Author: Baby Yit Lone

  • စစ်တပ်ကို နိုင်ငံရေးပါတီတစ်ခုရဲ့ လက်ကိုင်တုတ် မဖြစ်စေချင်ဘူးဆိုတဲ့ သက်သက်ခိုင်

    စစ်တပ်ကို နိုင်ငံရေးပါတီတစ်ခုရဲ့ လက်ကိုင်တုတ် မဖြစ်စေချင်ဘူးဆိုတဲ့ သက်သက်ခိုင်

    စစ်တပ်က ဒိုင်လူကြီးအလုပ်မလုပ်ဘဲ လူလွှတ်ဝင်ပြိုင်နေလို့ ရွေးကောက်ပွဲ တရားမျှတမှုရှိမရှိ မပြောနိုင်ဘူးလို့ အတုအယောင်ရွေးကောက်ပွဲ ဝင်မပြိုင်ရတဲ့ သက်သက်ခိုင် ထုတ်ပြောလာ စစ်တပ်ကို နိုင်ငံရေးပါတီတစ်ခုရဲ့ လက်ကိုင်တုတ် မဖြစ်စေချင်ဘူးလို့ဆို ” ဒိုင်လူကြီး လုပ်နေတဲ့နေရာမှာ ဒိုင်လိုပဲ မနေဘဲနဲ့ ဒိုင်လိုလည်း နေတယ်၊ ပြီးလို့ရှိရင် ကိုယ့်လူတွေကိုလည်း နိုင်ငံရေးပါတီတစ်ခု အင်အားကြီးပါတီတစ်ခုကို ပို့လွှတ်ပြီးတော့မှ အပြိုင် ဝင်လည်း ပြိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်က အခုလို မေးခွန်းထုတ်စရာတွေ ဖြစ်သွားတယ်” စစ်အုပ်စုကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲမှာ စစ်တပ်ဟာ ဒိုင်လူကြီးနေရာမှာ နေတာတင်မကဘဲ ရွေးကောက်ပွဲကိုပါ လူလွှတ်ယှဉ်ပြိုင်ခိုင်းနေတာကြောင့် ရွေးကောက်ပွဲ တရားမျှတမှု ရှိမရှိ မပြောနိုင်သေးဘဲ ပွဲပြီးတဲ့အထိ စောင့်ကြည့်ရမယ်လို့ ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ သက်သက်ခိုင်က ပြောကြားလိုက်ပါတယ်။ စစ်အုပ်စုလက်အောက်မှာ မှတ်ပုံတင်ပြီး လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ ပြည်တွင်းမီဒီယာတစ်ခုနဲ့…

  • ပြန်ပေးဆပ်လိုက်ရသည်က

    ပြန်ပေးဆပ်လိုက်ရသည်က

    ကျွန်မအဖေက အမြဲ ပြောဖူးတယ်။ “လောကမှာ လွယ်လွယ်ချောင်ချောင် ရတယ်ဆိုတာ မရှိဘူး၊ သမီး။ တစ်စုံတစ်ခုကို ပြန်ပေးရတာချည်းပဲ။ ပြန်ပေးဆပ်လိုက်ရတာက ဘာလဲဆိုတာ သမီး အမြဲ မျက်ခြေမပြတ်ဖို့ လိုတယ်” တဲ့။ ကျွန်မ နာမည်လား၊ နာမည် အပြည့်အစုံကတော့ မပြောပါရစေနဲ့။ လဲ့လဲ့လို့ပဲ ထားလိုက်ပါ။ အလုပ်က မူလတန်းပြ ဆရာမပါ။ ဒါကလည်း ပိုက်ဆံအတွက်လုပ်တာ မဟုတ်ပဲ ဝါသနာပါလို့ လုပ်နေတာပါ။ ကျွန်မအမျိုးသားက အကောင်ကြီးကြီး အမြီးရှည်ရှည်ထဲကဆိုတော့ ငွေမလိုပါဘူး။ သူ ကျမကို တင့်တောင့်တင့်တယ် လိုလေသေး မရှိရအောင် ထားနိုင်ပါတယ်။။ ကျမ အခုပြောပြမဲ့ အကြောင်းက ဘယ်သူမှ မသိကြသေးတဲ့ ကျမရဲ့ လျို့ဝှက်ချက်ပါ။ ကျမ အမျိုးသားတောင် မသိပါဘူး။ ဘယ်သူ့ကိုမှ မပြောဘူးဆိုတာက ရှက်စရာ…

  • အတုအယောင် ရွေးကောက်ပွဲ နီးလာချိန် မန္တလေးမှာ စစ်အုပ်စု ပိုမိုအာဏာပြ သောင်းကျန်းလာ

    အတုအယောင် ရွေးကောက်ပွဲ နီးလာချိန် မန္တလေးမှာ စစ်အုပ်စု ပိုမိုအာဏာပြ သောင်းကျန်းလာ

    လမ်းသွားလမ်းလာတွေကို လက်နက်ပြ မိုက်ကြေးခွဲရာမှာ ဖုန်းတွေကို အသေးစိတ် စစ်ဆေး ငွေညှစ် အတုအယောင် ရွေးကောက်ပွဲ လုပ်မယ့်ရက် နီးကပ်လာချိန် မန္တလေးမြို့ပေါ်မှာ အာဏာသိမ်း စစ်အုပ်စု လက်နက်ကိုင်တွေ ပိုမို အတင့်ရဲလာကာ ပြည်သူကို ဖမ်းဆီးငွေညစ်တာတွေ လုပ်နေတယ်လို့ မန္တလေးမြို့ခံတချို့က ဆက်သွယ်ပြောဆိုပါတယ်။ အာဏာသိမ်းကာလ လေးနှစ်ကျော်အတွင်း လမ်းပေါ်သိပ်တွေ့ရလေ့မရှိဘဲ ရဲစခန်းတွေထဲမှာပဲ ခိုအောင်းနေလေ့ရှိတဲ့ စစ်အုပ်စု လက်နက်ကိုင် ရဲတွေကို ယခုရက်ပိုင်း လမ်းပေါ်မှာ မကြာခဏ တွေ့လာရသလို ပျူစောထီးတွေရဲ့ အုပ်စုဖွဲ့ လက်နက်ကိုင်ပြီး လမ်းပေါ်တက် ငွေညှစ်တာတွေလည်း ပိုမို လုပ်ဆောင်လာတယ်လို့ ဆိုပါတယ်။ ယခု ဒီဇင်ဘာလအတွင်း မန္တလေးမြို့အနှံ့မှာ ရဲ ယူနီဖေါင်းဝတ်ထားသူတွေက အုပ်စုဖွဲ့ လက်နက်ကိုင်ပြီး လမ်းပေါ်တက်ကာ ဆိုင်ကယ်၊ကားတွေကို မထင်ရင်မထင်သလို စစ်ဆေးရှာဖွေမှုတွေ လုပ်နေသလို ကုန်တင်ကား၊…

  • ဒိန်းဒေါင်မွေးနေ့ကို နေပြည်တော်မှာ ပျော်ပွဲရွှင်ပွဲ၊ ဖျော်ဖြေပွဲတွေနဲ့  ၇ ရက်တိတိကျင်းပမည်

    ဒိန်းဒေါင်မွေးနေ့ကို နေပြည်တော်မှာ ပျော်ပွဲရွှင်ပွဲ၊ ဖျော်ဖြေပွဲတွေနဲ့ ၇ ရက်တိတိကျင်းပမည်

    အကြမ်းဖက် စစ်တပ်ဘက်တော်သား ဒိန်းဒေါင်မွေးနေ့ကို နေပြည်တော်မှာ ပျော်ပွဲရွှင်ပွဲ၊ ဖျော်ဖြေပွဲတွေနဲ့ ၇ ရက်တိတိကျင်းပနိုင်ဖို့ စစ်တပ်က လုံခြုံရေးယူပေး အကြမ်းဖက် စစ်တပ်ဘက်တော်သား ဟာသလူရွှင်တော် ဒိန်းဒေါင်ရဲ့ မွေးနေ့ကို နေပြည်တော်မှာ ပျော်ပွဲရွှင်ပွဲ၊ ဖျော်ဖြေပွဲတွေနဲ့ ၇ ရက်တိတိကျင်းပနိုင်ဖို့ စစ်တပ်က လုံခြုံရေးယူပေးထားတယ်လို့ နေပြည်တော် သတင်းရင်းမြစ်က ပြောပါတယ်။ ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ အသက် ၅၂ နှစ်ပြည့်မယ့် တင်ဌေး (ခေါ်) ဒိန်းဒေါင်က သူရဲ့ မွေးနေ့အဖြစ် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ဟာသအစည်းအရုံးမှာ ဒီဇင်ဘာလ ၂၅ ရက်နေ့ကစလို့ ဒီဇင်ဘာလ ၃၀ ရက်နေ့အထိ ညစဉ် ပျော်ပွဲ ရွှင်ပွဲ ဖျော်ဖြေပွဲတွေ လုပ်မှာဖြစ်တယ်လို့ သိရပါတယ်။ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်တပ်က…

  • Truth & Treason

    Truth & Treason

    Truth & Treason (2025) ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမနီမှာ ဟစ်တလာကိုဆန့်ကျင်လို့ ပြစ်ဒဏ်ချမှတ်ခံရသူတွေထဲ အသက်အငယ်ဆုံးဖြစ်တဲ့ Helmuth Hübenerရဲ့ အကြောင်းကို အခြေခံထားတဲ့ရုပ်ရှင် ဇာတ်လမ်းဖြစ်ပါတယ်။ နာဇီတို့ရဲ့ သတင်းအမှောင်ချမှုနဲ့ ဖိနှိပ်မှုတွေကြောင့် အမှန်ကိုမမြင်ရကြတဲ့ နိုင်ငံသားတွေအတွက် အမှန်တရားကို ပြောခြင်းဖြင့်ပုန်ကန်ဖို့ ဆယ်ကျော်သက်လူငယ် ဟယ်လ်မွန် (Ewan Horrocks)က ဆုံးဖြတ်ခဲ့ပါတယ်။ “In war, truth is the first casualty.” Aeschylus