျိုး ဖြစ်သည်။ ခပ်ဆင်ဆင်လည်း တူသည်။ နန်းမေခင်က အသက် (၂၂) နှစ်ရှိပြီဖြစ်သည်။ တက္ကသိုလ်တွင် သရုပ်ပြဆရာမလုပ်ရင်း Ph.D တက်နေသည်။ ဒါကြောင့်လည်း အဒေါ်ဖြစ်သူ ဒေါ်သင်းသင်းမြိုင်ထံ လာရောက်နေထိုင်ခြင်း ဖြစ်သည်။ နန်းမေခင်တို့ မိသားစုနေတာက တောင်ကြီးတွင် ဖြစ်သည်။ ဒေါ်သင်းသင်းမြိုင်က (၃၈) လမ်းထဲတွင် ကိုယ်ပိုင်တိုက်ခန်းဖြင့် နေသည်။ ဒေါ်သင်းသင်းမြိုင်တို့ လင်မယားတွင်က သားသမီးမရှိ၍ နန်းမေခင်ကို ငယ်ငယ်ကတည်းက…
-

စစ်ရှောင်များကို စစ်တပ်ကလေယာဉ်ဖြင့် လိုက်လံတိုက်ခိုက်
မန္တလေးဘက်မှ ထွက်ပြေးလာသည့် စစ်ရှောင်များကို စစ်တပ်ကလေယာဉ်ဖြင့် လိုက်လံတိုက်ခိုက် စစ်တပ်သည် စစ်ကိုင်းတိုင်း ခင်ဦးမြို့အရှေ့ခြမ်းရှိ ကုန်းကြီးရွာကို ဇန်နဝါရီ ၅ ရက် ည ၉ နာရီခန့်တွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မန္တလေးဘက်မှစစ်ရှောင်လာသည့် မိသားစုဝင်သုံးဦးသေဆုံးခဲ့ပြီး အခြားစစ်ရှောင်သုံးဦး ဒဏ်ရာရခဲ့သည်ဟု ဒေသခံများကဆိုသည်။ စစ်တပ်ကြဲချသည့်ဗုံးသည် ကုန်းကြီးရွာ စာသင်ကျောင်းနှင့် ဈေးဆိုင်တန်းအနီးသို့ကျခဲ့ကြောင်း၊ သေဆုံးသူများ၏ အသေးစိတ်အချက်အလက်များကို စိစစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ ခင်ဦးအခြေစိုက် ပြည်သူ့လုံခြုံရေးအဖွဲ့ တာဝန်ခံကပြောသည်။ “အခုလေကြောင်းချသွားတာက စစ်ဘေးရှောင်တွေခိုလှုံနေတဲ့ စာသင်ကျောင်းရှေ့ ဘေးနားမှာ ဒီရက်ပိုင်းအတွင်းက ဖွင့်ထားတဲ့ လက်ဖက်ရည်ဆိုင်၊ အကြော်ဆိုင်နဲ့ ဝက်သားတုပ်ထိုးဆိုင်တွေ ပေါ်ကို ဗုံးတစ်လုံးကြဲသွားတာပါ။ အမျိုးသား နှစ်ယောက်၊ အမျိုးသမီးတစ်ယောက်၊ စုစုပေါင်း သုံးယောက်က ပွဲချင်းပြီး သေသွားတယ်၊ မိသားစုလိုက်ပဲ။ မောင်နှမ…
-

စစ်တပ် လက်လွှတ်ထားရသည့် ချင်းနှင့်ရခိုင်တွင် ရွေးကောက်ပွဲများပြီးဆုံး
စစ်တပ်က လက်လွှတ်လိုက်ရသည့် နေရာအများစုရှိသည့် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ၎င်းတို့ဦးဆောင်လုပ်သော ရွေးကောက်ပွဲများသည် အပိုင်း (၁) မှာပင် အပြီးသတ်သွားပြီဖြစ်သည်။ စစ်ကော်မရှင်က နယ်မြေအများအပြားလက်လွှတ်ထားရသည့် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၈ ရက်နေ့က စတင်ကျင်းပခဲ့သော ရွေးကောက်ပွဲသည် အပိုင်း (၁) မှာပင် အပြီးသတ်သွားပြီး စစ်တပ်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက နေရာအများစု အနိုင်ရခဲ့သည်။ ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေ မရှိဟု ဆိုကာ ရခိုင်ပြည်နယ်မှ လေးမြို့နယ်၊ ချင်းပြည်နယ် သုံးမြို့နယ်နှင့် စစ်ကိုင်းတိုင်းမှ မြို့နယ် နှစ်ခုတို့တွင် ရွေးကောက်ပွဲ ကျင်းပနိုင်မည်မဟုတ်ကြောင်း ရွေးကောက်ပွဲ အပိုင်း (၁) မကျင်းပမီ တစ်ရက်အလို ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာခဲ့သည်။ ထို့ကြောင့်…