Author: Baby Yit Lone
-

Animal World
Animal World (2018) ဒီဇာတ်ကားက စိတ်ရောဂါ၊ လောဘနဲ့ လူသားတွေရဲ့ အမှန်တကယ် ပုံစံတွေကို ပုံဖော်ထားတဲ့ စိတ်ဝင်စားစရာ အက်ရှင်-ဒရာမာ ဇာတ်ကားပါ။ ဇာတ်လိုက်ကတော့… ကျန်းခိုင်စစ် ဆိုတဲ့ ကောင်လေးပဲ။ သူက ကိုယ့်ကိုယ်ကို “ရူးနေတယ်” လို့ အမြဲတမ်း ယုံကြည်ထားသူ ဆရာဝန်တွေက စိတ်ရောဂါလို့ သတ်မှတ်ပေမယ့် သူကတော့ သူ့ကိုယ်ထဲမှာ “လူရွှင်တော်” တစ်ယောက် နေတယ်လို့ ထင်နေတာ။ ဒီရောဂါက ကုသလို့မရဘူးလို့လည်း သူက ပြောတယ်။ ပြဿနာက ဘာလဲဆိုတော့… ကျန်းခိုင်စစ်က စိတ်ခံစားမှု ပြင်းထန်လာတာနဲ့အမျှ သူ့ရဲ့ ထိန်းမနိုင်သိမ်းမရ စိတ်အခြေအနေကြောင့် သူ့ပတ်ဝန်းကျင်က လူအားလုံးကို ပုံစံတွေ ပြောင်းလဲပြီး အချင်းချင်း တိုက်ခိုက်ကြတဲ့ ထူးခြားတဲ့ သတ္တဝါတွေ လို မြင်နေရတာ။ ဒီလိုမြင်ကွင်းတွေကြောင့်…
-

The Witness
The Witness (2015) မမYang Mi နဲ့ EXO က Lu Han တို့ပါဝင်သရုပ်ဆောင်ထားတဲ့ Blind ဆိုတဲ့ကိုရီးယားဇာတ်ကားကို Blindရဲ့ဒါရိုက်တာ Ahn Sang-hoonကပဲ တရုတ်ဗားရှင်းပြန်ဖန်တီးထားတဲ့ မှုခင်းရုပ်ရှင်ဇာတ်ကားပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ လုရှောင်ရှင်း (Yang Mi)ဟာ အလုပ်သင်ရဲမေတစ်ယောက်ဖြစ်ပြီးတော့ ကားအက်စီးဒင့်ဖြစ်ပြီး အဲဒီဖြစ်ရပ် သူ့ရဲ့မောင်လေးဆုံးသွားပြီး လုရှောင်ရှင်းကိုယ်တိုင်ကမျက်မမြင်ဖြစ်သွားခဲ့ပါတယ်။ အမြင်အာရုံကိုဆုံးရှုံးလိုက်ရပေမယ့် မထင်မှတ်ပဲတခြားအာရုံတွေက သိသိသာသာပိုထက်မြက်လာခဲ့ပါတယ်။ မောင်လေးကိုဆုံးရှုံးလိုက်ရတဲ့အတွက် အချိန်တိုင်းကိုယ့်ကိုယ်ကိုအပြစ်တင်နေခဲ့တဲ့ လုရှောင်ရှင်းဟာ အမှောင်ထဲမှာနေထိုင်နေပေမယ့် ပတ်ဝန်းကျင်က လှုပ်ရှားမှုတိုင်းကို ထိရှလွယ် ခံစားမိနိုင်နေတာပဲဖြစ်ပါတယ်။ တစ်နေ့မှာ မမျှော်လင့်ဘဲ လုရှောင်ရှင်းက ယာဉ်တိုက်မှုတစ်ခုရဲ့မျက်မြင်သက်သေဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့စူးရှတဲ့အာရုံတွေကို အခြေခံပြီး ထွက်ဆိုချက်ပေးခဲ့ပါတယ်။ လုရှောင်ရှင်းရဲ့ထူးကဲတဲ့အာရုံခံနိုင်စွမ်းကို ရဲအရာရှိတစ်ယောက်ကအာရုံစိုက်မိသွားပါတယ်။ လင်ချုံး( Lu Han) ကအဲဒီယာဉ်တိုက်မှုရဲ့ နောက်ထပ်မျက်မြင်သက်သေတစ်ယောက်ဖြစ်နေပေမယ့် သူတို့နှစ်ယောက်ရဲ့ထွက်ဆိုချက်ကကွဲပြားနေပါတယ်။ တစ်ယောက်က အာရုံ(၅)ပါးလုံးကောင်းတဲ့…
-
Night Watch
Night Watch (2021) Psychological Suspense အမျိုးအစားဇာတ်ကားလေးကောင်းလေးတစ်ခုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ….. တစ်ညမှာ ဝမ်ရန်ကျယ်နဲ့ ချစ်သူလီယွီအိုက်တို့မောင်းလာတဲ့ကားလေးကို ကုန်တင်ကားတစ်စီးဝင်တိုက်မိသွားပါတယ်။ ဝမ်ရန်ကျယ်ကဒဏ်ရာအပြင်းအထန်နဲ့ သက်ဆိုင်ရာကိုဖုန်းဆက်အကူအညီတောင်းခဲ့သော်လည်း ကားမောင်းတဲ့ချစ်သူကတော့ သေဆုံးသွားခဲ့ပါတယ်။ ဒဏ်ရာရထားတဲ့ဝမ်ရန်ကျယ်ကလဲ ဆေးတော်တော်ကြာကုယူလိုက်ရပါတယ်။ ၂နှစ်ကြာသွားတဲ့အခါမှာ ဝမ်ရန်ကျယ်က လမ်းပြန်လျှောက်နိုင်ပြီဖြစ်ပေမယ့် ပြန်လည်သန်စွမ်းရေးကုထုံးတွေယူနေရပြီးတော့ အတိတ်မေ့ဝေဒနာကိုလဲ ခံစားနေရပါတယ်။ ဝမ်ရန်ကျယ်က အချိန်ပိုင်းညစောင့်အလုပ်တစ်ခုရသွားပြီလို့ သူ့ရဲ့စိတ်ရောဂါကုဆရာဝန်လီယွီဟုန်ကိုပြောသွားပါတယ်။ တစ်နေ့မှာတော့ ဒေါက်တာလီယွီဟုန်က ဆေးရုံကနေဆင့်ခေါ်ခံရပါတယ်။ အကြောင်းအရင်းကတော့ ဝမ်ရန်ကျယ်က လူသတ်မှုကျူးလွန်တယ်လို့ သံသယရှိနေတာဖြစ်တဲ့အတွက်ကြောင်း ရဲဘက်ကနေဆင့်ခေါ်တာပဲဖြစ်ပါတယ်။ ဒီလိုနဲ့ ဒေါက်တာလီက ရဲတပ်ဖွဲ့ခေါင်းဆောင်ကို ဝမ်ရန်ကျယ်ရဲ့ ဝေဒနာအခြေအနေအကြောင်းရှင်းပြပြီး သူနဲ့၂ယောက်ထဲစကားပြောခွင့်တောင်းလိုက်ပါတယ်။ ဒေါက်တာလီရဲ့စိတ်ပိုင်းဆိုင်ရာကျွမ်းကျင်မှုနဲ့ မေးမြန်းနေတဲ့ သူတို့၂ယောက်ရဲ့ စကားဝိုင်းဟာ ပဟေဠိတွေကို တဖြည်းဖြည်းချင်း ပုံဖော်လာပါတယ်။
-

တြိဂံတစ်ခုရဲ့ ငြိတွယ်မှု
🏵️( အခန်း ၁ )🏵️ ” မောင် … ဒါပြီး … တော်တော့နော် ” ” မောင် … မမူးသေးပါဘူး … မွန် ” တစ်ခုခုအား တွေးပြီး စိတ်ဓာတ်ကျနေပုံရသော ခင်ပွန်းဖြစ်သူ၏ မျက်နှာချင်းဆိုင်ခုံတွင် ဝင်ထိုင်ရင်း လက်နှစ်ဖက်အား ဆုပ်ကိုင်လိုက်၏။ ” မောင် … မွန့်ကို … ကြည့် ” မျက်လွှာချထားရာမှ ဇနီးချောလေး စကားကြောင့် ပြည်စုံ လှမ်းကြည့်လိုက်သည်။ စုမွန်တစ်ယောက် လင်ဖြစ်သူအား စေ့စေ့ကြည့်ရင်း သက်ပြင်းရှည် ချလိုက်မိ၏။ ” မောင်က ဘာကိုစိုးရိမ်တာလဲ …။ သူ့ပါသာ စကားကို အနိုင်ယူ ပြောသွားတာလေ …။ မွန်က သူ့ဆီ ပြန်သွားမယ်လို့များ…
-

နတ်ရေကန်ဗျူဟာအနီး ဂုတ်ကြီးစခန်းကို စစ်တပ် ၁ရက်ပဲ ထိန်းချုပ်နိုင်ပြီးပြန်ဆုတ်ခွာထွက်ပြေး
နတ်ရေကန်ဗျူဟာအနီး ဂုတ်ကြီးစခန်းကို စစ်တပ် ၁ရက်ပဲ ထိန်းချုပ်နိုင်ပြီးပြန်ဆုတ်ခွာထွက်ပြေး နတ်ရေကန်ဗျူဟာအနီးမှာ အာရက္ခတပ်တော်(AA) သိမ်းပိုက်ထားတဲ့ ဂုတ်ကြီးစခန်းကို စစ်တပ်က အင်အားအများအပြားနဲ့ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပေမယ့် တစ်ရက်ပဲသိမ်းယူနိုင်ခဲ့ပြီးဓာတ်ပုံရိုက်ကာ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားပါတယ်။ အမ်း-ပဒါန်း လမ်းပေါ်က နတ်ရေကန် ဗျူဟာရဲ့ကာကင်းတစ်ခုဖြစ်တဲ့ ဂုတ်ကြီးစခန်းကို AA နဲ့မဟာမိတ်တပ်က ပြီးခဲ့တဲ့စက်တင်ဘာလကုန်မှာသိမ်းပိုက်ခဲ့တာပါ။ စစ်တပ်က အင်အားရာချီသုံးပြီး အောက်တိုဘာလကစပြီး ပြန်လည်စစ်ကြောင်းထိုးတိုက်ခိုက်ခဲ့တာပါ။ နှစ်လကျော်တိုက်ခိုက်ပြီးတဲ့နောက် ဒီဇင်ဘာလ၂၀ရက်နေ့မှာ ပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် တစ်ရက်သာ ထိန်းချုပ်နိုင်ခဲ့ပြီး AAနဲ့ ပူးပေါင်းတပ်တွေကတိုက်ခိုက်လို့ ဒီဇင်ဘာလ၂၁ ရက်နေ့မှာ ပြန်လည်ဆုတ်ခွာသွားတယ်လို့ စစ်ရေးသတင်းရင်းမြစိအချို့ကပြောပါတယ်။ “ဂုတ်ကြီးစခန်းကို စစ်တပ်ထိန်းနိုင်တာ မဟုတ်ဘူး။ ဓာတ်ပုံရိုက်ရုံပဲရိုက်နိုင်တာ။အခု ပြန်ပြီးဆုတ်သွားပါပြီ။ တိုက်ပွဲက ဆက်ဖြစ်နေတာပါ”လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။ ဂုတ်ကြီးစခန်းဟာ မကွေးတိုင်းငဖဲမြို့နယ်ထဲမှာပါဝင်ပြီးနတ်ရေကန်ဗျူဟာနဲ့ ၂ မိုင်ခန့်အကွာမှာ တည်ရှိပါတယ်။ နတ်ရေကန်ဗျူဟာကုန်းကို AA နဲ့ မဟာမိတ်တွေက ပြီးခဲ့တဲ့…