Author: Baby Yit Lone

  • သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်သံ)

    သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်သံ)

    သီတဂူဆရာတော် ဦးဉာဏိဿရ နဲ့ ဥူးဝီရသူ တို့ကို မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှု လှုံ့ဆော်သူအဖြစ် ဂမ်ဘီယာနိုင်ငံဘက်ကရှေ့နေ (Mr Arsalan Suleman) က သက်သေ တင်သွင်းခဲ့ပါတယ်။

    နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့မှာ ကျင်းပနေတဲ့ မြန်မာစစ်တပ်ရဲ့လူမျိုးတုန်း သတ်ဖြတ်မှု နဲ့ ပတ်သက်လို့ ကြားနာပွဲပြန်လည်စတင်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ ဇန်နဝါရီလ ၁၂ ရက်နေ့ တရားခွင်မှာ သီတဂူဆရာတော်နဲ့ ဥူးဝီရသူတို့ အပါအဝင်အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) တွေဟာ စစ်တပ်ရဲ့လူမျိုးတုံး သတ်ဖြတ်မှုအတွက်လှုံ့ဆော်ခဲ့သူတွေ ဖြစ်ကြောင်းသက်သေ တင်သွင်းခဲ့တာဖြစ်ပါတယ်။

    အမျိုးသားရေးအစွန်းရောက်အဖွဲ့ လို့ ဝေဖန်ခံရတဲ့ မဘသ အဖွဲ့ရဲ့ လှုပ်ရှားမှုတွေဟာ ၂၀၁၂ ခုနှစ်နောက်ပိုင်းမှာ ကြီးထွားလာခဲ့ပြီး ဘာသာရေးကိုအခြေခံတဲ့ ပဋိပက္ခတွေ၊ လူမျိုးရေးပဋိပက္ခတွေ နဲ့ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုတွေအထိ သွေးထိုးလှုံ့ဆော်မှု တွေ ရှိခဲ့တယ်လို့ လေ့လာသူတွေကဆိုကြပါတယ်။

    လူမျိုးတုံးသတ်ဖြတ်မှု သီတဂူဆရာတော်နှင့် ဦးဝီရသူတို့ လှုံ့ဆော်ခဲ့ဟု ICJ ၌ တင်

    စစ်တပ်၏ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုတွင် သီတဂူဆရာတော်၊ ဦးဝီရသူတို့ အပါအဝင် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ မဘသ အစွန်းရောက် ဘုန်းကြီးများက ရိုဟင်ဂျာဆန့်ကျင်ရေး အမုန်းစကားများ ဖြန့်ချိခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)၌ ဂမ်ဘီယာနိုင်ငံရှေ့နေ Arsalan Suleman က ဇန်နဝါရီ ၁၂ ရက် အမှုပြန်လည်စတင် ကြားနာမှုအတွင်း သက်သေအဖြစ် တင်သွင်းခဲ့သည်။

    အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ မဘသ ဘုန်းကြီးများထဲမှ အထင်ရှားဆုံးဖြစ်သည့် ဦးဝီရသူသည် ရိုဟင်ဂျာ များအပေါ် နှိမ့်ချသည့်စကားလုံးများ မကြာခဏ သုံးနှုန်းခဲ့သလို စစ်တပ်မှလည်း ဦးဝီရသူ၏ ရိုဟင်ဂျာမုန်းတီးရေးသတင်း စကားများအား Facebook ၌ ပြန်လည်ဖြန့်ဝေခဲ့ကြောင်း၊ ၂၀၂၃ ဇန်နဝါရီ ၄ ရက်တွင်လည်း နိုင်ငံအကျိုးပြုလုပ်ငန်းများ လုပ်ဆောင်နေသည်ဟုဆိုကာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဦးဝီရသူကို သီရိပျံချီဘွဲ့ပေးအပ်ခဲ့ ကြောင်း ဖော်ပြထားသည်။

    ၂၀၁၆ ခုနှစ်နှောင်းပိုင်း ရိုဟင်ဂျာများအပေါ် ပထမအကြိမ် သတ်ဖြတ်တိုက်ခိုက်မှုများအပြီး မဘသ ဘုန်းကြီး ဦးဝီရသူသည် ပဋိပက္ခဖြစ်ပွားရာ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ကျေးရွာများသို့ သွားရောက်ကာ စစ်တပ်အရာရှိများနှင့် တွေ့ဆုံခဲ့သည်ဟု ဂမ်ဘီယာနိုင်ငံရှေ့နေက တင်သွင်းသည်။

    ထို့ပြင် မြန်မာနိုင်ငံ၏ နာမည်ကြီးဘုန်းကြီး သီတဂူဆရာတော်ကလည်း ၂၀၁၇ အောက်တိုဘာလ ရိုဟင်ဂျာများအား နယ်မြေရှင်းလင်းရေးဆိုကာ သတ်ဖြတ်မှုများအတွင်း တရားပွဲတခုပြုလုပ်ခဲ့ပြီး စစ်တပ်၏ လူမျိုးတုံးသတ်ဖြတ်မှုအတွက် အပြစ်မှလွတ်ငြိမ်းခွင့်ပြုခဲ့သည်ဟု ဆိုသည်။

    သီတဂူ၏ ဟောပြောချက် အပြည့်အစုံကိုပါ တင်သွင်းခဲ့ပြီး ယင်းဟောကြားမှုအား စစ်တပ်မှ ၎င်းတို့၏ လူမှုကွန်ရက်စာ မျက်နှာတွင် ၁၁ ကြိမ်တိုင် တင်ခြင်းဖြင့် ရိုဟင်ဂျာများသည် ဗုဒ္ဓဘာသာဝင်များ မဟုတ်သည့်အတွက် ကောင်းခြင်းမကောင်း ခြင်းကို မသိသော တိရစ္ဆာန်များသကဲ့သို့ ဖြစ်နေသဖြင့် ၎င်းတို့အား သတ်ဖြတ်ခြင်းသည် အကုသိုလ်မဟုတ်ဆိုသည့် သတင်းစကားကို ရှင်းလင်းစွာဖြန့်ချိခဲ့ခြင်းဖြစ်ကြောင်း ဂမ်ဘီယာနိုင်ငံရှေ့နေက ပြောကြားသည်။

    ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက စွပ်စွဲထားသည့်အမှုအား နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး၌ ကြားနာစစ်ဆေးမှုများကို ဇန်နဝါရီ ၁၂ ရက်တွင် စတင်ပြုလုပ်နေခြင်း ဖြစ်သည်။

  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    ရန်ကုန် သို့မဟုတ် မန္တလေးမြို့လယ်တွင် လမ်းလျှောက်ထွက်လာပါက ဘုန်းကြီးများ နောက်ဆုံးပေါ် မာစီဒီးများ သို့မဟုတ် ဘန်တလေ ဇိမ်ခံကားများဖြင့် သွားလာနေသည်ကို တွေ့ရသည့် မြင်ကွင်းကြောင့် မှင်တက်မိသွားနိုင်သည်။

    သို့သော် မအံ့သြပါနှင့်။ ထိုမြင်ကွင်းသည် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာမှ မြင်ကွင်းဖြစ်သည်။ ဗိုလ်ချုပ်များသည် ဗုဒ္ဓဘာသာကို ကိုးကွယ်ဆည်းကပ်ကြောင်း ပြသလာပြီး ထိုသို့ ပြသရာတွင် ကူညီသည့် ဘုန်းကြီးများကို ပူဇော်နေသောကြောင် စစ်ကောင်စီကို ထောက်ခံသော ဘုန်းကြီးများ၏ လာဘ်လာဘသည် ၎င်းတို့၏ သြဇာနှင့်အတူ တိုးလာသည်။

    သို့သော် ထိုအခွင့်ထူးခံ အလှူခံစားသူများသည် အများပြည်သူဝေဖန်မှုကို ပိုမိုခံလာရပြီး “ဆယ်လီဘုန်းကြီး” နှင့် “ခရိုနီဘုန်းကြီး” စသည့် ဘွဲ့ထူးဂုဏ်ထူးများရခဲ့ပြီး ပြည်သူလူထု သပိတ်မှောက်ရမည့် ပစ်မှတ်များ ဖြစ်လာကြသည်။

    စစ်အာဏာသိမ်းမှုကို လူသိရှင်ကြားထောက်ခံပြီး စစ်ကောင်စီ၏ တနိုင်ငံလုံးမှ အကြမ်းဖက်မှုများနှင့် ရက်စက်ကြမ်းကြုတ်မှုများကို နှုတ်ပိတ်နေသည့် ထိုကျော်ကြားသော ဘုန်းကြီးများကို နိုင်ငံမှ အဖိနှိပ်ခံပြည်သူများ၊ တက်ကြွလှုပ်ရှားသူများနှင့် အတိုက်အခံ နိုင်ငံရေးသမားများက မှတ်သားထားသည်။

    မြန်မာမှ ဗုဒ္ဓဘာသာဘုန်းကြီးများသည် ပထမတွင် ဗြိတိသျှကိုလိုနီ အုပ်ချုပ်ရေးကို စိန်ခေါ်သည့် ဆော်သြသူများအဖြစ်နှင့် နောက်ပိုင်းတွင် လက်ရှိ စစ်ကောင်စီ မတိုင်မီ စစ်အုပ်စုကို ဆန့်ကျင်သူများအဖြစ် နိုင်ငံရေး လှုပ်ရှားမှုများအတွက် ကျော်ကြားသူများဖြစ်သည်။

    ယနေ့တွင် ဘုန်းကြီးအများအပြား၊ အထူးသဖြင့် ဝါတော်ရ သြဇာကြီးမားသည့် ဘုန်းကြီးတချို့သည် ၎င်းတို့၏ နိုင်ငံရေး ရပ်တည်ချက်၊ အကောင်အထည် အတိအကျ တရားဝင် မပြနိုင်သည့် ချမ်းသာကြွယ်ဝမှုနှင့် မကြာသေးမီ ဆယ်စုနှစ်များအတွင်း ၎င်းတို့ တည်ဆောက်ထားသည့် ဘုန်းတော်ကြီး စီးပွားရေး လုပ်ငန်းများနှင့် ပတ်သက်ပြီး မေးခွန်းများကို ရင်ဆိုင်နေရသည်။

    ယနေ့တွင် ဘုန်းကြီးအများအပြား၊ အထူးသဖြင့် ဝါတော်ရ သြဇာကြီးမားသည့် ဘုန်းကြီးတချို့သည် ၎င်းတို့၏ နိုင်ငံရေး ရပ်တည်ချက်၊ အကောင်အထည် အတိအကျ တရားဝင် မပြနိုင်သည့် ချမ်းသာကြွယ်ဝမှုနှင့် မကြာသေးမီ ဆယ်စုနှစ်များအတွင်း ၎င်းတို့ တည်ဆောက်ထားသည့် ဘုန်းတော်ကြီး စီးပွားရေး လုပ်ငန်းများနှင့် ပတ်သက်ပြီး မေးခွန်းများကို ရင်ဆိုင်နေရသည်။

    ထိုဆက်ဆံရေးသည် မသူတော်ချင်း သတင်းလွေ့လွေ့ ပေါင်းဖက်တွေ့ခြင်း ဖြစ်သည်။ စစ်ခေါင်းဆောင်များသည် ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်သော ဘုန်းကြီးများကို လာဘ်လာဘ ပူဇော်သက္ကာယနှင့် အကာအကွယ်ပေးသည်။

    ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့က ရုရှားနိုင်ငံ၊ မော်စကိုတွင် တည်ထားသည့် ရွှေစည်းခုံစေတီတော်အတွက် စိန်ဖူးတော်ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ သီတဂူဆရာတော်ထံ ဆက်ကပ်နေကြစဉ် / Cincds

    အပြန်အလှန်အားဖြင့် စစ်ခေါင်းဆောင်များသည် လိုနေသော တရားဝင် အသိအမှတ်ပြုခံရပြီး အစ္စလာမ်ဘာသာ ပျံ့နှံ့မည့် ခြိမ်းခြောက်မှုဟု ၎င်းတို့ အမည်တပ်သည့် ကိစ္စကို ကာကွယ်သော ဗုဒ္ဓဘာသာဝင်များအဖြစ် ပုံဖော်ကြသည်။

    မြန်မာမှ လွန်စွာအသံကျယ်သည့် ကွန်ဆာဗေးတစ် အမျိုးသားရေးအစွန်းရောက် ဘုန်းကြီးအုပ်စုသည် စစ်တပ်က ၂၀၂၁ ခုနှစ် အာဏာမသိမ်းမီကပင် စစ်တပ်ကို အပြည့်အဝ ထောက်ခံမှုပေးကြသည်။ ဘာသာရေးဝှက်ဖဲကို ပိုမိုထိရောက်စွာ အသုံးပြုနိုင်ရန်အတွက် စစ်တပ်သည် မဘသ ဟုခေါ်သည့် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ အမျိုးသားရေး အစွန်းရောက်အုပ်စုနှင့် ခိုင်မာသောဆက်ဆံရေး ထူထောင်ထားသည်။

    ၂၀၁၂ ခုနှစ်တွင် တည်ထောင်သည့် ထိုအဖွဲ့ကို အမျိုးသားရေးအစွန်းရောက် ဘုန်းကြီးများက ဦးဆောင်ပြီး မြန်မာတွင် ဂိုဏ်းဂဏ တင်းမာမှုကို မီးထိုးပေးကာ ဘာသာရေးအကြမ်းဖက်မှုများ ဖြစ်ပွားစေရန် လှုံ့ဆော်နေသည်ဟု စွပ်စွဲခံရသည်။

    ဗိုလ်ချုပ်ဟောင်း သမ္မတ ဦးသိန်းစိန်၏ ၂၀၁၁-၂၀၁၆ အစိုးရ သက်တမ်းအတွင်း စစ်တပ်နှင့် “ပြုပြင်ပြောင်းလဲရေးသမား” ဟုအမည်ခံသူ အရပ်ဘက် ခေါင်းဆောင်များသည် မဘသကို အလှူအတန်းများ၊ အကာအကွယ်ပေးခြင်းများနှင့် နိုင်ငံရေးအရ ကျောထောက်နောက်ခံပေးခြင်းများဖြင့် ထောက်ပံ့ကြသည်။

    ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းပြီးနောက် စစ်တပ်သည် ဘာသာရေးဝှက်ဖဲကို ဆက်လက် အသုံးပြုသည်။

    အာဏာသိမ်းပြီးနောက်ပိုင်းတွင် ထင်ရှားသော ဘုန်းကြီး နှစ်ပါးသည် စစ်ကောင်စီ၏ အထူး ပစားပေးခံရသူများ ဖြစ်လာပြီး ၎င်းတို့မှာ သီတဂူ ဘုန်းကြီး ဦးဉာဏိဿရနှင့် ဓမ္မဒူတ ဦးဆေကိန္ဒတို့ ဖြစ်သည်။

    ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့က ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် တည်ထားသည့် စည်းခုံစေတီတော်တွင် ဓမ္မဒူတ ဦးဆေကိန္ဒ နံ့သာရည် ပက်ဖြန်းစဉ် / ဦးဉာဏိဿရ Facebook

    အသက် ၈၇ နှစ်အရွယ် သီတဂူဆရာတော်သည် မြန်မာမှ ဗုဒ္ဓဘာသာဂိုဏ်းကြီး ကိုးဂိုဏ်းအနက် တဂိုဏ်းဖြစ်သော ရွှေကျင်ဂိုဏ်းကို ဦးဆောင်သည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု မတိုင်မီက ထိုဆရာတော်သည် ပြည်တွင်းပြည်ပ ကိုးကွယ်သူ သိန်းချီ ရှိပြီး ကိုးကွယ်ဆည်းကပ်ခံရဆုံးနှင့် သြဇာအကြီးမားဆုံး ဘုန်းကြီးများအနက် တပါးဖြစ်သည်။

    ဓမ္မဒူတ ဦးဆေကိန္ဒသည် နွေရာသီ ကျောင်းပိတ်ရက်များအတွင်း ဆယ်ကျော်သက် ကလေးများအတွက် ဗုဒ္ဓဘာသာ အစီအစဉ်များ ဖွင့်ပြီး နှစ်စဉ် လူငယ် ရာပေါင်းများစွာကို ဆွဲဆောင်ကာ သူ၏ကျော်ကြားမှုကို တည်ဆောက်ခဲ့သည်။ သူသည် ရန်ကုန်တွင် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ် (ITBMU) တွင် ပါမောက္ခချုပ်ရာထူးနှင့် မထိုက်တန်ကြောင်း ဝေဖန်နေသည့်ကြားက နေရာဝင်ယူပြီး စစ်တပ်အသိုက်အဝန်းမှ အများအပြား အပါအဝင် တနိုင်ငံလုံးတွင် ကိုးကွယ်သူ သောင်းချီရှိသည်။

    ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ စတင်ပြီး ထိုဆရာတော် နှစ်ပါးသည် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နှင့် ဆက်ဆံရေး ပိုမိုနက်ရှိုင်းအောင် လုပ်ဆောင်ခဲ့ကြပြီး နောက်ကွယ်တွင် ၎င်းတို့သည် အာဏာမသိမ်းမီ လပေါင်း များစွာကပင် အာဏာသိမ်းရန် စစ်တပ်ကို တိုက်တွန်းခဲ့သောကြောင့် အံ့သြဖွယ် မဟုတ်ပေ။ ၎င်းတို့ နှစ်ပါးလုံးသည် စစ်ကောင်စီ၏ ရက်စက်ကြမ်းမှုများကို နှုတ်ဆိတ်နေသောကြောင့် ဝေဖန်ခံနေရသူများ ဖြစ်သည်။

    ၂၀၂၂ ခုနှစ်တွင် မဘသ ဥက္ကဋ္ဌဟောင်း သီတဂူဆရာတော်ကို အာဏာသိမ်းခေါင်းဆောင်က မြန်မာမှ အမြင့်ဆုံး ဘာသာရေးဘွဲ့ ပေးပြီးနောက် ထိုဆရာတော်က အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကို သဒ္ဓါပညာ အားကောင်းသည့် အစိုးရဟု ချီးကျူးသည်။

    စစ်ကောင်စီ၏ ဖြိုခွဲမှုများ၊ စီးနင်းတိုက်ခိုက်မှုများ၊ လေကြောင်းတိုက်ခိုက်မှုများနှင့်အမြောက်ဖြင့် ပစ်ခတ်မှုများတွင် လူထောင်ပေါင်းများစွာ သေဆုံးပြီးနောက် ထိုဆရာတော်က မင်းအောင်လှိုင်ကို သာသနာပိုင် မင်းအဖြစ် ချီးကျူးခြင်းဖြစ်သည်။

    မင်းအောင်လှိုင်ကို အခိုင်မာဆုံး ထောက်ခံသည့် နောက်ထပ် သင်္ကန်းဝတ်မှာ ရှမ်းပြည်အရှေ့ပိုင်းမှ ဝစီပိတ် ဆရာတော်ဟု ကျော်ကြားနေသူ ဦးကောဝိဒ ဖြစ်သည်။ သူသည် ဗေဒင်တွက် အခါတော်ပေးခြင်းနှင့် ဝစီပိတ်ခြင်းကျင့်ခြင်းအတွက် ကျော်ကြားသူဖြစ်သည်။ လက်တွေ့တွင် သူ၏ကျင့်ကြံမှုများသည် ဗုဒ္ဓဘာသာနှင့် မသက်ဆိုင်ဘဲ ဟိန္ဒူအယူအဆ ဖြစ်သည်။ စစ်အာဏာသိမ်းမှု အစောပိုင်း လမ်းမများမှ ဆန္ဒပြပွဲများတွင် ဆန္ဒပြသူများကို စစ်ကောင်စီတပ်က ဦးခေါင်းတွင် ပစ်စေရန် “ခေတ်ကိုပြောင်းရန် ခေါင်းကိုပစ်” ဟု မင်းအောင်လှိုင်ကို ထိုဘုန်းကြီးက အခါတော်ပေးကြောင်း စွပ်စွဲ ပြောဆိုခဲ့ကြသည်။

    နေပြည်တော်မှ ရာဇဝတ်ကောင်များကို ထောက်ခံသောကြောင့် ထိုဘုန်းကြီးများသည် စစ်ကောင်စီ၊ ၎င်းတို့နှင့်အပေါင်းပါ ခရိုနီများထံမှ အလှူငွေများ၊ တန်ဖိုးမြင့်သည့် ယာဉ်များ၊ ပြည်ပခရီးစဉ်များနှင့် မြင့်မားသော ဘွဲ့များ ရရှိကြသည်။

    ၂၀၂၀ ပြည့်နှစ်က ရန်ကုန်တွင် မာစီဒီးကားနှင့် တွေ့ရသည့် သီတဂူဆရာတော် / ဦးဉာဏိဿရ Facebook

    စစ်ကောင်စီ၏ သီတဂူဆရာတော် ဦးဉာဏိဿရနှင့် ဓမ္မဒူတ ဦးဆေကန္ဒိတို့၏ နီးကပ်သော ဆက်ဆံရေးကို စစ်ကောင်စီ ခေါင်းဆောင်များနှင့်အတူ ရုရှားနိုင်ငံ၊ မော်စကိုမှ ရွှေစည်းခုံ ဘုရားပုံတူ အနေကဇာတင်ရန် ရုရှားသို့ ပြည်ပခရီးတွင် လိုက်ပါသွားအခါ အထင်အရှား ပြသလိုက်သည်။

    သဒ္ဓါတရား အားကောင်းသည့် နိုင်ငံကို အမြတ်ထုတ်အသုံးချခြင်း

    မြန်မာသည် ကံ၊ ကံ၏အကျိုးကို နက်ရှိုင်းစွာယုံကြည့်သည့် သဒ္ဓါတရားဖြင့် အလှူဒါနပြုသူများအဖြစ် ခံယူမှုကြောင့် ၂၀၁၃ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်များတွင် မြန်မာသည် ကမ္ဘာ့ရက်ရောမှု အညွှန်းကိန်းတွင် ထိပ်ဆုံးနီးပါးမှ ရှိနေသည်ဟု ဗြိတိန်မှ ပရဟိတအဖွဲ့တခုက ထုတ်ပြန်သည်။

    ထိုအချက်သည် မြန်မာတွင် ထေရဝါဒ ဗုဒ္ဓဘာသာ သြဇာကြီးမားမှုကို ထင်ဟပ်သည်။ ယခုဘဝတွင် လုပ်ဆောင်သည့် လုပ်ရပ်များကို နောင်ဘဝတွင် အကျိုးဆက်ခံစားရမည်ဟု ကိုးကွယ်ယုံကြည်သူ အများအပြား ယုံကြည်ပြီး ထိုယုံကြည်ချက်ကို ပျံ့နှံ့စေရာတွင် ဘုန်းကြီးများသည် အဓိကအခန်းမှ ပါဝင်သည်။

    ဘုန်းကြီးအများစု၏ တရားပွဲများတွင် အမြဲတမ်းတွေ့ရသည့် အကြောင်းအရာမှာ သံသရာဆိုသည့် စကားလုံးဖြစ်ပြီး ဗုဒ္ဓဘာသာဝင်များ ယုံကြည်သည့် ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏ ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းဖြစ်သည်။ ဘုန်းကြီးအများစုသည် ၎င်းတို့၏တရားများကို အဆုံးသတ်သောအခါ ဒါန သို့မဟုတ် လှူဒါန်းခြင်း၏ အရေးပါမှုကို ဟောပြောကြသည်။

    လက်တွေ့တွင် အလှူအတန်းဖြင့် ကောင်းမှုကုသိုလ် ပြုလုပ်ခြင်းသည် မြန်မာဗုဒ္ဓဘာသာများအကြား အတွေ့ရ အများဆုံးနှင့် လူသိအများဆုံး ဘာသာရေး လုပ်ဆောင်မှု ဖြစ်သည်။ အများစုသည် သူတပါး အသက်သတ်ခြင်း၊ သူတပါး ပစ္စည်းခိုးယူခြင်း၊ သူတပါး သားမယားကို ပြစ်မှားခြင်း၊ လိမ်လည်ပြောဆိုခြင်းနှင့် အရက်သေစာ သောက်စားခြင်းတို့ကို ရှောင်ကျဉ်ပြီး ငါးပါးသီလ စောင့်ထိန်းကြကာ အလှူအတန်းများပြုလုပ်ခြင်း၊ အများအားဖြင့် ဘုန်းကြီးများနှင့် ဘုရားစေတီများသို့ လှူဒါန်းခြင်းမှတဆင့် ကုသိုလ်ယူရန်၊ ကောင်းမွန်သော နောက်ဘဝ ပြန်လည် မွေးဖွားရန် အများစုက ကောင်းသောအလုပ်များကို ကြိုးစား လုပ်ကိုင်ကြသည်။

  • မြန်မာစစ်တပ်၏ ဖွဲ့စည်းပုံနှင့် အမိန့်ပေးခိုင်းစေမှုစနစ် အရပ်သားအစိုးရ၏ အုပ်ချုပ်စီမံခန့်ခွဲမှုအောက်တွင် ရှိမနေဟု ICJ တရားရုံးသို့ ဂမ်ဘီယာ တင်ပြ

    မြန်မာစစ်တပ်၏ ဖွဲ့စည်းပုံနှင့် အမိန့်ပေးခိုင်းစေမှုစနစ် အရပ်သားအစိုးရ၏ အုပ်ချုပ်စီမံခန့်ခွဲမှုအောက်တွင် ရှိမနေဟု ICJ တရားရုံးသို့ ဂမ်ဘီယာ တင်ပြ

    စစ်တပ်၏ ကျူးလွန်မှုများအတွက် တရားမျှတမှု ရယူရန် အသက်ရှင် လွတ်မြောက်လာသော ရိုဟင်ဂျာများက မျှော်လင့်

    ရခိုင်ပြည်တွင် ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့သော မြန်မာစစ်တပ်၏ ဖွဲ့စည်းပုံနှင့် အမိန့်ပေးခိုင်းစေမှုစနစ်မှာ အရပ်သားအစိုးရ၏ အုပ် ချုပ်စီမံခန့်ခွဲမှုအောက်တွင် ရှိမနေကြောင်း အပြည်ပြည်ဆိုင်ရာတရားရုံး- ICJ သို့ ဂမ်ဘီယာနိုင်ငံက တင်ပြခဲ့ကြောင်း နိုင်ငံတကာသတင်းဌာနတချို့က ရေး သား ဖော်ပြထားသည်။

    ဇန်နဝါရီလ ၁၂ ရက်နေ့ ICJ တရားရုံးသို့ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုနှင့်ပတ်သက်၍ ဂမ်ဘီယာနိုင်ငံက သက်သေနှင့် အမှုအကြောင်းအရာများကို တင်သွင်းရာတွင် ယင်းအချက်ကိုလည်း ထည့်သွင်းပြောဆိုခဲ့ကြောင်း သိရှိရသည်။

    ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တွင် စစ်တပ်က ရခိုင်ပြည်တွင် ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုများ ကျူးလွန်ခဲ့ပြီး ယင်းအချိန်တွင် လူထု ရွေးကောက်တင်မြှောက်ထားသော NLD အစိုးရက အုပ်ချုပ်နေချိန်လည်းဖြစ်သည်။

    လက်ရှိ ICJ တရားရုံးတွင် ပြန်လည် စတင်နေသော ကြားနာမှုများမှတစ်ဆင့် စစ်တပ်၏ အကြမ်းဖက်မှုရန်မှ လွတ်မြောက်လာသော ရိုဟင်ဂျာများက ၎င်းတို့ကျူးလွန်ခံခဲ့ရမှုများအတွက် တရားမျှတမှု ရရှိရန်နှင့်အနာဂတ်လူမျိုးတုံးသတ်ဖြတ်မှု များအတွက် စံနမူနာတစ်ခုကို ICJ တရားရုံးက ချမှတ်ပေးလိမ့်မည်ဟု မျှော်လင့်နေကြကြောင်း ဗြိတိန်ဂါးဒီးယန်းသတင်းစာက ရေးသားဖော်ပြသည်။

    “နောက်ဆုံးတော့ ကျွန်မတို့ရဲ့အသံတွေကို ကြားနေရပြီး အသိုင်းအဝိုင်းအတွက် အပြုသဘောဆောင်တဲ့ တစ်ခုခုဖြစ်လာတော့မယ်လို့ ခံစားရပါတယ်” ဟု အမည်လွှဲထားသော ရိုဟင်ဂျာတစ်ဦးဖြစ်သူ Monaira က ဂါးဒီးယန်သတင်းစာသို့ ပြောဆိုသည်။

    ၂၀၁၇ ခုနှစ်တွင် စစ်တပ်က ရိုဟင်ဂျာရွာများကို နယ်မြေ ရှင်းလင်းရချိန် စတင်ခဲ့ချိန်တွင် Monairaမှာလည်း မြန်မာနိုင်ငံရှိ သူမ၏နေအိမ်မှ ထွက်ပြေးရန် အတင်းအကျပ်ခိုင်းစေခံခဲ့ရသည်။

    အကြမ်းဖက်မှုအတွင်း Monaira ၏အစ်ကိုကို စစ်တပ်က ခေါ်ဆောင်သွားပြီး ပစ်သတ်ကာ ၎င်း၏အိမ်ကို မီးရှို့ခဲ့သည်။ “ကလေးတွေကို ကျွန်မမျက်စိရှေ့မှာတင် မီးထဲပစ်ထည့်လိုက်တာပါ” ဟု စစ်သားများ၏ မုဒိမ်းကျင့်မှုခံခဲ့ရသော Monaira က ပြောဆိုသည်။

    Monaira မှာ မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော နှိမ်နင်းမှုများမှ အသက်ရှင်ကျန်ရစ်သူများထဲတွင် ပါဝင်ပြီး ICJ တရားရုံးတွင် မြန်မာစစ်တပ်၏ ကျူးလွန်မှုကို ပြန်လည် ကြားနာစစ်ဆေးနေသည့်အတွက် ကြာမြင့်စွာ စောင့်ဆိုင်းနေသော တရားမျှတမှုအတွက် ခြေလှမ်းတစ်ခု နီးကပ်လာပြီဟု ဆိုသည်။

    ဂမ်ဘီယာမှ တင်သွင်းခဲ့သော အမှုသည် ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်များတွင် ရိုဟင်ဂျာ ၇၀၀,၀၀၀ ကျော်ကို အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးစေခဲ့သည့် စစ်ရေးစစ်ဆင်ရေးများကို အခြေခံထားသည်။

    “ကျနော်တို့ တရားမျှတမှုကို တောင်းဆိုပါသည်” ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကော့စ်ဘဇား ဒုက္ခသည်စခန်းမှ ဟိဂ်မြို့သို့ ကြားနာပွဲများကို နားထောင်ရန် ရောက်ရှိလာသော မိုနိုင်ရာက ပြောကြားခဲ့သည်။

    မြန်မာနိုင်ငံကို တရားစွဲထားသော ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုမှာ ဆယ်စုနှစ်တစ်ခုကျော်အတွင်း ICJ မှ ကြားနာခဲ့သော ပထမဆုံး လူမျိုးတုံးသတ်ဖြတ်မှုအမှုဖြစ်ပြီး အစ္စရေးကို လူမျိုးတုံးသတ်ဖြတ်မှုဖြင့် စွပ်စွဲသည့် တောင်အာဖရိက၏အမှု အပါအဝင် အနာဂတ်စွပ်စွဲချက်များကို မည်သို့အကဲဖြတ်မည်ကို ရှေ့ပြေးနမူနာတစ်ခု ချမှတ်နိုင်ဖွယ်ရှိသည်။

    ဂမ်ဘီယာနိုင်ငံက ဇန်နဝါရီလ ၁၂ ရက်နေ့မှ ဇန်နဝါရီလ ၁၅ ရက်နေ့ အထိ ပထမဆုံး လျှောက်လဲချက် တင်ပြလျက်ရှိပြီး မြန်မာစစ်တပ်က ရိုဟင်ဂျာများအပေါ် စနစ်တကျ ရှင်းလင်းရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း၊ ရိုဟင်ဂျာများကို မျိုးနွယ်စု တစ်ခုလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်း ဖျက်ဆီးရန် ရည်ရွယ်ချက်ဖြင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ မုဒိမ်းမှုနှင့် ရွာများကို မီးရှို့မှုများ ကျူးလွန်ခဲ့ကြောင်း တင်ပြထားသည်။

    “ဒီအမှုကို ကျွန်တော်တို့ ပေါ့ပေါ့တန်တန် မတင်ပြခဲ့ပါဘူး။ နှစ်ပေါင်းများစွာ လူသားချင်းစာနာမှု ကင်းမဲ့ပြီး နှိပ်စက်ညှဉ်းပန်းခံခဲ့ရတဲ့ အားနည်းတဲ့ အုပ်စုတစ်စုအပေါ် ကျူးလွန်ခဲ့တဲ့ အဆိုးရွားဆုံးနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ချိုးဖောက်မှုတွေရဲ့ ယုံကြည်စိတ်ချရတဲ့ အစီရင်ခံစာတွေကို ပြန်လည်သုံးသပ်ပြီးနောက် ဒီအမှုကို ကျွန်တော်တို့ တင်ပြခဲ့တာပါ။”ဟု ဂမ်ဘီယာ တရားရေးဝန်ကြီးက ပြောဆိုသည်။

    မြန်မာစစ်တပ်က ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်များကို ငြင်းဆိုပြီး ဇန်နဝါရီလ ၁၆ ရက်နေ့မှ ဇန်နဝါရီ ၂၀ ရက်နေ့ အထိ ခုခံလျှောက်လဲချက်များ တင်ပြသွားမည်ဖြစ်ကြောင်း သိရှိရသည်။

    ထူးခြားချက်မှာ အသက်ရှင်ကျန်ရစ်သူများက ICJ တရားရုံးတွင် သက်သေအထောက်အထားများ တင်ပြကြမည်ဖြစ်သည်။

    ဗြိတိန်အခြေစိုက် Burmese Rohingya Organization (BRI) ၏ ဥက္ကဋ္ဌ ဦးထွန်းခင်က ဆယ်စုနှစ်များစွာ နိုင်ငံတကာဥပဒေကို ချိုးဖောက်ပြီးနောက် ICJ အမှုမှာ မြန်မာစစ်တပ်အနေဖြင့် နိုင်ငံတကာတရားရုံးတွင် မိမိကိုယ်ကိုယ် ကာကွယ်ရသည့် ပထမဆုံးအကြိမ် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    တရားမျှတမှုနှင့် တာဝန်ခံမှုဆီသို့ ရှည်လျားသောလမ်းကြောင်းပေါ်တွင် ကြီးမားသောခြေလှမ်းတစ်ခုဖြစ်သည် ဟု ဦးထွန်းခင်က မှတ်ချက်ပြုသည်။

    ၂၀၂၀ ခုနှစ်တွင် ICJ က ရိုဟင်ဂျာလူနည်းစုအပေါ် လူမျိုးတုံးသတ်ဖြတ်မှုအကြမ်းဖက်မှုကို ကာကွယ်ရန်နှင့် အတိတ်က ရာဇဝတ်မှုများ၏ အထောက်အထားများကို ထိန်းသိမ်းရန် မြန်မာနိုင်ငံအပေါ် အရေးပေါ် “ယာယီအစီအမံများ” ချမှတ်ခဲ့သော်လည်း စစ်တပ်က ရက်စက်ကြမ်းကြုတ်မှုများကို ဆက် လက် ကျူးလွန်နေသည်ဟု နိုင်ငံတကာလူ့အခွင့်အရေးစောင့်ကြည့်လေ့လာသူများက ဆိုကြသည်။

    ICJ အမှုမှာ လူပုဂ္ဂိုလ်များအပေါ် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုမှုတစ်ခု မဟုတ်သော်လည်း မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ကွန်ဗင်းရှင်းအရ ၎င်း၏ တာဝန်ဝတ္တရားများကို ချိုးဖောက်ခဲ့ခြင်း ရှိ၊ မရှိကို ဆုံးဖြတ်မည်ဖြစ်သည်။

    အခြားတစ်ဖက်တွင်လည်း ၂၀၁၉ ခုနှစ်အတွင်း အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) က ရိုဟင်ဂျာများ အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးမှု စတင်ခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် ICC ၏ ရှေ့နေက လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် စစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ရန် ICC တရားရုံးသို့ တင်ပြထားသည်။

    ရိုဟင်ဂျာဒုက္ခသည်များနှင့် လက်တွဲ အလုပ်လုပ်နေသော Legal Action Worldwide ၏ တည်ထောင်သူနှင့် အမှုဆောင်ဒါရိုက် တာ Antonia Mulvey က ICJ က ၆ လမှ ၁၂ လအတွင်း စီရင်ချက်ချမှတ်နိုင်ကြောင်း၊ တရားရုံး၏ အမိန့်များကို မြန်မာနိုင်ငံက လက်ရှိမှာ အကောင်အထည်ဖော်မှု မရှိသည့်တိုင် အရေးကြီးသော ခြေလှမ်းတစ်ခု ဖြစ်လာမည်ဟုဆိုသည်။

    “အခြေအနေတွေ ပြောင်းလဲနိုင်ပြီး တစ်ညတည်းနဲ့ အစိုးရအပြောင်းအလဲဖြစ်နိုင်တယ်ဆိုတာ မမေ့ပါနဲ့၊ တရားရုံးအမိန့်ကလည်း ဆက်ရှိနေမှာပါ” ဟု Antonia Mulvey က ထုတ်ဖော်ပြောဆိုသည်။

  • ဩစတြေးလျလက်ထောက်ဝန်ကြီးနှင့် အထက်လွှတ်တော်အမတ် Dean Smith က မလေးရှားနှင့်ထိုင်းခရီးစဉ်တွင် NUG ကိုယ်စားလှယ်များ အပါအဝင် မြန်မာ့အရေးလှုပ်ရှားသူများ နှင့် တွေ့ဆုံမည်

    ဩစတြေးလျလက်ထောက်ဝန်ကြီးနှင့် အထက်လွှတ်တော်အမတ် Dean Smith က မလေးရှားနှင့်ထိုင်းခရီးစဉ်တွင် NUG ကိုယ်စားလှယ်များ အပါအဝင် မြန်မာ့အရေးလှုပ်ရှားသူများ နှင့် တွေ့ဆုံမည်

    ဩစတြေးလျလက်ထောက်ဝန်ကြီးနှင့် အထက်လွှတ်တော်အမတ် Dean Smith က မလေးရှားနှင့်ထိုင်းခရီးစဉ်တွင် NUG ကိုယ်စားလှယ်များ အပါအဝင် မြန်မာ့အရေးလှုပ်ရှားသူများ နှင့် တွေ့ဆုံမည်

    ဩစတြေးလျအစိုးရ၏ နိုင်ငံခြားရေးနှင့်ကုန်သွယ်ရေးရာ လက်ထောက်ဝန်ကြီးလည်းဖြစ်၊ အထက် လွှတ်တော်အမတ်လည်းဖြစ်သူ Dean Smith က မလေးရှားနှင့်ထိုင်းခရီးစဉ်အတွင်း NUG အစိုးရကိုယ် စားလှယ် နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း အထက်လွှတ်တော်အမတ် Dean Smith က တရားဝင် သတင်းထုတ်ပြန်သည်။

    အထက်လွှတ်တော်အမတ် Dean Smith က ဩစတြေးလျအစိုးရ၊ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဆိုင် ရာ လက်ထောက်ဝန်ကြီး တာဝန်ဖြင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့မှ ဇန်နဝါရီလ ၁၈ ရက်နေ့ အထိ မလေးရှားနှင့် ထိုင်းနိုင်ငံများသို့ သွားရောက်မည်ဖြစ်ကြောင်း၊ ကိုယ်ပိုင်ရန်ပုံငွေဖြင့် သွားရောက်မည့် အဆိုပါ ခရီးစဉ်အတွင်း မြန်မာ့အရေး တက်ကြွလှုပ်ရှားသူများ၊ ဘာသာရေးအခြေပြု လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ ကိုယ် စားလှယ်များနှင့် တွေ့ဆုံကာ လက်ရှိမြန်မာ့အရေးနှင့် ပဋိပက္ခ၏ အကျိုးသက်ရောက်မှုများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

    မြန်မာနိုင်ငံ၏ လူသားချင်းစာနာထောက်ထားမှုနှင့် လုံခြုံရေးအခြေအနေများ ဆက်လက်ဆိုးရွားနေပြီး အလွန်အရေးကြီးသော အချိန်အခါလည်းဖြစ်ကြောင်း၊ ထို့အပြင် မလေးရှားနှင့် ထိုင်းနိုင်ငံရှိ ဩစတြေး လျအစိုးရ အရာရှိများ၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကိုယ်စားလှယ်များနှင့်အခြားလူသားချင်းစာနာမှုဆိုင်ရာ အေဂျင်စီများနှင့် တွေ့ဆုံခွင့်ရရှိမည်ဖြစ်ကြောင်း သိရှိရသည်။

    အဆိုပါခရီးစဉ်၏ အဓိကရည်ရွယ်ချက်မှာ မြန်မာ့အကျပ်အတည်းအပေါ် အာဆီယံ (ASEAN) ၏ တုံ့ပြန်ဆောင်ရွက်မှု မည်မျှထိရောက်သည်ကို ပိုမိုနားလည်နိုင်ရန်၊ စစ်တပ်၏ “ရွေးကောက်ပွဲ” ဟု ခေါ်ဆိုသောအရာနှင့် ပတ်သက်သည့် လူသားချင်းစာနာမှုဆိုင်ရာ စိုးရိမ်ပူပန်မှုများကို ဆန်းစစ်ရန်၊ အမေရိကန်ပြည်ထောင်စု၏ အချို့သော အကူအညီပေးရေး အစီအစဉ်များ ရုပ်သိမ်းလိုက်ခြင်း အပါအဝင် နိုင်ငံတကာ အကူအညီများ ပြောင်းလဲလာမှု၏ ကျယ်ပြန့်သော နောက်ဆက်တွဲသက်ရောက်မှုများကို နားလည်နိုင်ရန် ဖြစ်ကြောင်း သိရှိရသည်။

    အဆိုပါ ခရီးစဉ်တွင် အနောက်ဩစတြေးလျ (WA) ရှိ မြန်မာ့လူမှုအသိုင်းအဝိုင်းမှ အဖွဲ့ဝင်အချို့လည်း လိုက်ပါမည်ဖြစ်ပြီး ဆွေးနွေးမှုများမှ ရရှိလာသော အချက်အလက်များသည် အထက်လွှတ်တော်၏ “မြန်မာနိုင်ငံရှိ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး” ဆိုင်ရာ နိုင်ငံခြားရေး၊ ကာကွယ်ရေးနှင့် ကုန်သွယ်ရေး ရည်ညွှန်းကော်မတီ၏ စုံစမ်းစစ်ဆေးမှုများအတွက် တိုက်ရိုက် အထောက်အကူပြုမည်ဖြစ်ကြောင်း သိရှိရသည်။

  • မြန်မာစစ်ကော်မရှင်ကို စစ်ရာဇဝတ်မှုများဖြင့် အရေးယူပေးရန် တီမောနိုင်ငံတွင် တရားစွဲ

    မြန်မာစစ်ကော်မရှင်ကို စစ်ရာဇဝတ်မှုများဖြင့် အရေးယူပေးရန် တီမောနိုင်ငံတွင် တရားစွဲ

    စစ်ရာဇဝတ််မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများဖြင့် အရေးယူပေးရန် မြန်မာစစ်ကော်မရှင်ကို ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က တီမောလက်စတေးနိုင်ငံ ၊ ပြည်သူ့အစိုးရရှေ့နေရုံးသို့ ရာဇဝတ်မှုဆိုင်ရာ တိုင်ကြားစာတင်သွင်းလိုက်သည်။

    အဆိုပါ အမှုကို ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) မှ ဦးဆောင်ပြီး တီမောစတေးနိုင်ငံ ၊ ဒီလီမြို့ ၌ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း CHRO က ဇန်နဝါရီ ၁၂ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည်။

    အဆိုပါအမှုတွဲတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးအား အုပ်စုလိုက်မုဒိမ်းကျင့်မှု ၊ ဂျာနယ်လစ်တဦးနှင့် ကလေးငယ်တဦးအပါအဝင် လူ၁၀ဦးအား အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၊ ခရစ်ယာန်ဓမ္မဆရာ လေးဦးသတ်ဖြတ်မှု ၊ လေ ကြောင်းမှ ပြင်းထန်စွာတိုက်ခိုက်သဖြင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းလေး ဦးနှင့် လူနာလေးဦးသေဆုံးမှုနှင့် ဘုရားကျောင်းများအဆက်မပြတ်တိုက်ခိုက်မှုဖြစ်စဥ်များကို သက်သေဖြင့်တင်သွင်းထားကြောင်း ဖော်ပြထားသည်။

    တိုင်ကြားစာပါ ရာဇဝတ်မှုဖြစ်စဉ် အများစုသည် ချင်းပြည်နယ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

    တီမောလက်စတေးနိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် (Universal Jurisdiction) ကို လက်ခံထားသဖြင့် မည်သည့်နိုင်ငံသားက မည်သည့်နေရာတွင် ကျူးလွန်သည်ဖြစ်စေ အရေးယူ ပိုင်ခွင့်ရှိကြောင်းသိရသည်။

    “ဤအမှုသည် တီမောလက်စတေးနိုင်ငံ၏ တရားစီရင်ရေးစနစ်အပေါ် သက်ရောက်မှုဖိအား(အလုပ် ဖြစ်နိုင်ချေ) နည်းပါးသေးငယ်နိုင်တယ်။ သို့ပေမဲ့ ကျွန်ုပ်တို့တင်သွင်းထားသည့် သက်သေအားလုံးကို ချင်းလူ့အခွင့်အရေးအဖွဲ့က စနစ်တကျမှတ်တမ်းတင်ခဲ့တာဖြစ်တယ်။ထပ်မံပြီးအကြောင်းအရာခိုင် လုံအားကောင်းဘို့အတွက်လည်း ပြန်လည်လုပ်ဆောင်ခဲ့တယ်” ဟု အမှု၏ အဓိကရှေ့နေနှစ်ဦးဖြစ် သော ဟိုဆေး ထိပ်ရှီးရားနှင့် နူနိုမာရာဇက်စ် တို့က ကြေညာချက်တွင် ပြောကြားထားသည်။

    ၎င်းအပြင် ကုလသမဂ္ဂက ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှု ယန္တရား(IIMM) တွင်လည်း စိစစ်အတည်ပြုထားသည့် သက်သေအထောက်အထားများရှိပြီး တီမောအာဏာပိုင်များ၏ စုံစမ်းစစ်ဆေးမှုအပိုင်းအဖြစ်အသုံးပြုရန် ပံ့ပိုးပေးသွားမည်ဖြစ် ကြောင်း ၎င်းတို့ကဆိုသည်။

    အမှုဖြစ်စဥ်နှင့်ပတ်သက်ပြီး CHRO အမှုဆောင်ဒါရိုက်တာ ဆလိုင်းဇအုပ်ကလည်း “မြန်မာစစ်ကော်မရှင်တပ်ဖွဲ့တွေက အရပ်သားတွေအပေါ်ရည်ရွယ်ချက်ရှိရှိ ၊ စနစ်တကျ ၊ ကျယ်ကျယ်ပြန့်ပြန့်နှင့် လက်နက်အင်အားမတန်တဆ အသုံးပြုခြင်းနှင့် အရပ်ဘက်စစ်ဘက် ပစ်မှတ် ခွဲခြားမှုမရှိဘဲ အကြမ်းဖက်တိုက်ခိုက်မှုများကျူးလွန်ခဲ့တယ်” ဟု ပြောကြားထားသည်။

    တီမောနိုင်ငံမှ ထိပ်တန်းနိုင်ငံရေးသမားများနှင့် ဩဇာရှိသူများသည် လူ့အခွင့်အရေးနှင့် တာဝန်ခံမှု အပေါ်တွင် ခိုင်ခိုင်မာမာရပ်တည်နေသောကြောင့် ချင်းလူမျိုးများ၏ တရားမျှတမှုတောင်းဆိုသံကို တီမောပြည်သူများကြားသိလိမ့်မည်ဟု အလေးအနက်ယုံကြည်ကြောင်း ၎င်းကဆိုသည်။

    ချင်းပြည်နယ်၌ ၂၀၂၂ခုနှစ်မှစ၍ လေကြောင်းတိုက်ခိုက်မှုပေါင်း ၁,၀၀၀ခန့် ပြုလုပ်ခဲ့ပြီး လူနေအိမ် ၄,၆၀၀ကျော်မီးလောင်ပျက်စီးကာ အမျိုးသမီးနှင့်ကလေးအပါအဝင်အရပ်သား ၄၇၈ဦးသေဆုံး၍ ဘာသာရေးအဆောက်အအုံ ၁၂၇ ခု ပျက်စီးခဲ့ကြောင်း CHRO မှတ်တမ်းများတွင်ဖော်ပြထားသည်။

    မြန်မာနိုင်ငံတဝန်တွင်လည်း ၂၀၂၅ခုနှစ် မတ်လကုန်ထိ စစ်ကော်မရှင်ကြောင့် အရပ်သား ၆,၄၇၃ဦး သေဆုံးခဲ့ပြီး လူပေါင်း ၃၀,၀၀၀ကျော်ဖမ်းဆီးခံခဲ့ရပြီး ၂၂,၀၀၀ကျော်မှာ ဆက်လက်ထိန်းသိမ်းခံနေ ရဆဲဖြစ်ကြောင်းသိရသည်။

    ၎င်းအပြင် လူဦးရေ ၃ ဒသမ ၅ သန်းကျော် (လူဦးရေ၏ ၅ ရာခိုင်နှုန်းကျော်) သည် နေရပ်စွန့်ခွာထွက်ပြေးနေရပြီး လူပေါင်းသန်း၂၀ ခန့်မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများလိုအပ်နေကြောင်း ကမ္ဘာ့ကုလသမဂ္ဂက ခန့်မှန်းတွက်ချက်ထားသည်။

    ယခုတိုင်ကြားမှုသည် မြန်မာ့အခြေအနေ ပြောင်းလဲရန်လိုအပ်နေပြီဆိုသည့် သတင်းစကားကို အာဆီယံဒေသတွင်းသို့ ပို့ပေးလိုက်ခြင်းဖြစ်ကြောင်း အရေးယူမှု ဖြစ်မြောက်လာအောင် ကူညီပေးနေသည့် တာဝန်ခံမှုရှိစေရေး စီမံချက်အဖွဲ့အစည်း (Myanmar Accountability Project) မှ ညွှန်ကြားရေးမှုး Chris Gunness က ပြောကြားထားသည်။