Author: Baby Yit Lone

  • ရှေ့တန်းထွက်ရန်ငြင်းသည့်တပ်ရင်းမှူးကို စစ်ဌာနချုပ်သို့ပို့ပြီးစစ်ဆေး၊ အရာရှိအချို့ကိုထပ်ဖမ်း

    ရှေ့တန်းထွက်ရန်ငြင်းသည့်တပ်ရင်းမှူးကို စစ်ဌာနချုပ်သို့ပို့ပြီးစစ်ဆေး၊ အရာရှိအချို့ကိုထပ်ဖမ်း

    ရှေ့တန်းထွက်ဖို့ ငြင်းဆန်လို့ ဖမ်းဆီးစစ်ဆေးခံနေရတဲ့ တပ်ရင်းမှူးကို နေရာပြောင်းရွှေ့ စစ်ဆေးနေပြီး ဆက်စပ်ပတ်သက်သူတွေကိုလည်း ထပ်ဖမ်းထားတယ်လို့ စစ်ကောင်စီရဲ့ အနောက်တောင်တိုင်း စစ်ဌာနချုပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ သြဂုတ် ၁၉ ရက်က ရှေ့တန်းထွက်ဖို့အမိန့်ကို ငြင်းဆန်ခဲ့တဲ့အတွက် အစားထိုးတာဝန်ကျလာတဲ့ ခလရ ၂၇၁ တပ်ရင်းမှူးကို ရေကြည်မြို့နယ်၊ မြောက်စမ်းကျေးရွာမှာ အခြေစိုက်တဲ့ အမတ ၃၄၄ အမြောက်တပ်ထဲမှာပဲ စစ်ဆေးနေရာက သြဂုတ်လတတိယအပတ်ထဲမှာ ပုသိမ်မြို့ တောင်ပေါ်မှာရှိတဲ့ အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ)ဆီကို ပြောင်းရွှေ့စစ်ဆေးနေတာလို့ သိရပါတယ်။ အနောက်တောင်တိုင်းစစ်ဌာနချုပ်နဲ့နီးစပ်သူတယောက်က “ရေကြည်၊ စက်စက်ယို ကျေးရွာအနီးမှာ စစ်တပ်နဲ့တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်လို့ (မအူပင် အခြေစိုက်)ခလရ ၂၇ တပ်ရင်းမှူး ကျသွားခဲ့တယ်။ အခု အဖမ်းခံရတဲ့သူက ခလရ ၂၇၁ တပ်ရင်းမှူး၊ ကျသွားတဲ့ တပ်ရင်းမှူးနေရာမှာ တာဝန်ယူဖို့…

  • လန်ဆယ်မှာ KIA တပ်ရင်းမှူးအဖွဲ့ အမျိုးသမီးတစ်ဦးကို ဝိုင်းရိုက်နှက်

    လန်ဆယ်မှာ KIA တပ်ရင်းမှူးအဖွဲ့ အမျိုးသမီးတစ်ဦးကို ဝိုင်းရိုက်နှက်

    ကချင်ပြည်နယ် ဆော့လော်မြို့နယ် လန်ဆယ်မြို့မှာ KIA တပ်ရင်း (၅၁) မှ တပ်ရင်းမှူး ဗိုလ်မှူးလဖိုင်ဂျာလီအောင်အပါအဝင် KIA ရဲဘော်နှစ်ဦးက အမျိုးသမီးတစ်ဦးကို ဝိုင်းပြီးရိုက်နှက်တဲ့ဖြစ်စဉ် ဖြစ်ခဲ့တယ်လို့ ဒေသခံတွေ KNG ကိုပြောပါတယ်။ ဩဂုတ်လ ၂၉ ရက် ညနေ ၄ နာရီဝန်းကျင် လန်ဆယ်မြို့တွင်းရှိ (Lang Ze) စားသောက်ဆိုင်မှာ ဆိုင်လာထိုင်နေတဲ့ အသက် ၃၄ နှစ်အရွယ်ရှိ မအာလူးမီးအဖွဲ့ကိုတပ်ရင်းမှူး လဖိုင်ဂျာလီအောင်အဖွဲ့မှရောက်လာပြီး အချင်းများရာကနေ ဝိုင်းရိုက်နှက်ခဲ့ကြတာလို့ ဒေသခံအမျိုးသမီးတစ်ဦး ခုလိုပြောပါတယ်။ “စားသောက်ဆိုင်တစ်ဆိုင်မှာ အာလူးမီးတို့က ဆိုင်လာထိုင်နေတာ။အဲချိန်ဂျာလီအောင်ဆိုတဲ့ရင်းမှူးအဖွဲ့ရောက်လာပြီး သူတို့ဝိုင်းမှာလာထိုင်ဖို့ အတင်းခေါ်တော့သွားထိုင်တယ်။ အဲမှာဂျာလီအောင်က အာလူးမီးကို လုပ်ကွက်က ရွှေခိုးတယ်ဆိုပြီးစွပ်စွဲတာ အာလူးမီးကလည်းမခိုးဘူးဆိုပြီးပြောတာ လေ အဲမှာရန်စဖြစ်တာ ဟုတ်တယ်။ ရင်းမှူးဂျာလီအောင်က စားသောက်ဝိုင်းကနေ အာလူးမီးကို အပြင်ဆွဲထုတ်သွားပြီး အပြင်မှာ…

  • ဇော်ဘုန်းဟိန်းကို ပြန်လွှတ်ပေးရန် အသနားခံစာ တင်သော်လည်း လျစ်လျူခံရဟုဆို

    ဇော်ဘုန်းဟိန်းကို ပြန်လွှတ်ပေးရန် အသနားခံစာ တင်သော်လည်း လျစ်လျူခံရဟုဆို

    မင်းအောင်လှိုင်အပါအဝင် စစ်ခေါင်းဆောင်များကို ဆဲဆိုမှုများဖြင့် ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခံရသည့် ဇော်ဘုန်းဟိန်းကို ပြန်လွှတ်ပေးရန် အသနားခံစာ တင်သော်လည်း လျစ်လျူခံရဟုဆို အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် စစ်ခေါင်းဆောင်များကို ဆဲဆိုမှုများဖြင့် ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခံထားရသည့် ဇော်ဘုန်းဟိန်းကို ပြန် လွှတ်ပေးရေးအတွက် ၎င်းကို ထောက်ခံသော စစ်တပ်ထောက်ခံသူတချို့ စုပေါင်း၍ အသနားခံစာ တင်ပြထားသော်လည်း အကြောင်းတစ်စုံ တစ်ရာ ပြန်ကြားမှုမရှိကြောင်း အသနားခံစာတင်ရာတွင် ပါဝင်သူတစ်ဦးက ပြောဆိုသည်။ ဩဂုတ်လ ၇ ရက်နေ့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါ အဝင် စစ်ခေါင်းဆောင်များကို ဆဲဆိုမှု အပါအဝင် ပုဒ်မများဖြင့် ဇော်ဘုန်းဟိန်းကို ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခဲ့ကြောင်း၊ ယင်းသို့ ချမှတ်ခံရပြီးနောက် ဇော်ဘုန်းဟိန်းကို ထောက်ခံသော…

  • မင်းလှမြို့ပေါ်တွင် ရွေးကောက်ပွဲဝင်မည့်  စစ်တပ်လက် အောက်ခံ ကြံ့ဖွတ်ပါတီရုံးကို သတိပေးဖောက်ခွဲ

    မင်းလှမြို့ပေါ်တွင် ရွေးကောက်ပွဲဝင်မည့် စစ်တပ်လက် အောက်ခံ ကြံ့ဖွတ်ပါတီရုံးကို သတိပေးဖောက်ခွဲ

    သာယာဝတီခရိုင်အတွင်းရှိ မြို့နယ် အားလုံးတွင် ရွေးကောက်ပွဲပူးပေါင်းမှုများကို တိုက်ခိုက်မည် ပဲခူးတိုင်း၊ မင်းလှမြို့ပေါ်တွင် အကြမ်းဖက် စစ်ကောင်စီ ရွေးကောက်ပွဲကို ပူးပေါင်း ပါဝင်နေသော ကြံ့ဖွတ်ပါတီရုံးကို ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ဩဂုတ်လ ၂၉ ရက်နေ့ ည ၇ နာရီ ၂၀ မိနစ်ခန့်တွင် မင်းလှမြို့၊ ဗိုလ်ရုံတန်းရပ်ကွက်ရှိ ကြံ့ဖွတ်ပါတီရုံး ဝင်ပေါက်အနီးကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို ဗုံးခွဲ တိုက်ခိုက်မှု အတွင်း ကြံ့ဖွတ်ပါတီရုံး အစောင့် စစ်သား တချို့ ထိခိုက် ဒဏ်ရာ…

  • ရေဖြူမြို့နယ်၊ ဆယ်အိမ်စုကျေးရွာအနီး တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ သေဆုံးမှုများပြား

    ရေဖြူမြို့နယ်၊ ဆယ်အိမ်စုကျေးရွာအနီး တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ သေဆုံးမှုများပြား

    ရေဖြူမြို့နယ်၊ ဆယ်အိမ်စုကျေးရွာအနီး တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ သေဆုံးမှုများပြားကာ တော်လှန်ရေး ရဲဘော် ၁ ဦး ကျဆုံး တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ဆယ်အိမ်စုကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၃၄ ဦး သေဆုံးခဲ့ကြောင်း NMSP-AD/Ramonnya Mon Army က သတင်းထုတ်ပြန်ထားသည်။ ဩဂုတ်လ ၂၈ ရက်နေ့ နံနက် ၁၀ နာရီခန့်မှ မွန်းလွဲ ၁ နာရီခန့် အထိ ရေဖြူမြို့နယ်၊ ဆယ်အိမ်စုကျေးရွာအနီး စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထိုထိတွေ့ တိုက်ပွဲသည် ၃ နာရီကြာ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၃၄ ဦး သေဆုံးကာ…