Author: Baby Yit Lone
-

ညောင်ဦးနယ်က ရွေးကောက်ပွဲမဲရုံ စီးနင်းခံရပြီး စစ်သား၅ဦးသေ၊ မဲပေးပွဲ ဖျက်သိမ်းသွား
ညောင်ဦးနယ်က ရွေးကောက်ပွဲမဲရုံ စီးနင်းခံရပြီး စစ်သား၅ဦးသေ၊ မဲပေးပွဲ ဖျက်သိမ်းသွား မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ စစ်အုပ်စု တရားမဝင်အတုအယောင်ရွေးကောက်ပွဲမဲရုံများကို ဝင်ရောက် တိုက်ခိုက်ခဲ့ ရာ စစ်သား ၅ ဦးသေဆုံးပြီး မဲလက်မှတ်များကို လက်ခံနိုင်ခြင်းမရှိပဲ ရုတ်သိမ်းသွားကြောင်း ပြည်သူ့ ဒီမိုကရက်တစ်တပ်တော် – PDA က ထုတ်ပြန်ထားပါတယ်။ မနေ့ ဒီဇင်ဘာလ ၂၈ရက် နံနက်ပိုင်းနဲ့ နေ့လယ်ပိုင်းတို့မှာ ညောင်ဦးမြို့ အနီးနားကျေးရွာတွေဖြစ်တဲ့ ပြွန်ရွာ၊ ညောင်ပင် ကန်ရွာနဲ့ ရွှေလှိုင်းကျေးရွာများရှိ မဲရုံများကို ဝင်ရောက် တိုက်ခိုက်မယ်လို့ စစ်ကော်မရှင်က သတင်းရရှိသွားသဖြင့် မဲလက်ခံခြင်းမပြုတော့ပဲ ပြန်လည်ရုတ်သိမ်းသွားကြောင်း သိရပါတယ်။ အလားတူ ဒီဇင်ဘာလ ၂၇ ရက် ညနေ ၆ နာရီခန့်က ညောင်ဦးမြို့နယ် နတ်ပလ္လင်ကျေးရွာနဲ့ ကန်စောင့်ကျေးရွာတို့ရှိ မဲရုံစောင့်ရန်…
-

စစ်တပ်ကို စိန်ခေါ်ဝံ့သူ စစ်ဗိုလ်ချုပ်ဟောင်း သူရဦးအောင်ကို
သူရဦးအောင်ကို အပါအဝင် ၉ ဦးကို စစ်ကောင်စီက ဘွဲ့တံဆိပ်များ ပြန်ရုပ်သိမ်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီး တာဝန်ယူခဲ့တဲ့ ဗိုလ်မှူးချုပ်ဟောင်း သူရဦးအောင်ကို အပါအဝင် ၉ ယောက်ကို ပေးအပ်ထားတဲ့ ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်တွေကို စစ်ကောင်စီက ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ပြန်လည်ရုပ်သိမ်းလိုက်တယ်လို့ ထုတ်ပြန်ပါတယ်။ သူရဦးအောင်ကို,ကို ၁၉၇၅ မှာ ချီးမြှင့်ခဲ့တဲ့ သူရဘွဲ့နဲ့ ၂၀၁၂ ခုနှစ်မှာ ချီးမြှင့်ခဲ့တဲ့ ဝဏ္ဏကျော်ထင်ဘွဲ့ တို့ကို ပြန်လည်ရုပ်သိမ်းလိုက်တာပါ။ တခြား ဂုဏ်ထူးဆောင်ဘွဲ့ ပြန်လည်ရုပ်သိမ်းခံရသူတွေထဲမှာ ဦးမြင့်နိုင်၊ ဗိုလ်ချုပ်ဇော်လွင်ဦး၊ ဗိုလ်ချုပ်ဝင်းလွင်၊ ဗိုလ်ချုပ်လှမြင့်စိုး၊ ဗိုလ်ချုပ်အောင်လင်းထွန်းတို့ ပါဝင်သလို စီးပွားရေးသမားတွေဖြစ်တဲ့ ဦးချစ်ခိုင်၊ ဦးခင်ရွှေနဲ့ ဦးသိမ်းဝေတို့ ပါဝင်ပါတယ်။ စစ်တပ်က သူတို့ဆီက ပြန်လည်ရုပ်သိမ်းလိုက်တဲ့…
-

နေပြည်တော် အမြန်လမ်းပေါ် PDF တွေတက်လာ (ရုပ်/သံ)
အာဏာသိမ်း စစ်ခေါင်းဆောင်တွေ နေပြည်တော်မှာ ရွေးကောက်ပွဲ ကျင်းပနေချိန်မှာပဲ နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးပေါ်ကို နွားထိုးကြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တွေက တက်ရောက် စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာကို တွေ့ရပါတယ်။
-

ပျော်ဘွယ်ကနေ တောင်ကြီးကို တက်လာတဲ့ ဘုန်းကြီးတပါးက ဓါးရှည်တချောင်းကို ကိုင်ဆောင်ကာ
ပျော်ဘွယ်ကနေ တောင်ကြီးကို တက်လာတဲ့ ဘုန်းကြီးတပါးက ဓါးရှည်တချောင်းကို ကိုင်ဆောင်ကာ အမျိုးသမီး တဦးတည်း မောင်းနှင်လာတဲ့ကားကို တားဆီးပြီး တံခါးပေါက်ကို အတင်းဆွဲဖွင့်နေလို့ တာဝန်ရှိသူတွေကို အကြောင်းကြားခဲ့ရပါတယ်။ ခင်ဗျားအရက်သောက်ထားတာလား အရက်နံ့တွေ ထောင်းနေတယ်လို့ မေးတဲ့အခါ “ဟုတ်တယ် အရက်တော့ သောက်ထားတယ်လို့ဖြေပါတယ်”🤔 ယနေ့ခေတ်မှာ လူတွေချည်းတရားပျက်ကုန်ကြတာ မဟုတ်ဘူး၊သာသနာကို စောင့်ရှောက်နေပါတယ်ဆိုတဲ့ တချို့သော ဘုန်းကြီးတွေကအစ တရားပျက်နေကြပြီ…. လုံးဝ စိတ်မကောင်းစရာပါ🥺
-

တရုတ် လျှပ်စစ်ကား ကုမ္ပဏီများ နေမလား သေမလား အခြေအနေနှင့် ရင်ဆိုင်နေရ
တရုတ် လျှပ်စစ်ကား ကုမ္ပဏီများ နေမလား သေမလား အခြေအနေနှင့် ရင်ဆိုင်နေရ ဆက်တိုက် အရှုံးပေါ်နေသော ကုမ္ပဏီများ ကမ္ဘာ့အကြီးဆုံး ကားဈေးကွက်မှ ထွက်ခွာသွား ရနိုင်သည်ဟု မျှော်လင့်ထားကြသည့် တရုတ်ပြည်တွင်း ကားဝယ်လိုအား လျော့ကျနေချိန်တွင် တရုတ် လျှပ်စစ်ကားကုမ္ပဏီ အများအပြားသည် လာမည့် ၂၀၂၆ ခုနှစ်အတွက် နေမလား သေမလား အခြေအနေနှင့် ရင်ဆိုင်နေရသည်။ ကမ္ဘာ့အကြီးဆုံး တရုတ် ကားဈေးကွက်သည် ၂၀၂၀ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် လာမည့်နှစ်တွင် အရောင်းကျဆင်းသွားမည်ဟု တွက်ဆထားကြရာ အမြတ်အစွန်းမရှိသော ပြည်မကြီးမှ လျှပ်စစ်ကားကုမ္ပဏီ ၅၀ ခန့်သည် စီးပွားရေးကို လျှော့ချရန် သို့မဟုတ် ပိတ်သိမ်းရန် ဖိအားများ ရင်ဆိုင်နေရခြင်း ဖြစ်သည်။ တစ်ဖက်တွင်လည်း တရုတ်ကားလုပ်ငန်း၌ လိုသည်ထက် ပိုများနေသော ထုတ်လုပ်နိုင်စွမ်း…