Author: Baby Yit Lone

  • Fackham Hall

    Fackham Hall

    Fackham Hall (2025) Downton Abbey လိုမျိုး ဗြိတိသျှ အထက်တန်းလွှာတွေရဲ့ ဘဝကို အခြေခံထားတဲ့ Period Drama တွေကို ခပ်တည်တည်နဲ့ ပြောင်လှောင်ရိုက်ကူးထားတဲ့ ဟာသဇာတ်ကားကောင်း တစ်ကားလာပါပြီ။ ဇာတ်လမ်းအကျဉ်း ၁၉၃၁ ခုနှစ်၊ အင်္ဂလန်နိုင်ငံရဲ့ စီးပွားပျက်ကပ် ကာလမှာ ဇာတ်အိမ်တည်ထားပါတယ်။ ဖက်ခမ်ဟော (Fackham Hall) လို့ခေါ်တဲ့ ခမ်းနားထည်ဝါတဲ့ စံအိမ်ကြီးမှာ နေထိုင်ကြတဲ့ ဒေဗင်ပို့တ် (Davenport) မိသားစုကြီးရဲ့ အရှုပ်တော်ပုံတွေကို ရိုက်ပြထားတာပါ။ Fackham Hall ဆိုတဲ့နာမည်ကိုက အခွီပါ ဖာ့သမ်းအော နဲ့အသံတူပါတယ်။ ဒေဗင်ပို့တ် မိသားစုမှာ သားယောက်ျားလေး အမွေဆက်ခံသူ မရှိတော့တဲ့အတွက် စံအိမ်ကြီး တခြားသူလက်ထဲ မပါသွားအောင် သမီးဖြစ်သူတွေကို ဝမ်းကွဲတော်စပ်တဲ့ အာချီဘော (Archibald) နဲ့…

  • Ek Deewane Ki Deewaniyat

    Ek Deewane Ki Deewaniyat

    Ek Deewane ki Deewaniyat (2025) ရမ္မက်မီး အချစ်ကားကြည့်ရတာ ကြိုက်တဲ့သူတွေအတွက် ၂၀၂၅ ရဲ့ အမိုက်စားအချစ်ကားလေးတစ်ကားအကြောင်း တင်ဆက်ပေးချင်ပါတယ် …. ဒါရိုက်တာ Milap Zaveri က ရိုက်ကူးထားပြီး အက်ရှင်ရော အချစ်ရော အစုံအလင် ပါဝင်တဲ့ကားလေးပါ ဇာတ်လမ်းအကြောင်းကို‌ပြောရရင် ဒီကားထဲမှာ မင်းသား ဟာရှ်ဗာဒန်ရာနီက သြဇာအာဏာကြီးတဲ့ နိုင်ငံရေးသမားတစ်ယောက်ရဲ့သား ဗစ်ကရမ်အဖြစ် ပါဝင်ထားပြီး မင်းသမီးချောလေး ဆိုနမ် ဘာဂျဝါကတော့ နာမည်ကြီး မင်းသမီးချော အာဒါအဖြစ် သရုပ်ဆောင်ထားပါတယ် ဘတ်ဂျက် ၂၅ ကုဋေ ကုန်ကျခံရိုက်ကူးထားပြီး ရုံတင်ငွေက ၁၁၂ ကုဋေထိ ပြန်ရခဲ့တာကြောင့် ဝက်ဝက်ကွဲပေါက်ခဲ့တဲ့ ရုံကားတစ်ကားဆိုလည်း မမှားပါဘူး ဇာတ်လမ်းအစမှာ ဗစ်ကရမ်က အာဒါကို မြင်မြင်ချင်းပဲ ချစ်မိသွားတာပါ ဒါပေမဲ့ အဲဒီအချစ်က…

  • Efendiler

    Efendiler

    Efendiler (2025) တူရကီနိုင်ငံထုတ် “Efendiler” (2025)ရုပ်ရှင် ဟာ သာမန်ရယ်မောစရာ ဇာတ်ကားမျိုးမဟုတ်ဘဲ၊ ခပ်မိုက်မိုက် ဟာသနဲ့ သည်းထိတ်ရင်ဖိုမှုကို ရောစပ်တင်ပြထားတဲ့ စိတ်ဝင်စားစရာ ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ လူ‌ေတွကို လှောင်ပြီး ပြတ်လုံးတွေပြတ်ကြလို့ ခဏခဏ ရဲစခန်းရောက်‌ေနရတဲ့ လက်တန်း ဟာသပညာရှင် သုံးယောက်ကို မောလ်တာကျွန်းပေါ်က ရုပ်ရှင်ရိုက်ကူးရေး လူရွေးပွဲတစ်ခုဆီ ဖိတ်ခေါ်လိုက်ရာကနေ စပါတယ်။ ဒါပေမဲ့ သူတို့ရောက်သွားတဲ့အခါမှာတော့ ကမ္ဘာကြီးကို လျှို့ဝှက်ထိန်းချုပ်နေတဲ့ အင်အားကြီး “လူတစ်ခု” ရဲ့ ထူးဆန်းတဲ့ စမ်းသပ်မှုတွေထဲကို ရောက်ရှိသွားမှန်း သိလိုက်ရပါတော့တယ်။ သူတို့ရဲ့ ရိုင်းစိုင်းတဲ့ ဟာသတွေကြောင့် အပြစ်ပေးခံရတာလား၊ တကယ့်လူရွေးပွဲများလားဆိုတာ မဝေခွဲနိုင်ဖြစ်နေကြပေမယ့် စမ်းသပ်မှုတွေ ပိုကြမ်းလာလေလေ သူတို့ရဲ့ လွတ်လပ်ခွင့်တွေ ဆုံးရှုံးနေရပြီဆိုတာကို သဘောပေါက်လာကြပါတယ်။ ဒီနေရာကြီးကဘာလဲ ဒီလူတွေကရော ဘာတွေလဲ…

  • 100 Nights of Hero (2025)

    100 Nights of Hero (2025)

    100 Nights of Hero (2025) ဒီဇာတ်ကားဟာ “One Thousand and One Nights” (အာရေဗျပုံပြင်များ) ကို ဖဲမီးနစ်အမြင်နဲ့ ပြန်လည်ဆန်းသစ်ထားတဲ့ စိတ်ကူးယဉ် ဒရမ်မာဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ Nosferatu မင်းသမီး အမ်မာကိုရင် ပါဝင်ထားပါတယ်။ ဇာတ်လမ်းကတော့ Birdman ဆိုတဲ့ ဖန်ဆင်းရှင်ကို ကိုးကွယ်ကြတဲ့ ကမ္ဘာတစ်ခုမှာ တည်ရှိနေပါတယ်။ ဒီကမ္ဘာမှာ အမျိုးသမီးတွေဟာ စာဖတ်ခွင့်၊ စာရေးခွင့် တားမြစ်ခံထားရပြီး လွတ်လပ်ခွင့်တွေ ပိတ်ပင်ခံထားရပါတယ်။ ဇာတ်လမ်းရဲ့ အဓိက ဇာတ်ကောင်ဖြစ်တဲ့ အိမ်ဖော်လေး ဟီးရိုး နဲ့ ချယ်ရီတို့ဟာ ချယ်ရီ့ရဲ့ခင်ပွန်း ပြန်မလာခင် ရက်ပေါင်း (၁၀၀) အတွင်းမှာ မန်းဖရက်ဆိုတဲ့လူက အလောင်းအစားနဲ့ ဖောက်ပြန်အောင် မြူစွယ်ဖို့ ကြိုးစားမဲ့ ရန်ကနေ ကာကွယ်ဖို့…

  • Leak 2 (Jimat Dadong)

    Leak 2 (Jimat Dadong)

    Leak 2 (Jimat Dadong) (2025) Leak(လီယက်ခ်) ဆိုတာဟာဘာလီကျွန်းသူကျွန်းသားတို့ယုံကြည်တဲ့ အောက်လမ်းအတတ်တစ်မျိုးဖြစ်ပြီး မူလအစက မိမိကိုယ်ကိုကာကွယ်ဖို့အတွက်သာ အသုံးပြုခဲ့ကြပေမယ့် နောက်ပိုင်းမှာတော့မသမာသူတွေလက်ထဲမှာကိုယ်ကျိုးအတွက်ပါအသုံးပြုလာကြတဲ့အတွက် ကြောက်စရာပညာရပ်တစ်မျိုးဖြစ်လာခဲ့ပါတယ်။ ဒီဇာတ်ကားမှာတော့ ဂျကာတာမြို့အခြေစိုက် ပူထရာနဲ့ဆန်ဒရာတို့ဇနီးမောင်နှံဟာ အိမ်ထောင်သက်ငါးနှစ်တိုင်ကလေးမရသေးတဲ့အတွက် ဆရာဝန်ရဲ့လမ်းညွှန်ချက်နဲ့အညီ ဘာလီကျွန်းမှာ အပန်းဖြေအိမ်တစ်လုံးဝယ်ပြီး အေးအေးဆေးဆေးနေဖို့ပြောင်းလာခဲ့ကြပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီအပန်းဖြေအိမ်ကိုစရောက်ကတည်းက ထူးခြားတဲ့ အရိပ်အယောင်အငွေ့အသက်တွေကို ဆန်ဒရာနဲ့တစ်ကွအနားမှာနေထိုင်သူတွေပါ ခံစားသိရှိလာရပြီး ခြောက်လှန့်မှုတွေပါပါဝင်လာတဲ့နောက် အဲ့ဒီဖြစ်ရပ်တွေကိုရဲ့အဖြေကိုရှာဖွေရင်း လီယက်ခ် ဒဏ္ဍာရီနဲ့စပ်ဆိုင်ရာအကြောင်းတွေ ဆန်ဒရာနဲ့ဘယ်လိုပတ်သက်ဆက်နွယ်လာမလဲဆိုတာတွေပါ တစ်ဖြည်းဖြည်းရုပ်လုံးပေါ်လာခဲ့ပါတော့တယ်။ လူသိများတဲ့ နေရာတစ်ခုက လူအများလက်ခံထားတဲ့ ယုံကြည်သက်ဝင်ရာဒဏ္ဍာရီတွေအပေါ်ဇာတ်လမ်းဆင်ထားတာဖြစ်တဲ့အတွက် စင်္ကာပူနဲ့အင်ဒိုနီးရှားတို့ရဲ့ Netflix top 10 စာရင်းထဲဝင်နေတဲ့ ဘတ်ဂျက်နိမ့်ဟော်ရာဇာတ်ကားတစ်ကားဖြစ်ပါတယ်။