📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

မိုးကုတ်-မိုးမိတ်ကြားတနေရာတွင် တိုက်ပွဲဖြစ်ပွားဟု ဗိုလ်မှူးကြီးနော်ဘူ ပြော

မိုးကုတ်-မိုးမိတ်တနေရာမှာ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား နိုဝင်ဘာ ၃၀ ရက် ညက တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIO\KIA) သတင်းပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြု ပြောပါတယ်။

“မနေ့က ည ၈ နာရီဝန်းကျင်လောက်မှာ မိုးကုတ်ကနေ မိုးမိတ်ဘက်သွားတဲ့ လမ်းပေါ်မှာ တိုက်ပွဲဖြစ်တယ်ဆိုတာ ကြားပါတယ်။ ကနဦးကြားတာက တိုက်ပွဲကတော့ PDF နဲ့ ဒေသကာကွယ်ရေးတပ်တွေပေါ့နော် သူတို့နဲ့ တိုက်ပွဲဖြစ်တယ်ဆိုတာ ကြားပါတယ်။ တခြားမြေပြင်သတင်းကတော့ အခုထိတော့ မကြားရသေးပါဘူး။”

ဒါပေမဲ့ တိုက်ပွဲဖြစ်ရာနေရာ၊ ဘာကြောင့်တိုက်ပွဲဖြစ်တယ် ဆိုတာနဲ့ ဒီကနေ့ ဒီဇင်ဘာ ၁ ရက်အထိ တိုက်ပွဲဆက်ရှိလား ဆိုတာတွေနဲ့ ပတ်သက်လို့ သူ့အနေနဲ့ မသိရသေးကြောင်း ပြောပါတယ်။

မိုးကုတ်မြို့ထဲ ဆက်ရှိနေတဲ့ ဒေသခံတယောက်ကတော့ “လက်နက်ကြီးသံကြားရတယ်၊ စကစတွေ ထိုးနေတာ” လို့ ပြောပေမဲ့ သူ့ရဲ့ လုံခြုံရေးအခြေအနေကြောင့် အသေးစိတ်ကို မသိရသေးပါဘူး။

NUG လက်အောက်ခံ PVTV ကတော့ ဒီကနေ့ နေ့လယ် ၁၂ နာရီအထိ လက်နက်ကြီးသံတွေ ကြားနေရပြီး စစ်ကော်မရှင်တပ်က မိုးကုတ်မြို့အတွင်းက ဆေးရုံ၊ ကျောင်းကြီး၊ ဗိုလ်ပိန်းခြံတွေမှာ တပ်စွဲထားတယ်လို့ ဒေသခံတချို့ကို ကိုးကားပြီး ရေးသားထားပါတယ်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က မိုးကုတ်နဲ့ မိုးမိတ်မြို့တို့ကို မြန်မာစစ်တပ်ဆီ ပြန်ပေးလိုက်တာကြောင့် နိုဝင်ဘာ ၂၈ ရက်နေ့လောက်က စတင်ကာ မိုးကုတ်မြို့ထဲ စစ်ကောင်စီတပ်တွေ မြို့ထဲဝင်လာခဲ့တာလို့ ဒေသခံတွေဆီက သိရပါတယ်။

✍စိုးသူအောင်

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်