ချင်းပြည်နယ် ၊ တီးတိန်မြို့နယ်အတွင်း စစ်ကော်မရှင်တပ်နှင့် ချင်းတပ်ဖွဲ့များအကြားဖြစ် ပွားနေသောတိုက်ပွဲများအကြောင်း သတင်းယူနေသည့် အမေရိကန်သတင်းထောက်တဦး မြေမြှုပ်မိုင်း နင်းမိပြီး ဒဏ်ရာရရှိသွားကြောင်း အိန္ဒိယနိုင်ငံထုတ် အရှေ့မိုဂျို သတင်းစာကဖော်ပြသည်။

အမေရိကန်သတင်းစစ်ထောက် ကောလင်း မေဖီးလ်သည် တီးတိန်မြို့နယ် ကနေဒီတောင်အနီး စစ်ဆင်ရေးနယ် မြေတွင် ဒေသခံ PDF – Zoland တပ်ဖွဲ့စစ်ကြောင်းနှင့်အတူလိုက်ပါရင်း နိုဝင်ဘာလ ၁၈ ရက်နေ့ တွင် မိုင်းနင်းမိခဲ့ပြီး ခြေထောက်တွင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

“ဘယ်ဖက်ခြေထောက်နဲ့ မိုင်းနင်းမိလို့ ခြေချောင်းနှစ်ချောင်းနဲ့ အစိတ်အပိုင်းတချို့ဆုံးရှုံးခဲ့ရတယ်။ ညာဖက်ခြေထောက်ရဲ့ ဘက်ဖက်အခြမ်းနဲ့ ဘယ်ဖက်လက်မှာလည်း ဗုံးအစအနတွေအများကြီးထိသွား တယ်” ဟု ကောလင်းမေဖီးလ်က သတင်းစာကို အတည်ပြုပြောသည်။

ရရှိခဲ့သည့် ဒဏ်ရာကို ဆေးကုသမှုခံယူရန်အတွက် အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် အိုက်ဇောလ်မြို့သို့ သွားရောက်နေကြောင်း သတင်းစာတွင်ဖော်ပြထားသည်။

သတင်းထောက် မိုင်းနင်းမိသည့်အခြေအနေနှင့်ပတ်သက်ပြီး PDF -Zoland တပ်ဖွဲ့ တာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းရာ ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ဒဏ်ရာရရှိခဲ့သည့် သတင်းထောက်သည် အိုက်ဇောလ်မြို့တွင် ရောက်ရှိနေပြီဖြစ်ကြောင်း ဒေသခံတဦး က ယနေ့ (ဒီဇင်ဘာလ၃ရက်)တွင်အတည်ပြုပြောသည်။

“အသက်အန္တရာယ်တော့ မစိုးရိမ်ရပါဘူး။ အခု အိုက်ဇောလ်မြို့မှာ ဆေးကုသမှုခံယူနေပါတယ်” ဟု ၎င်း ကဆိုသည်။

မေဖီးလ်သည် ယူကရိန်းကို ရုရှားကျူးကျော်မှု၊ ဟေတီနိုင်ငံရှိ ဂိုဏ်းဂဏအကြမ်းဖက်မှု၊ ဘိုကိုဟာရမ်၊ အစ္စလာမ္မစ်နိုင်ငံ တော်အဖွဲ့၊ ယာဇီဒီ လူမျိုးတုန်းသတ်ဖြတ်မှုနှင့် အီရတ်နိုင်ငံရှိ အီရန်အတိုက်အခံအဖွဲ့ များနှင့်ပတ်သက်ပြီး သတင်းရယူခဲ့သူဖြစ်ကာ ယခု ချင်းပြည်နယ်ရှိ ခုခံတော်လှန်ရေးလှုပ်ရှားမှုများကို မှတ်တမ်းတင်နေကြောင်းသိရသည်။

၎င်းသည် မြန်မာ့စစ်ပွဲရှေ့တန်းမြင်ကွင်းများပါဝင်သော “The Chin Resistance” အမည်ရှိသော အပိုင်း သုံးပိုင်းပါသည့် မှတ်တမ်းရုပ်သံကို Qilo တီဗွီတွင် ၂၀၂၄ခုနှစ်အတွင်း ထုတ်လွှင့်ခဲ့သည်။

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှတဆင့် မြန်မာနိုင်ငံဘက်သို့သွားရောက်ခဲ့သော ဘယ်လ်ဂျီယံသတင်း ထောက်တဦးကို ကျည်ဆံနှစ်တောင့်ဖြင့် မီဇိုရမ်ပြည်နယ် လဲန်းပွီလေဆိပ်တွင် မတ်လ ၅ ရက်နေ့က ဖမ်း ဆီးမိခဲ့သေးသည်။

မီဇိုရမ်ပြည်နယ်အပါအဝင် အရှေ့မြောက်ပြည်နယ်အချို့ကို အကာကွယ်ပေး ကန့်သတ်ထားသောနေရာ များ (Protected and Restricted Area)အဖြစ် ဗဟိုအစိုးရကသတ်မှတ်ပြီး နိုင်ငံခြားသားများအနေဖြင့် ပြည်နယ်များအတွင်း ဝင်ခွင့်ရရန် ကြိုတင်လျှောက်ထားရန်လိုအပ်ကြောင်း အသိပေးထုတ်ပြန်ထား သည်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *