Author: Baby Yit Lone
-

အမျိုးသမီးကို ဓားနဲ့ခုတ်ပြီး သူကိုယ်တိုင်လည်း မီးထဲခုန်ချခဲ့လို့ သေဆုံး
မိုင်းယော်မှာ အမျိုးသားဖြစ်သူက သူ့အမျိုးသမီးကို ဓားနဲ့ခုတ်ပြီး သူကိုယ်တိုင်လည်း မီးထဲခုန်ချခဲ့လို့ သေဆုံးသွား ရှမ်းမြောက် လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်မှာ အမျိုးသားတစ်ဦးက သူ့အမျိုးသမီးကို ဓားနဲ့ခုတ်ခဲ့ပြီး သူကိုယ်တိုင်လည်း မီးထဲသို့ခုန်ချခဲ့လို့ သေဆုံးသွားခဲ့ကြောင်း ဖြစ်စဉ်သိရသူရဲ့ပြောပြချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက် နေ့လယ် ၂ နာရီ မိုင်းယော်တိုက်နယ် အေးသာယာရွာသစ်က တောင်ယာမှာ နေထိုင်တဲ့ မိသားစု ၃ ဦးထဲက အမျိုးသားဖြစ်သူ အသက် ၄၀ အရွယ် အကန်ဆိုသူ အသက် ၃၈ နှစ်အရွယ် ယာကြာဆိုတဲ့ သူ့အမျိုးသမီးဖြစ်သူကို ဓားနဲ့ အကြိမ်ကြိမ် ခုတ်ခဲ့လို့ ဒဏ်ရာရခဲ့ပါတယ်။ ဖြစ်စဉ်သိရသူ အမျိုးသားက “သူ့အမျိုးသားက စိတ်မနှံ့ဘူးလို့ပြောတယ်။ ဓါးနဲ့အများကြီးခုတ်တာ။ ပြီးတော့…
-

သိန္နီ ပန့်ဆီဆိုင်၌ ဆီဖြည့်နေစဉ် မီးလောင်ပြီး ကား ၄ စီး ပျက်စီး
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားတဲ့ သိန္နီမြို့ရှိ စိန်နဂါး ပန့်ဆီဆိုင်မှာ ဒီဇင်ဘာ ၁၇ ရက် မွန်းလွဲ ၂ နာရီလောက်က ဆီတိုင်ကီမှာ ဆီဖြည့်နေချိန် ရုတ်တရက် မီးထလောင်ပြီး ဆိုင်တခြမ်းနဲ့ ကား ၄ စီး လောင်ကျွမ်းပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဆီတိုင်ကီကနေ စလောင်တာကြောင့် နေပူလို့ လောင်တာလို့ ယူဆရကြောင်း ဆိုင်အနီးနား နေထိုင်သူ အမျိုးသမီးတယောက်က ပြောပါတယ်။ “ဆီဖြည့်နေရင်း ဖြစ်တာ။ ဆိုင်တခြမ်းလောင်သွားတာ။ ကား ၄ စီး ပါသွားတယ်။” ဆီပေပါကနေ မီးစလောင်သွားတာဖြစ်ပြီး ဆီပန့်အမှား လုံးဝမဟုတ်ဘူးလို့ ဆိုင်ရှင်က သူ့ရဲ့ လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။ စက်သုံးဆီဆိုင်ပိုင်ရှင်တွေအနေနဲ့ သတိထားကြဖို့နဲ့ ဆီလာတင်တဲ့ပေပါတွေကို သေချာစစ်ဆေးပြီးမှသာ ဆီဖြည့်ပေးကြဖို့ အသိပေးထားပါတယ်။ ဒေသခံ…
-

လုပ်ငန်းခွင်ထဲ အမျိုးသမီးများကို တဏှာရူး နှာဘူးထလို့ အနားပေးခံခဲ့ရတဲ့ သန်းလွင်ထွန်း
ကိုထိန်လင်းကို မိုက်ရိုင်းစော်ကားထားတဲ့ သန်းလွင်ထွန်းရေးထား တဲ့ post သွားဆဲလို့ရအောင် ကွန်မန့်မှာ ပေးလိုက်တယ်။ ဒီလူယုတ်မာကြောင့် အမေစု နှင့် ကိုထိန်လင်းအကြောင်းတွေကျွန်တော်ရေးနေမိတာဖြစ်တယ်။ အမေစုရော ၊ ကိုထိန်လင်းရော ၊ မိသားစုလိုက် မြန်မာပြည်အတွက်ပေးဆပ်ခဲ့ကြရတာဖြစ်တယ်။ အမေစု အကြောင်းတွေးမိတိုင်း စိတ်မကောင်းအလွန်ဖြစ်ရတယ်။ ဒီကောင် သန်းလွင်ထွန်းက လူယုတ်မာဖြစ်တယ်။ ဒီကောင့်အကြောင်းလည်းကျွန်တော်ရေးထားတယ်။ Myo Yan Naung Thein အမေရိကန်က VOA Burmese လုပ်ငန်းခွင်ထဲမှာ လုပ်ဖော်ကိုင်ဖက် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာအရ မသင့်တော်သောအပြုအမှုများ ကာလကြာရှည်ပြုမူခဲ့၍ လုပ်ငန်းခွင်မှ အနားပေးခံခဲ့ရတဲ့ နာမည်ပျက် သန်းလွင်ထွန်း ဆိုတဲ့ ဘောမကများ အမေစုသားကို အင်္ဂလိပ်စာ ပြန်သင်ပေးရတယ် ရှိသေးတယ်။ ကိုယ့်ဘဝကိုယ် မမေ့နဲ့ ဘောမရေ။ ကိုထိန်လင်းဆိုတာ မွေးကတည်းက နိုင်ငံခြားမှာကြီး၊ နိုင်ငံခြားသားစစ်စစ်…
-

Resurrection Road
Resurrection Road (2025) Resurrection Road ဆိုတဲ့ဇာတ်ကားလေးကတော့ အမေရိကန်ပြည်တွင်းစစ်ကိုမှ သွေးစုပ်ဖုတ်ကောင်နဲ့ဇာတ်အိမ်တည်ထားတဲ့ Action, Horror, Vampire, Drama ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်း လူမည်းတွေကို ကျွန်အဖြစ်ရောင်းဝယ်တာကိုအခြေုပြုပြီးဖြစ်ပေါ်လာတဲ့အမေရိကန်ပြည်တွင်းစစ်ကာလမှာ ပထမကန်ဆတ်ဖော့ဒ်နိုင်တာစစ်တပ်ဖွဲ့က စကစ်နဲ့သူ့အဖော်၅ယောက်ဖြစ်တဲ့လူမည်းတွေဟာ သေမိန့်ကျခံရတော့မှာဖြစ်ပါတယ်။ အဲဒီအချိန်မှာ ဗိုလ်ချုပ်ဟာဗင်နဲ့ ခရာဗင်ဟာ စကစ်နဲ့အဖော် ၅ညယောက်ကို ဖော့ဒ်ဒီဖိုင်လ်ဆိုတဲ့စခန်းတစ်ခုကိုဖျက်ဆီးဖို့အသေခံမစ်ရှင်လွှတ်ပါတော့တယ်။ မစ်ရှင်အောင်မြင်ခဲ့ရင် စကစ်နဲ့သူ့အပေါင်းအပါလူမည်းတွေအကုန် သေမိန့်ကလွတ်မြောက်ပြီး တစ်ယောက်ကို မြေဧက ၄၀ စီပေးမှာဖြစ်လို့ သူတို့လဲလက်ခံလိုက်ပါတော့တယ်။ ရန်သူနယ်မြေကို ဖြတ်ကျော်ဝင်ရောက်လာတာနဲ့အမျှ ထင်မှတ်မထားတဲ့ ရှေးဟောင်းသွေးစုပ် ဖုတ်ကောင် တွေကို ဘယ်လိုရင်ဆိုင်မလဲဆိုတာကတော့ ဆက်လက်ကြည့်ရှုခံစားလိုက်ပါဗျာ။
-

Seberg
Seberg (2019) ၂၀၁၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ နိုင်ငံရေး သည်းထိတ်ရင်ဖိုရုပ်ရှင် Seberg ဟာ ၁၉၆၀ ပြည့်လွန်နှစ်တွေက နာမည်ကြီးဟောလိဝုဒ်မင်းသမီး ဂျင်းဆီဘတ် (Jean Seberg) ရဲ့ဘဝအကြောင်းကို ရိုက်ကူးထားတာပါ။ အဓိကကတော့ သူ့ဘဝမှာ အမေရိကန်အစိုးရရဲ့ နိုင်ငံရေး ညှဉ်းပန်းမှုတွေ ခံစားရပုံပါပဲ။ ဇာတ်လမ်းကတော့ ဂျင်းဟာ လူမည်းအခွင့်အရေးလှုပ်ရှားမှုမှာ ထောက်ခံသူတစ်ယောက်ဖြစ်လာတာကနေ စတင်ပါတယ်။ အထူးသဖြင့် Black Panther Party လို့ခေါ်တဲ့အဖွဲ့က Hakim Jamal ဆိုတဲ့သူနဲ့ အချစ်ဇာတ်လမ်းဖြစ်သွားတာကို အမေရိကန်အစိုးရက မကြိုက်ပါဘူး။ FBI က သူ့ကို စောင့်ကြည့်စုံထောက်တယ်၊ သူ့ပုဂ္ဂိုလ်ရေးဘဝကို ခြိမ်းခြောက်တယ်၊ နာမည်ဖျက်တယ် စသဖြင့် အမျိုးမျိုးဖိအားပေးလုပ်ဆောင်ခဲ့တာကြောင့် ဂျင်းရဲ့ရုပ်ကျန်းမာရေး၊ စိတ်ကျန်းမာရေးတွေ ထိခိုက်လာရာကနေ နောက်ဆုံးမှာ သူ့ကိုယ်သူအဆုံးစီရင်သွားတဲ့အထိ ဖြစ်သွားခဲ့ရပါတယ်။ နိုင်ငံရေးသဘောထားတစ်ခုကြောင့်…