📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

နတခ ကြီး ဒူးတုန်

AA ထိုးစစ်ကြောင့် နတခ အခြေစိုက်ရာ ပုသိမ်မြို့အထိပါ စစ်တပ် ခံစစ်စတင်ပြင်ဆင်လာ

ဧရာဝတီတိုင်းအတွင်း တိုက်ပွဲများ ပြင်းထန်နေသည့် ရေကြည်နှင့် သာပေါင်းမြို့နယ်တို့တွင် ရွေးတုအစိုးရစစ်တပ်က အင်အားအလုံးအရင်းဖြင့် တပ်ဖြန့်ထားသော်လည်း ပင်မစခန်းကုန်းကြီး များနှင့် ကာကင်းစခန်းများကို အာရက္ခတပ်တော် (AA) ထံ ဆက်တိုက် လက်လွှတ်ခဲ့ရပြီးနောက် အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) အခြေ စိုက်ရာ ပုသိမ်မြို့တော်အထိပါ ခံစစ်စတင် ပြင်ဆင်နေရပြီဖြစ်ကြောင်း သိရသည်။

စစ်တပ်သည် သာပေါင်းမြို့၏ တောင်ဘက် ၃ မိုင် (၄ ကီလိုမီတာ) အကွာခန့်၊ အင်္ဂပူ (ပုသိမ်) မြစ်၏ အနောက်ဘက်ကမ်းရှိ ကွမ်းခြံကုန်းတွင် ခံစစ်စခန်းတစ်ခု စတင်အခြေပြုတပ်စွဲလာသည်ကို တွေ့ရှိရ သည်ဟု စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

“လက်ရှိမှာ ကွမ်းခြံကုန်းနဲ့ အုတ်ပုံကုန်းကြား ကျေးလက်အိမ်ရာတွေမှာ တပ်စွဲထားတယ်။ ပါဝင်တဲ့ တပ်မဟာ/တပ်ရင်း အမှတ်နဲ့ အင်အားပမာဏကိုတော့ စိစစ်နေဆဲ ဖြစ်ပါတယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။

‎အဆိုပါ ခံစစ်စခန်းသည် ရွှေသောင်ယံကမ်းခြေဘက်မှတစ်ဆင့် စိမ့်ဝင်လာနိုင်သည့် တော်လှန်ရေး တပ်ဖွဲ့များ၏ လမ်းကြောင်းများကို ကြိုတင်ပိတ်ဆို့ရန် ရည်ရွယ်ပြင်ဆင်ခြင်းဖြစ်ကြောင်း သိရသည်။

လတ်တလောတွင် လေးမျက်နှာနှင့် ဂွမြို့နယ်အစပ်ရှိ ခြေကုပ်စခန်း ၅ ခုထက်မနည်းကို ရွေးတုအစိုးရ စစ်တပ်က ဆက်တိုက် လက်လွှတ်ခဲ့ရသည်။ ထိုသို့ စခန်းများ ကျရှုံးပြီးနောက် လေကြောင်းမှ အပြင်းအထန် တိုက်ခိုက်မှုများ ပြုလုပ်နေသော်လည်း စစ်တပ်၏ မြေပြင်စစ်ကြောင်းများမှာ တိုးမပေါက်ဘဲ ပိတ်မိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ထို့ပြင် ရွေးတုအစိုးရစစ်တပ်အနေဖြင့် ရခိုင်တောင်ပိုင်းသို့ မြေပြင်မှ ထိုးစစ်ဆင်နိုင်ရန် ခြေကုပ် စခန်းများ ရယူနိုင်ခြင်းမရှိသည့်အတွက် လေကြောင်းမှ ဗုံးကြိမ်းတိုက်ခိုက်မှုများကို ဆက်တိုက်ဆိုသလို ပိုမိုလုပ်ဆောင်လျက်ရှိသည်။

မူလက ရည်ရွယ်ထားသည့် ရခိုင်တောင်ပိုင်းကို အလုံးစုံ ပိတ်ဆို့ရေး အစီအစဉ်မှာလည်း စစ်တပ်၏ မြေပြင်တပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်မှု များပြားခဲ့သည့်အတွက် လေကြောင်းဖြင့်ပင် ပြန်လည်ခေါ်ယူရ သည်အထိ စစ်ရေးအခြေအနေ ဆိုးရွားလျက်ရှိသည်။

ဓာတ်ပုံ-AA Info Desk ၊ လူမှုကွန်ရက် (ပုံဟောင်း)

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်