Author: Baby Yit Lone

  • Thamma

    Thamma

    Thamma (2025) လူသားနှင့်သမန်းဝံပုလွေအချစ် ဘောလိဝုဒ်ရဲ့နာမည်ကြီးတွေဖြစ်ကြတဲ့ မင်းသား Ayushmann Khurranaနဲ့ မင်းသမီးချော Rashmika Mandanna တို့သရုပ်ဆောင်ထားပြီး ဘတ်ဂျက် ၁၄၅ကုဋေ သုံးထားကာ ရုံတင်ငွေ ၁၈၇ကုဋေအထိရရှိထားတဲ့ ၂၀၂၅ ခုနှစ်ရဲ့ အကောင်းဆုံးရုပ်ရှင်ကားတွေထဲကတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းကျဉ်းကတော့… သတင်းတင်ဆက်သူတစ်ယောက်ဖြစ်တဲ့ အာလုခ်တစ်ယောက်တလွဲတွေလုပ်ရင်း တောနက်ထဲက သမန်းဝံပုလွေမျိုးနွယ်စု၀င်ကောင်မလေးနဲ့တွေ့မိခဲ့ပါတယ်။ သမန်းဝံပုလွေမျိုးနွယ်စုကြားထဲရောက်ရှိသွားပြီး နှစ်ပေါင်းများစွာအကျဉ်းချခံထားရကာဆာလောင်နေတဲ့ သမန်းဝံပုလွေနှင့်အတူအချုပ်အနှောင်ခံရပြီး သမန်းဝံပုလွေမလေးကလွတ်မြောက်အောင် ပြန်လည်ကယ်တင်တဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ရင်သပ်ရှုမောဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။

  • The Thin Man

    The Thin Man

    The Thin Man (1934) တီထွင်သူတစ်ယောက်ဖြစ်ပြီး စီးပွားရေးရှင်ဖြစ်တဲ့ ကလိုက်ဒ်ဝိုင်နန့်ဟာ သူ့ရဲ့သမီးဖြစ်သူ ဒိုရသီရဲ့ မင်္လာဆောင်မတိုင်ခင် အလုပ်ကိစ္စတွေကို လုပ်ဖို့ ခရီးထွက်စရာပေါ်လာခဲ့ပါတယ်။ အဲဒီမှာ သူ့သမီးအတွက် ဟိုးအရင်တည်းက ဝယ်စုထားတဲ့ အစိုးရဘွန်းတွေကို လာယူတဲ့အခါမှာ ပျောက်နေတာကိုတွေ့ရခဲ့ပါတယ်။ အဲဒီမှာ သူ့ရဲ့ စက္ကထရီ ဂျူလီယာနဲ့ သွားပြီး ထိပ်တိုက်ရင်ဆိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက် စကားများခဲ့ပြီး ထွက်လာခဲ့ပါတယ်။ ဒီလိုနဲ့ နောက်သုံးလအကြာမှာတော့ ဂျူလီယာ အသတ်ခံလိုက်ရပါတယ်။ အဲဒီတော့ ဂျူလီယာကို ဘယ်သူသတ်တာလဲ ဝိုင်နန့်ကရော ဘယ်ကိုရောက်နေတာလဲဆိုတာ ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။

  • I Swear

    I Swear

    I Swear (2025) ဒီရုပ်ရှင်ကတော့ John Davidson (ဂျွန် ဒေးဗစ်ဆင်) လို့ခေါ်တဲ့ အမှန်တကယ်ရှိခဲ့တဲ့ လူတစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းကို မှီငြမ်းပြီး ရိုက်ကူးထားတဲ့၊ စိတ်လှုပ်ရှားစရာကောင်းတဲ့ ဒရာမာ ဇာတ်ကားတစ်ကားပါ။ ဇာတ်လမ်းအကျဉ်းချုပ် ဒီဇာတ်လမ်းက ၁၉၈၀ ပြည့်လွန်နှစ်တွေက စကော့တလန် နိုင်ငံမှာ ကြီးပြင်းလာခဲ့တဲ့ ဂျွန် ဒေးဗစ်ဆင်ရဲ့ ဘဝကို အဓိကထားပြီး ပုံဖော်ထားတာပါ။ ဂျွန်ဟာ အသက် ၁၂ နှစ်အရွယ်မှာ စကော့တလန်မှာ ကျောင်းစတက်ချိန်မှာပဲ တက်ခ် (Tics) တွေလို့ခေါ်တဲ့ ထိန်းချုပ်မရတဲ့ ကိုယ်အင်္ဂါလှုပ်ရှားမှုတွေနဲ့ ဆဲဆိုကြိမ်းမောင်းခြင်း တွေလိုမျိုး ရောဂါလက္ခဏာတွေကို စတင်ခံစားလာရပါတယ်။ အဲဒီခေတ်မှာ ဒီလိုလက္ခဏာတွေ ဖြစ်တတ်တဲ့ Tourette syndrome (တိုရက်ဆင်ဒရုန်း) ဆိုတဲ့ အာရုံကြောဆိုင်ရာ ရောဂါအကြောင်းကို လူသိနည်းသေးတဲ့အတွက်၊ သူ့ကို…

  • မုံရွာက တကိုယ်တော်ကျားဖြန့် သိန်း ၇၀၀၀ ကျော် ဘယ်လိုလိမ်သွားသလဲ

    မုံရွာက တကိုယ်တော်ကျားဖြန့် သိန်း ၇၀၀၀ ကျော် ဘယ်လိုလိမ်သွားသလဲ

    မုံရွာမြို့ဟာ တော်လှန်ရေးအားကောင်းတဲ့ ဒေသတစ်ခုပါ။ တိုက်ပွဲတွေပတ်လည်ဝိုင်းနေတဲ့မုံရွာမြို့ဟာ စစ်ကောင်စီရဲ့အမျိုးစုံ ဖိနှိပ်မှုတွေကြားမှာ မနည်းရှင်သန်အောင် ရပ်တည်နေရတယ်။ နေ့စဥ်ပေါ်တာဆွဲတာတွေရှိတယ်။ အကြမ်းဖက် ဖမ်းဆီး ငွေညှစ်တာတွေရှိတယ်။ ဓါးပြတိုက် လုယက် ပြန်ပေးဆွဲတာတွေရှိတယ်။ အဲဒီလိုအခြေအနေကြားမှာပဲ မုံရွာမြို့က စီးပွားရေးသမား လုပ်ငန်းရှင် ၂၀ ကျော် ငွေအလိမ်ခံလိုက်ရပါတယ်။ ဆုံးရှုံးသွားတဲ့ပမာဏက ကျပ်သိန်းခုနှစ်ထောင်ကျော်ပါတဲ့။ သိန်းခုနှစ်ထောင်ကျော်ဆိုလို့ အဖွဲ့လိုက်များ လာလိမ်သွားတာလားထင်ကြမယ်။ မဟုတ်ပါဘူး။ အသက် ၂၅ ဝန်းကျင် အမျိုးသမီးငယ်တစ်ယောက်တည်းကပဲ လိမ်လည်သွားခဲ့တာပါ။ သူလိမ်သွားတာ ငွေကြေးတစ်ခုတည်းတင်မဟုတ်ပါဘူး။ အလိမ်ခံရတဲ့သူတွေရဲ့ ဂုဏ်သိက္ခာတွေကိုပါ ချနင်းသွားခဲ့တာပါ။ လိမ်လည်ခံရတဲ့သူတွေထဲကတစ်ယောက်ကတော့ ကိုအောင်(အမည်လွှဲ)ပါ။ကိုအောင်က လက်ရှိ ထိုင်းနိုင်ငံမှာ နေထိုင်ပါတယ်။ ကိုအောင်မုံရွာမှာ နေစဥ်ကရင်းနှီးတဲ့အမျိုးသမီးတစ်ယောက်ရှိပါတယ်။ အဲဒီအမျိုးသမီးက လူသိလည်းများတယ်။ ဆိုရှယ်လည်းကျတယ်။ ကိုအောင့်ကို တရက်မှာ အဲဒီအမျိုးသမီးက မက်ဆင်ဂျာကနေ ပြောလာတယ်။ လုပ်ငန်းလေးတစ်ခုလုပ်ဖို့ရှိလို့ ငွေထည့်မလားပေါ့။…

  • တီးတိန်တွင် အမေရိကန်သတင်းထောက် မိုင်းနင်းမိပြီး ဒဏ်ရာရ

    တီးတိန်တွင် အမေရိကန်သတင်းထောက် မိုင်းနင်းမိပြီး ဒဏ်ရာရ

    ချင်းပြည်နယ် ၊ တီးတိန်မြို့နယ်အတွင်း စစ်ကော်မရှင်တပ်နှင့် ချင်းတပ်ဖွဲ့များအကြားဖြစ် ပွားနေသောတိုက်ပွဲများအကြောင်း သတင်းယူနေသည့် အမေရိကန်သတင်းထောက်တဦး မြေမြှုပ်မိုင်း နင်းမိပြီး ဒဏ်ရာရရှိသွားကြောင်း အိန္ဒိယနိုင်ငံထုတ် အရှေ့မိုဂျို သတင်းစာကဖော်ပြသည်။ အမေရိကန်သတင်းစစ်ထောက် ကောလင်း မေဖီးလ်သည် တီးတိန်မြို့နယ် ကနေဒီတောင်အနီး စစ်ဆင်ရေးနယ် မြေတွင် ဒေသခံ PDF – Zoland တပ်ဖွဲ့စစ်ကြောင်းနှင့်အတူလိုက်ပါရင်း နိုဝင်ဘာလ ၁၈ ရက်နေ့ တွင် မိုင်းနင်းမိခဲ့ပြီး ခြေထောက်တွင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ “ဘယ်ဖက်ခြေထောက်နဲ့ မိုင်းနင်းမိလို့ ခြေချောင်းနှစ်ချောင်းနဲ့ အစိတ်အပိုင်းတချို့ဆုံးရှုံးခဲ့ရတယ်။ ညာဖက်ခြေထောက်ရဲ့ ဘက်ဖက်အခြမ်းနဲ့ ဘယ်ဖက်လက်မှာလည်း ဗုံးအစအနတွေအများကြီးထိသွား တယ်” ဟု ကောလင်းမေဖီးလ်က သတင်းစာကို အတည်ပြုပြောသည်။ ရရှိခဲ့သည့် ဒဏ်ရာကို ဆေးကုသမှုခံယူရန်အတွက် အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် အိုက်ဇောလ်မြို့သို့ သွားရောက်နေကြောင်း သတင်းစာတွင်ဖော်ပြထားသည်။…