Author: Baby Yit Lone

  • မင်းကင်းမြို့နယ် CDM ဆေးရုံအုပ်ကို  တိုင်ကြားခံရမှုများအတွက် ဖမ်းဆီးဟုဆို

    မင်းကင်းမြို့နယ် CDM ဆေးရုံအုပ်ကို တိုင်ကြားခံရမှုများအတွက် ဖမ်းဆီးဟုဆို

    ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွင် တာဝန်ယူစဉ်က တိုင်ကြားခံထားရသည့်ကိစ္စရပ်များအား ဖြေရှင်းရန် အကြိမ်ကြိမ် ခေါ်ယူခဲ့သော်လည်း လာရောက်ခြင်းမရှီသည့်အတွက် ဝင်ရောက်ဖမ်းဆီးရခြင်းဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံဟောင်းဖြစ်သည့် CDM ဆေးရုံအုပ် ဒေါက်တာခင်သူသူလွင်အား တိုင်ကြားခံထားရသည့်ကိစ္စများနှင့်ပတ်သက်ပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။ မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) က ယမန်နေ့ (နိုဝင်ဘာလ ၃၀ ရက်နေ့) နေ့လယ်တွင် သင်တောရွာ၌ ဆေးခန်းဖွင့်ထားသည့် ဒေါ်ခင်သူသူလွင်ကို ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မင်းကင်းမြို့နယ်ဆေးရုံအုပ်ကြီးဖြစ်သူ ဒေါက်တာခင်သူသူလွင်သည် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM ) တွင် ပါဝင်လာခဲ့ပြီးနောက် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တာဝန်ခံအဖြစ် တာဝန်ယူခဲ့ကာ ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင်…

  • မိုးကုတ်-မိုးမိတ်ကြားတနေရာတွင် တိုက်ပွဲဖြစ်ပွားဟု ဗိုလ်မှူးကြီးနော်ဘူ ပြော

    မိုးကုတ်-မိုးမိတ်ကြားတနေရာတွင် တိုက်ပွဲဖြစ်ပွားဟု ဗိုလ်မှူးကြီးနော်ဘူ ပြော

    မိုးကုတ်-မိုးမိတ်တနေရာမှာ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား နိုဝင်ဘာ ၃၀ ရက် ညက တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIO\KIA) သတင်းပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြု ပြောပါတယ်။ “မနေ့က ည ၈ နာရီဝန်းကျင်လောက်မှာ မိုးကုတ်ကနေ မိုးမိတ်ဘက်သွားတဲ့ လမ်းပေါ်မှာ တိုက်ပွဲဖြစ်တယ်ဆိုတာ ကြားပါတယ်။ ကနဦးကြားတာက တိုက်ပွဲကတော့ PDF နဲ့ ဒေသကာကွယ်ရေးတပ်တွေပေါ့နော် သူတို့နဲ့ တိုက်ပွဲဖြစ်တယ်ဆိုတာ ကြားပါတယ်။ တခြားမြေပြင်သတင်းကတော့ အခုထိတော့ မကြားရသေးပါဘူး။” ဒါပေမဲ့ တိုက်ပွဲဖြစ်ရာနေရာ၊ ဘာကြောင့်တိုက်ပွဲဖြစ်တယ် ဆိုတာနဲ့ ဒီကနေ့ ဒီဇင်ဘာ ၁ ရက်အထိ တိုက်ပွဲဆက်ရှိလား ဆိုတာတွေနဲ့ ပတ်သက်လို့ သူ့အနေနဲ့ မသိရသေးကြောင်း ပြောပါတယ်။ မိုးကုတ်မြို့ထဲ ဆက်ရှိနေတဲ့ ဒေသခံတယောက်ကတော့ “လက်နက်ကြီးသံကြားရတယ်၊ စကစတွေ ထိုးနေတာ”…

  • မိုးကုတ်မြို့ ပြင် အရှေ့ပိုင်းနှင့်အနောက်ပိုင်း နှစ်ဖက်စလုံးတွင် ထိတွေ့တိုက်ပွဲများဖြစ်ပွားနေ

    မိုးကုတ်မြို့ ပြင် အရှေ့ပိုင်းနှင့်အနောက်ပိုင်း နှစ်ဖက်စလုံးတွင် ထိတွေ့တိုက်ပွဲများဖြစ်ပွားနေ

    မိုးကုတ်မြို့ ပြင် အရှေ့ပိုင်းနှင့်အနောက်ပိုင်း နှစ်ဖက်စလုံးတွင် ထိတွေ့တိုက်ပွဲများဖြစ်ပွားနေပြီး စစ်တပ်စစ်ကြောင်းများက မြို့ပြင်ဘက်သို့ ထွက်ခွာလာနေမှုကြောင့် အဓိက ဟုဆို မိုးကုတ်မြို့ပေါ်တွင် ဗိုလ်မှူးချုပ် အဆင့်ရှိ စစ်အရာရှိက အထိုင်ချ ကွပ်ကဲနေ မန္တလေးတိုင်း၊ မိုးကုတ်မြို့ ပြင် အရှေ့ပိုင်းနှင့်အနောက်ပိုင်း နှစ်ဖက်စလုံးတွင် ထိတွေ့တိုက်ပွဲများဖြစ်ပွားနေပြီး စစ်တပ်စစ်ကြောင်းများက မြို့ပြင်ဘက်သို့ ထွက်ခွာလာနေမှုကြောင့်ဖြစ်ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်နှင့် ဒေသခံပြည်သူများက ပြောဆိုသည်။ ယမန်နေ့ ညနေပိုင်း မိုးကုတ်မြို့ပြင် အနောက်ပိုင်းတွင် ထိတွေ့တိုက်ပွဲများဖြစ်ပွားပြီးနောက် ယနေ့ နံနက်ပိုင်းတွင်လည်း မိုးကုတ်မြို့ပြင် အရှေ့ပိုင်းနှင့် အနောက်ပိုင်း နေရာ ၂ ခုစလုံးတွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း၊ စစ်တပ်က မြို့ပြင်ဘက်သို့ စစ်ကြောင်းများ ထွက်လာနေခြင်းကြောင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေရခြင်းဖြစ်ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။ “‘ဒီမနက် ၁၀…

  • Virgin သူရဲကောင်းသုံးဖော် (အပိုင်း ၁)

    Virgin သူရဲကောင်းသုံးဖော် (အပိုင်း ၁)

    အခန်း (၁) မန္တလေးမြို့လယ်ရှိ Five Star Construction Company ၏ ဒုတိယထပ်ရုံးခန်းထဲတွင် လူငယ်တစ်ယောက် ခေါင်းတကုတ်ကုတ်ဖြင့် ပစ္စည်းတစ်ခုခုကို အပန်းတကြီး လိုက်ရှာနေလေသည်၊ သူ့ပုံစံကိုကြည့်လျင် ဆံပင်ဘုတ်သိုက်နှင့် ညှင်းသိုးသိုးပုံစံရှိသည်။ ရုပ်ရည်မှာမူ ရွက်ကြမ်းရေကျို အဆင့်လောက်သာရှိပြီး အသားမဲလေသည်၊ သူသည် ကုမ္ပဏီ၏ ယူနီဖောင်းဖြစ်သော အပြာရောင်တီရှပ်နှင့် စတိုင်ဘောင်းဘီအမဲရောင်ကို ဝတ်ဆင်ထားလေသည်၊ သူ၏မျက်လုံးများသည် ရုံးခန်းတွင်း ထိုင်ခုံများစားပွဲများပေါ်သို့ ကျီးကန်းတောင်းမှောက် တဖြတ်ဖြတ်လျှောက်ကြည့်ပြီး သူပျောက်နေသော ပစ္စည်းတစ်ခုခုကို အပူတပြင်း ရှာဖွေနေလေသည်၊ ပါးစပ်ကလည်း ပွစိပွစိဖြင့်…….. ” ဟာ… အရေးထဲဆို အဲ့စာရွက်ကလည်း ပျောက်နေသေးတယ်…. ငါ့ကို မနေ့တုံးက အင်ဂျင်နီယာဌာနက လိုအပ်တဲ့ ပစ္စည်းစာရင်းကို လာပေးထားတာ… ဒီနေ့ ပစ္စည်းထွက်ဝယ်ရမှာပါဆို… ကျွတ်” ” ငါဘယ်နားထားမိလိုက်ပါလိမ့်…. နေ့စဉ်မှတ်တမ်းရေးတဲ့…

  • Virgin သူရဲကောင်းသုံးဖော် (အပိုင်း ၂ ဇာတ်သိမ်း)

    Virgin သူရဲကောင်းသုံးဖော် (အပိုင်း ၂ ဇာတ်သိမ်း)

    အခန်း (၆) မမနှင့်မောင်လေး ကျော်သူရတစ်ယောက် ဒီနေ့အလုပ်ရှုပ်နေသည်။ အကြောင်းမှာ ကုမ္ပဏီ၏ ဆယ်နှစ်ပြည့်နှစ်ပတ်လည်ပွဲအတွက် နေရာထိုင်ခင်းများကို ပြင်ဆင်ပေးနေရသည်၊ Admin staff ဆိုသည့်ရာထူးကလည်း ဒီဘက်ခေါတ်နဲ့ကိုက်အောင်သာ နာမည်ကြားကောင်းအောင် ကင်ပွန်းတပ်ထားရုံသာ။ အမှန်တကယ်တော့ တောက်တိုမယ်ရအကုန်လုပ်သည့် ရာထူးပင်ဖြစ်လေသည်၊ ရှင်ဘုရင်ခေတ်ကဆိုလျင် ဝေါယာဉ်ထမ်းသည့် အထမ်းသမားရာထူးလောက်သာ ရှိလိမ့်မည်ဟု ယူဆရလေသည်။ ညနေစာတည်ခင်းရန်ချထားသော စားပွဲဝိုင်းများတွက် ထိုင်ခုံများချပြီး နေရာစီစဉ်နေသော ကျော်သူရအား သူ့ဆရာ ဦးအောင်မောင်းက… ” ကျော်သူရ…ကောင်လေး၊ ဒီကိုခဏလာဦး” ” ဘာဖြစ်လို့လဲဆရာကြီး” ” မနေ့တုံးကမင်းကို လိုအပ်တဲ့ပစ္စည်းတွေဝယ်ခိုင်းတုံးက တစ်ခါသုံးခွက်ကို ငါစာရင်းထဲထည့်မိလား” ” ခဏနော်…ဆရာကြီး” ကျော်သူရသည် အဲ့လိုကိစ္စတွေ ဒိုးဒိုးဒေါက်ဒေါက်ဖြေနိုင်သော စံပြဝန်ထမ်းမဟုတ်သော်လည်း ခဏခဏ လစာအဖြတ်ခံရသည့် သင်ခန်းစာများကြောင့် သူဝယ်ယူထားသော စာရင်းများကို Finance နှင့် စာရင်းမရှင်းခင်အချိန်အထိ…