📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

KNDF ခြေလှမ်းသစ်တွေ လာပြီဟေ့

ဖက်ဒရယ်ဒီမိုကရေစီ ပန်းတိုင်အတွက် KNDF က စစ်ဒေသများ ပြင်ဆင်ဖွဲ့စည်းပြီး တိုက်ပွဲဝင်သွားမည်ဟု အသိပေး

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) သည် တပ်ဖွဲ့၏ စည်းရုံးတည်ဆောက်ရေးနှင့် စစ်ရေးစွမ်းရည် ပိုမိုကျစ်လျစ်ခိုင်မာလာစေရန်အတွက်

ယခင်ဖွဲ့စည်းထားသော စစ်ဗျူဟာများနှင့် တပ်ရင်းများကို ပြန်လည်စုစည်းကာ စစ်ဒေသများ အဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်ကြောင်း ယနေ့ ဇူလိုင်လ ၂၁ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

KNDF သည် ၂၀၂၆ ခုနှစ် နှစ်ဦးပိုင်းမှစတင်၍ တပ်ဖွဲ့များအား စံနှုန်းပြည့် စုဖွဲ့တည်ဆောက်ရေး၊ ကျစ်လျစ်ခိုင်မာရေးနှင့် မိမိတို့ လိုလားသည့်

ကရင်နီပြည် ကာကွယ်ရေးတပ်မတော်တစ်ရပ် ဖြစ်ပေါ်လာရေးအတွက် ပြုပြင်ပြောင်းလဲရေး အစီအစဉ်များကို ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထိုသို့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအရ ယခင် ဖွဲ့စည်းခဲ့သည့် စစ်ဗျူဟာ (၄)၊ (၅) နှင့် (၇) အောက်ရှိ တပ်ရင်း (၈) ရင်းကို ပြန်လည်စုစည်း၍ စစ်ဒေသ (၂) အဖြစ် တပ်ရင်းအမှတ် (၅)၊ (၆) နှင့် (၇) စသည့် တပ်ရင်း (၃) ရင်းဖြင့် လည်းကောင်း၊

စစ်ဗျူဟာ (၂) နှင့် (၇) အောက်ရှိ တပ်ရင်း (၇) ရင်းကို ပြန်လည်စုစည်း၍ စစ်ဒေသ (၃) အဖြစ် တပ်ရင်းအမှတ် (၈)၊ (၉) နှင့် (၁၀) စသည့် တပ်ရင်း (၃) ရင်းဖြင့် လည်းကောင်း၊

စစ်ဗျူဟာ (၆)၊ (၃) နှင့် (၅) အောက်ရှိ တပ်ရင်း (၅) ရင်းကို ပြန်လည်စုစည်း၍ စစ်ဒေသ (၄) အဖြစ် တပ်ရင်းအမှတ် (၁၁)၊ (၁၂) နှင့် (၁၄) စသည့် တပ်ရင်း (၃) ရင်းဖြင့် လည်းကောင်း

ပြန်လည်ဖွဲ့စည်းလိုက်ပြီး ကရင်နီပြည်ရှိ နယ်မြေအသီးသီးတွင် အခြေပြု၍ စစ်ရေးတာဝန်များ ဆက်လက်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ တပ်ဖွဲ့ပြုပြင်ပြောင်းလဲရေး အစီအစဉ်များအရ ကနဦးပိုင်းတွင် စစ်ဒေသ (၁) ကို အဆင်သင့် ဦးစွာဖွဲ့စည်းခဲ့ပြီးဖြစ်ရာ လက်ရှိတွင် စစ်ဒေသ (၂)၊ (၃) နှင့် (၄) တို့ကို ထပ်မံဖွဲ့စည်းနိုင်ခဲ့ခြင်းဖြစ်ကာ

ကျန်ရှိသည့် စစ်ဒေသများကိုလည်း သတ်မှတ်အစီအစဉ်များအတိုင်း ဆက်လက်ဖွဲ့စည်း၍ အများပြည်သူသို့ အသိပေးသွားမည်ဟု ဆိုသည်။

KNDF အနေဖြင့် တော်လှန်ရေး၏ ရည်မှန်းချက်များအပေါ် မပြောင်းလဲသော ခံယူချက်ဖြင့် ဆက်လက်ရပ်တည် တိုက်ပွဲဝင်နေပြီး အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေး

ရည်မှန်းချက်များ အောင်မြင်စေရန်အတွက် တော်လှန်ရေးအင်အားစု အသီးသီးနှင့် ဟန်ချက်ညီညီ ပူးပေါင်းချိတ်ဆက်ကာ ဆက်လက်ကြိုးပမ်း တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း KNDF ဗဟိုကော်မတီက ထပ်လောင်း ကတိပြုထားသည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်