Author: Baby Yit Lone

  • ရန်ကုန်တွင် အုပ်စုဖွဲ့ ခိုးဆိုးလုယက်မှုများကြောင့် လူငယ်များ စိုးရိမ်နေရ

    ရန်ကုန်တွင် အုပ်စုဖွဲ့ ခိုးဆိုးလုယက်မှုများကြောင့် လူငယ်များ စိုးရိမ်နေရ

    ရန်ကုန်မြို့မှာ လူငယ်တွေကို အုပ်စုဖွဲ့ ခိုးယူတာ၊ လုယက်တာနဲ့ ဓားပြတိုက်သလို အတင်းအကျပ် ခေါ်ဆောင်သွားတာတွေကြောင့် လူငယ်တွေမှာ မလုံခြုံမှုတွေ၊ စိုးရိမ်ပူပန်တာတွေကို ခံစားနေကြရပါတယ်။ ရန်ကုန်က လူငယ်တွေဟာ အာဏာသိမ်းပြီးနောက်မှာ စစ်အာဏာရှင်ကို ဆန့်ကျင်လို့ အချိန်မရွေး ဖမ်းဆီးသတ်ဖြတ်ခံရနိုင်တဲ့အတွက် မလုံခြုံမှုကို ခံစားခဲ့ရသလိုပဲ စစ်မှုထမ်းဥပဒေကြောင့် လည်း အတင်းအဓမ္မ ဖမ်းဆီးခံရမှာကို စိတ်ပူပန်နေကြရပါတယ်။ စစ်တပ်က အတင်းအကျပ် စစ်မှုထမ်းဖို့ လူငယ်တွေကို ခေါ်ယူနေတဲ့အချိန်မှာပဲ တဖက်မှာလည်း အုပ်စုဖွဲ့ထားတဲ့သူတွေက လူငယ်တွေကို ပြန်ပေးဆွဲတာ၊ မိသားစုဆီက ငွေညှစ်တောင်းတာနဲ့ စစ်မှုထမ်းအဖွဲ့ဆီ ရောင်းစားတာတွေ ပြုလုပ်နေတဲ့အတွက် ရန်ကုန်က လူငယ်တွေဟာ စိုးရိမ်ပူပန်နေကြရတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာ လှိုင်သာယာမြို့နယ်ထဲက ဆယ်ကျော်လူငယ်တယောက်ကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားပြီး စစ်မှုထမ်းအဖွဲ့ကို ရောင်းစားခံလိုက်ရပေမဲ့ အခုချိန်ထိ အဆက်အသွယ် မရသလို…

  • မြစ်ဆုံ စီမံကိန်းကို ကန့်ကွက်ပါက အရေးယူမည်ဟု စစ်ကောင်စီ ခြိမ်းခြောက်

    မြစ်ဆုံ စီမံကိန်းကို ကန့်ကွက်ပါက အရေးယူမည်ဟု စစ်ကောင်စီ ခြိမ်းခြောက်

    ဧရာဝတီမြစ်ဆုံစီမံကိန်းကို အာဏာသိမ်း စစ်တပ်က အတင်းအကျပ် ပြန်လည်စတင်ဖို့ လုပ်ဆောင်နေပြီး စီမံကိန်းတွေကို ကန့်ကွက်ပါက ကန့်ကွက်တဲ့ ပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေကို အရေးယူမယ်ဆိုပြီး ထုတ်ပြန်လိုက်ပါတယ်။ စစ်အုပ်စု ခွင့်ပြုထားတဲ့ စီမံကိန်းတွေကို အထောက်အထားမခိုင်လုံဘဲ ကန့်ကွက်ရင် အရေးယူမယ်လို့ မြန်မာစစ်တပ်လက်အောက်ခံ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးက ထုတ်ပြန်လိုက်တာပါ။ စစ်အုပ်စုက ခွင့်ပြုပေးထားတဲ့ လုပ်ငန်းတွေကို အထောက်အထားခိုင်လုံမှုမရှိဘဲ လုပ်ငန်း အနှောင့်အယှက်ဖြစ်စေဖို့နဲ့ မတရားအကျိုးအမြတ် တစုံတရာရယူဖို့ ကန့်ကွက်တာဖြစ်ကြောင်း စိစစ်ပေါ်ပေါက်ပါက ကန့်ကွက်တဲ့ လူပုဂ္ဂိုလ် ဒါမှမဟုတ် အဖွဲ့အစည်းကို သက်ဆိုင်ရာ တည်ဆဲဥပဒေနဲ့အညီ အရေးယူမယ်ဆိုပြီးတော့ ဖော်ပြထားတာ ဖြစ်ပါတယ်။ ဒါဟာ မြစ်ဆုံစီမံကိန်းကို တရုတ်နဲ့ ပူးပေါင်းပြီး ပြန်လည်စတင်မယ်လို့ ဒုစစ်ခေါင်းဆောင် စိုးဝင်း ထုတ်ပြောလာပြီးတဲ့ နောက်ပိုင်း ဒီအမိန့်ကို ထုတ်ပြန်လာတာလည်း ဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ…

  • CDM ပညာရေးတာဝန်ခံ ဇနီးမောင်နှံကို သတ်ဖြတ်သူများကို KNU ဖမ်းဆီးရမိ

    CDM ပညာရေးတာဝန်ခံ ဇနီးမောင်နှံကို သတ်ဖြတ်သူများကို KNU ဖမ်းဆီးရမိ

    ပုလောမှ CDM ပညာရေးတာဝန်ခံ ဇနီးမောင်နှံကို သတ်ဖြတ်သူများကို KNU ဖမ်းဆီးရမိ၊ ထမင်း တောင်းစားရာတွင် မရ၍ သတ်ဖြတ်ဟု ဝန်ခံ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ဆားခဲကျေးရွာတွင်နေထိုင်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)လက်အောက်ရှိ ပုလောမြို့နယ်ပညာရေးဘုတ်အဖွဲ့တာဝန်ခံ CDM ဆရာမဇနီးမောင်နှံကို သတ်ဖြတ်သူများကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)၊ မြိတ်-ထားဝယ် ခရိုင်က ထုတ်ပြန်ခဲ့သည်။ KNDO တပ်ရင်း (၇)၊ တပ်ခွဲ-၅ တွင် ဖမ်းဆီးထားသော မောင်အောင်နိုင်ဦး၊ မောင်ဖြိုးဝေဦး၊ မောင်ဇော်ထိုက်၊ မောင်ဝင်းစိုးဆိုသူ အကျဥ်းသားလေးဦးသည် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၃ ရက်နေ့တွင် အချုပ်မှထွက်ပြေးခဲ့ပြီး ဒီဇင်ဘာ ၁၅ ရက်နေ့တွင် CDM ဆရာမ ဇနီးမောင်နှံကို ရက်စက်စွာ သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ ထွက်ပြေးသူများထဲမှ တစ်ဦးဖြစ်သည့်မောင်ဝင်းစိုးသည် ညအချိန်တွင် ဆရာမဒေါ်အေးသီတာအောင်…

  • Justice For Myanmar ၏ လုပ်ရပ် စစ်ကော်မရှင်၏ အရှိုက်ကိုထိပြီး ပြည်သူများကြိုဆို

    Justice For Myanmar ၏ လုပ်ရပ် စစ်ကော်မရှင်၏ အရှိုက်ကိုထိပြီး ပြည်သူများကြိုဆို

    အကြမ်းဖက်စစ်အုပ်စု၏ အွန်လိုင်းဝါဒဖြန့် စစ်ဆင်ရေးများသည် ကမ္ဘာ့နည်းပညာကုမ္ပဏီကြီးများ၏ တစ်ပြိုင်နက်တည်း အရေးယူဆောင်ရွက်မှုကြောင့် အကြီးအကျယ် အထိနာသွားခဲ့ပြီး ၎င်းတို့၏ အွန်လိုင်းခံစစ် ကျိုးပျက်သည့် အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။ Twitch၊ Facebook နှင့် YouTube အပါအဝင် နည်းပညာကုမ္ပဏီကြီးများသည် စစ်အုပ်စု၏ ဝါဒမှိုင်းဖြန့်ချိရေး အကောင့်များကို ဖယ်ရှားခဲ့ရာ အဆိုပါ လုပ်ရပ်အပေါ် စစ်အုပ်စုအတွက် ဝါဒဖြန့်သူများက Justice For Myanmar (JFM) အဖွဲ့အား ဝေဖန်ကာ ဒေါသူပုန်ထလျက်ရှိသော်လည်း ပြည်သူလူထုကမူ ဝမ်းမြောက်စွာ ကြိုဆိုနေကြသည်။ “ကျော်နု (ကျော်မျိုးမင်း) တို့အဖွဲ့ပိုဆိုးတယ်။ ဆွေ့ဆွေ့ခုန်နေကြတယ်။ ပြည်သူတွေရဲ့ နားမျက်စိကို ပိတ်လိုက်တယ်လို့တောင် ပြောလိုက်သေးတယ်။ သူတို့အလှည့်လဲ ဘယ်တော့လာမလဲမသိဘူး။ တကယ်က သူတို့က ပြည်တွင်းထဲမှာနေပြီး မြေပြင်အခြေအနေတွေကို တိတိကျကျ မပြောပေးဘူး။ ရိုင်းရိုင်းပြောရရင် ဘောလိုက်မနေတာက…

  • Magik Rompak

    Magik Rompak

    Magik Rompak (2025) ဖာရစ်ခ်၊ ဟာဒီနဲ့ ဝါဝါတို့ဟာ မျက်လှည့်ပညာ၊ ကွန်ပျူတာနည်းပညာ၊ ကိရိယာအသစ်အဆန်းတွေကိုရောစပ်အသုံးချပြီး ဖောက်ထွင်းမှုတွေကျူးလွန်နေတဲ့အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။ ရရှိလာတဲ့ အကျိုးအမြတ်တွေကိုတော့ သူတို့ကြီးပြင်းလာခဲ့တဲ့ မိဘမဲ့ဂေဟာကိုပေးလှူလေ့ရှိပြီး သူတို့လုပ်နေတဲ့ အလုပ်တွေကလည်း ကိုယ်ရေးကိုယ်တာအငြိုးတစ်ခုကြောင့်ပါပဲ။ တစ်နေ့မှာတော့ တိမ်မြုပ်ပျောက်ကွယ်နေတဲ့ တစ်ချိန်ကမလေးရှားနိုင်ငံရဲ့နာမည်အကြီးဆုံးမျက်လှည့်ဆရာတစ်ဦးဖြစ်ခဲ့တဲ့ ဟာဒီဟာ သူတို့သုံးယောက်ကိုဆက်သွယ်လာခဲ့ပြီး ကျူးလွန်ခဲ့သမျှ ဖောက်ထွင်းမှုတွေထဲမှာအကြီးဆုံးနဲ့ အခက်ခဲဆုံးဖြစ်လာမယ့် ရှားပါးသမိုင်းဝင်ရတနာတစ်ခုကို အတူတူခိုးဖို့အတွက်ကမ်းလှမ်းလာခဲ့ပါတော့တယ်။ Now You See Me နဲ့ဇာတ်လမ်းချင်းဆင်နေသလိုပဲလို့ ထင်ကြမှာပါ။ ဒါပေမယ့် Now You See Me ကိုပြန်ရိုက်ထားတာတော့မဟုတ်ပါဘူး။ အနည်းဆုံး အင်စပိုင်းယားတာလောက်ပဲဖြစ်ပါလိမ့်မယ်။ နာမည်ကျော်သရုပ်ဆောင်တွေပါဝင်ပြီး ခမ်းခမ်းနားနားရိုက်ထားတာဖြစ်လို့ကြည့်ကောင်းတဲ့ဇာတ်ကားဖြစ်ပါတယ်။