Author: Baby Yit Lone
-

အမရပူရတွင် ကျောက်ကပ်ဈေး သိန်းရာချီပေါက်ပြီး အရောင်းအဝယ်ဖြစ်နေ
ဆင်းရဲမွဲတေမှု ဆိုးဝါးလာနေတာကြောင့် မန္တလေးတိုင်း၊ အမရပူရမြို့က အခြေခံလူတန်းစားတွေ အနေများတဲ့ ရပ်ကွက်တချို့နဲ့ မြို့နယ်ထဲက ကျေးရွာတွေမှာ ဝမ်းတွင်းကလီစာ ကျောက်ကပ်ကို အခကြေးငွေနဲ့ ရောင်းစားမှု တွင်ကျယ်လာနေတယ်လို့ စုံစမ်းသိရပါတယ်။ အဲဒီမြို့နယ်ထဲမှာ လတ်တလော ကျောက်ကပ်တခြမ်းကို ငွေကျပ် သိန်းရာချီ ဈေးကွက်ပေါက်ဈေး ရှိပြီး ရောင်းချသူတွေလည်း ရှိနေတယ်လို့ ကိုယ်တိုင်ကြုံခဲ့သူတွေနဲ့ ကျောက်ကပ်ဝယ်ခဲ့သူတချို့က ပြောပါတယ်။ အမရပူရမြို့နယ်အတွင်းကနေ ကျောက်ကပ်အစားထိုးဖို့ ဝယ်ခဲ့သူတယောက်နဲ့ နီးစပ်သူက “အသိတယောက်က ကျောက်ကပ်ဆေးနေရတာ ကြာပြီ။ သူတို့အိမ်က ပိုက်ဆံလည်း ရှိတယ်။ ပွဲစားတယောက်နဲ့ ချိတ်မိတာ။ ကျောက်ကပ် ရမယ်ပေါ့။ အဲဒါနဲ့ ရောင်းမဲ့သူနဲ့တွေ့၊ လိုအပ်တဲ့ ဆေးစစ်တာတွေ လုပ်တာ၊ ကိုက်ညီနေတော့ ဝယ်လိုက်တာ။ သိန်း ၂၀၀ ကျော် ပေးရတယ်။ နေပြည်တော်မှာ ခွဲစိတ်ရမှာတဲ့။ ဒါပေမဲ့…
-

KNDF ခြေလှမ်းသစ်တွေ လာပြီဟေ့
ဖက်ဒရယ်ဒီမိုကရေစီ ပန်းတိုင်အတွက် KNDF က စစ်ဒေသများ ပြင်ဆင်ဖွဲ့စည်းပြီး တိုက်ပွဲဝင်သွားမည်ဟု အသိပေး ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) သည် တပ်ဖွဲ့၏ စည်းရုံးတည်ဆောက်ရေးနှင့် စစ်ရေးစွမ်းရည် ပိုမိုကျစ်လျစ်ခိုင်မာလာစေရန်အတွက် ယခင်ဖွဲ့စည်းထားသော စစ်ဗျူဟာများနှင့် တပ်ရင်းများကို ပြန်လည်စုစည်းကာ စစ်ဒေသများ အဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်ကြောင်း ယနေ့ ဇူလိုင်လ ၂၁ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။ KNDF သည် ၂၀၂၆ ခုနှစ် နှစ်ဦးပိုင်းမှစတင်၍ တပ်ဖွဲ့များအား စံနှုန်းပြည့် စုဖွဲ့တည်ဆောက်ရေး၊ ကျစ်လျစ်ခိုင်မာရေးနှင့် မိမိတို့ လိုလားသည့် ကရင်နီပြည် ကာကွယ်ရေးတပ်မတော်တစ်ရပ် ဖြစ်ပေါ်လာရေးအတွက် ပြုပြင်ပြောင်းလဲရေး အစီအစဉ်များကို ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ထိုသို့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအရ ယခင် ဖွဲ့စည်းခဲ့သည့် စစ်ဗျူဟာ (၄)၊ (၅)…
-

သီတာယုမွန်တို့ အချင်းချင်း ဒွမ်ကုန်ပြီဟေ့
ပျူခေါင်းဆောင် သီတာယုမွန်အချင်းချင်းအတိုင်ခံရ၊ တိုင်ချင်ရာတိုင်ဆိုပြီးထပ်ရမ်းကား မောင်နှစ်မချင်းရန်ဖြစ်၍ပျူကိုတိုင်ရာအကိုဖြစ်သူကိုဖမ်းခေါ်သွားပြီးသတ်လိုက်လို့ မိသားစုကငွေပေးကာအလောင်းပြန်ထုတ်ရ မြင်းခြံမြို့ကပျူစောထီးခေါင်းဆောင်သီတာယုမွန်ကိုအုပ်ချုပ်ရေးပိုင်းဝင်ရောက်စွက်ဖက်မှု နဲ့ ပျူတွေက ပြည်သူကိုမတရားသတ်ဖြတ်မှု တွေကြောင့် စစ်အုပ်စုက ပြန်လည်စစ် ဆေးနေတယ်လို့ မြို့ခံတွေကပြောပါတယ်။ ဇွန်လက ပြုလုပ်ခဲ့တဲ့ မြင်းခြံမြို့ကစစ်တပ်လက်အောက်ခံအုပ်ချုပ်ရေးမှူးရွေးချိန်မှာ စစ်တပ်လက်အောက်ခံ မြင်းခြံပျူ စောထီးခေါင်း ဆောင်သီတာယုမွန်က ကျောင်းတက် နေတဲ့ ကျောင်းသား တွေအထိတ်တလန့်ဖြစ်တယ်ဆိုပြီး လူကြီးရွေးပွဲကော်မတီဝင် ၅ဦးကို ငေါက်ငမ်းတဲ့ ရုပ်သံဖိုင်ကိုလူမှုကွန်ယက်မှာ တင်ခဲ့ပါတယ်။ အဲဒီနောက် လူကြီးရွေးပွဲကော်မတီဝင်ဆိုသူတဦးက လူ့အခွင့်အရေး ကော်မရှင်ကို တိုင်ကြားတာမို့ စစ်ဆေးနေတာလို့ စုံစမ်းသိရပါတယ်။ “ဖြစ်စဉ်မှန်ပါတယ်။ဒါပေမယ့်အမှုကဒီအတိုင်းပြီးသွားမယ်ထင်တယ်။ပထမက အုပ်ချုပ်ရေးအဖွဲ့အစည်းတွေကိုတိုင်တာ။ ဘယ်သူမှ အ ရေးမယူရဲလို့ လူ့အခွင့်အရေးကို တိုင်တာလို့ပြောတယ်။ ခေါ်မေးတယ်လို့ တော့ကြားတယ် အဲဒီအမျိုးသမီးက အခုတိုင်ချင်တဲ့ဆီတိုင်ဆိုပြီး ရမ်းကားနေတာ”လို့ မြင်းခြံကဒေသခံအမျိုးသမီးတဦးကပြောပါတယ်။ ဒါ့အပြင်ဇူလိုင်လ ၁၇ ရက်နေ့ကလည်အမှတ်(၅)ရပ်ကွက်မှာ ဦးမင်းကိုကညီမဖြစ်သူနဲ့ စကားများရန်ဖြစ်တာ…
-

မန္တလေးပျူစောထီးအဖွဲ့နဲ့ ရန်ဖြစ်တဲ့အမျိုးသမီးနှစ်ဦးရဲ့အဖြစ် (ရုပ်သံ)
မန္တလေးပျူစောထီးအဖွဲ့နဲ့ ရန်ဖြစ်တဲ့အမျိုးသမီးနှစ်ဦးကို ပျူစောထီးခေါင်းဆောင်က ရပ်ကွက်ရုံးခေါ်ပြီး ပါးထက်ချ မန္တလေး၊မြရည်နဒ္ဒါရပ်ကွက်မှာပျူစောထီးအဖွဲ့တွေနဲ့ ခိုက်ရန်ဖြစ်ပွားတဲ့အမျိုးသမီးနှစ်ဦးကို ပြည်သူ့စစ်ခေါင်းဆောင် ငတွတ်ဆိုသူက ရပ်ကွက်ရုံထဲခေါ်ပြီးကိုယ်ထိလက်ရောက်ကျူးလွန်ကာပါးရိုက်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ ငွေရေးကြေးရေးပြသနာဖြစ်ပွားရာက အမျိုးသမီးတွေပါဝင်တဲ့ ပျူစောထီးအဖွဲ့ နဲ့ အဆိုပါအမျိုးသမီးနှစ်ဦးခိုက်ရန်ဖြစ်ပွားခဲ့တာဖြစ်ပြီး ခိုက်ရန်ဖြစ်ပွားချိန်တွင် အဆိုပါအမျိုးသမီးနှစ်ဦးကို ပျုစောထီး အဖွဲ့ဝင်အမျိုးသားတွေကပါဝိုင်းဝန်းရိုက်နှက်ခဲ့တာလို့ဆိုပါတယ်။ “မြေကိစ္စလို့တော့ပြောတာပဲ အမှန်တော့ဖြစ်တဲ့နှစ်ဖက်စလုံး ပျူတွေနဲ့ မကင်းဘူး၊ငတွတ်တို့အဖွဲ့က ဒီဖက်မှာတော်တော်ဆိုးနေတာ၊လိုင်းကြေးကောက်တာကအစ မိန်းမတွေပါတယ်၊သူတို့ခြင်းမို့လီု့အဲ့လောက်နဲ့ပြီးတာ”လို့ အမည်မဖော်လိုတဲ့ ဒေသခံတဦးကပြောပါတယ်။ ဒါ့အပြင်ပြည်သူ့စစ်ခေါင်းဆောင်ငတွတ်ဆိုသူဟာ နစ်နာသူအမျိုးသမီးနှစ်ဦးကီု ကိုယ်ထိလက်ရောက်ကျူးလွန်တဲ့အပြင် တိုင်ခြင်ရာတိုင်နိုင်တယ်လို့ပြောဆိုခဲ့တယ်လို့သိရပါတယ်။ ဒါပေမယ့် နစ်နာသူအမျိုးသမီးတွေဟာပျူစောထီးအဖွဲ့ဝင်တွေနဲ့ ပါတ်သတ်မှုရှိမရှိကိုတော့ သီးခြားအတည်ပြုချက်မရရှိသေးပါဘူး။ လက်ရှိမှာတော့ ဒီကိစ္စကို ပျူစောထီးခေါင်းဆောင်ပေါက်ကိုယ်တော်ဆီ နစ်နာသူတွေကတိုင်ကြားထားပြီး အောင်ပင်လယ်ရဲစခန်းမှာအမှုဖွင့်ထားတယ်လို့သိရပါတယ်။
-

UWSA၊ NDAA၊ TNLA တို့ စကမ နဲ့ တရားဝင် ပူးပေါင်း
စစ်ကော်မရှင်၏ အတုအယောင်ငြိမ်းချမ်းရေးကို UWSA ၊ NDAA တို့နှင့် ပူးပေါင်းပြီး ဆောင်ရွက်သွားမည်ဟု TNLA ဆို စစ်ကော်မရှင်၏ အတုအယောင်ငြိမ်းချမ်းရေးကို UWSA ၊ NDAA တို့နှင့် ပူးပေါင်းပြီး ဆောင်ရွက်သွားမည်ဟု TNLA ကတိပြုခဲ့ကြောင်း နေပြည်တော်တွင် ဇူလိုင်လ ၁၉ ရက်က ပြုလုပ်ခဲ့သော စစ်ကော်မရှင်၏ ငြိမ်းချမ်းရေးကော်မတီနှင့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) တို့၏ တွေ့ဆုံဆွေးနွေးပွဲမှ ပေါက်ကြားလာသော မှတ်တမ်းများအရသိရသည်။ TNLA သည် စစ်ကော်မရှင်ဘက်မှ တောင်းဆိုသမျှကို အဓိကထား လိုက်လျောပေးခဲ့ပြီး စစ်ကော်မရှင်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် UWSA ၊ NDAA တို့နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ကတိပြုခဲ့ခြင်းဖြစ်သည်။ ပေါက်ကြားလာသည့် မှတ်တမ်းစာရွက်စာတမ်းများအရ ဆွေးနွေးပွဲတွင် PSLF/TNLA ဘက်မှ စစ်ကော်မရှင်၏ ရက် ၁၀၀…