Author: Baby Yit Lone

  • ကလေးခိုးပြီး နှိပ်စက်၊ တောင်းရမ်းခိုင်းစားပြီး မတရားပြုကျင့်သူကို ဖမ်းမိပြီ

    ကလေးခိုးပြီး နှိပ်စက်၊ တောင်းရမ်းခိုင်းစားပြီး မတရားပြုကျင့်သူကို ဖမ်းမိပြီ

    ကလေးခိုးပြီး နှိပ်စက်၊ တောင်းရမ်းခိုင်းစားပြီး မတရားပြုကျင့်သူကို ဖမ်းမိပြီ ကလေးခိုးပြီး နှိပ်စက်၊ တောင်းရမ်းခိုင်းစားမှု ကျူးလွန်သူကို မနေ့ ဇူလိုင် ၂၁ ရက်၊ ည ၁၂ နာရီဝန်းကျင်က ဧရာဝတီတိုင်းအတွင်းက မော်လမြိုင်ကျွန်းမြို့နယ်မှာ ပြည်သူတွေရဲ့ ကူညီမှုနဲ့ ပြန်လည် ဖမ်းမိပြီဖြစ်ပြီး ပြစ်မှု ကျူးလွန်သူဟာ ကလေးရဲ့ မိခင်နဲ့လူမှု​ရေးဆက်နွယ်သူ ဖြစ်တယ်လို့ ဒီဖြစ်စဉ်ကို သိရှိသူတွေက ပြောပါတယ်။ “မိတာက ကျိန်းသေ မိသွားပါပြီ။ မော်ကျွန်းက ပြည်သူတွေ ဝိုင်းဖမ်းပေးတာပါ။ သူက ကလေးအမေနဲ့ လူမှု​ရေးဇာတ်လမ်းရှိသူလို့ သိရတယ်။ အဲဒါကြောင့် ကလေးအမေက ကလေးပျောက်တာ၊ အဲဒီလူ ခေါ်သွားတာကို သိပေမယ့် လိုက်မရှာ၊ အမှုလည်း မဖွင့်ဘဲ ထားထားတာ” လို့ ဒီဖြစ်စဉ်ကို သိရှိသူက ပြောပါတယ်။ ပြစ်မှုကျူးလွန်သူဟာ…

  • ရန်ကုန် ပွဲတွေပြန်ကနေပြီ

    ရန်ကုန် ပွဲတွေပြန်ကနေပြီ

    အင်းစိန်ရဲစခန်း ဂိတ်ကင်းကို YA အဖွဲ့ တိုက်ခိုက် ရန်ကုန်မြို့၊အင်းစိန်မြို့မ ရဲစခန်းဂိတ်ကင်းမှာ ရဲတပ်ဖွဲ့ဝင်တွေရှိ‌နေချိန် ပြင်းအားမြင့် လက်ပစ်ဗုံး ၂လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Yangon Army (YA) အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။ ဒီနေ့(ဇူလိုင်၂၁) ည ၇ နာရီကျော်မှာ စစ်ဆင်ရေးကို လုပ်ဆောင်ခဲ့တာဖြစ်ပြီး မိုးရွာနေပေမယ့် မစ်ရှင်ကိုအောင်မြင်အောင်လုပ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။ “ကျနော်တို့ရဲဘော်၁ယောက်နှစ်လပိုင်းမှာအဖမ်းခံရပြီးစစ်ကြောရေးမှာကျသွားထဲကရှိတဲ့ သူတွေလဲအကုန်ရှောင်တိမ်းနေရတာ။ ကြားမှာ တခါလားဘဲမစ်ရှင်လုပ်ဖြစ်တော့တယ်” လို့ YA ရဲ့ တာဝန်ရှိသူကပြောပါတယ်။ လက်ရှိအချိန်မှာတော့ အဖွဲ့သားတွေပြန်စုစည်းပြီး မစ်ရှင်တွေ ဆက်တိုက်လုပ်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။ “ရပ်နေလို့မှမရတာ၊ကျန်တဲ့သူတွေဆက်ပြီးနိုင်တဲ့ဝန်ထမ်းဖို့အားလုံး Ygnကိုပြန်ဝင်နေပါပြီ။ နောက်လလောက်ဆိုပုံမှန်ပြန်ဆော်နိုင်ပါပြီဗျာ”လို့ စစ်ဆင်ရေးတွေဖော်ဆောင်မယ့်အကြောင်းနဲ့ ပတ်သက်ပြီးပြောပါတယ်။ ရန်ကုန်မြို့မှာ အခုနောက်ပိုင်း မြို့ပြပြောက်ကျားအဖွဲ့တွေရဲ့ တိုက်ခိုက်မှု နည်းပါးသွားပြီး YA အဖွဲ့က အခု မြို့ပြပြောက်ကျားတိုက်ခိုက်မှု ပြန်လုပ်လာတာ…

  • အမရပူရတွင် ကျောက်ကပ်ဈေး သိန်းရာချီပေါက်ပြီး အရောင်းအဝယ်ဖြစ်နေ

    အမရပူရတွင် ကျောက်ကပ်ဈေး သိန်းရာချီပေါက်ပြီး အရောင်းအဝယ်ဖြစ်နေ

    ဆင်းရဲမွဲတေမှု ဆိုးဝါးလာနေတာကြောင့် မန္တလေးတိုင်း၊ အမရပူရမြို့က အခြေခံလူတန်းစားတွေ အနေများတဲ့ ရပ်ကွက်တချို့နဲ့ မြို့နယ်ထဲက ကျေးရွာတွေမှာ ဝမ်းတွင်းကလီစာ ကျောက်ကပ်ကို အခကြေးငွေနဲ့ ရောင်းစားမှု တွင်ကျယ်လာနေတယ်လို့ စုံစမ်းသိရပါတယ်။ အဲဒီမြို့နယ်ထဲမှာ လတ်တလော ကျောက်ကပ်တခြမ်းကို ငွေကျပ် သိန်းရာချီ ဈေးကွက်ပေါက်ဈေး ရှိပြီး ရောင်းချသူတွေလည်း ရှိနေတယ်လို့ ကိုယ်တိုင်ကြုံခဲ့သူတွေနဲ့ ကျောက်ကပ်ဝယ်ခဲ့သူတချို့က ပြောပါတယ်။ အမရပူရမြို့နယ်အတွင်းကနေ ကျောက်ကပ်အစားထိုးဖို့ ဝယ်ခဲ့သူတယောက်နဲ့ နီးစပ်သူက “အသိတယောက်က ကျောက်ကပ်ဆေးနေရတာ ကြာပြီ။ သူတို့အိမ်က ပိုက်ဆံလည်း ရှိတယ်။ ပွဲစားတယောက်နဲ့ ချိတ်မိတာ။ ကျောက်ကပ် ရမယ်ပေါ့။ အဲဒါနဲ့ ရောင်းမဲ့သူနဲ့တွေ့၊ လိုအပ်တဲ့ ဆေးစစ်တာတွေ လုပ်တာ၊ ကိုက်ညီနေတော့ ဝယ်လိုက်တာ။ သိန်း ၂၀၀ ကျော် ပေးရတယ်။ နေပြည်တော်မှာ ခွဲစိတ်ရမှာတဲ့။ ဒါပေမဲ့…

  • KNDF ခြေလှမ်းသစ်တွေ လာပြီဟေ့

    KNDF ခြေလှမ်းသစ်တွေ လာပြီဟေ့

    ဖက်ဒရယ်ဒီမိုကရေစီ ပန်းတိုင်အတွက် KNDF က စစ်ဒေသများ ပြင်ဆင်ဖွဲ့စည်းပြီး တိုက်ပွဲဝင်သွားမည်ဟု အသိပေး ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) သည် တပ်ဖွဲ့၏ စည်းရုံးတည်ဆောက်ရေးနှင့် စစ်ရေးစွမ်းရည် ပိုမိုကျစ်လျစ်ခိုင်မာလာစေရန်အတွက် ယခင်ဖွဲ့စည်းထားသော စစ်ဗျူဟာများနှင့် တပ်ရင်းများကို ပြန်လည်စုစည်းကာ စစ်ဒေသများ အဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်ကြောင်း ယနေ့ ဇူလိုင်လ ၂၁ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။ KNDF သည် ၂၀၂၆ ခုနှစ် နှစ်ဦးပိုင်းမှစတင်၍ တပ်ဖွဲ့များအား စံနှုန်းပြည့် စုဖွဲ့တည်ဆောက်ရေး၊ ကျစ်လျစ်ခိုင်မာရေးနှင့် မိမိတို့ လိုလားသည့် ကရင်နီပြည် ကာကွယ်ရေးတပ်မတော်တစ်ရပ် ဖြစ်ပေါ်လာရေးအတွက် ပြုပြင်ပြောင်းလဲရေး အစီအစဉ်များကို ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ထိုသို့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအရ ယခင် ဖွဲ့စည်းခဲ့သည့် စစ်ဗျူဟာ (၄)၊ (၅)…

  • သီတာယုမွန်တို့ အချင်းချင်း ဒွမ်ကုန်ပြီဟေ့

    သီတာယုမွန်တို့ အချင်းချင်း ဒွမ်ကုန်ပြီဟေ့

    ပျူခေါင်းဆောင် သီတာယုမွန်အချင်းချင်းအတိုင်ခံရ၊ တိုင်ချင်ရာတိုင်ဆိုပြီးထပ်ရမ်းကား မောင်နှစ်မချင်းရန်ဖြစ်၍ပျူကိုတိုင်ရာအကိုဖြစ်သူကိုဖမ်း​ခေါ်သွားပြီးသတ်လိုက်လို့ ​မိသားစုကငွေ​​ပေးကာအ​လောင်းပြန်ထုတ်ရ မြင်းခြံမြို့ကပျူ​စောထီးခေါင်းဆောင်သီတာယုမွန်ကိုအုပ်ချုပ်ရေးပိုင်းဝင်ရောက်စွက်ဖက်မှု နဲ့ ပျူ​တွေက ပြည်သူကိုမတရားသတ်ဖြတ်မှု တွေကြောင့် စစ်အုပ်စုက ပြန်လည်စစ် ဆေးနေတယ်လို့ မြို့ခံတွေကပြောပါတယ်။ ဇွန်လက ပြုလုပ်ခဲ့တဲ့ မြင်းခြံမြို့ကစစ်တပ်လက်အောက်ခံအုပ်ချုပ်ရေးမှူးရွေးချိန်မှာ စစ်တပ်လက်​အောက်ခံ မြင်းခြံပျူ စောထီးခေါင်း ဆောင်သီတာယုမွန်က ကျောင်းတက် နေတဲ့ ကျောင်းသား တွေအထိတ်တလန့်ဖြစ်တယ်ဆိုပြီး လူကြီးရွေးပွဲကော်မတီဝင် ၅ဦးကို ငေါက်ငမ်းတဲ့ ရုပ်သံဖိုင်ကိုလူမှုကွန်ယက်မှာ တင်ခဲ့ပါတယ်။ အဲဒီ​နောက် လူကြီး​ရွေးပွဲကော်မတီဝင်ဆိုသူတဦးက လူ့အခွင့်အရေး ကော်မရှင်ကို တိုင်ကြားတာမို့ စစ်ဆေးနေတာလို့ စုံစမ်းသိရပါတယ်။ “ဖြစ်စဉ်မှန်ပါတယ်။ဒါ‌​ပေမယ့်အမှုကဒီအတိုင်းပြီးသွားမယ်ထင်တယ်။ပထမက အုပ်ချုပ်ရေးအဖွဲ့အစည်းတွေကိုတိုင်တာ။ ဘယ်သူမှ အ ရေးမယူရဲလို့ လူ့အခွင့်အရေးကို တိုင်တာလို့ပြောတယ်။ ခေါ်မေးတယ်လို့ တော့ကြားတယ် အဲဒီအမျိုးသမီးက အခုတိုင်ချင်တဲ့ဆီတိုင်ဆိုပြီး ရမ်းကားနေတာ”လို့ မြင်းခြံကဒေသခံအမျိုးသမီးတဦးကပြောပါတယ်။ ဒါ့အပြင်ဇူလိုင်လ ၁၇ ရက်နေ့ကလည်အမှတ်(၅)ရပ်ကွက်မှာ ဦးမင်းကိုကညီမဖြစ်သူနဲ့ စကားများရန်ဖြစ်တာ…