Author: Baby Yit Lone
-

မြင်းခြံ၊ ကုက္ကဲအထက်တန်းကျောင်းခွဲတွင် တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက်တိုက်ခိုက် (ရုပ်သံ)
မြင်းခြံ၊ ကုက္ကဲအထက်တန်းကျောင်းခွဲတွင် တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်မှု ဗိုလ်ကြီး အောင်သောင်း အပါအဝင် စစ်သား ၇ ဦးသေဆုံးပြီး လက်နက် ၈ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကုက္ကဲအထက်တန်းကျောင်းခွဲတွင် အထိုင်ချတပ်စွဲထားသော စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး အောင်သောင်း အပါအဝင် စစ်သား ၇ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း ရွှေခြံသားပြောက်ကြားတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်အချိန် မြင်းခြံမြို့နယ် ကုက္ကဲအထက် တန်းကျောင်းခွဲတွင် အထိုင်ချတပ်စွဲထားသော စစ်တပ်က ပြည်သူများနှင့်ခရီးသွားပြည်သူများကို ဆက်ကြေးကောက် နေ့စဉ်အနိုင်ကျင့်လုယက်နှိပ်စက်နေမှုကြောင့် ယင်းနေရာကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းစခန်းနေရာကို ရှေ့ထွက်ပဒေသာမိုင်းများဖြင့် အသင့်စောင့်ဆိုင်း ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး…
-

အမျိုးသမီး ၄ ဦးအား အဓမ္မပြုကျင့်မှုဖြင့် တရားခံတဦးကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ ခရိုင်တရားရုံးမှ ထောင်ဒဏ် အနှစ် ၄၀ ချမှတ်
(တရားခံမှ ၎င်းသည် မြို့နယ် ၃ မြို့နယ်မှ အမျိုးသမီးငယ် ၁၁ ဦးအား အဓမ္မပြုကျင့်ခဲ့ပါကြောင်း ဝန်ခံ ထွက်ဆိုထား) အမျိုးသမီး ၄ ဦးအား အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့သူ ကျောက်တော်မြို့နယ်မှတရားခံတစ်ယောက်ကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ မြောက်ဦးခရိုင် တရားရုံးက စက်တင်ဘာ ၁ ရက်တွင် အလုပ် နှင့် ထောင်ဒဏ် အနှစ် ၄၀ ချမှတ်လိုက််ကြောင်း တရားရုံးနှင့် နီးစပ်သူတို့က ပြောဆိုသည်။ မုဒိမ်းမှုဖြင့် ထောင်ဒဏ် အနှစ် ၄၀ ချ မှတ်ခံရသည့် တရားခံသည် ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်မှ ဇော်ဇော်နိုင်(ခ)လဖြူချေ(၂၅နှစ်) ဖြစ်သည်။ ကျောက်တော်မြို့နယ်မှာ အမျိုးသမီးလေးဦးကို အတင်းအဓမ္မကျူးလွန်ခဲ့သူတဦးကို အာရက္ခပြည်သူ့တော်လှန် ရေးအစိုးရရဲ့မြောက်ဦးခရိုင်တရားရုံးမှ စက်တင်ဘာလ ၁ ရက်နေ့က အလုပ်နဲ့ထောင်ဒဏ်အနှစ်လေးဆယ်ချမှတ်လိုက်ပါတယ်။ အဲဒီကျောက်တော်မြို့၊ပြည်တော်သာရပ်ကွက်မှအသက်၂၅ နှစ်အရွယ်ဇော်ဇော်နိုင်(ခ)လဖြူချေဖြစ်ပြီး သူဟာအမျိုးသမီး…
-

HIV ကို အမြစ်ပြတ် ကုသနိုင်ပြီ
“HIV ကို အမြစ်ပြတ် ကုသနိုင်ပြီ” HIV ဆိုတာ ဆယ်စုနှစ်တွေနဲ့ချီပြီး လူသားတွေအတွက် ဖြေရှင်းလို့မရသေးတဲ့ ကျန်းမာရေးပုစ္ဆာတခု ဖြစ်ခဲ့ပါတယ်။ လက်ရှိသုံးနေတဲ့ဆေးတွေက ဗိုင်းရပ်စ်ပိုးကို ထိန်းချုပ်ထားနိုင်ရုံသက်သက်ပါပဲ။ ပိုးကို အမြစ်ပြတ်မရှင်းထုတ်နိုင်ဘဲ လူနာရဲ့ DNA ထဲမှာ ရန်သူတယောက်လို တစ်သက်လုံး ပုန်းအောင်းနေတာပါ။ ဒါပေမယ့် အခုတော့ အဲဒီရန်သူကို သူ့ရဲ့ ပုန်းခိုကျင်းထဲကနေ ဆွဲထုတ်ပြီး အပြီးတိုင်ရှင်းပစ်နိုင်မယ့် မျှော်လင့်ချက်ရောင်ခြည်တခု ထွက်ပေါ်လာခဲ့ပါပြီ။ Temple တက္ကသိုလ်က သိပ္ပံပညာရှင်တွေဟာ မယုံနိုင်စရာကောင်းတဲ့ အောင်မြင်မှုတစ်ခုကို ပြသခဲ့ပါတယ်။ သူတို့ဟာ “CRISPR” လို့ခေါ်တဲ့ မျိုးဗီဇပြုပြင်ရေးနည်းပညာကို အသုံးပြုခဲ့ကြပါတယ်။ ဒီနည်းပညာကို အလွယ်ပြောရရင်တော့ မော်လီကျူးအဆင့်မှာသုံးတဲ့ အင်မတန်တိကျတဲ့ “မျိုးဗီဇကတ်ကြေး” တစ်လက်ပါပဲ။ သိပ္ပံပညာရှင်တွေက အဲဒီကတ်ကြေးကိုသုံးပြီး လူ့ကိုယ်ခံအားဆဲလ် (T-cell) တွေရဲ့ DNA ထဲမှာ…
-

သပိတ်ကျင်း ရှေ့တန်းစစ်မြေပြင်က မိုးကုတ်ဗျူဟာတပ်ဖွဲ့ဝင်တွေရဲ့ ပုံရိပ်
မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ထဲမှာ စစ်ကောင်စီရဲ့ ထိုးစစ်ဆင်မှုကို ခုခံနေတဲ့ ရှေ့တန်းစစ်မြေပြင်တစ်နေရာက မိုးကုတ်ဗျူဟာတပ်ဖွဲ့ဝင်တွေရဲ့ အခြေအနေကို ဒီရက်ပိုင်းအတွင်း မှတ်တမ်းတင်ထားတဲ့ မြင်ကွင်းတွေ ဖြစ်ပါတယ်။ စစ်ရေးအရ အရေးပါတဲ့ မိုးကုတ်- သပိတ်ကျင်းလမ်းပိုင်းကို စစ်ကောင်စီတပ်တွေ ထိုးစစ်မလုပ်နိုင်ဖို့ မိုးကုတ်ဗျူဟာနဲ့ မဟာမိတ်ပူးပေါင်းတွေဘက်က ခံစစ်ပြင်ထားပြီး စစ်ကောင်စီနဲ့ နေ့စဥ်လိုလို ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ ဒီနေ့ စက်တင်ဘာ ၄ ရက်မှာလည်း သပိတ်ကျင်းမြို့နယ် ၇ မိုင်မှာ စစ်ကောင်စီတပ်ဘက်က ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ရှေ့တန်းသတင်းအရင်းအမြစ်တွေက ပြောပါတယ်။ စစ်ကောင်စီဘက်က ကချင်တပ်မတော်-KIAနဲ့ NUGလက်အောက်ခံတပ်တွေ ထိန်းသိမ်းထားတဲ့ သပိတ်ကျင်းမြို့ကို ပြန် ထိန်းချုပ်နိုင်ခဲ့ပေမယ့် ကျေးရွာပိုင်းအများစုကိုတော့တော်လှန်ရေးတပ်တွေဘက်က ထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်။ လက်ရှိမှာ သပိတ်ကျင်းမြို့နယ်အတွင်း စစ်ကောင်စီရဲ့ ၇ မိုင်တပ်စခန်း၊ ကျောက်ကြီးတပ်စခန်း၊ တန်းမြင့်လေ့ကျင်းရေးသင်တန်းကျောင်းအမှတ်- ၁၃ တို့ရှိနေတယ်လို့…
-

အရပ်ဝတ်အမျိုးသားကို အဓမ္မပြုကျင့်နေတဲ့ အဖွဲ့က စစ်တပ်လက်အောက်ခံ မုံးပေါ်ပြည်သူ့စစ်များ (ရုပ်သံ)
အရပ်ဝတ်အမျိုးသားကို အဓမ္မပြုကျင့်နေတဲ့ အဖွဲ့က စစ်တပ်လက်အောက်ခံ မုံးပေါ်ပြည်သူ့စစ် တွေ ဖြစ် ယနေ့ စက်တင်ဘာလ ၃ ရက်တွင် Facebook ပေါ်မှာ ယူနီဖောင်းဝတ်လက်နက်ကိုင်တွေက အရပ်ဝတ် အမျိုးသားနှစ်ဦးကို မြေပေါ် မှောက်လှဲခိုင်းပြီး တဦးကို အဓမ္မပြုကျင့်နေတဲ့ ဗီဒီယိုတခု ပျံ့နှံ့လာပါတယ်။ အဲဒီဗီဒီယိုရဲ့ အောက် ကွန်မန့်တွေမှာ ကျူးလွန်သူတွေက ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ ပြောဆိုကြပါတယ်။ အဲဒီလိုပဲ ကျူးလွန်သူတွေဟာ SNA တပ်ဖွဲ့ဝင်တွေ မဟုတ်ကြောင်း ချေပသူတွေလည်း ရှိပါတယ်။ ဗီဒီယိုထဲမှာ ယူနီဖောင်းဝတ်ဆင်တဲ့သူတဦးမှာ လက်မောင်းတံဆိပ် တွေ့ရပါတယ်။ အဲဒါက အစိမ်း၊ အနီ၊ အဝါ သုံးရောင်ကို နောက်ခံအဖြစ် အသုံးပြုထားပြီး အလယ်မှာ နေဝန်းတံဆိပ် ကို တွေ့ရတာပါ။ ဗီဒီယိုထဲမှာ မြန်မာဘာသာစကားကို…