Author: Baby Yit Lone

  • ဘုန်းကြီးပျံကနေ နောက် လူ ၂ ဦး ထပ်မံ T-ဆုံးခဲ့ရတဲ့အဖြစ်

    ဘုန်းကြီးပျံကနေ နောက် လူ ၂ ဦး ထပ်မံ T-ဆုံးခဲ့ရတဲ့အဖြစ်

    ဘုန်းကြီးပျံမှာ ပြဿဒ်နဲ့ မီးကြိုးငြိပြီး (၂) ဦးကွယ်လွန်၊ (၇) ဦး ဒဏ်ရာရ ဘုန်းကြီးပျံမှာ ဆရာတော်ရဲ့ ရုပ်ကလပ်ကို ပင့်ဆောင်ရင်း… မထင်မှတ်ဘဲ မီးကြိုးနဲ့ငြိရာကနေ အသက်တွေပါ ဆုံးရှုံးသွားရတဲ့ ရင်ကွဲစရာ ဖြစ်စဉ်ကြီး ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်မှာ ဘာသာရေးပွဲလမ်းသဘင် ကျင်းပရင်းကနေ မမျှော်လင့်ဘဲ အသက်ဆုံးရှုံးရတဲ့အထိ ဖြစ်ပွားခဲ့တဲ့ အလွန်ကို ရင်နာစရာကောင်းတဲ့ မတော်တဆမှုကြီးတစ်ခုကို အများပြည်သူ သတိပြုဆင်ခြင်နိုင်ဖို့ အရေးပေါ် မျှဝေပေးလိုက်ပါတယ်။ 😭 ဆရာတော်ကို ပင့်ဆောင်ရင်း ကြုံတွေ့ရတဲ့ အဖြစ်ဆိုး ဖြစ်စဉ်ကတော့ မနေ့က (ဇူလိုင် ၂၅ ရက်) နေ့လယ် (၂) နာရီလောက်မှာ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ကွမ်းတာကျေးရွာအုပ်စု၊ ရှမ်းရွာကျေးရွာက ကျောင်းထိုင်ဆရာတော်ကြီးရဲ့ အန္တိမအဂ္ဂိဈာပန (ဘုန်းကြီးပျံ) ကျင်းပဖို့ ဆရာတော်ရဲ့ ရုပ်ကလပ်ကို…

  • နတခ ကြီး ဒူးတုန်

    နတခ ကြီး ဒူးတုန်

    AA ထိုးစစ်ကြောင့် နတခ အခြေစိုက်ရာ ပုသိမ်မြို့အထိပါ စစ်တပ် ခံစစ်စတင်ပြင်ဆင်လာ ‎ ဧရာဝတီတိုင်းအတွင်း တိုက်ပွဲများ ပြင်းထန်နေသည့် ရေကြည်နှင့် သာပေါင်းမြို့နယ်တို့တွင် ရွေးတုအစိုးရစစ်တပ်က အင်အားအလုံးအရင်းဖြင့် တပ်ဖြန့်ထားသော်လည်း ပင်မစခန်းကုန်းကြီး များနှင့် ကာကင်းစခန်းများကို အာရက္ခတပ်တော် (AA) ထံ ဆက်တိုက် လက်လွှတ်ခဲ့ရပြီးနောက် အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) အခြေ စိုက်ရာ ပုသိမ်မြို့တော်အထိပါ ခံစစ်စတင် ပြင်ဆင်နေရပြီဖြစ်ကြောင်း သိရသည်။ စစ်တပ်သည် သာပေါင်းမြို့၏ တောင်ဘက် ၃ မိုင် (၄ ကီလိုမီတာ) အကွာခန့်၊ အင်္ဂပူ (ပုသိမ်) မြစ်၏ အနောက်ဘက်ကမ်းရှိ ကွမ်းခြံကုန်းတွင် ခံစစ်စခန်းတစ်ခု စတင်အခြေပြုတပ်စွဲလာသည်ကို တွေ့ရှိရ သည်ဟု စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။ “လက်ရှိမှာ ကွမ်းခြံကုန်းနဲ့ အုတ်ပုံကုန်းကြား ကျေးလက်အိမ်ရာတွေမှာ…

  • ဆွမ်းလောင်းမိလို့ ထောင် ၃ နှစ်ချခံရ

    ဆွမ်းလောင်းမိလို့ ထောင် ၃ နှစ်ချခံရ

    ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ ဆွမ်းလောင်းတဲ့ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်းကိုထောင်သုံးနှစ်ချ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာသံဃာတွေကိုဆွမ်းလောင်းပြီး မွေးနေ့ဆုတောင်းပေးခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဒေါက်တာစောနိုင်ကိုအာဏာသိမ်းစစ်တပ်ကဖမ်းဆီးပြီးနောက် ထောင်ဒဏ်သုံးနှစ်ချလိုက်တယ်လို့ ပါတီနဲ့နီးစပ်သူအချို့ဆီကသိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာဒေါက်တာစောနိုင်ဟာဆွမ်းလောင်းပြီးဆုတောင်းပေးတဲ့ဓာတ်ပုံနဲ့ စာသားကို သူ့ရဲ့ ဖေ့ဘွတ်ခ်လူမှုကွန်ရက်အကောင့်မှာတင်ပြီးနောက်ပိုင်းမှာ ဖမ်းဆီးခံလိုက်ရတာပါ။ “အမေ့ရဲ့ (၈၁)နစ်ပြည့်မွေးနေ့မှာတန်းဆွမ်းပုံမှန် ကြွနေသောသံဃာများအား ဆွမ်း၊ ဆွမ်းဟင်း၊ ဝတ္ထု၊ သင်္ကန်း လှုဒါန်းပါတယ်။ အမေ ကျန်းမာရေး ကောင်းမွန်ပြီး အလုံးစုံ အပြီးအပြတ် အမြန်ဆုံး လွတ်မြောက်ပါစေ”လို့ ဒေါက်တာစောနိုင်က ဖေ့ဘွတ်ခ်မှာရေးတင်ခဲ့ပါတယ်။ အဲဒီနောက် ဇွန်လ ၁၉ ရက်ညပိုင်းမှာပဲ နေအိမ်မှာ စစ်တပ်ကလာရောက်ဖမ်းဆီးသွားပြီး ဆူပူအောင်လှုံ့ဆော်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ပါတယ်။ တစ်လကျော်အကြာအခုလ ဇူလိုင် ၂၄ ရက်မှာတော့တောင်ဥက္ကလာပမြို့နယ်တရားရုံးက ဒေါက်တာစောနိုင်ကို ထောင်သုံးနှစ်ချလိုက်တာပါ။…

  • အသဲအသန် နတ်ရေကန်

    အသဲအသန် နတ်ရေကန်

    နတ်ရေကန်ကို ထိုးစစ်ဆင်ရန် စစ်ကားအစီး ၇၀ ဖြင့် အင်အားထပ်ဖြည့် ရခိုင်ပြည်နယ် အမ်းမြို့နယ်နဲ့ မကွေးတိုင်း၊ ငဖဲမြို့နယ်နားမှာရှိတဲ့ ​နတ်ရေကန်တောင်ဗျူဟာစခန်းကို ထိုးစစ်ဆင်ဖို့ စစ်တပ်က အင်အား ကားအစီး ၇၀ နဲ့ ထပ်မံဖြည့်တင်းလိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဇူလိုင် ၂၄ ရက် မွန်းလွဲ ၂ နာရီလောက်မှာ စစ်ကားအစီး ၇၀ ဟာ အသုတ်လိုက် မစခ ၉၀၅ ကို ဝင်ရောက်ခဲ့တယ်လို့ ဒေသခံအမျိုးသားတယောက်က ပြောဆိုပါတယ်။ “ကားမှာလူအပြည့်ပါတယ်။ သူတို့မလာခင်ကတည်းက လက်နက်ခဲယမ်းအပြည့်နဲ့ လမ်းကြော တလျှောက် လုံခြုံရေးယူထားတယ်။ ကားကတခါတည်း မစခ ၉၀၅ ကို တန်းဝင်တယ်” လို့ ပြောပါတယ်။ ကားတွေလာနေတဲ့အတွက် ဆုန်ကုန်းအမြောက်တပ်က စစ်​ကားတွေက ပွိုင့်နေရာယူ လမ်းရှင်းထား ပြီး…

  • ဆေးလာကုတဲ့လူနာကို ဆရာဝန်က ပါးရို-/က်ပြီးTတ်ပစ်မယ်တဲ့ (ရုပ်သံ)

    ဆေးလာကုတဲ့လူနာကို ဆရာဝန်က ပါးရို-/က်ပြီးTတ်ပစ်မယ်တဲ့ (ရုပ်သံ)

    ဆေးလာကုတဲ့လူနာကို ဆရာဝန်က ပါးရိုက်ပြီးသတ်ပြစ်မယ်ဆိုပြီးခြိမ်းခြောက်မှု မန္တလေးမှာဖြစ်ပွား မန္တလေးတိုင်း ပုသိမ်ကြီးမြို့ သွားဆေးခန်းမှ ဆရာဝန်သည် ဆေးလာကုသော သူများကို ပါးရိုက်မယ် ‌သတ်ပစ်မယ်ဆိုပြီးခြိမ်းခြောက်ပြောဆို၍ အချေအတင်ဖြစ်ပွားခဲ့ကြောင်း ရုပ်သံမှတ်တမ်းများ အရသိရှိရပါသည်။ အဆိုပါရုပ်သံဖိုင်တွင် “သုခသိန်း” သွားဆေးခန်းကို လာပြသော မောင်နှမနှစ်ယောက်တွင် အမဖြစ်သူက ဆရာဝန်အား စကားပြောတာ ကြီးကျယ်လိုက်တာဆိုပြီး တိုးတိုးပြောသည်ကို ဆရာဝန်ကကြားပြီး “အဲ့ကောင်မလေးကိုခေါ်လိုက် ပါးရိုက်မယ် ဘာမှတ်နေလဲ သတ်ပစ်မယ်”လို့ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်းလည်းသိရပါသည်။ ရုပ်သံများအရ မည်သူမှားသည်မှန်သည်ကို မသိရှိရဘဲ ဆရာဝန်တစ်ဦးက လူနာများကို ယခုကဲ့သို့ဆက်ဆံသည်မှာ အလွန်ပင်စိတ်ပျတ်စရာကောင်းကြောင်း လူမှုကွန်ယက်များတွင်တော့ ဝေဖန်ပြောဆိုထားပါသည်။ ဒါပေမယ့်အခုလိုခြမ်းခြောက်ပြောဆိုမှုဘာကြောင့်ဖြစ်ပွားခဲ့ရတယ်ဆိုတာမျိုးဆေးခန်းဖက်ကပြန်လည်ရှင်းပြပြောဆိုတာမျိုးတော့အခုချိန်အထိမရှိသေးပါဘူး။